အလုပ်များသော ကိုယ်ဝန်ဆောင် မိခင်များအတွက် လိုအပ်သော ကိုယ်ခံစွမ်းအားကို ထောက်ပံ့ပေးသော နည်းလမ်းများ

ဘက်စုံပြင်ဆင်ထားသော ကိုယ်ခံစွမ်းအားစနစ်တစ်ခုသည် ရောဂါပိုးဝင်ခြင်းမှ ကာကွယ်ပေးရာတွင် အရေးပါပြီး မိခင်နှင့်ကလေး နှစ်ဦးစလုံးအတွက် ဘေးကင်းစေပါသည်။ သင်သည် သင်၏အခြားတာဝန်များနှင့် ကလေးထိန်းကြောင်းမှုကြားတွင် အထူးသဖြင့် ရာသီ အပြောင်းအလဲတွင် မည်သူတစ်ဦးတစ်ယောက်မျှ မဖျားမနာစေရန် စဉ်ဆက်မပြတ် သတိထားနေရပါမည်။ အလုပ်များသော  ကိုယ်ဝန်ဆောင် မိခင်များအတွက် ကောင်းမွန်သော အာဟာရဓာတ်နှင့် ကိုယ်ခံစွမ်းအားကို ထောက်ပံ့ပေးသော အချက် (၃) ချက်ကို ဖော်ပြပေးထားပါသည်။1

 

သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကို ပိုစားပါ

လတ်ဆတ်သော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များသည် အရသာရှိရုံသာမက အမျိုးစုံလင်စွာစားလေလေ ကိုယ်ခံစွမ်းအားစနစ်အတွက် အထောက်အကူဖြစ်လေလေ ဖြစ်ပါသည်။ အကြောင်းအရင်းမှာ ၎င်းတို့တွင် ကာရိုတီးနွိုက်များ (carotenoids) ၊ ဗီတာမင် A နှင့် E တို့ ကြွယ်ဝစွာ ပါဝင်သောကြောင့်ဖြစ်သည်။12 ထိုဓာတ်များသည် ရောဂါကို တိုက်ထုတ်ပေးသော သွေးဖြူဥများ ထုတ်လုပ်မှုကို တိုးတက်စေသော antioxidant ဂုဏ်သတ္တိရှိသော အာဟာရဓာတ်များ ဖြစ်သည်။ ဇီဝဖြစ်တည်မှုကို တိုးမြှင့်ရန်နှင့် ကိုယ်ခံအား ဆဲလ်များတည်ဆောက်ရန်၊ ဆီလီနီယမ်(selenium) နှင့် အိုမီဂါ Fatty acid တို့ ရရှိနိုင်ရန် အတွက် အစားအစာရင်းမြစ်တွင် အခွံမာသီးများ၊ ချိစ့်များ၊ ဥများ၊ အဆီနည်းသော အသားများနှင့် ငါးများပါဝင်ရမည်ဖြစ်သည်။ အကြောင်းမှာ ၎င်းတို့သည် တိရိစ္ဆာန်မှရသော ထုတ်ကုန်များထဲတွင် အကောင်းဆုံးဖြစ်သောကြောင့်ဖြစ်သည်။ 13

အကယ်၍ အစပိုင်းတွင် သင်၏ အလုပ်များလွန်းသော အချိန်စာရင်းကြောင့် ပုံမှန်စားသောက်မှုအပေါ် အာရုံစိုက်နိုင်ရန် ခက်ခဲနေပါက သိပ္ပံနည်းကျ ဖော်စပ်ထားသော Similac MUM ကဲ့သို့သော မိခင် အာဟာရ ဖြည့်စွက်စာက အကူအညီပေးနိုင်ပါသည်။ ၎င်းသည် နို့တိုက်ချိန် အာဟာရပြည့်စေရန် သို့မဟုတ် ကိုယ်ဝန်ဆောင်စဉ် လိုအပ်ချက်များကို အလေးချိန် တိုးခြင်းမရှိပဲ ထောက်ပံ့ပေးနိုင်ပါသည်။6 ပြည့်ဝပြီး မျှတသည့် ကိုယ်ခံစွမ်းအား အထောက်အပံ့အတွက် Similac MUM သည် ပရီဘိုင်အော့တစ် (scFOS)၊ ဇင့်၊ (အန်တီအောက်ဆီးဒင့်) ဗီတာမင် C၊ E နှင့် ဆီလီနီယမ်တို့ကို သိပ္ပံနည်းကျ ဖော်စပ်ထားသော အရေးပါသည့် အာဟာရဓာတ် (၂၇) ခု၏ အစိတ်အပိုင်းတစ်ခုအဖြစ် ထူးခြားစွာ ဖော်စပ် ထုတ်လုပ်ထားပါသည်။5

  

မိသားစု လေ့ကျင့်ခန်းနှင့် မေမေ့ကိုယ်ပိုင်အချိန်

ကလေးတွေရဲ့ ကျန်းမာရေးက အရေးကြီးသလို မိခင်ရဲ့ ကျန်းမာရေးကိုလည်း ကိုယ်တိုင် ဂရုစိုက်ဖို့ အရေးကြီးပါသည်။ အကြောင်းမှာ ကလေးများနှင့်အတူတူတူပုန်းတမ်း၊ ပြေးတမ်းနှင့် စိမ်ပြေးလိုက်တမ်း သို့မဟုတ် ဘောလုံးဖမ်းတမ်းကဲ့သို့သော မိသားစုနှင့်အတူ ကိုယ်လက်လှုပ်ရှားပြုလုပ်သော ကဏ္ဍများသည် မိသားစုနှင့်အတူ အချိန်ကုန်ဆုံးရန် အကောင်းဆုံး အချိန်များဖြစ်သည်။ ကိုယ်လက်လှုပ်ရှားမှုသည် ရောင်ရမ်းမှုမဖြစ်စေသည့် အကျိုးကျေးဇူးရှိတာကြောင့် သွေးလည်ပတ်မှုကို တိုးမြင့်စေပြီး ရောဂါပိုးများကို တိုက်ထုတ်သည့် အာဟာရဓာတ်များနှင့် ဆဲလ်များ ခန္ဓာကိုယ်အနှံ့ အမြန်ရောက်ရှိစေရန် ကူညီပေးခြင်းဖြင့် ခုခံအားစနစ်ကို မြှင့်တင်ပေးသည်။ ထို့အပြင် မိခင်အနေနဲ့ မိမိ၏ စိတ်ဖိစီးမှုကို စီမံခန့်ခွဲရန်လည်း အရေးကြီးပါသည်။ ထို့ကြောင့် စိတ်ဖိစီးမှု လျော့ကျစေရန် မိခင်အနေနဲ့ ကိုယ်ပိုင်အချိန် ထားရှိပြီး အနားယူပြီး ကိုယ်အကြိုက်ဆုံး လှုပ်ရှားမှုတစ်ခုကို လုပ်ဆောင်လိုက်ပါ။12

 

အိပ်စက်အနားယူခြင်း

မိခင်နှင့် ကလေး နှစ်ဦးစလုံးအတွက် အိပ်ချိန်နည်းခြင်းသည် တူညီသော ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်သည်။  အိပ်ချိန်နည်းခြင်းသည် မိခင်ကို ပင်ပန်းစေပြီး ကလေးကို စိတ်တိုလွယ်စေသည်။ ထိုစိတ်တိုခြင်းကြောင့် စိတ်ဖိစီးမှုတိုးလာပြီး နေထိုင်မှုအရည်အသွေးနှင့် အိပ်စက်ချိန်ကို ထပ်မံ ထိခိုက်စေပါသည်။ ထို့အပြင် ကောင်းမွန်စွာ မအိပ်စက်ရခြင်းသည် ရောဂါတိုက်ထုတ်ရန် ကူညီပေးသော အချို့ ပရိုတိန်းများကို ထုတ်လုပ်မှုတွင် နှောင့်နှေးစေနိုင်ပါသည်။3 သင်နေမကောင်းဖြစ်ပါက မိသားစုထဲတွင် သင့်ကလေးအား စောင့်ရှောက်မည့်သူ တစ်ဦးလျော့မည်ဖြစ်သောကြောင့် သင်၏ အနားယူချိန်ကို မေ့မထားသင့်ပါ။ အသက်အရွယ်ပေါ်မှုတည်၍ ကလေးများသည် (၈) နာရီမှ (၁၄) နာရီအထိ အိပ်စက်ရန်လိုအပ်ပြီး လူကြီးအများစုတွင် (၇) နာရီမှ (၉) နာရီအထိ အိပ်စက်ချိန် လိုအပ်ပါသည်။3,4

မိခင်နှင့်ကလေး၏ ကျန်းမာရေးကောင်းစေရန်မှာ အတူတူအားထုတ်ရမည်ဖြစ်ပြီး ကျန်းမာသော စားသောက်ပုံ၊ ကောင်းမွန်သော လေ့ကျင့်ခန်းနှင့် ကောင်းစွာအိပ်စက်ခြင်းတို့ကို မြှင့်တင်ရန် (၂) ဦးစလုံးက ကြိုးစားရမည်ဖြစ်သည်။ ကောင်းမွန်သော အာဟာရဓာတ် ရရှိရန် လတ်ဆတ်သော ပါဝင်ပစ္စည်းများကို ရွေးချယ်ရမည်ဖြစ်သော်လည်း အလုပ်များသော ကိုယ်ဝန်ဆောင်မိခင်များအတွက် တစ်ခါတစ်ရံတွင် Similac MUM ကဲ့သို့သော အာဟာရဖြည့်စွက်စာများက အပိုဆောင်းထောက်ပံ့မှုရရှိစေရန် ကူညီပေးနိုင်ပါသည်။ ထို့အတူပင် ကလေးများအတွက်လည်း အစားတစ်ခုတည်းဖြင့် မလုံလောက်သောအခါ Similac Gain IQ HMO Liquid (အသင့်သောက်သုံးနိုင်သည်) က အကူအညီပေးနိုင်ပါသည်။ ၎င်းတွင် HMO နှင့် သင့်ကလေး၏ ခန္ဓာကိုယ် ကိုယ်ခံစွမ်းအားစနစ်ကို ထောက်ပံ့ပေးသော နယူကလီးယားတိုတ် လေးများ ထူးခြားစွာ ပေါင်းစပ်ပါဝင်ပါသည်။7, 8 ဦးနှောက်ကြီးထွားမှုကို ထောက်ပံ့ပေးရန်အတွက်လည်း ဦးနှောက်အတွက် အဓိက သော့ချက် အာဟာရဓာတ် (၁၀) မျိုး (AA၊ အိုမီဂါ (3) နှင့် (6)၊ တောရွင်း၊ ကိုလင်း၊ သံဓာတ်၊ အိုင်အိုဒင်း၊ ဖောလစ်အက်စစ်၊ ဗီတာမင် B1 နှင့် B12)တို့ အပိုဆောင်းပါဝင်ပါသည်။9 Similac Gain IQ HMO အရည်တွင်ပါဝင်သော ထူးခြားသည့် Eye Q Plus တွင် ဦးနှောက်ဖွံ့ဖြိုးမှုနှင့် အမြင်အာရုံကို ထောက်ပံ့ပေးသော DHA၊ လူတင်းနှင့် သဘာဝ ဗီတာမင် E တို့ ထူးခြားစွာ ပေါင်းစပ်ပါဝင်ပါသည်။10, 11  Similac ၏ အာဟာရပေးစွမ်းနိုင်မှုကို အပြည့်အဝ ခံစားနိုင်ရန်အတွက် Similac Myanmar သို့ ယနေ့ပဲ လာရောက် စာရင်းသွင်းပြီး နမူနာ ရယူလိုက်ပါ။5,12

 

References:

  1. https://kidshealth.org/en/parents/toddler-food.html
  2. https://www.healthhub.sg/live-healthy/578/A%20Healthy%20Food%20Foundation%20-%20for%20Kids%20and%20Teens
  3. https://timesofindia.indiatimes.com/life-style/food-news/6-incredible-benefits-of-drinking-cows-milk/articleshow/70139351.cms
  4. https://kidshealth.org/en/parents/moms-nutrients.html
  5. https://www.boystownpediatrics.org/knowledge-center/toddler-nutrition
  6. https://similacmyanmar.com/available-products/8similacMum
  7. Huynh DTT et al. J Matern Fetal Neonatal Med. 2017 May 7: 1-9
  8. Buck R et al. 2004
  9. Schaller et al 2004
  10. Auestad,Halter et al.2001,
  11. Auestad,Scott et al.2003