မိဘများအတွက် အရေးပါသည့် အဓိက အာဟာရဓာတ် (၃) မျိုး

ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေး အရွယ်ရောက်လာချိန်အတွင်း မိခင်တစ်ဦးစားသုံးသည့် အာဟာရဓာတ် အရည်အသွေးသည် အရေးပါပါသည်။ မိခင်တစ်ဦးသည် သူ့ကလေး၏ ပညာသင်ကြားချိန်၊ ဘဝ သင်ခန်းစာများ ရယူချိန်နှင့် ကျန်းမာသော လူကြီးတစ်ဦးဖြစ်လာချိန်အထိ ကြံ့ခိုင်နေရမည်ဖြစ်ပြီး သူ့ကလေးအတွက် ဥပမာယူရသော ကျန်းမာသည့် စံပြမိခင်တစ်ဦး ဖြစ်ရပါမည်။ ကျန်းမာရေးနှင့် ညီညွတ်သည့် အဆီများ၊ အရေးပါသော သတ္တုဓာတ်များ၊ အစားအစာနှင့် မိခင်များအတွက် ထုတ်လုပ်ထားသော နို့များ (ဥပမာ – Similac MUM) မှ ရရှိသော ဗီတာမင်များဖြင့် ထောက်ပံ့ပေးပြီး မကောင်းသော အလေ့အကျင့်များကို ရှောင်ရှားခြင်းသည် အဓိက အချက်ပင် ဖြစ်ပါသည်။123456

 

မိခင်တစ်ယောက်အနေဖြင့် မည်သည့် အာဟာရဓာတ်များကို အဓိက လိုအပ်သနည်း။

အောက်ပါ အာဟာရဓာတ်များသည် ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း၊ အရိုးကျန်းမာရေးကောင်းမွန်ခြင်းနှင့် ကိုယ်ဝန်ဆောင်ချိန် အတွင်း ဆီးချိုတက်နိုင်ချေကို လျှော့ချရန်နှင့် အကောင်းဆုံးသော စိတ်ချမ်းသာမှုကို ရရှိနိုင်စေရန် အူလမ်းကြောင်းကျန်းမာရေး ကောင်းမွန်ခြင်းတို့အတွက် အရေးပါပါသည်။

ကျန်းမာရေးနှင့်ညီသော အဆီများ

ဆီဖြင့်ကြော်ထားသော အစားအစာများ၊ အသင့်စားအစားအစာများ သို့မဟုတ် အလွန်အမင်း ပြုပြင်ထားသော အစားအစာများတွင် မကြာခဏတွေ့ရတတ်သော ပြည့်ဝဆီ သို့မဟုတ် ပြောင်းလဲထားသော အဆီများကို ရှောင်ရှားရပါမည်။ အပင်များ၊ အစေ့အဆန်များနှင့် အဆီပေါသော ငါးများမှရရှိသော ကျန်းမာရေးနှင့်ညီသည့် အဆီများသည် အာဟာရဓာတ် စုပ်ယူမှုကို တိုးတက်ကောင်းမွန်စေပါသည်။ ကျန်းမာရေးနှင့်ညီသော အဆီများမှာ အိုမီဂါ ဖက်တီးအက်စစ်နှင့် လူသိများသည့် DHA သို့မဟုတ် ဒိုကိုစာဟက်ဇနောရစ် အက်စစ် တို့ဖြစ်ပါသည်။ ထို ဖက်တီအက်စစ်များသည် စိတ်ကိုတည်ငြိမ်စေနိုင်သော ဟော်မုန်းဓာတ်များ ထုတ်လုပ်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းတို့အတွက် အရေးပါပါသည်။12

ကယ်လ်ဆီယမ်

ကိုယ်ဝန်ဆောင်ခြင်းအတွက် စွမ်းအင်အမြောက်အများ လိုအပ်ပြီး မိခင်သည် အစားအစာမှ ကယ်လ်ဆီယမ်ဓာတ်ကို လုံ့လောက်စွာ မရရှိပါက မိခင်၏ အရိုးအတွက် သိမ်းဆည်းထားသော ကယ်လ်ဆီယမ်ဓာတ်ကို ထုတ်ယူသုံးစွဲရသဖြင့် အနာဂတ်တွင် အရိုးပြဿနာများ ဖြစ်လာနိုင်ချေ များစေပါသည်။ ကယ်လ်ဆီယမ်ဓာတ်သည် သွေးလည်ပတ်မှု၊ ကြွက်သားနှင့် အာရုံကြော စနစ်များ ကောင်းမွန်စွာ အလုပ်လုပ်ဆောင်နိုင်စေရန်အတွက်လည်း အရေးပါပါသည်။1

အမျှင်ဓာတ်

အမျှင်ဓာတ်သည် လူတစ်ဦးကို အစာစားပြီး ဗိုက်ပြည့်ဝခြင်းကို ခံစားရစေသော အစားအစာအတွင်းတွင် ပါဝင်သည့် သဘာဝအရ ပမာဏကြီးထွားစေသော အေးဂျင့်တစ်ခုဖြစ်ပါသည်။ ၎င်းသည် ဝမ်းချုပ်ခြင်း ပြဿနာမဖြစ်စေရန် အူအတွင်းရှိ ရေကို စုပ်ယူပြီး အစာများကို ရွှေ့ပြောင်းရန် အကူအညီပေးပါသည်။ ဂျုံဖြင့်ပြုလုပ်သော အစားအစာများ ( ဂျုံသီးသန့်ဖြင့် ပြုလုပ်ထားသော ပေါင်မုန့်၊ စီရီရယ် နှင့် ဆန်လုံးညို ကဲ့သို့သော အစားအစာများ)နှင့် အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များနှင့် ပဲများ ( ပဲ၊ ပဲခြမ်းနှင့် ပဲအမျိုးမျိုး ) သည် အမျှင်ဓာတ် ရရှိနိုင်သော ကောင်းမွန်သည့် အရင်းမြစ်များ ဖြစ်ပါသည်။1

အိုင်အိုဒင်း

အိုင်အိုဒင်းသည် ခန္ဓာကိုယ်၏ အဓိက လုပ်ဆောင်ချက်များဖြစ်သည့် ဇီဝဖြစ်စဉ်နှင့် နှလုံးခုန်နှုန်းကို ထိန်းချုပ်ပေးသော ဟော်မုန်း လည်ပတ်မှုကို ပြုလုပ်ပေးသည့် သိုင်းရွိုက်ဂလင်း၏ အလုပ်လုပ်ဆောင်ခြင်းအတွက် အရေးပါသော အာဟာရဓာတ်တစ်ခု ဖြစ်ပါသည်။  အများအားဖြင့် အိုင်အိုဒင်းဆား စားသုံးခြင်းမှ ရရှိပြီး အိုင်အိုဒင်းဓာတ်ကို နို့ထွက်ပစ္စည်းများ၊ ဥများနှင့် ပင်လယ်စာများတွင် တွေ့ရှိနိုင်ပါသည်။1

ပရိုတိန်း

ပရိုတိန်းသည် ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များအားလုံး( ကြွက်သားနှင့် ကိုယ်တွင်း အင်္ဂါများ)၏ အလုပ်လုပ်ဆောင်မှုကို ထောက်ပံ့ပေးသည့် စံပြအာဟာရဓာတ်တစ်ခု ဖြစ်ပါသည်။ ၎င်းသည် မိခင်၏ ခန္ဓာကိုယ်အတွက် အရေးပါသော တစ်ရှူးများကို ပြုပြင်ခြင်းနှင့် ထိန်းသိမ်းခြင်းအတွက် အထောက်အကူဖြစ်စေပါသည်။ ကိုယ်ဝန်ဆောင်ချိန်အတွက် ထုတ်လုပ်ထားခြင်းမဟုတ်သော ပရိုတိန်းရှိတ်များကို သောက်သုံးခြင်းမှ ရှောင်ကျဉ်ပြီး အဆီပါဝင်မှုနည်းသော အသားများ၊ ကြက်နှင့်ဘဲများ၊ ငါး၊ ပဲများ၊ အစေ့အဆန်များနှင့် အစေ့အဆန်များဖြင့် ပြုလုပ်ထားသော ထောပတ်များ၊ ဥများ၊ တို့ဖူးများအား စားသုံးရန် ပို၍ အာရုံစိုက်သင့်ပါသည်။1

 

ကိုယ်ဝန်ဆောင်နေစဉ်အချိန်အတွင်း အသေအချာ ပြုလုပ်ရမည့်အရာနှင့် ရှောင်ရှားရမည့် အရာများ

ကဖိန်းဓာတ်ပါဝင်သော အရာများကို ရှောင်ရှားပါ

အလွန်အကျွံသောက်သုံးခြင်း သို့မဟုတ် တစ်ရက်လျှင် (၃) ခွက်အောက် (ကဖိန်း (၃၀၀) မီလီဂရမ်) သောက်သုံးခြင်းသည် ကတုန်ကယင်ဖြစ်ခြင်း၊ အိပ်စက်ချိန် မမှန်ခြင်း၊ စိတ်တိုလွယ်ခြင်းနှင့် ဂနာမငြိမ်ဖြစ်ခြင်းများ ဖြစ်စေနိုင်ပါသည်။ ကဖိန်းဓာတ်ကို ဆိုဒါများ၊ အားဖြည့်အချိုရည်များ၊ လက်ဖက်ရည် အပြင်းများနှင့် ချောကလက်များတွင်လည်း တွေ့ရှိနိုင်ပါသည်။3

 

ကယ်လိုရီ ရေတွက်ခြင်း

သင်သည် အစကတည်းက ကိုယ်အလေးချိန်များနေပါက ကိုယ်ဝန်ဆောင်နေချိန်အတွင်း ကိုယ်အလေးချိန် ထပ်တိုးစေခြင်းသည် သင်၏ အရိုးအဆစ်များနှင့် နှလုံးအပေါ်တွင် ဝန်ပိစေနိုင်ပြီး အသက်ရှုမဝပဲ အိပ်ရေးပျက်ခြင်းနှင့် ကိုယ်ဝန်ဆောင်နေစဉ် ဆီးချိုရောဂါ ( မိခင်များ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ဖြစ်တတ်သော ဆီးချိုရောဂါတစ်မျိုးဖြစ်ပြီး ကိုယ်ဝန်ဆောင်ပြီးချိန်တွင် ပုံမှန် ဆီးချိုရောဂါ ဆက်ဖြစ်စေနိုင်သော အန္တရာယ်ရှိသည့် ရောဂါတစ်မျိုးဖြစ်သည်) များဖြစ်စေနိုင်ပါသည်။4 သင့်အရပ်နှင့် ကိုယ်အလေးချိန်ပေါ်မှုတည်၍ တွက်ချက်ရမည်ဖြစ်ပြီး အကယ်၍ သင့် BMI ( ခန္ဓာကိုယ် ထုထည် ညွှန်းကိန်း) သည် (၂၅.၀) မှ (၂၉.၉) သို့မဟုတ် ထိုထက်ပိုများနေသည်ကို ပြပါက သင်သည် အဝလွန်နေပြီဖြစ်ပါသည်။ မိခင်အများစုသည် ၎င်းတို့ကိုယ် ၎င်းတို့ အကန့်အသတ်များ အလွန်အကျွံ ထားရှိတတ်သောကြောင့် အရေးပါသည့် အာဟာရဓာတ်များကို ဆုံးရှုံးရတတ်သည့်အတွက် ဦးတည်ချက်မရှိသော အစားစားသောက်ပုံကိုလည်း အားမပေးပါ။ ကိုယ်အလေးချိန် ထိန်းသိမ်းရန်အတွက် အကောင်းဆုံးသော နည်းလမ်းမှာ ဆေးပညာအရ ထောက်ခံချက်ပေးထားသည့် စနစ်ကျသော လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းနှင့် အစာစားသောက်မှု ပုံစံများ သတ်မှတ်ခြင်းတို့ ဖြစ်ပါသည်။4

 

မိမိကလေး၏ ကျန်းမာရေးကိုလည်း ထောက်ပံ့ပေးရန် တာဝန်ရှိသောကြောင့် မိခင်တစ်ဦး စားသုံးသော အာဟာရဓာတ် အရည်အသွေးသည် အရေးပါပါသည်။ သို့သော် အစားအစာဖြင့် ကျန်းမာရေးကို ထိန်းသိမ်းရန် ခက်ခဲလာခြင်း သို့မဟုတ် အစားအစာတစ်မျိုးတည်းဖြင့် မလုံလောက်တော့သော အခါများတွင် မိခင်များအတွက် ထုတ်လုပ်ထားသော အာဟာရဖြည့် နို့မှုန့်များက အကူအညီပေးနိုင်ပါသည်။ ဥပမာအားဖြင့် Similac MUM သည် ကိုယ်ဝန်သည်နှင့် နို့တိုက်မိခင်များအတွက် ကိုယ်အလေးချိန် အလွန်အကျွံတက်ခြင်း မရှိစေပဲ လိုအပ်သည့် အာဟာရဓာတ်များကို ပေးနိုင်ရန် သိပ္ပံနည်းကျ ဖော်စပ်ထုတ်လုပ်ထားပါသည်။8 ဗီတာမင် ဒီ နှင့် scFOS တို့ကို သိပ္ပံနည်းကျ ပေါင်းစပ်ထားသောကြောင့် ကယ်လ်ဆီယမ် စုပ်ယူမှုကို ကူညီထောက်ပံ့ပေးပါသည်။ ပရီဘိုင်အိုတစ် အမျှင်တစ်မျိုးဖြစ်သည့် scFOS သည် ဝမ်းမှန်စေရန်အတွက် အထောက်အကူပေးပါသည်။ ထို့အပြင် အရေးပါသည့် ဗီတာမင်နှင့် သတ္တုဓာတ် (၂၇) မျိုးလည်း ပေါင်းစပ်ပါဝင်ပါသည်။ Similac MUM နမူနာ ရယူနိုင်ရန်အတွက် Similac Myanmar သို့လာရောက် စာရင်းပေးသွင်းလိုက်ပါ။56

References:

  1. https://kidshealth.org/en/parents/moms-nutrients.html
  2. https://omegaquant.com/3-ways-dha-supports-moms-and-babies/
  3. https://www.cdc.gov/breastfeeding/breastfeeding-special-circumstances/diet-and-micronutrients/maternal-diet.html
  4. https://www.marchofdimes.org/pregnancy/being-overweight-during-pregnancy.aspx#
  5. https://abbottfamily.com.sg/products/page/similac-mum

Additional References;

  1. Huynh DTT et al. J Matern Fetal Neonatal Med. 2017 May 7: 1-9