မိခင်နှင့် ကလေးအတွက် အရေးပါသော အာဟာရဓာတ်များ

ကျန်းမာသောမိခင်တစ်ဦးသည် အစားအစာမှ အာဟာရဓာတ်အများဆုံးရရှိရန် လိုအပ်ပြီး ၎င်းမှတစ်ဆင့် ကလေး၏ ကြီးထွားဖွံ့ဖြိုးလာမှုကို ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။ ကလေးအတွက် အစားအစာမှဖြစ်စေ အခြားအာဟာရများ (ဥပမာ ကလေးများအတွက် Similac Gain IQ HMO Liquid (အသင့်သောက်)) မှဖြစ်စေ လုံလောက်စွာရရှိသော အာဟာရဓာတ်များသည် မိခင်အတွက် (ဥပမာ အမေများအတွက် Similac MUM) လည်း တူညီသော အကြောင်းအရာများကြောင့် အရေးပါပါသည်။ ၎င်းတို့သည် မိခင်၏ အရိုးများ၊ ကြွက်သားများ၊ နှလုံးနှင့် အူလမ်းကြောင်းတို့ကို ထောက်ပံ့ပေးပြီး သူမ၏ကလေးကို ပိုမိုအထောက်အကူပြုပေးနိုင်ရန်အတွက် သူမအား ပိုမိုသန်စွမ်းပြီး ခံနိုင်ရည်ရှိစေပါသည်။ ကောင်းမွန်သော အလေ့အထရှိသည့် ကျန်းမာရေး စံပြမိခင်တစ်ဦးသည် ခန္ဓာကိုယ်ကို တိုးတတ်မှုမြန်ဆန်စေရန် အာဟာရဓာတ်များစွာကို ရယူထောက်ပံ့ပေးနိုင်ပါလိမ့်မယ်။14

အစားအစာပမာဏကို ထိန်းချုပ်ခြင်းသည် မိခင်နှင့် ကလေး (၂) ဦးလုံးအတွက် အရေးကြီးသည်

အစားအစာများကို တတ်နိုင်သည်ထက် ပိုစားခြင်း (သို့) အလွန်အကျွံ မစားရန် အရေးကြီးပါသည်။ အစားအသောက် ပမာဏသည် ကလေး၏ အသက်အရွယ်၊ ကိုယ်ခန္ဓာအရွယ်အစား (ကိုယ်အလေးချိန်နှင့် မသက်ဆိုင်ပါ) နှင့် ကိုယ်လက်လှုပ်ရှားမှု အတိုင်းအတာအပေါ်တွင် မူတည်နေပါသည်။ ကိုယ်ဝန်ဆောင် သို့မဟုတ် နို့တိုက်မိခင်တစ်ဦးသည် မိမိ၏ကလေးနှင့် မိမိကိုယ်တိုင်၏ ကျန်းမာရေးကို အထောက်အကူပြုနိုင်ရန် အပိုကယ်လိုရီ (၃၀၀)  မှ (၅၀၀) အထိလိုအပ်ပါသည်။4 ကလေးတစ်ယောက်အတွက် တစ်ရက်လျှင် ကယ်လိုရီ (၁၀၀၀) မှ (၁၄၀၀) ခန့် လိုအပ်ပါသည်။1 ပမာဏအချိုးအစား အများအပြားရှိသည် ဆိုသော်ငြားလည်း တစ်ခါစားတွင် ဟင်းသီးဟင်းရွက် (၄) ပုံ (၁) ပုံ၊ သစ်သီး (၄) ပုံ (၁) ပုံ၊ ဂျုံ (၄) ပုံ (၁) ပုံ၊ ပရိုတိန်း (၄) ပုံ (၁) ပုံနှင့် နို့ထွက်ပစ္စည်း တစ်ခွက်စာ ပါဝင်သင့်ပါသည်။2,

နို့သည် မိခင်နှင့်ကလေးတို့၏ အကောင်းဆုံးသူငယ်ချင်း

တစ်နေ့လျှင် ကလေးများအတွက် ကယ်လ်ဆီယမ် (၅၀၀) မီလီဂရမ်5 နှင့် မိခင်များအတွက် (၁၀၀၀) မီလီဂရမ်4 လိုအပ်ပြီး မိခင်နှင့် ကလေး (၂) ဦးစလုံးအတွက် ဗီတာမင် D (၆၀၀) UI (နိုင်ငံတကာ ယူနစ်)1,4 ကို တူညီစွာ လိုအပ်ပါသည်။ ထို အာဟာရဓာတ် (၂) မျိုးသည် ကလေးအတွက် ကျန်းမာသန်စွမ်းသော အရိုးများကို တည်ဆောက်ပေးပြီး မိခင်အတွက် အရိုးပွခြင်းနှင့် အဆစ်ရောင်ခြင်းတို့ကို ကာကွယ်ပေးပါသည်။ ထိုအချက်သည် အခြား ကယ်လ်ဆီယမ် ကြွယ်ဝသော အစားအစာများကို အရေးကြီးစေရုံသာမက နွားနို့ကိုပါ ထမင်းစားချိန်အတွက် အရေးပါသောအရာ ဖြစ်စေပါသည်။ တစ်နေ့တာအတွက် အနည်းဆုံးလိုအပ်သော ကယ်လ်ဆီယမ်နှင့် ဗီတာမင် D ကိုရရှိနိုင်ဖို့ တစ်နေ့လျှင် အားဖြည့်ထားသော နွားနို့  (၂) ခွက် သောက်သုံးရန် အကြံပြုထားပါသည်။ 35

သံဓာတ်သည် နှစ်ဦးစလုံးအတွက် အကာအကွယ်ခံတပ်

ကလေးတစ်ဦးသည် တစ်နေ့လျှင် သံဓာတ် (၇) မီလီဂရမ် လိုအပ်ပြီး မိခင်တစ်ဦးအနေဖြင့် ၎င်းတို့ ခန္ဓာကိုယ်၏ သွေးနီဥ ထုတ်လုပ်မှုကို အထောက်အကူဖြစ်စေရန် သံဓာတ်ကို ကလေး၏ (၃) ဆ လိုအပ်နိုင်ပါသည်။ သွေးနီဥများသည် သွေးလည်ပတ်မှု၊ အောက်ဆီဂျင် ဖြန့်ဖြူးမှုနှင့် သွေးအားနည်းရောဂါကို ကာကွယ်ရန် အရေးပါပါသည်။ မိခင်နှင့် ကလေး (၂) ဦးစလုံးအတွက် သံဓာတ်ချို့တဲ့သော လက္ခဏာများမှာ အပြုအမှုဆိုင်ရာ ပြဿနာများ ဖြစ်ပွားစေနိုင်သော မောပန်းခြင်းနှင့် စိတ်တိုလွယ်ခြင်းတို့ ဖြစ်ပါသည်။14 အကယ်၍ နေ့စဉ်စားသောက်မှု ပုံစံတွင် အဆီနည်းသော အသားနှင့် ငါးများ (တစ်အောင်စ လျှင် (၁) မီလီဂရမ်)၊ ပဲပင်များ နှင့် အစိမ်းရောင် ဟင်းရွက်များ ( ခွက်ဝက် လျှင် (ဝ.၅) မီလီဂရမ် မှ (၄) မီလီဂရမ်) အမြောက်အများပါဝင်ပါက တစ်နေ့တာ သံဓာတ် လိုအပ်ချက်ကို လွယ်ကူစွာ ဖြည့်စွမ်းနိုင်ပါသည်။ 5

သင်၏ အာဟာရဓာတ်အပေါ် သတိထားမှုသည် မလုံလောက်ဟု ခံစားလာရပါက Similac MUM ကအကူအညီပေးနိုင်ပါသည်။ ၎င်းသည် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် လိုအပ်သော အာဟာရဓာတ်များကို ကိုယ်အလေးချိန် အလွန်အကျွံမတိုးစေပဲ ထောက်ပံ့ပေးနိုင်ရန် သိပ္ပံနည်းကျ ဖော်စပ်ထုတ်လုပ်ထားပါသည်။ အရေးပါသော ဗီတာမင် နှင့် သတ္တုဓာတ် (၂၇) မျိုးပါဝင်ပေါင်းစပ် ထုတ်လုပ်ထားသည့်အပြင် Similac MUM တွင် အရိုးကျန်းမာရေးနှင့် ကိုယ်ခံစွမ်းအားစနစ်ကို အထောက်အပံ့ပေးရန် ဝမ်းမှန်စေသော ပရီဘိုင်အော့တစ် scFOS၊ ဇင့်၊ ဗီတာမင် C၊ D (ကယ်လ်ဆီယမ် စုပ်ယူမှုကို ထောက်ပံ့ရန်)၊ E နှင့် ဆီလီနီယမ် တို့ ထူးခြားစွာ ပေါင်းစပ်ပါဝင်ပါသည်။ တစ်ခါတလေတွင် ကလေးများသည် လိုအပ်သော အာဟာရ ပမာဏအပြည့်အဝရစေရန်အတွက် အစားအစာကို လုံလောက်စွာ မစားနိုင်ကြပါ။ ထိုအတွက် Similac Gain IQ HMO Liquid (အသင့်သောက်)က အကူအညီပေးနိုင်ပါသည်။ ၎င်းတွင် HMO နှင့် သင့်ကလေး၏ ခန္ဓာကိုယ် ကိုယ်ခံစွမ်းအားစနစ်ကို ထောက်ပံ့ပေးသော နယူကလီးယားတိုတ် လေးများ ထူးခြားစွာ ပေါင်းစပ်ပါဝင်ပါသည်။8, 9  ဦးနှောက်ကြီးထွားမှုကို ထောက်ပံ့ပေးရန်အတွက်လည်း ဦးနှောက်အတွက် အဓိက သော့ချက် အာဟာရဓာတ် (၁၀) မျိုး (AA၊ အိုမီဂါ (3) နှင့် (6)၊ တောရွင်း၊ ကိုလင်း၊ သံဓာတ်၊ အိုင်အိုဒင်း၊ ဖောလစ်အက်စစ်၊ ဗီတာမင် B1 နှင့် B12) တို့ အပိုဆောင်းပါဝင်ပါသည်။10 Similac Gain IQ HMO အရည်တွင်ပါဝင်သော ထူးခြားသည့် Eye Q Plus တွင် ဦးနှောက်ဖွံ့ဖြိုးမှုနှင့် အမြင်အာရုံကို ထောက်ပံ့ပေးသော DHA၊ လူတင်းနှင့် သဘာဝ ဗီတာမင် E တို့ ထူးခြားစွာ ပေါင်းစပ်ပါဝင်ပါသည်။10, 11  Similac ၏ အာဟာရပေးစွမ်းနိုင်မှုကို အပြည့်အဝ ခံစားနိုင်ရန်အတွက် Similac Myanmar သို့ ယနေ့ပဲ လာရောက် စာရင်းသွင်းပြီး နမူနာ ရယူလိုက်ပါ။12

References:

  1. https://kidshealth.org/en/parents/toddler-food.html
  2. https://www.healthhub.sg/live-healthy/578/A%20Healthy%20Food%20Foundation%20-%20for%20Kids%20and%20Teens
  3. https://timesofindia.indiatimes.com/life-style/food-news/6-incredible-benefits-of-drinking-cows-milk/articleshow/70139351.cms
  4. https://kidshealth.org/en/parents/moms-nutrients.html
  5. https://www.boystownpediatrics.org/knowledge-center/toddler-nutrition
  6. https://similacmyanmar.com/available-products/8similacMum
  7. Huynh DTT et al. J Matern Fetal Neonatal Med. 2017 May 7: 1-9
  8. Buck R et al. 2004
  9. Schaller et al 2004
  10. Auestad,Halter et al.2001,
  11. Auestad,Scott et al.2003