အနုပညာသည် ကလေး၏သင်ကြားမှုကို မည်သို့ အထောက်အကူပြုပုံ
အနုပညာသည် ကလေး၏သင်ကြားမှုကို မည်သို့ အထောက်အကူပြုပုံ
သင့်ကလေးရဲ့ အဖြူရောင်အိမ်နံရံပေါ်က လက်ရာများကနေ ပန်းချီကားများအထိ မိဘများသည် ထိုကဲ့သို့သော ကြီးထွားဖွံ့ဖြိုးမှု မှတ်တိုင်လေးများကို တန်ဖိုးထားသင့်ပါသည်။ မိဘများအနေဖြင့် ကလေးများကို ပျော်ရွှင်စရာကောင်းသော နည်းလမ်းများဖြင့် ပိုမိုသင်ယူတတ်စေရန် ဆွဲဆောင်သင့်ပြီး ထိုအချက်သည် ကလေးများ၏ မှတ်ဉာဏ်စွမ်းအား၊ လက်နှင့်မျက်လုံးအကြား ဟန်ချက်ညီမှုတို့ကို တိုးတက်စေသော အချက်တစ်ခုလည်းဖြစ်သည်။ ကလေးများကို သင်ထောက်ကူ ကိရိယာများ၊ စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုများ ပေးရမည်ဖြစ်ပြီး ခန္ဓာကိုယ်အတွင်းမှ အထောက်အကူဖြစ်စေသော အစားအစာနှင့် ဦးနှောက်အတွက် အာဟာရဓာတ် ပြည့်ဝစေသော ကလေးများအတွက်ဖော်စပ်စာ (ဥပမာ – Similac Gain )တို့ဖြင့် ထောက်ပံ့ပေးရန်လည်း လိုအပ်ပါသည်။1, 5
အာရုံစူးစိုက်နိုင်စွမ်းအားကို အထောက်အကူပြုပေးပါ
ကလေးများသည် မိဘများယုံကြည်ထားသည်ထက် ပို၍ ကိစ္စများအပေါ် အာရုံစူးစိုက်နိုင်ကြပါသည်။ ၎င်းတို့၏ အာရုံကို ဖမ်းစားထားနိုင်သမျှ ဖမ်းစားနေမည်ဖြစ်ပြီး မည်သို့ဆက်ဖြစ်မည်မှာ ၎င်းတို့ပေါ်တွင်ပင် မှုတည်ပါသည်။ သင့်ကလေးကို ခေါင်းစဉ်တစ်ခုပေး၍ အဖြေကို သရုပ်ဖော်ခိုင်းပါက ၎င်းတို့သည် အရောင်များ၊ ပုံများ နှင့် ပေါင်းစပ်ဖွဲ့စည်းမှုများကို အဓိကထား၍ ဖော်ပြလိမ့်မည်။ ကလေးအများစုသည် ပုံဆွဲခြင်းကို နှစ်သက်ကြပြီး ပုံဆွဲခြင်းသည် ၎င်းတို့၏ အာရုံစူးစိုက်မှု ပုံစံတစ်ခုကို ရရှိစေသော သရုပ်ပြမှုတစ်ခုလည်းဖြစ်သည်။ ၎င်းတို့ ပုံဆွဲပြီးသွားသောအခါ ဆွဲထားသောပုံအကြောင်းကို ပြန်လည်ရှင်းပြခိုင်းခြင်းသည် ကလေးငယ်များကို အသေးစိတ်ကအစ သိမြင်စေနိုင်ခြင်းနှင့် အမှတ်တရများ သတိရစေခြင်းတို့ ဖြစ်လာနိုင်ပြီး ထိုအချက်သည် သင့်ကလေး၏ သင်ယူမှုစွမ်းအားကို မြင့်တက်စေရန် အထောက်အကူပြုပေးပါသည်။1, 2
အတွေးအခေါ်ဖန်တီးနိုင်စွမ်းအား၊ ခံစားချက်ကို ထုတ်ပြခြင်းနှင့် တစ်ဦးခြင်းစီ ယုံကြည်မှုများကို မြှင့်တင်ခြင်း
ရောင်စုံခဲတံများ၊ စုတ်တံများ နှင့် ဖန်တီးမှုပြုလုပ်နိုင်သော အန္တရာယ်ကင်းသည့် နေရာတစ်ခုတို့ ရှိပါက ကလေးများသည် အနုပညာကို တီထွင်ဖန်တီးနိုင်ကြပါသည်။ ထိုအချက်သည် ၎င်းတို့ စကားလုံးဖြင့် မဖော်ပြတတ်သော ခံစားချက်များကို ဖော်ပြနိုင်ရန် အကူအညီပေးသည်။ ရှက်တတ်သော ကလေးများကို စကားပြောရန် အတင်းအကျပ် မခိုင်းစေပဲ ၎င်းတို့၏ ခံစားချက်များကို ပြောပြစေနိုင်သော အကောင်းဆုံး နည်းလမ်းမှာ ဤနည်းလမ်းပင်ဖြစ်ပါသည်။1, 3
သင်၏ကလေးသည် ၎င်းတို့၏ ခံစားချက်များနှင့် အကြံဉာဏ်များကို အနုပညာမှဖြစ်စေ ပုံပြောခြင်းမှဖြစ်စေ ရုပ်ပိုင်းဆိုင်ရာ သရုပ်ပြမှုကို ပြုလုပ်နိုင်သော အချိန်တွင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးတက်လာစေသည်။ ကလေးတစ်ဦးသည် ယုံကြည်မှုပိုရှိပြီး ပိုမိုအာရုံစိုက်နိုင်လာသောအချိန်တွင် ဘာတွေဖြစ်လာမည်နည်း။ ကလေးငယ်၏ ဦးနှောက်ကို အမြင်များ၊ ရွေ့လျားမှုများ၊ ဝေါဟာရများဖြင့် အလုပ်လုပ်စေပြီး သင်ကြားမှုတွင် ပိုမိုကောင်းမွန်လာစေပါသည်။ ပုံဆွဲနေစဉ် လက်၊ လက်ကောက်ဝတ်နှင့် လက်ချောင်းများ၏ လှုပ်ရှားမှုများသည် သင့်ကလေး အသုံးပြုသည့်အပေါ်မူတည်၍ အမြင်အာရုံတုံ့ပြန်ချက်ကို ချက်ခြင်းပေးသောကြောင့် ၎င်းတို့၏သိမြင်နိုင်စွမ်းကို တိုးတက်ကောင်းမွန်လာစေပါသည်။1, 3
အာဟာရဓာတ်သည် အစိတ်အပိုင်းတစ်ခုအနေဖြင့် ပါဝင်ပုံ
မနက်စာသည် တက်ကြွသော ကလေးတစ်ဦးကို နေ့လည်စာ မစားမီအချိန်အထိ ပင်ပန်းမှုမရှိစေရန် ထိန်းပေးထားနိုင်ပါသည်။ ထောပတ်သီး၊ ကီဝီသီး၊ နာနတ်သီး၊ စတော်ဘယ်ရီသီး၊ ဥများ၊ ချိစ့်များ၊ အခွံမာသီးများ နှင့် ဂျုံထွက်အစားအစာများကဲ့သို့သော အာဟာရဓာတ်ပြည့်ဝသော အစားအစာများကို သင့်ကလေးအား စားစေခြင်းဖြင့် အရေးပါသော ဦးနှောက်အထောက်အကူပြု အာဟာရဓာတ်များ (လူတင်း၊ DHA နှင့် RRR သဘာဝ ဗီတာမင် E၊ ဖိုလိတ်၊ ဗီတာမင် B6၊ ကိုလင်း၊ ဇင့်၊ မက်ဂနီဆီယမ်၊ သံဓာတ်၊ ဗီတာမင် C နှင့် ပရိုတိန်း)ကို ရရှိစေပါသည်။ ထိုဓာတ်များသည် ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါရုံသာမက မှတ်ဉာဏ်ကောင်းမွန်စေခြင်းနှင့် စိတ်အခြေအနေကို ကောင်းမွန်စေရန် ကူညီပေးသော ဆဲလ်များအတွက်လည်း အထောက်အပံ့ဖြစ်စေပါသည်။ အခြားနည်းဖြင့် ဆိုရလျှင် သင့်ကလေး စားသောက်သည့် ပန်းကန်တွင် အရောင်အသွေးစုံလေလေ ၎င်းတို့၏ ဦးနှောက်သည် သင်ကြားရေးအတွက် အာရုံပိုစိုက်နိုင်လေလေပင် ဖြစ်သည်။4, 5
အနုပညာသည် အဆင့်အတန်းမြင့် ပြတိုက်များအတွက်သာမဟုတ်ပဲ ကလေး ဖွံ့ဖြိုးမှု မှတ်တိုင်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော အိမ်နှင့် စိတ်၏ ပြတိုက်အတွက်လည်း အရေးပါပါသည်။ သင်၏ကလေးကို ပုံဆွဲခြင်း ဖန်တီးမှုပြုလုပ်ခြင်းများ ပြုလုပ်ခွင့်ပေးပါ။ အဘယ်ကြောင့်ဆိုသော် ထိုအချက်သည် ၎င်းတို့ ပညာသင်ကြားသောအချိန်တွင် အများထက်သာစေရန် ထောက်ပံ့ပေးနိုင်သောကြောင့် ဖြစ်ပါသည်။ ဦးနှောက်အတွက် အထောက်အကူပြုသော အာဟာရဓာတ်များသည် လှုံ့ဆော်မှုကောင်းသော ပတ်ဝန်းကျင်နည်းတူ အရေးပါသောကြောင့် သင့်ကလေးတွင် မျှတသော အစားစားသောက်မှုပုံစံတစ်ခုရှိရန် အရေးကြီးပါသည်။ မှန်ကန်သော အာဟာရဓာတ် ပမာဏရှိရန်လိုအပ်ပြီး အစားတစ်မျိုးတည်းဖြင့် မလုံလောက်သောအချိန်တွင် Similac Gain IQ က အကူအညီပေးနိုင်ပါသည်။5 အမြင်အာရုံနှင့် ဦးနှောက်ဖွံ့ဖြိုးမှု6ကို အထောက်အပံ့ပေးသော DHA (ဒိုကိုဇာ ဟက်ဇနောရစ် အက်စစ်)၊ လူတင်းနှင့် သဘာဝ ဗီတာမင် E တို့အပြင် ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးသော နှစ်ထပ်ကွမ်းအက်ဖ်အယ်လ် အိတ်ချ်အမ်အို နှင့် နယူကလီရိုတိုက်(ဒ်) (2’-FL HMO & Nucleotide) တို့ဖြင့် ကောင်းမွန်စွာ ပေါင်းစပ်ထားသောကြောင့် သင့်ကလေးငယ်သည် ကျန်းမာစွာလေ့လာသင်ယူနိုင်ပြီး ကလေးဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းစေနိုင်ပါသည်။7 သင့်ကလေး ရှင်သန်နေထိုင်မှုအတွက် လူမှုဆက်ဆံရေးသည် အာဟာရဓာတ်ကဲ့သို့ပင် ထပ်တူ အရေးပါသောကြောင့် သင့်ကလေးနှင့်အတူ စကားပြောခြင်း၊ သင်ကြားခြင်း၊ လေ့လာခြင်းနှင့် စူးစမ်းရှာဖွေခြင်းတို့ကို ပြုလုပ်ပေးရပါမည်။ နမူနာရယူရန် ယနေ့ပဲ Similac Myanmar သို့ လာရောက် စာရင်းပေးသွင်းလိုက်ပါ။
References:
- https://abbottfamily.com.sg/articles/pre-school/learn-drawing
- https://scountryinc.com/2016/07/21/6-benefits-drawing-time-children/
- https://empoweredparents.co/benefits-of-drawing/
- https://stepuptolearn.com/blogs/research/8-foods-to-increase-your-childs-creativity#:~:text=The%20researchers%20suggest%20that%20eating,increase%20deep%20and%20creative%20thinking.
- https://similacmyanmar.com/available-products/#gainIQ
- Auestad,Halter et al.2001,
- Auestad,Scott et al.2003
- Buck R et al. 2004, Schaller et al 2004,
Additional References:
Related posts:
- သင့်ကလေး ဦးနှောက်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးပါသော အာဟာရဓာတ် ၃ မျိုး
- ကလေးများရဲ့ သင်ယူမှုကို အားပေးရန် အကြံပြုချက်များ
- သင့်ကလေး၏ မျက်လုံးကျန်းမာရေးကို အထောက်အကူပြုသော အာဟာရများ
- ကလေးများကိုယ့်ကိုယ်ကို ယုံကြည်မှုကောင်းအောင် ဘယ်လိုသင်ယူကြမလဲ။
- ကလေးရဲ့ သင်ကြားရေးနှင့် ဖွံ့ဖြိုးမှုအပေါ် အတွေ့အကြုံက သက်ရောက်မှုရှိပုံ
- သင့်ကလေး၏ စူးစမ်းသိလိုစိတ်ကို ပြုစုပျိုးထောင်ရန် မည်သို့ကူညီရမည်နည်း
- ဘာသာစကားများသင်ကြားခြင်းနှင့် မှန်ကန်သောပတ်ဝန်းကျင်
- ကလေးငယ်များကျန်းမာဖွံ့ဖြိုးစေရန် အမြင်အာရုံအရေးပါပုံ