ကိုယ်ဝန်ဆောင်ချိန်၌ မူးဝေအော့အန်ခြင်း (Morning Sickness) နှင့် အစားအသောက်ဆိုင်ရာ

ကိုယ်ဝန်ဆောင်စဉ် ပျို့အန်ခြင်းကို ခံစားခြင်း သို့မဟုတ် အော့အန်ခြင်းသည် ကိုယ်ဝန်ဆောင်ချိန်၌ မူးဝေအော့အန်ခြင်း (Morning sickness) ဖြစ်သည်။ ကိုယ်ဝန်ဆောင်ချိန်၌ မူးဝေအော့အန်ခြင်း(Morning Sickness)သည် ပထမသုံးလပတ်တွင် ဟော်မုန်းအပြောင်းအလဲများကြောင့်ဖြစ်နိုင်သည်။ ထိုဖြစ်စဥ်သည် အခြားကိုယ်ဝန်ဆောင်စဉ်ကာလအတွင်းတွင်လည်း ထပ်မံဖြစ်ပွားနိုင်သည်။ အဘယ်​ကြောင့်ဆိုသော် ကိုယ်ဝန်တည်ရှိရာနေရာသည် မိခင်၏အစာအိမ်တည်ရှိရာကို ဖိနှိပ်မိသောကြောင့်ဖြစ်သည်။

 

ကိုယ်ဝန်ဆောင်ချိန်၌​မူးဝေအော့အန်ခြင်း(Morning Sickness)သက်သာစေရန်

  • သရေစာမုန့်များ သို့မဟုတ် အစားအစာများကို တစ်နေ့ငါးခါ ခြောက်ခါ ခန့်စားပါ။
  • ပုံမှန်ထက် နှေးကွေးစွာစားပါ။
  • သင့်ကို အနှောက်အယှက်ဖြစ်စေသည့် ရနံ့များပါဝင်သည့် အစားအစာများကို ရှောင်ကြဉ်ပါ။
  • အရည်များများ သောက်ပါ။
  • အဆီများ အလွန်အကျွန်စားသုံးခြင်း၊ စပ်သောအစားအစာများကို ရှောင်ကျဥ်ပါ။
  • လိုအပ်သော ဖြည့်စွက်စာများကို အစားအစာဖြင့် စားသောက်ပါ။
  • နံနက်အိပ်ရာမထမီ ဘီစကွတ်ကဲ့သို့သော အသေးစားသရေစာကိုစားပါ။

ကိုယ်ဝန်ဆောင်ချိန်၌ မူးဝေအော့​အန်ခြင်း(Morning Sickness)ကိုသက်သာစေမည့် အစားအစာကိုရှာဖွေပါ။

 

ဗိုက်အောင့်ခြင်းကို သက်သာစေမည့် နည်းလမ်းများ

  • အေးသောဖျော်ရည်နှင့် ဒိန်ချဉ်များစားသောက်ပါ။
  • သစ်သီးအရသာရှိသည့် အေးသောကာဗွန်နိတ်ရေကို ရံဖန်ရံခါသောက်သုံးပါ။
  • အလွယ်တကူ အစာကြေလွယ်သည့် ဘီစကွတ်မုန့်၊ ပေါင်မုန့်မီးကင်နှင့်ထမင်းများကို စားပါ။
  • ငှက်ပျောသီးနှင့် သစ်သီးဖျော်ရည်များကို စားသောက်ပါ။
  • ဂျင်းဆိုဒါစစ်စစ်၊ လတ်ဆတ်သောဂျင်းလက်ဖက်ရည် သို့မဟုတ် ဂျင်းဖြင့်ပြုလုပ်သော သကြားလုံးများကို စားသောက်ပါ။

 

နံနက်စောစော ကိုယ်ဝန်ဆောင်ချိန်၌ မူးဝေအော့အန်ခြင်း(Morning Sickness)ဖြစ်သည့်အခါ မည်သို့ဆောင်ရွက်ရမည်နည်း

ကိုယ်ဝန်ဆောင်ချိန်၌ မူးဝေအော့အန်ခြင်း(Morning Sickness)သည် လူတိုင်းတွင် ကွဲပြားပြီး ကိုယ်ဝန်ဆောင်နေစဉ် အန္တရာယ်မရှိပါ။ သို့သော်ရောဂါလက္ခဏာများသည် ပုံမှန်ထက်ပိုမိုပြင်းထန်သည်ဟုခံစားရလျှင် သို့မဟုတ် ကြာရှည်လျှင်၊ ရောဂါရှာဖွေခြင်းနှင့် ညွှန်ကြားချက်များအတွက် သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။

 

Reference(s):

  1. https://abbottfamily.com.sg/articles/nutrition/morning-sickness#