မိဘတစ်ယောက်အနေဖြင့် သင့်ကလေး၏ အစားအစာ ပြန်အန်ခြင်းကိစ္စကို ရင်ဆိုင်ခြင်း

သင့်ကလေးသည် အစားစားပြီး မကြာခင် အစာများပြန်၍ အော့အန်တတ်သည်။ အစပိုင်းတွင် သင်သည် ထိုအညစ်အကြေးများ ရှင်းရမည်ကို စိတ်တိုင်းမကျ ဖြစ်နိုင်သော်လည်း ထိုကိစ္စနောက်ကွယ်တွင် ကျန်းမာရေးပြဿနာ ရှိနေနိုင်ပါသည်။ အစာဓာတ်မတည့်ခြင်းကြောင့်လား။ အစာလမ်းကြောင်းထဲရှိ လေကြောင့်လား။ သူတို့သည် ရည်ရွယ်ချက်ရှိရှိ လုပ်တာကြောင့်လား။ ပထမဆုံးအနေနှင့် စိတ်တည်ငြိမ်အောင် လုပ်ပြီး ပြဿနာ၏အရင်းအမြစ်ကို ရှာဖွေပါ။ သင်သည် အစားအစာ စာရင်းကို အစာကြေလွယ်သော အစားအစာရွေးချယ်စရာများအဖြစ် ပြောင်းလဲခြင်းများ လုပ်ထားနိုင်ပြီး အခြားသော အစာခြေခြင်း ပြဿနာများအတွက် ကလေးအတွက် ဖော်စပ်စာ (ဥပမာ Similac Total Comfort) ကို အသုံးပြုနိုင်ပါသည်။1234,

 

သင့်တုံ့ပြန်ပုံကို ပြန်လည်ဆန်းစစ်ခြင်း

ဒီလို အစားပြန်အန်ထွက်ခြင်းကြောင့် သင်အနေဖြင့် သင့်ကလေးကို ဆူမိမှာ ဖြစ်ပါသည်။ ကလေးငယ်များသည် သင့်တုံ့ပြန်ပုံကို နားမလည်နိုင်ပဲ သူတို့သည် အဆင်မပြေမှုနှင့် နာကျင်မှုများကိုသာ သိတတ်ကြပါသည်။ သင်၏စိတ်ကို တည်တည်ငြိမ်ငြိမ်ဖြင့် ကိုင်တွယ် ဖြေရှင်းခြင်းသည်သာ အကောင်းဆုံး တုံပြန်ခြင်းဖြစ်သည်။  အစာအော့အန်ခြင်းနှင့် ပြန်ထွေးထုတ်ခြင်းသည် တမင်ပြုလုပ်ခြင်းမျိုးဖြစ်ပါက ကလေးများသည် သူတို့၏လုပ်ရပ်မှာ ပျင်းစရာကောင်းသည်ဟု မကောင်းမှန်း သိပါက နောက်တစ်ကြိမ်ကြလျှင် သူတို့အစားအစာများကို အေးအေးဆေးဆေး စားလိမ့်မည်။12

 

ပြဿနာ၏အရင်းအမြစ်ကို ရှာပါ

ကလေးတိုင်းသည် မတူညီသောအစားအစာ စားသောက်မှုပုံစံရှိတတ်ကြပြီး တစ်ဦးချင်းဆီတွင် ကိုယ်ပိုင် အရသာရွေးချယ်မှုပုံစံ ရှိတတ်ကြသည်။ အစားအစာအတုံး အရမ်းကြီးနေပါသလား။ အစားအစာကို တစ်ကိုက်စာအတုံးသေး အဖြစ်ပြောင်းလဲ၍ အစာချေဖျက်ခြင်းနှင့်မြိုချခြင်း ပြဿနာများ သက်သာစေနိုင်ခြင်းရှိမရှိ ကြည့်ပါ။ အရသာကြောင့် ဤသို့ဖြစ်ရခြင်းလား။ ဟင်းချက်သော ပုံစံကို ပြောင်းလဲကြည့်ပါ။ ကလေးများသည် အရင်တုန်းက အရသာဆိုးများကို ခံစားမိခဲ့ဖူးသောကြောင့် အော့အန်ချင်သောဆန္ဒပြင်းပြနေပါသလား။ များသောအားဖြင့် ရောဂါဖြစ်စဉ်အများစုတွင် အစာဓာတ်မတည့်ခြင်းသည် မျက်နှာနီခြင်းနှင့် အဖုအပိမ့်ထွက်ခြင်းများအနေဖြင့် ပြတတ်သည်။ အော့အန်ခြင်းမှလွဲ၍ သင့်ကလေးသည် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် မအီမသာဖြင့် အဖက်မပါသောအရည်များ ပျို့အန်ခြင်းကို ခံစားရနိုင်သည်။ သင့်ကလေးအစားစားပြီး အဆင်မပြေဖြစ်သည့် လက္ခဏာများကို စောင့်ကြည့်ပြီး မသင်္ကာဖွယ်အစားများကို ဖယ်လိုက်ပါ။ မကောင်းသော အစားအစာစားသောက်မှုပုံစံကို အချိန်ကြာကြာပြုလုပ်နေပါက အာဟာရချို့တဲ့ခြင်း၊ ပုံမှန်မဟုတ်သော ဝမ်းများသွားခြင်း၊ ပြင်းထန်သော အစာဓာတ်မတည့်ခြင်းများ၊ စွမ်းအင်များ လျော့နည်းခြင်းနှင့် ကိုယ်ခံအားစနစ် အားနည်းခြင်းများကို ဖြစ်စေနိုင်ပါသည်။12

 

ကလေးများ၏အာဟာရဓာတ်များကို ပြန်လည်သုံးသပ်ခြင်း

အစားအစာ၏ အရည်အသွေးနှင့် အရသာမကောင်းခြင်းများ မဟုတ်ပါက အစားအစာကိုယ်တိုင်ကပင် အချို့အာဟာရဓာတ်များ ချို့တဲ့နေခြင်းဖြစ်နိုင်ပါသည်။ တစ်ခါတစ်ရံတွင် အချို့အစာများသည် အစာအိမ်အချဉ်ဖောက် ပျို့အန်ခြင်း ဝမ်းဗိုက်ဖောရောင်ခြင်းများဖြစ်စေပြီး အူလမ်းကြောင်းကျန်းမာရေးကို အထောက်အကူပြုသော အလွယ်တကူအစာကြေလွယ်သည့် အစားအစာများကို ပြောင်းလဲဖို့လိုအပ်နိုင်ပါသည်။ ပရီဘိုင်အိုတစ်အမျှင်ဓာတ် များသည် အူလမ်းကြောင်းတွင် ကျန်းမာသော ဘက်တီးရီးယားများ မကောင်းသော ဘက်တီးရီးယားများကို တိုက်ထုတ်ရန်အတွက် လိုအပ်သော စွမ်းအင်ကို ပေးသောကြောင့် အရေးကြီးပါသည်။ ၎င်းတို့သည် အစာချေဖျက်ခြင်း၊ အာဟာရဓာတ်စုပ်ယူနိုင်စွမ်းအားကို တိုးမြှင့်စေခြင်း နှင့် ဝမ်းအလွယ်တကူသွားနိုင်စေခြင်းများဖြင့် ကူညီပေးသည်။ ပရီဘိုင်အိုတစ် အမျှင်ဓာတ်များကြွယ်ဝစွာ ပါဝင်သောအစားများမှာ ငှက်ပျောသီး၊ ပန်းသီး၊ ဘာလီ၊ ဂျုံ နှင့်ကိုကိုးသီး များဖြစ်သည်။ အစားစားနေကျပုံစံ‌ ပြောင်းလဲခြင်းသည် သင့်ကလေး၏နုနယ်သော အစာအိမ်ကို တစ်ခါတစ်ရံ အစာမကြေခြင်းဖြစ်စေတတ်သဖြင့် သတိထားသင့်ပါသည် ။123

သင့်ကလေး၏ အူလမ်းကြောင်းကို ကောင်းမွန်စေရန်အတွက် အစာချေဖျက်ခြင်း ပြဿနာများကို အစားအစာတစ်ခုတည်းနှင့် မဖြေရှင်းနိုင်သောအခါ ကလေးများသည် အလွယ်တကူ အစာချေဖျက်နိုင်သည့် ဖော်မြူလာဖြင့် ထုတ်လုပ်ထားသော ကလေးအတွက် ဖော်စပ်စာများ လိုအပ်လာနိုင်ပါသည်။ ထိုအရာအတွက် Similac Total Comfort က ကူညီပေးနိုင်သည်။ Similac Total Comfort ကလေးအတွက် ဖော်စပ်စာသည် လက်တို့စ် နို့သကြားနှင့် ဓာတ်မတည့်ခြင်းကြောင့် လေပွလေထခြင်း၊ ၀မ်းပျက်၀မ်းလျောခြင်း၊ မအီမသာဖြစ်၍ ငိုယိုခြင်း အစရှိသည့် ၀မ်းဗိုက် ပြဿနာများကို ခံစားနေရသော အသက် ၂နှစ်နှင့် အထက် ကလေးများအတွက် ထုတ်လုပ်ထားသော အစာကြေညက်ပြီး အာဟာရစုပ်ယူမှုလွယ်စေသည့် ဖော်မြူလာဖြစ်သည်။

 

အစာအိမ်ကိုဂရုစိုက်သော အာဟာရဓာတ်စနစ်ဖြင့် ဖော်ထုတ်ထားသော Similac Total Comfort နို့သည် ပရီဘိုင်အိုတစ် (FOS)၊ အစာချေရလွယ်ကူသော Whey ပရိုတင်း၊ Lactose ပါဝင်မှုနည်းပြီး ထူးခြားသော ဟင်းသီးဟင်းရွက်အဆီအရောအစပ်လည်း ပါဝင်ပါသည်။

References:

  1. https://moms-den.com/2020/07/28/how-to-stop-child-from-spitting-out-food/
  2. https://yourkidstable.com/baby-spits-out-food/
  3. https://www.julierevelant.com/14-prebiotic-foods-for-kids/
  4. https://abbottnutrition.com.my/products/similac-total-comfort