ကလေးရဲ့ သင်ကြားရေးနှင့် ဖွံ့ဖြိုးမှုအပေါ် အတွေ့အကြုံက သက်ရောက်မှုရှိပုံ
ကလေးရဲ့ သင်ကြားရေးနှင့် ဖွံ့ဖြိုးမှုအပေါ် အတွေ့အကြုံက သက်ရောက်မှုရှိပုံ
သင့်ကလေး၏ နေ့စဉ် ဖြတ်သန်းရာ ဘဝ နှင့် ထိုမှတစ်ဆင့်ရရှိလာသောဘဝအတွေ့အကြုံများသည် သင့်ကလေးကိုပုံသွင်းသော အရာများဖြစ်သည်။ နေရာ၊ အဖြစ်အပျက်များ သို့မဟုတ် သူ့တို့ကြားဖူးသော ပုံပြင်များမှ အဓိက ဖြစ်ပေါ်လာသည်ဟု ဆိုသော်ငြားလည်း ထိုအချက်များသည် အရာဝတ္ထုများအပေါ် သူတို့၏သိလိုစိတ်မှ အစိတ်အပိုင်းများသာဖြစ်သည်။ သူတို့သည် ထိုအတွေ့အကြုံကို ရယူသင်ကြားကြပြီး အခြားအခြေအနေများတွင် ပြန်လည်အသုံးပြုကြလိမ့်မည်။ မှန်ကန်သော အာဟာရဓာတ်များမရရှိပါက ကလေးတစ်ယောက်သည် သူ၏ဖွံ့ဖြိုးမှုကို အမြင့်မားဆုံး မရရှိနိုင်သောကြောင့် အာဟာရသည်လည်း အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်သည်ကို မမေ့သင့်ပါ။1, 6
အလွန်အကျွံ အကာအကွယ်ပေးခြင်းနှင့် အထီးကျန်မှုကို သတိထားခြင်း
ကမ္ဘာကြီးသည်အလွန်ကျယ်ဝန်းပြီး မိဘများအနေဖြင့် မိမိကလေးအပေါ်ကျရောက်လာနိုင်သော အမျိုးအမည်မသိသည့် ပြဿနာများအတွက် စိုးရိမ်ပူပန်ခြင်းသည် အလိုအလျောက်ဖြစ်လာသောစိတ်ပင်ဖြစ်သည်။ သို့သော် တစ်ခါတစ်ရံတွင် ထိုသို့အလွန်အကျွံကာကွယ်တတ်သော သဘာဝသည် ပြောင်းပြန်ဖြစ်သွားနိုင်သည်။ လူများ၊ အထူးသဖြင့်ကလေးများသည် နီးစပ်သော ဆက်ဆံရေးများ၊ လူမှုရေးအထောက်အပံ့နှင့် ဂရုစိုက်မှုတို့ကို အလိုလိုတောင့်တကြသည်။ ဂရုစိုက်မှုနှင့် လူမှုရေးတုံ့ပြန်မှုများကိုရရှိခြင်းဖြင့် ကလေးများသည် စိတ်ဖိစီးမှုများကို ပိုမိုကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းနည်း များ နှင့် ထိန်းချုပ်နိုင်သည့်စွမ်းအားကိုပါ ရရှိနိုင်ပါသည်။ ၎င်းတို့သည် ကလေးတစ်ယောက်၏ ဘဝအရည်အသွေးကို မြှင့်တင်ပေးသော အဓိပ္ပါယ်အမှန်ပင်ဖြစ်ပါသည်။1, 2
ကလေးများသည် စကားနှင့်မဖော်ပြတတ်သော်လည်း အတွေ့အကြုံဖိအားများနှင့် အထီးကျန်မှုတို့သည် စိတ်ဖိစီးမှုကို ဖြစ်စေနိုင်ပါသည်။ စိတ်ဖိစီးမှုကြာရှည်လာပါက ကလေးများရဲ့ စိတ်ကိုသာမက ခန္ဓာကိုယ်ကိုပါ သက်ရောက်မှု ရှိစေနိုင်ပါသည်။ စိတ်ဖိစီးမှုသည် ကိုယ်ခံစွမ်းအား၏အကျိုးသက်ရောက်မှုကို လျော့နည်းစေနိုင်သောဟော်မုန်း (ကော်တီကိုစတီရွိုက်) ကို ထုတ်လွှတ်ပြီး ခန္ဓာကိုယ်၏ အဆက်မပြတ်နိုးကြားမှုသည် နှလုံးကိုတင်းမာစေကာ ကလေးအသက်ကြီးလာသောအခါ နှလုံးနှင့်ပတ်သက်သော ရောဂါများ ဖြစ်ပွားလာနိုင်ပါသည်။1, 2
ကလေးများသည် ထူးဆန်းသော မည်သည့်အရာကိုမဆို မှတ်မိကြသည်။
ကလေး၏ဖွံ့ဖြိုးတိုးတက်မှုဆိုတာ မိဘများနှင့် သူတို့၏ ပတ်ဝန်းကျင်အပေါ် အပြုသဘော (သို့) အပျက်သဘော ဆောင်သည့် အပြန်အလှန် တုံ့ပြန်မှုတစ်ခုဖြစ်သည်။ ဗွန်ရက်စ်စတော့ဖ် သက်ရောက်မှု ( ဒေါက်တာ ဟဒ်ဝစ်ဂ် ဗွန် ရက်စ်စတော့ဖ် ၁၉၃၃ ခုနှစ်တွင် ရေးသားခဲ့သော သီအိုရီ) အရ ထူးခြားသောအရာများဖြစ်သောအခါ သို့မဟုတ် တွေ့ရသောအခါ လူတစ်ဦး အထူးသဖြင့် ကလေးတစ်ဦးသည် ထိုအရာနှင့်ပတ်သက်ပြီး ခိုင်မာသောမှတ်ဉာဏ်တစ်ခု မှတ်သားလေ့ရှိသည်။2 ကျွန်ုပ်တို့၏ အတိအကျ သတိပြုမိစေရန် အာရုံစိုက်ဂရုပြုမှုနှင့် စိတ်ဝင်စားဖွယ်ကောင်းသော လှုပ်ရှားမှုများ သို့မဟုတ် သင်ကြားရေးပုံစံများနှင့် ပေါင်းစပ်ကာ ကလေးများကို အရာဝတ္ထုအသစ်များအား အကြား၊ အမြင်၊ အကိုင်အတွယ်နှင့် အနံ့ခံခြင်းတို့ ပြုလုပ်နိုင်စေရန် အထောက်အကူပြုပေးနိုင်ပါသည်။
ဗွန်ရက်စ်စတော့ဖ်သက်ရောက်မှုသည် မျက်နှာများအား မှတ်မိနေစေရန်အတွက်သာ မဟုတ်ပဲ အရသာကဲ့သို့သော အခြား အာရုံခံစားမှုများအပေါ်ပါ သက်ရောက်မှုရှိပါသည်။ ဥပမာအားဖြင့် တစ်ခုခုကို ကလေးများ ပိုမိုနှစ်သက်လာစေလိုပါသလား။ စားစရာများကို ကြည့်ကောင်းသော ပုံစံပြုလုပ်ခြင်း၊ ပန်းကန်အလှများသုံး၍ တည်ခင်းခြင်း သို့မဟုတ် သူတို့မကြိုက်သော အစားအစာများကို ကြိုက်သာအစာများနှင့် မသိအောင်ရောပေးခြင်းတို့ ပြုလုပ်ကြည့်ပါ။1
အာဟာရဓာတ်သည် ကလေး၏ စိတ်ခံစားချက်ပိုမိုကောင်းမွန်အောင် မည်သို့ပုံသွင်းပေးသနည်း။
အာဟာရဓာတ်မပြည့်ဝခြင်းသည် ကလေး၏ အလုံးစုံသောကြီးထွားဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှုရှိပြီး သက်တူရွယ်တူများနှင့် တူညီစွာဖွံ့ဖြိုးမှုမရှိသောခက်ခဲမှုများကြောင့် အလေ့အကျင့်ပြဿနာများဖြစ်ပွားနိုင်ပါသည်။ အခြားနည်းဖြင့်ပြောရလျှင် ခန္ဓာကိုယ်သည် လိုအပ်သည့်အရာ (ဦးနှောက်စွမ်းအား အသုံးပြုခြင်းနှင့် တွေးခေါ်ခြင်းသည် စွမ်းအားအမြောက်အများလိုအပ်သည်) များကို မရရှိပါက ကောင်းမွန်စွာလည်ပတ်နိုင်မည်မဟုတ်ပါ။ ထို့အပြင် ငယ်စဉ်က အစားအစာကို ကျန်းမာရေးနှင့်အညီ စားလာခဲ့သောကလေးသည် အဝလွန်ခြင်း သို့မဟုတ် ဆီးချိုရောဂါများ ဖြစ်ပွားနိုင်ခြေ နည်းပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ အရေးပါသောအာဟာရဓာတ်များ ပါဝင်မှုနည်းသောစားသောက်ပုံတစ်ခုသည် ခန္ဓာကိုယ်မှ အဆီ၊ ကာဗိုဟိုက်ဒရိတ်နှင့် ကယ်လိုရီများ လောင်ကျွမ်းသောနည်းလမ်းကို ပြောင်းလဲစေသောကြောင့်ဖြစ်သည်။ ၎င်းသည် ဆာလောင်မှုကိုထိန်းချုပ်နိုင်ရန် စိတ်နှင့် တည်ငြိမ်သောခံစားချက်တို့ဖြင့် စတင်ပြီး ထိုအတွက် ဖောလိတ်၊ ဗီတာမင် B6 နှင့် ကိုလင်း တို့ကဲ့သို့သောအာဟာရဓာတ်များသည် ထိုသို့ထိန်းညှိပေးသော ဦးနှောက်ဓာတုပစ္စည်းများကို ထုတ်ပေးနိုင်ရန်အတွက် လိုအပ်ပါသည်။ 3, 4
ကလေး၏အစားစားချင်စိတ်ကိုအထောက်အကူပြုရန်အတွက် သင့်ကလေးကြိုက်သောအစားအစာများနှင့် အစားအစာအသစ်များကို တွန်းအားပေးခြင်းမရှိပဲ စမ်းစားကြည့်စေရန် တိုက်တွန်းရပါမည်။ အစားချေးများခြင်းသည် ကလေးများ၏ သဘာဝဖြစ်ပြီး စိတ်ရှုပ်နေမည့်အစား ထိုအစားအစာအုပ်စုထဲမှ အခြားရွေးချယ်စရာများအား စဉ်းစားပေးခြင်း သို့မဟုတ် အားဖြည့်ထားသောအစားအစာများ သို့မဟုတ် ကလေးအတွက်ဖော်စပ်စာများ တိုက်ကျွေးပေးရပါမည်။ မှန်ကန်သော အာဟာရဓာတ်ပမာဏသည် အရေးပါပြီး အစားတစ်မျိုးတည်းဖြင့် မလုံလောက်သောအခါ Similac Gain IQ Kid က အကူအညီပေးနိုင်ပါသည်။ အမြင်အာရုံနှင့် ဦးနှောက်ဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးသော DHA (ဒကိုစာဟက်စနိုးရစ် အက်စစ်)၊ လူတင်း နှင့် သဘာဝဗီတာမင် E, ကိုယ်ခံစွမ်းအားကိုထောက်ပံ့ပေးသော နှစ်ထပ်ကွမ်း အက်ဖ်အယ်လ် အိတ်ချ်အမ်အို နှင့် နယူကလီရိုတိုက်(ဒ်) တို့ ထူးခြားစွာ ပေါင်းစပ်ပါဝင်သောကြောင့် သင့်ကလေးအား သင်ယူခြင်းနှင့် ရှင်သန်ခြင်းကို အထောက်အကူပြုစေပါသည်။ သင့်ကလေးနှင့်အတူ စကားပြောခြင်း၊ သင်ကြားပေးခြင်း၊ သင်ယူခြင်း နှင့် စူးစမ်းခြင်းတို့ကို လူမှုဆက်ဆံရေးအနေဖြင့် လုပ်ဆောင်ခြင်းသည် ၎င်းတို့ရှင်သန်ခြင်းအတွက် အထောက်အကူပြုစေသောအချိန်တွင် အာဟာရဓာတ်ကဲ့သို့ပင် အရေးပါပါသည်။ ကြီးထွားဖွံ့ဖြိုးစေသည့် Similac နှင့်ပတ်သက်ပြီး ရွေးချယ်စရာများအား အပြည့်အဝ သိရှိခံစားနိုင်ရန် ယနေ့ပဲ Similac Myanmar တွင် နမူနာရယူဖို့ စာရင်းပေးသွင်းလိုက်ပါ။
References:
- https://www.noisolation.com/research/how-does-social-isolation-affect-a-childs-mental-health-and-development
- https://practicalpie.com/von-restorff-effect/
- https://txchildren.org/posts/2014/8/20/5-ways-early-childhood-experiences-shape-kids-forever
- https://www.nutritionnews.abbott/pregnancy-childhood/kids-growth/how-nutrition-can-shape-a-child-s-emotional-well-being/
- Auestad,Halter et al.2001, Auestad,Scott et al.2003
- Buck R et al. 2004, Schaller et al 2004, Auestad, Halter et al.2001