အရွယ်စုံ အမျိုးသမီးတိုင်းအတွက် ဖောလစ်အက်ဆစ်၏ အကျိုးကျေးဇူးများ
အရွယ်စုံ အမျိုးသမီးတိုင်းအတွက် ဖောလစ်အက်ဆစ်၏ အကျိုးကျေးဇူးများ
ပထမဆုံးအကြိမ်ကိုယ်ဝန်ဆောင်သည့် မိခင်များအတွက် အာဟာရပြည့်သည့် အစားအသောက်များစားပြီး ဖောလစ်အက်ဆစ် သောက်ပေးရန် အရေးကြီးသည်။ ဖောလစ်အက်ဆစ်သည် အမျိုးသမီးများ၏ မည်သည့်အသက်အရွယ်မှာမဆို အရေးကြီးပြီး အထူးသဖြင့် ကိုယ်ဝန်ဆောင်နေစဉ် အချိန်တွင် ပိုပြီး အရေးကြီးသည်။ သန္ဓေသား၏ အာရုံကြောပြွန် မချို့ယွင်းစေရန် ကာကွယ်ပေးသည့် နေရာတွင် ဖောလစ်အက်ဆစ် အရေးပါပြီး ကိုယ်ဝန်မဆောင်မီနှင့် ကိုယ်ဝန်ဆောင်နေချိန်တွင်းမှာ သောက်သုံးသင့်သည်။ မိခင်ဖြစ်လာတော့မည့်သူများကို ကျွေးသည့် အစားအသောက်ထဲတွင် ဖောလစ်အက်ဆစ် ပါဝင်အောင်ဂရုစိုက်ခြင်းက မိခင်ခန္ဓာကိုယ်ထဲမှ အကျိုးရှိတဲ့ ဆဲလ်များကို ပေါ်ပေါက်စေသည့်အပြင် ထိန်းသိမ်းထားပြီးသားဖြစ်စေသည်။ ဖောလစ်အက်ဆစ်အကြောင်း အမေးများသည့် မေးခွန်းများကို ဖြေရှင်းရင်းနဲ့ ပြောပြပေးသွားမည်။
ဖောလစ်အက်ဆစ် နှင့် ဖောလိပ်
၂ မျိုးလုံးသည် ဗီတာမင် B9 ဒြပ်ပေါင်းများဖြစ်သည်။ ဖောလစ်အက်ဆစ်မှာ လူများပြုလုပ်ထားခြင်းဖြစ်ပြီး ဖောလိပ်အက်ဆစ်သည် ကျွန်တော်တို့စားသုံးသော အစားအစားများမှာ ပါဝင်ခြင်းဖြစ်သည်။ ဖောလစ်အက်ဆစ်သည် ဖောလိပ်၏ လူလုပ်ဒြပ်ပေါင်းဖြစ်ပြီး လူခန္ဓာကိုယ်ထဲရောက်လျှင် ခန္ဓာကိုယ်အတွက် အသုံးပြုလိုရသည့် ဒြပ်ပေါင်းအဖြစ်ကို ပြောင်းလဲသွားသည်။ ဖောလစ်အက်အစ်ကို အားဆေးများနှင့် အစားအစာတွေထဲတွင် ပိုမိုအင်အားပြည့်စေရန် ထည့်သွင်းသည်။ ဆန်၊ ပါစတာ၊ ပေါင်မုန့် နှင့် စီရီရယ်တို့တွင် အများဆုံး ထည့်သွင်းလေ့ရှိသည်။ ဖောလိပ်ကို သဘာဝ အတိုင်း အစိမ်းရောင်အရွက်များ၊ အသီးအရွက်များ၊ အသီးအနှံများနှင့် လတ်ဆတ်သည့်ပဲတို့တွင် တွေ့နိုင်သည်။
အမျိုးသမီးများအတွက် ဘယ်လိုအကျိုးရှိစေလဲ
ကိုယ်ဝန်ဆောင်ချိန်မှာသာမက သာမန်အချိန်များမှာလည်း နေ့စဉ်စားသောက်သည့် အချိန်တွင် လုံလောက်သည့် ဖောလိပ်ပါဝင်ရန် အရေးကြီးသည်။ တစ်သျှုးများဖွံ့ဖြိုးရန်နှင့် ဆဲလ်များကောင်းစွာ အလုပ်လုပ်ရန် ဖောလိပ်က အရေးကြီးသည့် ကဏ္ဍမှ လုပ်ဆောင်ပေးပြီး ဗီတာမင် B12၊ B6၊ ဗီတာမင် C တို့နှင့် အတူပူးပေါင်းပြီး ပရိုတင်းများဖြိုခွဲခြင်း ပရိုတင်းအသစ်ဖန်တီးခြင်းတို့လည်း ပြုလုပ်သည်။ ဆယ်လူလာ ပြန်လည်ဖွံ့ဖြိုးခြင်းလုပ်ငန်းစဉ်သည် ခန္ဓာကိုယ်ထဲတွင် အမြဲဖြစ်နေသည့် လုပ်ငန်းစဉ်ဖြစ်ပြီး သင့်ခန္ဓာကိုယ်က ပြုလုပ်သမျှသည် ပရိုတင်းနှင့် ဒီအန်အေထုတ်လုပ်ခြင်းတို့ကို လိုအပ်သည်။ ကျန်းမာသည့် အစားအစာဟု သတ်မှတ်ဖို့အတွက်ဆိုလျှင် ကညွတ်၊ အစိမ်းရောင်အရွက်များ၊ ထောပတ်သီး၊ အားဖြည့်ပါစတာ (သို့) စီရီရယ် နှင့် ဥအမျိုးမျိုးတို့ကဲသို့ ဖောလိပ်ကြွယ်သည့် အစားအစာများ ပါဝင်ရမည်။ ကိုယ်ခံအားနှင့် ဝမ်းဗိုက်ကျန်းမာရေးအတွက် ဖောလိပ်ဟာ အရေးပါပြီး သွေးအားနည်းရောဂါအမျိုးအစားအချို့ကိုလည်း ကာကွယ်နိုင်သည်။ အချို့ဖြစ်စဉ်များတွင် ဖောလိပ်သည် သွေးဆုံးခြင်း၏ ဘေးထွက်ဆိုးကျိုးများကိုပါ ကာကွယ်ပေးနိုင်သည်။ Western Medicine study Journal of Caring Sciences တွင် ဖော်ပြချက်အရ ဖောလစ်အက်ဆစ် ၁ မီလီဂရမ် နေ့စဉ်သောက်သုံးသည့် သွေးဆုံးခါနီးအမျိုးသမီးများတွင် ခန္ဓာကိုယ်အပူရှိန်တက်ခြင်း ပြင်းထန်မှု၊ကြာချိန် နဲ့ ကြိမ်နှုန်းတွေကို လျှော့ချပေးနိုင်တာကို တွေ့ရှိရသည်။
အမျိုးသမီးများအတွက် ဘယ်လောက်ပမာဏလိုအပ်လဲ
အမေရိကန်နိုင်ငံမှ အကြံပြုထားသော အစားအသောက်တွင် နေ့စဉ် ထည့်သွင်းစားသောက်နိုင်သည့် ဖောလစ်အက်ဆစ် ပမာဏသည် အရွယ်ရောက်ပြီး အမျိုးသမီးတစ်ယောက်အတွက် ၄၀၀ မိုက်ခရိုဂရမ်ဟု ဖော်ပြထားသည်။ ကိုယ်ဝန်ဆောင်ချိန်တွင် ၆၀၀ မိုက်ခရိုဂရမ်အထိ တိုးမြှင့်နိုင်ပြီး နို့တိုက်ချိန်များတွင် ၅၀၀ မိုက်ခရိုဂရမ်သို့ ပြန်လျှော့ချနိုင်သည်။ အာရုံကြောပြွန် ချို့ယွင်းဖူးသည့် အမျိုးသမီးများသည် ဖောလစ်အက်ဆစ်ကို ပို၍သောက်သုံးသင့်သည်။ အမျိုးသားကျန်းမာရေးအဖွဲ့မှ အကြံပေးချက်အရ ထိုသို့ချို့ယွင်းချက်ရှိသည့် အမျိုးသမီးများဟာ ကိုယ်ဝန်မဆောင်ခင် ၁ လအလိုနှင့် ကိုယ်ဝန်သက်တမ်း ၃ လအထိ တစ်နေ့လျှင် ၄,၀၀၀ မှ ၅,၀၀၀ မိုက်ခရိုဂရမ်ရှိသည့် ဖောလိပ်အားဆေးများကို သောက်သုံးခြင်းဖြင့် ကိုယ်ဝန်ပျက်ကျနှုန်းကို လျှော့ချပေးနိုင်သည်။
အစားအသောက်ထဲတွင်ပါဝင်စေခြင်း
လိုအပ်သည့် ပမာဏကို ရရှိစေသည့် အကောင်းဆုံးနည်းလမ်းကတော့ အာဟာရမျှတသည့် အစားသောက်များ စားသုံးပေးခြင်းပဲဖြစ်သည်။ အမျိုးသမီးအများစုအတွက် လုံလောက်သည့် ပမဏရရှိဖို့အတွက် အားဆေးများ သောက်ရခြင်းဟာလည်း ပုံမှန်ပင်ဖြစ်သည်။ အားဆေးမသောက်မီ ကျန်းမာရေး အကြံပေးများနှင့်တိုင်ပင်ဆွေးနွေးပြီး မှန်ကန်သည့် အားဆေးကိုရွေးချယ်ရန်လိုအပ်သည်။ ယနေ့ခေတ်မှာတော့ အရသာရှိသည့် အစားအသောက်များမှတစ်ဆင့် လွယ်လွယ်ကူကူ ဖောလိပ်ကို ရရှိနေနိုင်ပြီပဲဖြစ်သည်။ ထိုအရာများမှာ အသီးအနှံများနဲ့ ဟင်းသီးဟင်းရွက်တို့ပင် ဖြစ်ပါသည်။
Related posts:
- အဖျားမရှိဘဲ အော့အန်ခြင်း နှင့် ဝမ်းပျက်ခြင်း (သို့) မိဘများအတွက် ဖြေရှင်းရခက်သော ပြဿနာ
- သင့်ကလေးသည် လက်တို့စ် နို့သကြားနှင့် ဓာတ်မတည့်ခြင်း ပြဿနာ ရှိနေပါသလား?
- ကလေးများ အစားမစားရသည့် အကြောင်းအရင်း (၃) ခု
- သည်းခံခြင်းဆိုင်ရာ ပြဿနာများ
- ကိုယ်ဝန်ဆောင်မိခင်တွေ အာဟာရနှင့်ပတ်သက်ပြီး လွဲမှားနေသော အကြောင်းအရာများ
- ကိုယ်ဝန်ဆောင်ချိန်၌ မူးဝေအော့အန်ခြင်း (Morning Sickness) နှင့် အစားအသောက်ဆိုင်ရာ
- အစာချေစနစ်အတွက် အမျှင်ဓာတ်၏ အကျိုးကျေးဇူးများ
- ကိုယ်ဝန်ဆောင်စဉ်အတွင်း အလေးချိန် မြင့်မားလာခြင်း : ဘယ်အရာက ကျန်းမာပြီး ဘယ်အရာက မကျန်းမာသလဲ?