သင့်ကလေး၏ စူးစမ်းသိလိုစိတ်ကို ပြုစုပျိုးထောင်ရန် မည်သို့ကူညီရမည်နည်း

သင်၏ကလေးငယ် လေ့လာသင်ယူမှုကို ချစ်မြတ်နိုးလာစေရန် အကောင်းဆုံးနည်းလမ်းမှာ သူတို့၏ စူးစမ်းသိလိုစိတ်ကို ပြုစုပျိုးထောင်ရန်ဖြစ်သည်။

ကလေးများ၏ ပင်ကိုသဘာဝအရ စူးစမ်းသိလိုစိတ်ကို မိဘများကလမ်းမှန်သို့ ရောက်ရှိစေရန် စိတ်ရှည်စွာဖြင့် ထိန်းကျောင်းပြုစုပေးရမည်။

မိဘတစ်ဦးအနေဖြင့် မလုပ်သင့်သောဆုံးသောအရာမှာ သင့်ကလေးငယ်မှ စိတ်အားထက်သန်စွာဖြင့် မေးလာသောသောမေးခွန်းများကို ပို၍စိတ်ဝင်စားလာအောင်အားပေးခြင်းနှင့် ၎င်းတို့၏ပတ်ဝန်းကျင်ရှိ ကမ္ဘာငယ်လေးကို ရှာဖွေတွေ့ရှိရန် လမ်းခင်းပေးခြင်းများ ပြုလုပ်ရမည့်အစား ၎င်းမေးခွန်းများအား လစ်လျူရှုခြင်းပင်ဖြစ်သည်။

ပင်ကိုစူးစမ်းသိလိုစိတ်က သင်၏ကလေးကို ကောင်းမွန်စွာလိုက်လျောညီထွေမှုရှိသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာစေရန် ကူညီပေးသည်။

သင့်ကလေး၏ စူးစမ်းသိလိုစိတ်ကို ပြုစုပျိုးထောင်ရန် သင်အသုံးပြုနိုင်သည့်နည်းလမ်းများ

အပြုသဘောဆောင် အကောင်းမြင်စိတ်ဖြင့် အားဖြည့်ပေးခြင်း

ကလေးတစ်ဦးအနေဖြင့် သူတို့လေ့လာတွေ့ရှိမှုများအား ၎င်းတို့ လေးစား ချစ်ခင်သူများနှင့် မျှဝေသည့်အခါ လူကြီးများဖက်မှ ၎င်းတို့နည်းတူ ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများ ပြန်လည်ရရှိပါက သူတို့ပျော်ရွှင် ကျေနပ်ရသည်။ ရိုးရှင်းလှသည့် ခေါင်းညိတ်ပြခြင်း၊ ချီးမွမ်းခြင်းသို့မဟုတ် ဆုပေးခြင်းများသည် သူတို့၏စူးစမ်းသိလိုစိတ်ကို ဆက်လက်ရှာဖွေရန် ယုံကြည်မှုကိုဖြစ်စေသည်။

သင်ယူမှုပုံစံကွဲများ

အရွယ်ရောက်သူများတွင်လည်း မတူညီသည့် ဥာဏ်ရည်များ သို့မဟုတ် မှတ်မိနိုင်စွမ်းများရှိသကဲ့သို့ ကလေးများတွင်လည်း ရှိကြသည်။ သင့်ကလေးသည် ဘာသာရပ်တစ်ခုတွင် သင့်အိမ်နီးချင်းကလေးကဲ့သို မထူးချွန်မထက်မြက်လျှင် သိုမဟုတ် သင်၏အခြားကလေးများကဲ့သို့ တာဝန်ကိစ္စများဆောင်ရွက်ရာတွင် မကူညီခဲ့လျှင် သင့်ကလေး၏သဘာဝကိုလက်ခံပေး၍ သူ၏စိတ်နေသဘောထားကို နားလည်ပေးသင့်သည်။ ထိုသို့ပြုလုပ်ခြင်းက သင့်ကလေး၏ သင်ယူမှုခရီးလမ်းကို ပိုမိုလွယ်ကူချောမွေ့စေရန် ကူညီလိမ့်မည်။ အချို့ကလေးများသည် အိမ်ပြင်သို့ထွက်၍ ပတ်ဝန်းကျင်ရှိ သဲများရွှံ့များထဲသို့သွား၍ အနံ့ခံခြင်းနှင့် အရသာခံခြင်းများဖြင့် စွန့်စားခန်းများ စူးစမ်းရှာဖွေမှုများ ပြုလုပ်ရသည်ကို ချစ်မြတ်နိုးကြသည်။ အကယ်၍ သင်၏ကလေးသည် ငြိမ်ဆိမ်ပါက(ရှက်တတ်ပါက) စိတ်ကူးယဉ်ဆန်ဆန်၊ ပုံပြင်၊ ကာတွန်းနှင့် ကစားစရာများကို ပိုမိုနှစ်သက်လိမ့်မည်။

ကျောင်းဆရာများနှင့် တိုင်တိုင်ပင်ပင်ရှိပါ။

ကျောင်းဖွင့်သည့်အချိန်တွင် သင်၏ကလေးသည် ရှစ်နာရီကြာ သူ၏ဘဝကို ထိုနေရာတွင် ကုန်ဆုံးစေလိမ့်မည်။ သူတို့၏ ဆရာများနှင့် အလုပ်လုပ်ခြင်းသည်လည်း ၎င်းတို့၏စူးစမ်းသိလိုစိတ်ကို အကူအညီရလိမ့်မည်။ သူတို့၏ သင်ခန်းစာအစီအစဉ်များ၊ အစီအစဉ်များ၊ လှုပ်ရှားမှုများကိုလေ့လာပါ၊ အခွင့်အလမ်းများ ပေါ်ပေါက်လာပါက ၎င်းတို့ထဲမှ အချို့တွင်ပါဝင်ပါ။ အခွင့်အလမ်းများတွင် သူတို့ကိုယ်တိုင်ပါဝင်သည့်အခါ သင်ယူမှုအတွက်ပို၍ကောင်းသော ရလဒ်များရရှိစေပါလိမ့်မည်။ ပညာရေးဆိုင်ရာ အောင်မြင်မှုများကိုသာအာရုံစိုက်မည့်အစား ကလေးများ၏ ဖန်တီးနိုင်စွမ်းတန်ဖိုးတွင်ပို၍ရင်းနှီးမြှုပ်နှံပါ။

Reference(s):

  1. https://abbottfamily.com.sg/articles/pre-school/love-learning#