ကလေးများကိုယ့်ကိုယ်ကို ယုံကြည်မှုကောင်းအောင် ဘယ်လိုသင်ယူကြမလဲ။

ကလေးတစ်ယောက်ကောင်းမွန်စွာကျန်းမာခြင်းဖြင့် ၎င်းသည် တစ်စုံတစ်ရာအကြောင်းကို ပိုမိုယုံကြည်မှုရှိပြီး ၎င်း၏မှတ်ဉာဏ်စွမ်းရည်ကို တိုးတတ်စေနိုင်ပါသည်။ ကလေးတစ်ယောက်သည် အရာရာကို မှတ်မိနိုင်စွမ်းရှိကြောင်းယုံကြည်မှုရှိပါက ထိုကလေးသည် မိမိကိုယ်ကိုယုံကြည်မှု ကင်းမဲ့နေသည့် အခြားကလေးနှင့် နှိုင်းယှဉ်လျှင် ပညာရေးတွင်များစွာထူးချွန်ပါသည်။ ကလေးများသည် မိမိကိုယ်ကို လေးစားခြင်းမှု မရှိခြင်းကြောင့် ရေတိုမှတ်ဉာဏ်ဆိုင်ရာ အခက်အခဲများကို ဖြစ်ပေါ်စေပြီး ကြောက်ရွံ့ခြင်းနှင့် စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေပါသည်။ ၎င်းတိုသည် သူတို့၏ခက်ခဲသောအခြေအနေများနှင့် အချိုးအစားမကျသောပြုမှုများ သို့မဟုတ် အားလုံးကိုထုတ်ဖော်ပြောပြခြင်းမပြုပါ။ ထိုကြောင့် မိဘများသည် ကိုယ်ကိုတိုင်အကောင်းဆုံးပြုလုပ်ပြီး ကလေးများ၏ယုံကြည်မှု တိုးလားစေရန်ကြိုးစားသင့်ပါသည်။  ၎င်းတို့၏လတ်ဆက်သည့်ဦးနှောက်များသည် အမြဲတမ်းစူးစမ်းနေတတ်သည့်အတွက် ကျန်းမာပြီး ယုံကြည်မှုရှိသည့်အနာဂတ်အတွက် စတင်ပြင်ဆင်သင့်ပါသည်။

 

အရွယ်ရောက်ပြီးသူကဲ့သို့ အကောင်းမြင်သည် အရေးကြီးသည်။

သင့်ကလေးသည် ၎င်းလေ့လာပြီးသည့်အရာများကို မှတ်မိစေဖို့ကြိုးစားအားထုတ်သည့်အခါ သင့်ကလေးကို အားပေးပြီးချီးမွမ်းပါ။ သင့်တော်သောအပြုသဘောဆောင်သည့် အားပေးမှုသည်သူတို့အတွက် ကူညီရာရောက်သည့်အတွက် ၎င်းတို့၏မေ့လျော့မှုများကို ကြိမ်းတမ်းစွာပြစ်တင်ပြောဆိုခြင်းမပြုပါနှင့်။ အရွယ်ရောက်ပြီးသူများကဲ့သို့ ၎င်းတို့၏အမှားများကို ဘာကြောင့်မှားရသည်ကို သေချာစွာရှင်းပြပြီး နောက်မမှားဖို့ ပြောဆိုပေးခြင်းသည် ပို၍ကောင်းမွန်ပါသည်။

 

စနစ်တကျ စုစည်းခြင်း။

အရွယ်ရောက်သူတစ်ဦးအနေနှင့် အမြဲတမ်းအစုအဖွဲ့နှင့်နေကြသည်။ တတ်ကြွနေသော ကလေး၏စိတ်သည် မည်ကဲ့သို့ဖြစ်မည်နည်း။ အထူးသဖြင့်ကျောင်းတွင် ခဲတံအိတ်များကို စနစ်တကျစုစည်းခြင်း (သို့မဟုတ်) အဝတ်အစားများကို ဘီဒိုထဲတွင် စနစ်တကျစုစည်းခြင်းဖြင့် နောက်ပိုင်းတွင်၎င်းတို့၏ စည်းရုံရေးစွမ်းရည်များ သင်ကြားခြင်းတွင် အထောက်အကူပြုပါလိမ့်မည်။ အရောင်များကို မှတ်သားထားသော မှတ်စုများ၊ စာအုပ်များ ကို အမျိုးမျိုးသော စင်များပေါ်တွင်ထားရှိပြီး၊ ကွဲပြားခြားနားသော ဘာသာရပ်များတွက် အသုံးအဆောင်များကို နောက်ပိုင်းတွင် မပျောက်မပျက်ပဲ သေချာစွာထိန်သိမ်းလာနိုင်ပါမည်။

 

ဖိစီးမှုများကို ရင်ဆိုင်ဖြေရှင်းခြင်း

သင်ကိုယ်တိုင်စိတ်ဖိစီးမှုကို အပျက်သဘောဖြင့်ဖြေရှင်းပါက သင်ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကလေးသည် သင့်အတိုင်းသင်ယူပါလိမ့်မည်။ ထို့ကြောင့်စိတ်ဖီစီးမှုများနှင့် ဒေါသများထွက်မှုများိကု ဖြေရှင်းရာတွင် ကလေးများရှေ့တွင် အခြားနည်းလမ်းတစ်ခုခုနှင့် ရင်ဆိုင်ဖြေရှင်းရန်ကြိုးစားသင့်ပါသည်။ စိတ်ဖိစီးမှုများနှင့် မသင့်လျော်သောစိတ်ခံစားမှုများကြောင့် တစ်ခါတစ်ရံယုံကြည်မှုသာမက မှတ်ဉာဏ်စွမ်းရည် နှင့်သင်ယူနိုင်စွမ်းကိုလည်း ထိခိုက်စေနိုင်ပါသည်။

 

ယုံကြည်မှုလွန်ကဲခြင်း
အကယ်၍သင်သည် ကြီးလာသည့်အခါတွင် ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲမှုကို ကြိုက်နှစ်သက်ခြင်းမရှိပါက သင်၏ကလေးကို ငယ်ရွယ်စဉ်ကပင် ပြုပြင်ပေးသင့်ပါသည်။ သင့်ကလေးသည် ၎င်းမှတ်မိသောအရာများနှင့် ပတ်သတ်၍ အလွန်အမင်းယုံကြည်မှုလွန်ကဲခြင်းမဖြစ်အောင်သင်ကြားပေသင့်သည် အဘယ်ကြောင့်ဆိုသော အခြားကလေးများနှင့် အငြင်းပွားမှုများဖြစ်နိုင်သောကြောင့်ဖြစ်ပါသည်။ အကယ်၍ ၎င်းတို့အလွန်အမင်းယုံကြည်မှုထားသည့် ကိစ္စတစ်ခုကို အခြားတစ်ဦးဦးက မှားယွင်းသည်ဟု သက်သေပြလိုက်သည့် အခါတွင် သင့်ကလေးသည် များစွာစိတ်ဓာတ်ကျဆင်းမှုကို ဖြစ်စေနိုင်ပါသည်။

 

Reference(s):

  1. https://abbottfamily.com.sg/articles/pre-school/self-confidence#