သင့်ကလေး ဦးနှောက်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးပါသော အာဟာရဓာတ်  မျိုး

သင့်ကလေး၏ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် ပတ်သက်လာလျှင် အပြုသဘောဆောင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှုကို လှုံ့ဆော်သော ပတ်ဝန်းကျင်ကဲ့သို့ အာဟာရဓာတ်ပြည့်ဝခြင်းသည်လည်း အရေးကြီးသည်။ ဦးနှောက်ကို အရေးကြီးသော ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုဟု သတ်မှတ်ထားသောကြောင့် ၎င်းကို အကျိုးအရှိဆုံး အာဟာရဓာတ်များနှင့် ထောက်ပံ့ပေးရန် လိုအပ်သည်။ ယနေ့တွင် သင့်ကလေး၏ ဦးနှောက်စွမ်းရည်ကို တိုးပွားစေရန် အကောင်းဆုံးသော အာဟာရဓာတ်အချို့ နှင့် ကလေးများ၏ အစားအသောက်ရွေးချယ်မှုတို့ကို စူးစမ်းရှာဖွေပေးသွားပါမည်။1  

 

Taurine

Taurine သည် အမိုင်နိုအက်စစ်ဖြစ်ပြီး အခြေခံအားဖြင့် အာရုံကြောစနစ်ဖြစ်သော ကျောရိုးနာ့ဗ်ကြိုး၊ အရိုးစုကြွက်သားများတွင်သာမက ဦးနှောက်ထဲတွင်လည်း အထူးသဖြင့် တွေ့ရသည်။ ၎င်းသည် ဦးနှောက်၏ လုပ်ဆောင်ချက်နှင့် အရည်အသွေးများကြားတွင် အကျိုးရှိရှိ ဆက်သွယ်နိုင်စေသော အာရုံကြော ကြားခံစနစ်တစ်ခုအနေဖြင့် သင့်ကလေး၏ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုကို ကူညီပေးသည်။ ဦး‌နှောက်တစ်ခု ကောင်းမွန်စွာ အလုပ်လုပ်နိုင်စေရန် ကောင်းမွန်သော အထောက်အခံ၊ ကျန်းမာသော ဆဲလ်များ လိုအပ်သည်။ အဖက်ဖက်တွင် ချောမွေ့စွာ လည်ပတ်နေပါက သင့်ကလေးသည် စိတ်ဖိစီးမှုဒဏ်ကို အနည်းငယ်သာ ခံစားရလိမ့်မည်။ Taurine (တော်ရင်း) သည် ငယ်ရွယ်စဉ်အခါတွင် မိခင်၏နို့ရည်မှ ရရှိနိုင်ပြီး အရွယ်ရောက်လာသည့်အခါတွင် အသား၏ ပရိုတိန်းဓာတ်မှ အများဆုံး ရရှိနိုင်ပါသည်။2

အသား အရင်းအမြစ်။    တိရိစ္ဆာန်မှ ရရှိသော နို့ရည်၊ ကလီစာ၊ ကြက်အသည်းအမြစ် (ကလီစာ)၊ သိုးသား၊ ကမာ၊ တီလားပီးယားငါး၊ ဒေသထွက်ရေချိုငါး နှင့် ဥများ။

ကလေးကြိုက်သော အစားအသောက်ပုံစံ။                     နို့ပါသောဖျော်ရည်များ၊ ကြက်အသည်းအမြစ် ထည့်ထားသော ဟင်းသီးဟင်းရွက်ကြော်များ၊ အသားညှပ်ပေါင်မုန့်များ။

အပင်မှရသော အစားအစာ။       ကြက်သွန်ဖြူ၊ ရှိတကဲမှို၊ ပင်လယ်ရေညှိ (ကျောက်ပွင့်)၊ နိုရီ၊ နံနံပင်။

ဟင်းပွဲပုံစံ။        မှိုစွပ်ပြုတ်၊ ဆူရှီ၊ အရွက်အစုံသုပ်များ၊ အသာညှပ်ပေါင်မုန့်များ၊ ကီရှ်ပိုင်မုန့်များ။

 

 အိုမီဂါ (၃) နှင့် အိုမီဂါ (၆) Fatty Acids

အိုမီဂါ (၃) နှင့် အိုမီဂါ (၆) Fatty Acid ကဲ့သို့သော အဆီများသည် သင့်ကလေး၏ အာရုံစူးစိုက်နိုင်စွမ်းနှင့် ဉာဏ်ရည်ထက်မြက်မှုအတွက် အရေးပါသည်။ ၎င်းတို့သည် ဦးနှောက်၏ ဓာတုဖြစ်စဉ်နှင့် ဆဲလ်များတစ်ခုခြင်းဆီ၏ အရည်အသွေး (အာရုံကြော) တို့ကို ထောက်ပံ့ပေးခြင်းဖြင့် ဦးနှောက်ကို အကူအညီပေးသည်။ ထိုအာဟာရဓာတ်များသည် သင့်ကလေးရရှိသော အရည်အသွေး ပိုကောင်းလေလေ သင့်ကလေးအတွက် အကျိုးပိုရှိလေဖြစ်သည့် အာဟာရဓာတ်များထဲမှ တစ်ခုဖြစ်သည်။34

 

  • ကလေးတို့၏ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ပံ့ပေးသည့် လူသိများသော အိုမီဂါ (၃) သည် ဦးနှောက်အလုပ် လုပ်ဆောင်နိုင်ရန်အတွက် စွမ်းအင် ဒီအိတ်ချ်အေ (ဒိုကိုဆာဟက်စစ်နိုရစ် အက်စစ်) ဖြစ်သည်။34
    • အကောင်းဆုံးအရင်းအမြစ်။  ဆယ်လ်မွန်၊ ငါးသလောက်၊ အန်ချိုငါး၊ မြန်မာရေချိုငါး၊ ငါးသေတ္တာ၊ သစ်ကြားသီး၊ လတ်ဆတ်သော သို့မဟုတ် စနစ်တကျထုတ်လုပ်ထားသော ပဲထွက်ပစ္စည်းများ၊ သဘာဝဥများ၊ ကာနိုလာဆီ။

 

  • အိုမီဂါ (၆) သည် အထက်ပါအချက်များကို လုပ်ဆောင်ပေးသည့်အပြင် ကလေး၏ ဦးနှောက်ကို မျိုးရိုးဗီဇအဆင့်အထိ ထောက်ပံ့ပေးသည်။ ဥပမာအားဖြင့် သင့်ကလေးတွင် အမြဲမပြတ် အာရုံမစူးစိုက်နိုင်ခြင်း ပြဿနာများ သို့မဟုတ် စာဖတ်စွမ်းရည် အားနည်းခြင်းများ ရှိနေသည်ကို သင်မကြာခဏသတိထားမိလျှင် အိုမီဂါ (၆) ရောဂါကုထုံးသည် ထိုအခြေအနေ ပြဿနာများကို အစားအစာနှင့် ဖြည့်စွက်စာများမှတစ်ဆင့် ကောင်းမွန်စေသည်။34
    • အကောင်းဆုံးအရင်းအမြစ်။  လတ်ဆတ်သော ပဲပိစပ်၊ ပြောင်းဖူး၊ နေကြာဆီနှင့် နေကြာစေ့၊ အပင်မှရသော အစေ့၊ ထောပတ်သီး၊ မြေပဲထောပတ်၊ အနီရောင်ရှိသော အသား။

အကယ်၍ ဟင်းချက်ရာတွင် အပင်မှရသည့်ဆီကို အသုံးပြုပြီး အပင်နှင့်တိရိစ္ဆာန်တို့၏ ပရိုတင်းများ မျှမျှတတပါဝင်သော အစားအသောက်ပုံစံကို သင့်ကလေးရရှိနိုင်ပါက ၎င်းတို့တွင် Taurine (တော်ရင်း) နှင့် Fatty Acids (ဖက်တီအက်စစ်) နှစ်မျိုးလုံးကို လိုအပ်သောပမာဏအတိုင်း ရနိုင်သည်။ သဘာဝအစားအစာများသည် အကောင်းဆုံးရွေးချယ်မှု ဖြစ်သော်လည်း မိဘများသည် သက်သာလွယ်ကူသော နည်းလမ်းများကို ရွေးချယ်တတ်သောကြောင့် ကလေးများ၏ အစားစားသောပုံစံတွင် ထိုအာဟာရများပါဝင်မှု နည်းပါးသည်။ မိဘများသည် အာဟာရဓာတ်အတွက် အထောက်အကူဖြစ်စေရန် Similac Gain IQ ကဲ့သို့ သိပ္ပံနည်းကျဖော်စပ်ထားသည့် ကလေးများအတွက်ဖော်စပ်စာကို ထည့်သွင်းအသုံးပြုနိုင်ပါသည်။ Similac Gain IQ သည် ဒီအိတ်ချ်အေ၊ အေအေ၊ အိုမီဂါ ၃ နှင့် အိုမီဂါ ၆၊ တောရွင်း၊ ကလိုရင်း၊ သံဓာတ်၊ ဇင့် နှင့် ဗီတာမင် B1၊ B12 စသည့် ဦးနှောက်အတွက် အာဟာရဓာတ် ၁၀မျိုးတို့ ပါဝင်သော ကလေးများအတွက် ဖော်စပ်စာဖြစ်သည်။  ကလေးများ၏နေ့စဉ်အာဟာလိုအပ်ချက်များအတွက် အစားထိုးအနေဖြင့် ဖြည့်စွက်စာများကို ရွေးချယ်မတိုက်ကျွေးမီ တက်ကျွမ်းနားလည်သော ဆေးပညာရှင် သို့မဟုတ် အာဟာရပညာရှင်နှင့် တိုင်ပင်သင့်ပါသည်။ 1 Similac နမူနာရယူလိုခြင်း သို့မဟုတ် အချက်အလက်များပိုမိုသိရှိလိုပါက Similac Myanmar ကို ယနေ့ပဲ လာရောက်လေ့လာလိုက်ပါ။

References:

  1. https://www.whattoexpect.com/toddler-nutrition/brain-food-for-kids.aspx
  2. https://www.botanical-online.com/en/food/taurine-rich-food
  3. https://www.unlockfood.ca/en/Articles/Fat/What%E2%80%99s-the-difference-between-omega-3-and-omega-6
  4. https://www.healthline.com/nutrition/omega-3-6-9-overview