ကလေးငယ်များကျန်းမာဖွံ့ဖြိုးစေရန် အမြင်အာရုံအရေးပါပုံ
ကလေးငယ်များကျန်းမာဖွံ့ဖြိုးစေရန် အမြင်အာရုံအရေးပါပုံ
သင့်ကလေးငယ် ဦးနှောက်၏ အစိတ်အပိုင်းတော်တော်များများသည် အမြင်အာရုံအတွက်အသုံးချပြီး ထိုအမြင်အာရုံသည် သင့်ကလေးငယ်အသိဉာဏ်ကြွယ်ဝပြီး ပတ်ဝန်းကျင်ကို လေ့လာနိုင်စေရန် အသုံးပြုနေခြင်းဖြစ်သည်။ အခြားအာရုံများဖြစ်သည့် အရသာခံခြင်း၊ အထိအတွေ့ အာရုံနှင့် အနံ့ခံအာရုံများထက် အမြင်အာရုံသည် သင့်ကလေးငယ်၏ နေ့စဉ်ဘဝအတွက် ပိုအရေးပါပြီး ကျန်းမာစွာဖွံ့ဖြိုးလာစေရန်အတွက်လည်း အထောက် အကူဖြစ်စေပါသည်။ ထို့ကြောင့် သင့်ကလေးငယ်၏ အမြင်အာရုံနှင့်ပတ်သက်ပြီး ပြဿနာတစ်စုံတစ်ရာရှိနေသည့် ပုံစံရှိနေပါက သတိပြုရန် လိုအပ်ပြီး ကုသရန်အတွက် အဆင့်များကိုလိုက်နာနိုင်ပါသည်။ အဆင့်များသည် မျက်စိဆရာဝန်နှင့် ပြသခြင်းမှ မျက်လုံးနှင့် ဦးနှောက်ဖွံ့ဖြိုးရန် လိုအပ်သည့်အာဟာရများကို နားလည်ခြင်းအထိ အမျိုးအမျိုးကွဲပြားနိုင်ပါသည်။1
မျက်လုံးဖွံ့ဖြိုးမှုနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုတို့ရဲ့ ဆက်စပ်နေမှု
သင့်ကလေး၏ မျက်လုံးသည် ၎င်းတို့အတွက် ကမ္ဘာကြီးကိုစူးစမ်းလေ့လာနိုင်သော ပြတင်းပေါက်လေးများပင်ဖြစ်သည်။ မျက်လုံးသည် မည်သူဖြစ်သည် မည်သည့်အရာ ဖြစ်သည်တို့ကို စူးစမ်းနိုင်စေသော အထူး ကိရိယာများပင်ဖြစ်သည်။ တနည်းအားဖြင့် ငယ်ရွယ်သောအချိန်သည် မျက်လုံးနှင့် ဦးနှောက်တို့အတွက် အရေးကြီးသော ဖွံ့ဖြိုးမှုများဖြစ်ပေါ်သည့် အချိန်ဖြစ်ပြီး သင့်ကလေးငယ် အနေဖြင့် ကမ္ဘာကြီးကို အခြေခံအားဖြင့် နားလည်စေရန် သင်ယူဖွံ့ဖြိုးနေချိန်ဖြစ်သည်။ ထိုအချိန်မှစတင်ကာ သင့်ကလေးသည် အတွေ့အကြုံများဖြင့် အရွယ်ရောက်လာပြီး(အသိအမြင် ဖွံ့ဖြိုးတိုးတတ်မှု) ပတ်ဝန်းကျင်ရှိအရာများ၏ လုပ်ဆောင်ချက်များနှင့် ရည်ရွယ်ချက်များကို သိရှိလာမည်။ ထို့ကြောင့် သင့်ကလေးတွင် အမြင်အာရုံပြဿနာများရှိနေပါက မြင်တွေ့နေရသည့်အရာများကို အမှန်အတိုင်းမမြင်တွေ့နိုင်တော့ပဲ အသိအမြင်နှင့် လူမှုဆက်ဆံရေး ပြဿနာများပါ ဖြစ်ပေါ်လာနိုင်ပါသည်။ 1, 3
သင့်ကလေး အမြင်အာရုံ ပြဿနာရှိမရှိသိနိုင်သော အချက် ၄ ချက်
မျက်လုံးနှင့်ပတ်သက်သော ပြဿနာအများစုသည် မိဘများအတွက် သိရှိရန် ခက်ခဲသောကြောင့် အနည်းငယ်စိုးရိမ်ရသည့် အချိန်မှာပင် မျက်လုံးကို ပုံမှန် စစ်ဆေးပေးသင့်သည်။ အောက်ပါ အချက် ၄ ချက်ကိုကြည့်ပြီး သင့်ကလေးတွင် မျက်လုံးပြဿနာရှိမရှိ သိရနိုင်ပါသည်။1, 2
၁. တစ်စုံတစ်ခုကို ကြည့်ရန်အတွက် ခေါင်းကို စောင်းပြီး ကြည့်နေရခြင်း
၂. မကြာခဏ မျက်လုံးမှေးပြီး ကြည့်ရခြင်း၊ မျက်တောင်မကြာခဏခတ်ခြင်းနှင့် ပိုမိုကြည်လင်ပြတ်သားစေရန် မျက်လုံးတစ်ဖက်တည်းဖြင့်ကြည့်ခြင်း
၃.လက်နှင့်မျက်လုံး ချိန်သားမကိုက်ခြင်း
၄. မကြာခဏဝင်တိုက်မိခြင်းနှင့် ပစ္စည်းများ လွတ်ကျတတ်ခြင်း (ဥပမာ -မျက်စိဆုံချက်မညီခြင်း၊ အတိမ်အနက်ခွဲခြားရခက်ခဲခြင်း)
အာဟာရဓာတ်ဖြင့် ၂ မျိုးလုံးကိုဖွံ့ဖြိုးစေခြင်း
မျက်လုံးအတွက် ပထမအရေးကြီးဆုံး အာဟာရဓာတ်သည် လူတင်း ဖြစ်သည်။ ဗီတာမင် A နှင့် သက်ဆိုင်သော ထိုအာဟာရဓာတ်ကို မျက်လုံးဗီတာမင် ဟု သတ်မှတ်ထားပြီး ထိုအာဟာရဓာတ်သည် မျက်လုံးတစ်သျှုးများကို နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးရန် တာဝန်ယူသည်။ ဦးနှောက် အတွက် လူတင်းသည် ပုံရိပ်များထုတ်လုပ်ပေးခြင်းနှင့် မှတ်ဉာဏ်တို့အတွက် အထောက်အကူပြုပေးသည်။ ထို့ကြောင့် ကလေးငယ်သည် ကြက်ဥအနှစ်၊ အစိမ်းရင့်ရောင် အရွက်များ၊ ပြောင်းဖူးနှင့် စပျစ်သီး အစရှိသည်တို့ကို စားပေးခြင်းဖြင့် ဦးနှောက်နှင့် မျက်လုံးဆဲလ်များကို အထောက်အကူဖြစ်စေနိုင်သည်။4, 5 အခြားအရေးပါသော အာဟာရဓာတ်မှာ DHA (ဒက်ကိုဇာ ဟက်ဇနောရစ် အက်စစ်) ဖြစ်ပြီး ထို omega-3 ဖက်တီအက်ဆစ်သည် မျက်လုံးကို ပြင်ပဒဏ်များမှ ကာကွယ်ပေးပြီး မျက်လုံးနှင့် ဦးနှောက်အတွင်းရှိဆဲလ်များ ခံနိုင်စွမ်းကို မြှင့်တင်ပေးသည်။ လုံလောက်သည့် အဆင့်အထိ (ဥပမာ အဆီများသောငါးမှရသည့် အရည်အသွေးမြှင့် DHA) ခန္ဓာကိုယ်တွင်းရှိနေပါက စိတ်စွမ်းအားကိုပါ မြှင့်တင်ပေးနိုင်သည်။4, 7 တတိယမြောက် အာဟာရဓာတ်သည် HMO (Oligosaccharides) ဖြစ်ပြီး အဓိကအားဖြင့် ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးနိုင်ရန် အူအတွက်ကောင်းမွန်သော ဘက်တီးရီးယားများကို လှုံ့ဆော်ပေးပြီး ဦးနှောက်ကိုလည်း အထောက်အကူဖြစ်စေနိုင်သည်။ HMO များသည် sialic အက်ဆစ်ရနိုင်သော ကောင်းမွန်သည့်အရင်းအမြစ်တစ်ခုဖြစ်ပြီး ထိုအက်ဆစ်သည် ဦးနှောက်ကောင်းမွန်စွာ အလုပ်လုပ်ရန်အတွက် အထောက်အကူပြုသည်။6, 7
မျက်စိဖြင့်တိုက်ရိုက်တွေ့ရမှ ယုံကြည်နိုင်သည်ဆိုသည့်အတိုင်း ဦးနှောက်သည် မြင်တွေ့ရသောအရာများအားလုံးကို နားလည်စေဖို့အတွက် အဓိကအရေးပါသည်။ ထိုကဲ့သို့အရေးပါသောကြောင့် ကလေးငယ်များအမြင်အာရုံကောင်းမွန်စေရန် အထောက်အကူပေးခြင်းသည် ၎င်းတို့ငယ်ဘဝကို ကျန်းမာစွာဖွံ့ဖြိုးစေရန် အထောက်အကူပေးနေခြင်းပင်ဖြစ်သည်။ သင့်ကလေးငယ်ထိုအစားအစာများကို စားသုံးစေရန်အတွက် သင့်ကလေးအကြိုက်ဆုံး အစားအစာများနှင့်တွဲဖက်ကျွေးခြင်းဖြင့် အလွယ်တကူစားသုံးစေနိုင်သည်။ အစားအစာတစ်ခုတည်းဖြင့် မလုံလောက်ပါက ဖွံ့ဖြိုးဆဲကလေးငယ်များအတွက် ထုတ်လုပ်ထားသော နို့ဖြစ်သည့် Similac Gain IQ ကဲ့သို့ဖြည့်စွက်စာများအကူအညီကို ရယူနိုင်သည်။7 Similac Gain IQ တွင် ဦးနှောက်နှင့် မျက်လုံးဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်သည့် လူတင်း၊ DHA နှင့် RRR သဘာဝ ဗီတာမင် E တို့ ပါဝင်သည်။8 ထို့အပြင် 2’‐FL HMO (Fucosyllactose & Oligosaccharides) နှင့် Nucleotides တို့လည်းပါဝင်သောကြောင့် သင့်ကလေးငယ်အတွက် ကိုယ်ခံအားကိုလည်း ပိုမိုကောင်းမွန်စေသည်။ ထို့ကြောင့်သင့်ကလေးငယ် သင်ယူစရာရှိသည်များကို ကျန်းမာစွာ သင်ယူနိုင်ရန် အကူအညီဖြစ်စေနိုင်ပါသည်။9
Similac Myanmar တွင် စာရင်းသွင်းပြီး နမူနာများရယူလိုက်ပါ။
Related posts:
- Prebiotic Fiber Highlights for Yours
- သင့်ကလေး၏ မျက်လုံးကျန်းမာရေးကို အထောက်အကူပြုသော အာဟာရများ
- အနုပညာ နှင့် ကစားခြင်းသည် သင့်ကလေး၏ ဖွံ့ဖြိုးမှုကို မည်ကဲ့သို့ ပံ့ပိုးပေးသနည်း။
- ကလေးရဲ့ သင်ကြားရေးနှင့် ဖွံ့ဖြိုးမှုအပေါ် အတွေ့အကြုံက သက်ရောက်မှုရှိပုံ
- ကလေးများ၏ မှတ်ဉာဏ်စွမ်းရည်ကို မြှင့်တင်ပေးခြင်း
- ဘာသာစကားများသင်ကြားခြင်းနှင့် မှန်ကန်သောပတ်ဝန်းကျင်
- ဦးနှောက်ကို ကျန်းမာစေသောအာဟာရဓာတ် ၅ မျိုးနှင့် ၎င်းတို့ကို မည်သည့်နေရာတွင် ရှာတွေ့နိုင်သနည်း။
- သင့်ကလေး၏မှတ်ဉာဏ်ကို မည်သို့မြှင့်တင်မည်နည်း။