ကျန်းမာရေးအတွက် ရွေးချယ်မှု နှင့် ချဉ်ခြင်းတက်ခြင်း
ကျန်းမာရေးအတွက် ရွေးချယ်မှု နှင့် ချဉ်ခြင်းတက်ခြင်း
ချဉ်ခြင်းတက်ခြင်းသည် မိခင်များ ကိုယ်ဝန်ဆောင်စဉ်နှင့် နို့တိုက်ကျွေးသည့်အဆင့်တို့တွင် တွေ့လေ့ရှိသောဖြစ်ရိုးဖြစ်စဉ်တစ်ခုသာဖြစ်သည်။ ခန္ဓာကိုယ်သည် လူတစ်ဦးထက်ပို၍ စွမ်းအင်သုံးစွဲရန် ကြိုးစားနေသောကြောင့် ထိုသို့သောအပြုအမူများကျူးလွန်မိခြင်းမှာ အပြစ်ရှိသည်ဟု မခံစားရသင့်ပါ။ အတွေ့များသော ချဉ်ခြင်းတက်သည့်အရာများမှာ ပရိုတင်း၊ အဆီနှင့် ကယ်လ်ဆီယမ်ကြွယ်ဝသော အစားအစာများဖြစ်သည်။ ခန္ဓာကိုယ်သည် ၎င်း၏ကြီးထွားမှုကို ထောက်ပံ့ပေးသောအရာများကို တောင့်တသည်မှာ ပင်ကိုယ်စရိုက်သာဖြစ်သော်လည်း ထိုသရေစာမုန့် အများစုတို့သည် ကျန်းမာရေးနှင့် မညီညွတ်ပါ။ အချိူ့ သရေစာမုန့်များသည် သင့်တစ်နေ့တာလိုအပ်သော ကယ်လိုရီ၏ ၂၅%အထိ ထောက်ပံ့ပေးနိုင်သောကြောင့် ဗိုက်ပြည့်ပြီး အာဟာရဖြစ်မည့်အရာကို ကြိုတင်ပြင်ဆင်ထားရန်မှာ အရေးကြီးသည်။ ပိုမိုကောင်းမွန်သော ကိုယ်ဝန်ဆောင်စဉ်နှင့် နို့တိုက်ကျွေးခြင်းတို့အတွက် အစားအသောက်ပုံစံနှင့် သရေစာမုန့်ရွေးချယ်သည့်အခါ အထောက်အကူဖြစ်စေမည့် နည်းလမ်းများကို အောက်တွင် ဆက်လက်ဖတ်ရှုကြည့်ရအောင်။
အာဟာရပြည့်ပြည့်စားခြင်းသည် အဓိက: သင့်မနက်စာ၊ နေ့လည်စာနှင့် ညစာတို့သည်သည် ပိုမိုဗိုက်ပြည့်ပြီး ကျေနပ်စရာကောင်းလေလေ ကြားထဲတွင် သရေစာမုန့်စားချင်စိတ် နည်းလေလေဖြစ်သည်။
မမေ့လျော့စရာ အစာအုပ်စု (၅)ခု: အမျှင်ဓာတ်နှင့် ကစီဓာတ်အတွက် ဂျုံအမျိုးမျိုး၊ ဗီတာမင်အတွက် အရွက်အမျိုးမျိုး၊ Antioxidants အတွက် အသီးအမျိုးမျိုး၊ အဆီနှင့် ကယ်လ်ဆီယမ်အတွက် နို့ထွက်ပစ္စည်း၊ စွမ်းအင်အတွက် ပရိုတင်းတို့ လိုအပ်သည်။ သင့်နေ့စဉ်အစားအစာတိုင်းတွင် ထိုအစာအုပ်စု (၂) စု အနည်းဆုံး ထည့်သွင်းစားသောက်သင့်သည်။ ထိုသို့ ကောင်းမွန်မျှတစွာစားသုံးခြင်းက ပိုမိုကောင်းမွန်စွာ ရှင်သန်ရေးအတွက် အရေးပါသည်။
ကား၊ ပိုက်ဆံအိတ် (သို့မဟုတ်) ရေခဲသေတ္တာ: ဂျုံနှင့်ပြုလုပ်ထားသော ခရက်ကာမုန့်ကြွပ်များ၊ အသီးများ၊ အဆီနည်း ဒိန်ချဉ်၊ အဆီနည်း ချိစ့် (သို့မဟုတ်) အစေ့အမျိုးမျိုးတို့ကို ပမာဏခွဲပါ။ အိမ်မှထွက်သည့်အခါ ပုပ်သိုးတတ်သည်များကိုသာ ယူဆောင်သွားပါ၊ ကားထဲတွင်လည်း မမေ့ခဲ့ပါနှင့်။ စားဖွယ်များကို ထိုသို့ပမာဏခွဲကာ စားသုံးခြင်းက ချဉ်ခြင်းတက်ခြင်းနှင့် လိုအပ်သည်ထက် ပိုမိုစားသုံးမိခြင်းတို့ကို ကာကွယ်ပေးနိုင်သည်။ အချိန်နှင့် နေရာအခက်အခဲရှိလျှင် အသင့်သောက် အသီးဖျော်ရည်၊ အာဟာရ
ဖြည့်စွက်စာ (ဥပမာ- Similac Mum သည် အသင့်ပြင်ဆင်နိုင်ပြီး အအေးခံထားနိုင်သည်)များ ဆောင်ထားနိုင်သည်။
သောက်ရေအဆင်သင့်: သင့်ကိုယ်သင် ရေဓာတ်ပြည့်နေဖို့ကို မကြာမကြာသတိပေးပါ။ ရေသည် အစာခြေစနစ်နှင့် အမိုင်နိုအရည်များဖွဲ့စည်းမှုကိုလည်း ပိုမိုကောင်းမွန်စေသည်။ ရေဓာတ်ကောင်းမွန်စွာ ပြည့်ဝသော ခန္ဓာကိုယ်သည် ၎င်း၏လုပ်ဆောင်မှုများကို ပိုမိုကောင်းမွန်စေပြီး ရေသောက်ခြင်းဖြင့် စိတ်ဖိစီးမှုကိုလည်း လျှော့ချနိုင်သည်။ တစ်ရက်လျှင် ရေ ၂၃၇ မီလီ ၁၀ ခွက် သောက်သုံးသင့်သည်။
အစားအသောက်များကို စိတ်တိုင်းလည်းကျ ကျန်းမာရေးနဲ့လည်းညီညွတ်စေမည့် အခြားနည်းလမ်းများ
ပိုကောင်းသော ရွေးချယ်မှုများကို ပြုလုပ်ရန် အချိန်တစ်ခုလိုအပ်သော်လည်း ထိုရွေးချယ်မှု၏ အသီးအပွင့်မှာ မိခင်သင်တစ်ဦးတည်းမဟုတ်ဘဲ အထူးသဖြင့်ကလေးအတွက်ပါ ဖြစ်သည်။ အသီးများကို ကြိုလှီးခြင်း၊ လတ်ဆတ်သည့် အသီးအနှံများအတွက် ဝယ်ယူရန်အချိန်၊ အလေအလွင့်နည်းအောင် သိမ်းဆည်းခြင်းများ စသည်တို့အတွက် စားသောက်ရန် အစားအစာများကို တစ်ပတ်လျှင်တစ်ရက်အချိန်ယူကာ လွယ်ကူစေရန် ပြင်ဆင်ပါ။ စားသောက်သည့်အခါတွင်လည်း ကျန်းမာရေးနှင့် ညီညွတ်သည်များကိုသာ စားသုံးပါ။ ဆီကြော်အစားအသောက်များ မည်သို့ပင် ဆွဲဆောင်စေကာမူ သင်္ဘောသီးသုပ်၊ ခရမ်းချဉ်သီးသုပ်တို့ကိုသာ စားပါ။ ရှောင်ကြဉ်ရမည်တို့မှာ ကောင်းမွန်စွာချက်ပြုတ်မထားသော အသား၊ ချိစ့်အချို့ (သင့်သားဖွားမီးယပ်ဆရာဝန်နှင့် မူတည်သည်)၊ မပြုတ်ထားသော အပင်ပေါက်များနှင့် ဆေးဖက်ဝင်အပင် လက်ဖက်ရည်များ (သင့်အတွက် အန္တရာယ်ကင်းကြောင်း သင့်သားဖွားဆရာဝန်နှင့် ဆွေးနွေးပါ) တို့ဖြစ်သည်။
- သင့်အနေနှင့် အချို့အစားအသောက်များသည် ကိုက်ညီမှုရှိမရှိကို မသေချာပါက ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအတွက် အထူးထုတ်လုပ်ထားသော အာဟာရဖြည့်စွက်စာများကိုသာ အမြဲတမ်း ရွေးချယ်သင့်သည်။ မလေးရှား အာဟာရစားသုံးမှုလေ့လာချက်တစ်ခုတွင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် Similac Mum သည် အဆိုပါလိုအပ်သော အာဟာရဓာတ်များကို ဖြည့်တင်းပေးနိုင်ပြီး ကိုယ်အလေးချိန်ပိုတိုးလာခြင်း မရှိသည်ကို တွေ့ရှိရသည်။ လူတင်း၊ သဘာ၀ဗီတာမင်အီး (အာအာအာ)၊ DHA ဒီအိတ်ချ်အေ၊ ခိုလင်း၊ ဖောလစ်အက်ဆစ် နှင့် သံဓာတ်တို့ သိပ္ပံနည်းကျပေါင်းစပ်ထားသောကြောင့် ဦးနှောက်နှင့် မျက်လုံးဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုပါသည်။
References:
- https://abbottfamily.com.sg/articles/nutrition/losing-weight-after-pregnancy#
- https://www.crystalkarges.com/blog/how-nutrition-can-help-you-combat-postpartum-depression
- https://abbottfamily.com.sg/products/page/similac-mum
- Huynh DTT et al. J Matern Fetal Neonatal Med. 2017 May 7: 1-9 – https://www.tandfonline.com/doi/full/10.1080/14767058.2017.1320984
Related posts:
- သင့်ကလေးသည် လက်တို့စ် နို့သကြားနှင့် ဓာတ်မတည့်ခြင်း ပြဿနာ ရှိနေပါသလား?
- ကိုယ်ဝန်ဆောင်မိခင်များ ကြားဖူးနားဝ၊ အထင်အမြင်များနှင့် ၎င်းတို့၏ အမှန်တရားများ
- ကလေးများသစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ ကြိုက်နှစ်သစ်စေရန်ကူညီပေးမည့် နည်းလမ်းများ။
- ကိုယ်ဝန်ဆောင်ပြီး ကိုယ်အလေးချိန်လျှော့ချခြင်း
- းဖွားပြီးချိန် ပြန်လည်ကောင်းမွန်စေရန် အရေးကြီးသော အာဟာရဓာတ်များ
- သင့် သက်သောင့်သက်သာ မရှိမှုအား စီမံခြင်း
- မိဘများသိထားသင့်သည့် အဖြစ်များသောဖျားနာမှုများ