အစာချေစနစ်အတွက် အမျှင်ဓာတ်၏ အကျိုးကျေးဇူးများ

ကိုယ်ဝန်ဆောင်စဉ်အတွင်း သင်စားသုံးသောအစားအစာများတွင် အမျှင်ဓာတ်နှင့် အခြားအာဟာရမျိုးစုံ ပိုမိုပါဝင်ခြင်းသည် များစွာအကျိုးကျေးဇူးရှိပါသည်။ ၎င်းသည် ဝမ်းချုပ်ခြင်းနှင့် အာဟာရစုပ်ယူခြင်းကို တားဆီးပေးပြီး သင်၏အစာခြေကျန်းမာရေးကို အကျိုးပြုပါသည်။ အမျှင်ဓာတ်သည်အရေးကြီးသော်လည်း ကိုယ်ဝန်ဆောင်ကာလများတွင် မိခင်အချို့သည် ဆာလောင်မွတ်သိပ်မှုဆုံးရှုံးခြင်း၊ အာဟာရနည်းသောအစားအစာများကို တောင့်တခြင်းတို့ကြောင့် အမျိုးသမီးများအတွက် အကြုံပြုထားသည့် ပမာဏတစ်ဝက်အောက်သာ စားသုံးလေ့ရှိကြသည်။

ကျွန်ုပ်တို့သည် အရေးကြီးသော အမျှင်ဓာတ်နှင့် အချက်အလက်အချို့ကို ပြန်လည်သုံးသပ်ပြီး Similac MUM သည် သင်နှင့်သင့်ကလေးအတွက် ကိုယ်ဝန်ဆောင်စဉ်ကာလများတွင် မည်သို့ ပံ့ပိုးပေးသည့် အကျိုးရှိသော အချက်အလက်များကို အောက်တွင် ဖော်ပြပေးပါမည်။

အမျှင်ဓာတ်နှင့်ကိုယ်ဝန်ဆောင်သည် အစာခြေဖျက်ခြင်းဆိုင်ရာအချက်များ

အမျှင်ဓာတ်ကို ခန္ဓာကိုယ်သည် ကိုယ်တိုင်မခြေဖျက်နိုင်ဘဲ ၎င်းကိုပြုလုပ်ရန်အတွက် Probiotics လိုအပ်ပါသည်။ အမျှင်ဓာတ်သည် ပရိုဘိုင်အိုတစ်များကို စားသုံးခြင်းကို ( အူထဲတွင်ရှိသောကောင်းသည့်ဘတ်တီးရီးများသည် မကောင်းသောအရာများကို တိုက်ထုတ်နိုင်သည်) Prebiotics ဟုခေါ်ပါသည်။ အောက်တွင် အမျှင်ဓာတ်ကြောင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ဖော်ပြပေးမည်။

ကိုယ်ဝန်ဆောင်စဉ်အတွင်း ကိုယ်အလေးချိန်တက်ခြင်းကို ထိန်းချုပ်ပေးသည်။

ကိုယ်အလေးချိန်သည် တက် လေ့ရှိသော်လည်း ၎င်းကို ထိန်းချုပ်နိုင်ပါသည်။ အမျှင်ဓာတ်များသောအစားအစာ များသည် အချိန်ကြာမြင့်စွာဗိုက်ပြည့်စေပြီး အစားအစာကို များများစားမိစေခြင်းမှ တားဆီးပေးပါသည်။ ကိုယ်ဝန်ဆောင်ချိန်အတွင်း ကိုယ်အလေးချိန်ကို ထိန်းပေးခြင်းဖြင့် နို့တိုက်နေစဉ်နှင့် ကလေးမွေးဖွားပြီး နောက်ပိုင်းတွင် ကိုယ်အလေးချိန်ကို ပိုမိုလွယ်ကူစွာ ထိန်းချုပ်နိုင်ပါသည်။ အထူးသဖြင့် အမျှင်ဓာတ်များသော အစားအစာများသည် ကယ်လိုရီစားသုံးမှုကို ၁၀ ရာခိုင်နှုန်း  အထိသိသိသာသာ လျှော့ချနိုင်ပြီး သရေစာများ သို့မဟုတ် အဆီများသော အစားအစာများကို စားသုံးနိုင်ခြေနည်းသွားသည်။

ကိုယ်ဝန်ဆောင်စဉ်အတွင် ဝမ်းသွားခြင်းကို ကောင်းမွန်စေသည်။

ကိုယ်ဝန်ဆောင်စဉ်အတွင်း ဟော်မုန်းအချို့ ( Progesterone) ကို ထုတ်ပေးခြင်းကြောင့် ဝမ်းချုပ်ခြင်း များ အဖြစ်များပါသည်။ အမျှင်ဓာတ်သည် အရည်စုပ်ယူမှုကို ကူညီပေးပြီး ဝမ်းကိုပျော့ပျောင်းစေသောကြောင့် ဝမ်းသွားရလွယ်ကူပြီး အမျှင်အမျှင်ဓာတ်များများ စားသုံးခြင်းဖြင့် မအီမသာဖြစ်ခြင်းကို ကာကွယ်ပေးပါသည်။ သင်၏ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်၏ အကြံဉာဏ်ကို ရယူပြီး ၎င်းအကြုံပြုသည့်အတိုင်း အမျှင်ဓာတ်ကို စားသုံးပြီး အကူအညီဖြစ်စေရန် ဖြည့်စွက်စာများ စားသုံးခြင်းအကြောင်းကို မေးမြန်းပါ။

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ကိုယ်ဝန်ဆောင်ချိန်အတွင်း နှလုံးသွေးကြောဆိုင်ရာ ရောဂါ ဖြစ်နိုင်ချေကို လျှော့ချပေးပါသည်။

အမျှင်ဓာတ်သည် အစာနှင့်သကြားဓာတ်စုပ်ယူမှုကို နှေးကွေးစေပြီး သွေးတွင်းသကြားဓာတ် လျင်မြန်စွာမြင့်တက်ခြင်းမှ ကာကွယ်ပေးပါသည်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း ဟော်မုန်းအချို့ထွက်ရှိခြင်းကြောင့် သွေးတွင်း ဂလူးကို့စ်ကို များလာတတ်ပြီး အမျှင်ဓာတ်များကို စားသုံးခြင်းဖြင့် အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါသည်။

အကယ်၍ သွေးတွင်းဂလူးကို့စ်ကို မစစ်ဆေးဘဲထားပါက နှလုံးနှင့်ဆက်စပ်သော သွေးကြောများနှင့် အာရုံကြောများကို ထိခိုက်ပျက်စီးစေနိုင်သည်။ ၎င်းသည် မိခင်ကို နှလုံးရောဂါဖြစ်စေနိုင်ပြီး လေဖြတ်နိုင်ခြေကို တိုးစေနိုင်ပါသည်။ အမျှင်ဓာတ်များသည် ကိုလက်စထရောဓာတ်ကြွယ်ဝသော သည်းခြေအရည်အက်ဆစ်များကို အစာခြေစနစ်တွင် ထိန်းချုပ်ထားခြင်းဖြင့် သွေးထဲတွင် ကိုလက်စထရော မရောက်အောင်ကူညီပေးပါသည်။

သင်၏အစားစာတွင် အမျှင်ဓာတ်များများပါအောင်ဘယ်လိုထည့်သွင်းမလဲ။စားမလဲ။

အမျှင်ဓာတ်စားသုံးမှုကို ဖြည်းဖြည်းချင်း လေ့ကျင့်ပြီး သင့်ခန္ဓာကိုယ်သည် ၎င်းအစားအစာ အမျိုးအစားကို အလေ့အကျင့်ဖြစ်ရန် အချိန်ပေးရပါမည်။ တစ်နေ့လျှင် စားသုံးချိန်၆ ကြိမ်အထက်တွင် အမျှင်ဓာတ် ပါ၀င်အောင်စားသုံးခြင်း သို့မဟုတ် သရေစာစားချိန်များတွင် ၎င်းကို စားသုံးဖို့ အချိန်ဇယားဆွဲပြီး စတင်ပါ။ အမျှင်ဓာတ်ကောင်းသော သဘာဝရင်းမြစ်များမှာ ငှက်ပျောသီး၊ အစိမ်းရင့်ရောင်ရှိသောအရွက်များ၊ အခွံမာသီးများ၊ ပဲများနှင့် အာလူးတို့ဖြစ်သည်။

သင့်ကလေးအတွက် အကောင်းဆုံးကို သင်လိုချင်နေသောကြောင့် ကိုယ်ဝန်ဆောင်ချိန်အတွင်း သင့်ကိုယ်သင်ကျန်းမာအောင် ကြိုးစားပါ။ သို့သော်လည်း တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့အားလုံး အကူအညီအနည်းငယ်လိုအပ်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေ အတွက် ၎င်းတို့ရနိုင်သလောက်အကူညီများ လိုအပ်ပါသည်။ ထို့ကြောင့်အမျှင်ဓာတ်လုံလောက်စွာ သို့မဟုတ် အခြားအာဟာရလိုအပ်ချက်များ မရရှိဟုခံစားရပါက သိပ္ပံနည်းကျလေ့လာပြီးဖော်စပ်ထားသည့် Similac Mum သည် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် ကိုယ်အလေးချိန်ပိုမတိုးစေဘဲ လိုအပ်သော အာဟာရကိုထောက်ပံ့ပေးရန် ဖော်ထုတ်ထားသည်။ လူတင်း၊ သဘာဝ အာအာအာ ဗီတာမင် အီး၊ ဒီအိတ်ချ်အေ၊ ခိုလင်း၊ ဖောလစ်အက်ဆစ်နှင့် သံဓာတ်တို့ သိပ္ပံနည်းကျပေါင်းစပ်ကာ ဦးနှောက်နှင့် အမြင်အာရုံအတွက်ပါ ထောက်ပံ့ပေးသည်။

 

နမူနာပစ္စည်းရယူရန်

 

Source:

  1. https://abbottfamily.com.sg/articles/nutrition/fiber#
  2. Huynh DTT et al. J Matern Fetal Neonatal Med. 2017 May 7: 1-9 – https://www.tandfonline.com/doi/full/10.1080/14767058.2017.1320984
  3. Brown, Lisa S. PhD, RD et al. Nutrition Requirements During Pregnancy. Jones and Bartlett Publishers, LLC. pg. 5, 8. 2011 – http://samples.jbpub.com/9780763777920/77920_ch01_001_024.pdf (PDF document)
  4. https://abbottfamily.com.sg/products/page/similac-mum