မိဘများသိထားသင့်သည့် အဖြစ်များသောဖျားနာမှုများ

ကလေးများ၏ ကိုယ်ခံအားသည် ထိရှလွယ်ပြီး ငယ်ရွယ်သည့်အချိန်များတွင် ရောဂါပိုးများ ပိုမို ဝင်ရောက်တတ်သည်။ ထို့အပြင် ကလေးများသည် နေ့ကလေးထိန်းကျောင်းများ၊ ကျောင်းများနှင့် သူငယ်ချင်းအိမ်များ သွားရောက်ခြင်းကြောင့် အခြားကလေးများ၏ ရောဂါများနှင့်လည်း ထိတွေ့နေရတတ်ပါသည်။ မိမိ၏ကလေးတွင် မည်သည့်ရောဂါဖြစ်မှန်းမသိ ဖြစ်နေခြင်းသည် မိဘများအတွက် စိတ်ဖိစီးစရာ ဖြစ်ပါသည်။ ကလေးများတွင် အဖြစ်များဆုံးရောဂါပိုးများမှာ အရေပြားရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါနှင့် အစာခြေလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်သည်။ ဖျားနာမှုကြောင့် အစာစားချင်စိတ်မရှိသည့်အခါ အမျှင်ဓာတ်နှင့် ဗီတာမင်များကြွယ်ဝသောအစားအစာများကို စားပေးခြင်း သို့မဟုတ် (ဥပမာ Similac Total Comfort) ကဲ့သိုသော ဖြည့်စွက်အာဟာရများ နှင့် အာဟာရအကြံပြုချက်များပါဝင်ပြီး ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ နည်းလမ်းများကို လေ့လာရန် အောက်တွင်ဆက်လက်ဖတ်ရှုနိုင်ပါသည်။1,6

ဓာတ်မတည့်ခြင်း သို့မဟုတ် နှာခေါင်းတွင်း ရောင်ရမ်းခြင်း

သင့်ကလေး၏မျက်လုံးဧရိယာသည် နီရဲနေပြီး ရက်အနည်းငယ်ထက်ပို၍ နှာရည်ယိုနေပါက ၎င်းသည် ဓာတ်မတည့်သည့် နှာရည်ယိုခြင်းဖြစ်နိုင်သည်။3 ဤဓာတ်မတည့်မှုအမျိုးအစားသည် ရာသီဥတု နှင့် ပတ်ဝန်းကျင်ကြောင့် ဖြစ်လေ့ရှိပြီး ဆက်တိုက်ဖြစ်နေပါက ၎င်းသည် ကလေး၏ အိပ်စက်မှုစက်ဝန်းကို အနှောင့်ယှက်ဖြစ်စေနိုင်ပါသည်။ ရောင်ရမ်းပြီး နှာခေါင်းတွင် ပိုလျှံနေသော အချွဲများကြောင့် အရသာနှင့် အနံ့ပျောက်ပြီး အစာစားချင်စိတ်ကို လည်းထိခိုက်စေပါသည်။ 1

 

ကာကွယ်ခြင်းနှင့် ကုသခြင်း – အိမ်အတွင်း အနံ့ပြင်းသော အရာများ၊ အနံ့ဆူးသောပန်းများ ထိတွေ့ ရှူရှိုက်ခြင်းတို့ကို ရှောင်ရှားပြီး အခန်းတွင်ဖုန်များကို ပုံမှန်ရှင်းလင်းပေးပါ။ ရောဂါလက္ခဏာ သက်သာ ပျောက်ကင်းမှု မရှိပါက သိကျွမ်းနားလည်သောဆရာဝန်ထံ  သွားရောက်ပြသခြင်းသည် အကောင်းဆုံးဖြစ်သည်။ ချဉ်သောအသီးများ၊ ဟင်းသီးဟင်းရွက်များ၊ ဗီတာမင် C၊ D နှင့် အိုမီဂါဖက်တီးအက်စစ်ဓါတ်များ ကြွယ်ဝသည့် အဆီများသောငါးများတွင် ၎င်းအရာများကို ထောက်ပံ့ပေးပါက ခုခံအားဆဲလ်များ၏ လုပ်ဆောင်မှုကို မြှင့်တင်ပေးပြီး ရောင်ရမ်းမှုကို လျှော့ချပေးပါသည်။3,5

 

 ရေကျောက်

၎င်းရောဂါသည် ဖျားခြင်းနှင့် နှုံးခွေခြင်းတို့ စတင်ဖြစ်ပေါ်လာပြီး ၁၀ရက်မှ ၂၁ ရက်ခန့် အကြာတွင် အစက်အပြောက်များ ဖြစ်ပေါ်လာနိုင်သည်။ 2  ပုံမှန် ကျန်းမာသောကလေးများတွင် ရောဂါလက္ခဏာများမှာ မပြင်းထန်သော်လည်း နှုံးခွေ ပင်ပန်းနွမ်းနယ်ခြင်းကို ဖြစ်စေနိုင်သည်။ ရောဂါပိုးရှိသော ကလေးငယ်၏ ရေကျောက် အနာဖေးများ နှင့် ခန္ဓာကိုယ်အရည်များကို ထိတွေ့ခြင်းမှ တဆင့် သင့်ကလေးကို အလွယ်တကူ ကူးစက်မြန် ပျံ့နှံ့စေနိုင်ပါသည်။3

 

ကာကွယ်ခြင်းနှင့်ကုသခြင်း – ရောဂါပိုးကူးစက်မှုကို ကာကွယ်ထိန်းချုပ်နိုင်ရန် လူစုလူဝေးကို ရှောင်ကြဉ်ပြီး ကျောင်းသို့အကြောင်းကြားပါ။ ကလေးငယ်၏ မျက်လုံးနီမြန်းနေခြင်း၊ အော့အန်ခြင်း သို့မဟုတ် ခေါင်းကိုက်ခြင်းတို့ကြောင့် နှုံးခွေနေပါက ဆရာဝန်နှင့် ချက်ချင်းပြသပါ။ ရေများများသောက်ခြင်းနှင့် ဗီတာမင်နှင့် သတ္တုဓာတ်များရရှိစေရန် အစေ့အဆန်များ၊ ပဲများ၊ လတ်ဆတ်သောသစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို ကျွေးခြင်းဖြင့် သင့်ကလေး၏ ကိုယ်ခံစွမ်းအားကို မြှင့်တင်နိုင်ပါသည်။ သကြားမပါသော ငုံဆေးများကို ခံတွင်းအတွင်းရှိ အနာများ ယာယီသက်သာစေရန် အသုံးပြုနိုင်သည်။2,3

 

ဝမ်းချုပ်ခြင်း

ဝမ်းချုပ်ခြင်း ဆိုသည်မှာ ဝမ်းသွားသည့်အကြိမ်ရေ နည်းခြင်းကို မဆိုလိုပါ။ ဝမ်းသွားရခက်ခြင်းနှင့် ဝမ်းမာခြင်းတို့ ကြောင့် ဝမ်းဗိုက်တင်းလာပြီး မအီမသာဖြစ်ကာ ကလေးများ စိတ်တိုလွယ်လာကြပါသည်။ အကြောင်းအရင်းမှာ အစားသောက်ပုံစံပြောင်းလဲခြင်း၊ စိတ်ပူပန်ခြင်း သို့မဟုတ် အခြားသောရောဂါများအတွက် ဆေးဝါးများသောက်သုံးခြင်းတို့ ကြောင့် ဖြစ်နိုင်ပါသည်။ ဤသို့ ရောဂါလက္ခဏာခံစားနေရသော သင့်ကလေးများကို ဆေးမတိုက်ခင် ကျန်းမာရေး ပညာရှင်များနှင့် တိုင်ပင်သင့်ပါသည်။

 

ကာကွယ်ခြင်းနှင့်ကုသခြင်း – စိတ်ဖိစီးမှုသည် ဝမ်းချုပ်ရခြင်း၏ အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သောကြောင့် ၎င်းတို့၏စိတ်ပိုင်းဆိုင်ရာ အခြေအနေများကို စစ်ဆေးပြီး မဆုံးဖြတ်သေးဘဲ စကားပြောကြည့်ပါ။ ကိုယ်လက်လှုပ်ရှားခြင်းသည် စိတ်ဖိစီးမှုကို သက်သာစေပြီး သွေးစီးဆင်းမှုကို တိုးတတ်စေသောကြောင့် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းကို အားပေးပါ။ အမျှင်ဓာတ်များသော ဝမ်းအဖြစ်ဖြစ်စေရန် အမျှင်ဓာတ်စားသုံးမှုကို တိုးစေပြီး ပျော့ပျောင်းစေရန်အတွက် ရေဓာတ်ကို စုပ်ယူပါသည်။ ထိုကြောင့် အမျှင်ဓာတ်များသော အစားအစာများသည်လည်း ရေဓာတ်များစွာလိုအပ်သောကြောင့် သင့်ကလေးအား ရေဓာတ်ပြည့်ဝနေစေရန် မမေ့ပါနှင့်။ အစားသောက်များတွင်ပါဝင်သော ကောင်းသောဘက်တီးရီးယားများ ( ပရိုဘိုင်အိုတစ်) သည် ပရီဘိုင်အိုတစ်အမျှင်များကို စားသုံးပြီး ကျန်းမာသော အူလမ်းကြောင်းကို ထိန်းသိမ်းရန်ကူညီပေးသောကြောင့် မကောင်းသော ပိုးမွှားများကို ကင်းဝေးစေပြီး ခုခံအားစနစ်ကို မြှင့်တင်ပေးပါသည်။4,5

ထိခိုက်လွယ်သောဝမ်းဗိုက်နှင့် အရေပြားပြဿနာများဖြစ်နေစဉ်အတွင်း ဗီတာမင် စီကြွယ်ဝသော လိမ္မော်သီး၊ မဂ္ဂနီဆီယမ်အာဟာရဓာတ်ပါဝင်သော almonds စေ့များ၊ ဗီတာမင် D ကြွယ်ဝစွာ ပါဝင်သော ဆာလ်မွန်ငါး သို့မဟုတ် ခံတွင်းနာခြင်းကြောင့် ပရိုဘိုင်အိုတစ်အတွက် အားဖြည့်ထားသော ဒိန်ချဉ်တို့ကို ကျွေးရန် အခက်အခဲရှိနိုင်သည့်အတွက်2.5 ကလေးများကို တစ်ခါတစ်ရံတွင် ဖြည့်စွက်အာဟာရများဖြင့် ထောက်ပံ့ပေးရန် လိုအပ်ပါသည်။ ဥပမာ စားအုန်းဆီမပါဝင်ဘဲ ချေဖျက်ရလွယ်ကူသော ပရိုတင်းများ၊ ပရိုဘိုင်အိုတစ်( 2’ FL) နှင့် နို့သကြားပါဝင်မှု အလွန်နည်းပါသော Similac Total Comfort ၏ IMMUNIFY ကိုယ်ခံအားပံ့ပိုးမှုစနစ်ဖြင့် ထိခိုက်လွယ်သော ဝမ်းဗိုက်ဆိုင်ရာ ပြဿနာများကို လိုအပ်သည့်အချိန်တွင် သက်သာစေရန် ဖော်စပ်ထုတ်လုပ်ထားသည့် ဖြည့်စွက်အာဟာရများဖြင့် ထောက်ပံ့ပေးနိုင်သည်။ ထို့အပြင် အစားအသောက်များမှ လိုအပ်သော ဗီတာမင် A,B6,C,D နှင့် သံဓာတ်တို့ ကြွယ်ဝစွာပါဝင်ပါသည်။ သင့်ကလေးအတွက် အစားအသောက်ပြောင်းလဲမှုများ မပြုလုပ်မီ သင့်လျော်သော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူနှင့် အမြဲတိုင်ပင်ပါ။ နောက်ထပ်အချက်အလက်များအတွက် Similac Myanmar သို့သွားရောက်ကြည့်ရှုနိုင်ပြီး နာမူနာများအတွက် စာရင်းပေးသွင်းပါ။1,6

 

References:

  1. https://abbottfamily.com.sg/articles/toddler/common-illness
  2. https://www.novapharmacy.com.au/all-health-topics/other/chickenpox/
  3. https://www.healthhub.sg/a-z/diseases-and-conditions/640/top-10-common-childhood-conditions-ehb
  4. https://www.healthhub.sg/a-z/diseases-and-conditions/697/common-childhood-conditions-constipation
  5. https://www.webmd.com/allergies/features/foods-fight-allergies
  6. https://abbottfamily.com.sg/products/page/similac-total-comfort-3