းဖွားပြီးချိန် ပြန်လည်ကောင်းမွန်စေရန် အရေးကြီးသော အာဟာရဓာတ်များ
မီးဖွားပြီးချိန် ပြန်လည်ကောင်းမွန်စေရန် အရေးကြီးသော အာဟာရဓာတ်များ
မြန်မာနိုင်ငံ၏ ဓလေ့သည် မိသားစုကို ဦးစားပေးဖြစ်ပြီး မိခင်တစ်ဦး မီးဖွားပြီး ပြန်လည်ကောင်းမွန်ရေးသည် မိသားစုတစ်ခုလုံး၏ ဦးစားပေးအရာဖြစ်သည်။ မီးဖွားလူနာတစ်ဦးအား ကောင်းနိုးရာရာများကို အကြံပေးကြပြီး အားလုံး လက်ခံထားသော အရေးကြီးအချက်မှာ မီးနေသည် သားဖွားပြီးချိန်တွင် ကျန်းမာစွာ အာဟာရပြည့်ဝရေးပင်ဖြစ်သည်။ မီးဖွားပြီးချိန် အစားအသောက်များနှင့် ပတ်သတ်၍ ယုံတမ်းစကားနှင့် အဆိုများစွာ ရှိသော်လည်း ပြန်လည်ကောင်းမွန်ရေးအတွက် အသင့်တော်ဆုံး မျှတသော အာဟာရဓာတ် ၅ မျိုးရှိသည်ကို သိထားသင့်သည်။ မည်သည့် အစားအသောက်ပုံစံမျိုးကို မစားမီ အဆိုပါ အပိုင်းတွင် ကျွမ်းကျင်သော ကျန်းမာရေးပညာရှင်နှင့် တိုင်ပင်ပြီး မိမိနှင့် အသင့်တော်ဆုံးကို ရွေးချယ်ရန် အရေးကြီးသည်။
သံဓာတ်
မီးဖွားချိန်တွင် သွေးဆုံးရှုံးမှုသည် အဖြစ်များပြီး ပုံမှန်ထက် သွေးထွက်ပိုများသော မိခင်များသည် မူးမော်ခြင်း၊ အသက်ရှူရခက်ခဲခြင်းနှင့် အစာစားချင်စိတ် နည်းခြင်းတို့ ဖြစ်တတ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ သွေးထွက်ရာမှ ခန္ဓာကိုယ်တွင်း သံဓာတ်ကို ဆုံးရှုံးပြီး မိခင်အတွက် လုံးလောက်သော သံဓာတ်မရှိတော့ခြင်းပင် ဖြစ်သည်။ သားဖွားပြီးချိန်တွင် သွေးမတိတ်ခြင်းကို Lochia ဟုခေါ်သည်။ ထိုအခြေအနေမျိုးတွင် သံဓာတ်သည် ဆုံးရှုံးသွားသော သွေးဆဲလ်များအစား ခန္ဓာကိုယ်အတွက် သွေးဆဲလ်အသစ်များကို ဖန်တီးရန် အရေးပါသည်။ မီးဖွားပြီး ပြန်လည်အားယူနေသည့် မိခင်အတွက် သံဓာတ်ကြွယ်ဝသော အစားအသောက်များဖြစ်သည့် အဆီနည်းအသား၊ အသည်း၊ ခရု၊ ကမာ၊ စီရီရယ်နှင့် အစိမ်းရောင် အသီးအရွက်တို့အား အားပေးသည်။ မြန်မာအမျိုးသမီးများသည် ဘာသာရေးအရ အစားအသောက်ကို လိုက်နာသူများလည်း ရှိကြသဖြင့် သတ်သတ်လွတ်စားသုံးပါက ဆရာဝန်၏ ညွှန်ကြားမှုအရ အသီးအရွက်မဟုတ်သော အစားအသောက်တို့မှ သံဓာတ်ဖြည့်စွက်စာများကို စားသုံးရနိုင်သည်။ သံဓာတ်စုပ်ယူမှု အားကောင်းစေရန်၊ မီးဖွားပြီးသော မိခင်များသည် ဗီတာမင် C ကြွယ်ဝသော အစားအသောက်များ သို့မဟုတ် ဖြည့်စွက်စာများကို စားသုံးရမည်။ အာရှရိုးရာတွင် လက်ဖက်ရည်ကို ၉၆ပါး ပျောက်သည်ဟု သတ်မှတ်ထားကြသော်လည်း ရေနွေးကြမ်းတွင် Tannic Acid ပါဝင်သောကြောင့် လွန်ကဲစွာ သောက်သုံးခြင်းသည် သံဓာတ်စုပ်ယူမှုကို လျော့နည်းစေသည်။
ဗီတာမင် B12
ဗီတာမင် B12 သည် ကျန်းမာသော အာရုံကြော တစ်သျှူးများ ဖွံ့ဖြိုးမှု၊ ဦးနှောက်လုပ်ဆောင်မှုကို လှုံ့ဆောင်ရန်နှင့် သင့်လျော်သော သွေးဆဲလ်ထုတ်လုပ်မှုအတွက် အရေးပါသည်။ အဘယ်ကြောင့်ဆိုသော် ဗီတာမင် B12 ချို့တဲ့သော မိခင်သည် သွေးအားနည်းရောဂါဖြစ်နိုင်သောကြောင့် ကမာ၊ တူနာ၊ အသည်း၊ အမဲသား၊ ဆဲလ်မွန်နှင့် အသားအမျိုးမျိုးကို စားရန် အားပေးသည်။ မိခင်သည် အသားနှင့် ပင်လယ်စာ မစားပါက ဗီတာမင် B12 ပါဝင်သော အာဟာရဖြည့် စီရီရယ်နှင့် နို့ထွက်ပစ္စည်းများကို စားသုံးရမည်။ ဗီတာမင် ဖြည့်စွက်စာသည် သတ်သတ်လွတ်သမား မိခင်အတွက် အစားအသောက်တွင် ထည့်သွင်းခြင်း သို့မဟုတ် အသားနှင့် အရွက်အများစုကို မစားသောသူတို့၏ အစားအသောက်တွင် ထည့်သွင်းစားသောက်နိုင်သည်။
DHA
Docosahexaenoic acid(DHA) သည် အိုမီဂါ 3 ဖက်တီးအက်ဆစ်ဖြစ်ပြီး လူ့ခန္ဓာကိုယ်မှ လုံလုံလောက်လောက် မထုတ်လုပ်နိုင်သောကြောင့် အာဟာရဖြည့်စွက်စာတို့မှ စားသုံးပေးရန် လိုအပ်သည်။ DHA သည် ဦးနှောက် တစ်သျှူးအတွက် အဓိက အပိုင်းတစ်ခုဖြစ်သည်။ အဆိပ်ဖြစ်ခြင်းကို လျှော့ချပေးပြီး မီးဖွားပြီးနောက် စိတ်ကျရောဂါကိုပါ လျှော့ချပေးသည်။ DHA သီးသန့်သည် အဆိုပါ စိတ်ကျမှုကို အပြည့်အဝ မထောက်ပံ့နိုင်သော်လည်း Serotonin ထုတ်လုပ်မှုကို လှုံ့ဆော်ပေးသောကြောင့် လျှော့ချပေးမှုအပိုင်းတွင် များစွာ အထောက်အကူဖြစ်သည်။ ဆဲလ်မွန်၊ ဆာဒင်း၊ အာဟာရဖြည့် ဥအမျိုးမျိုးနှင့် နို့ထွက်ပစ္စည်းအချို့သည် DHA ကြွယ်ဝသော အစာများဖြစ်သည်။ မိခင်တစ်ဦးသည် DHA ဖြည့်စွက်စာ စားသုံးဖို့ ကျန်းမာရေးပညာရှင်၏ ညွှန်ကြားမှုလိုအပ်သည်။
ကိုလိုင်း (CHOLINE)
ကိုလိုင်းသည် ဗီတာမင် B တစ်မျိုးဖြစ်ပြီး မီးဖွားပြီး ပြန်လည်ကျန်းမာရေးအတွက် သိပ်ပြီး မပြောကြသော အစားအသောက်တစ်မျိုးဖြစ်သော်လည်း လွန်စွာ အရေးပါသည်။ ခန္ဓာကိုယ်လုပ်ဆောင်မှုမျိုးစုံကို ထောက်ပံ့ပေးပြီး မိခင်၏ အလုံးစုံသော ကျန်းမာရေးကို ထောက်ပံ့ပေးသည်။မိခင်၏ ခန္ဓာကိုယ်သည် ဗီတာမင်ကို ပြုလုပ်ပြီး အခြားအစားအသောက်များဖြစ်သည့် ဥ၊ quinoa နှင့် ကလီစာများဖြစ်သည့် အသည်းကဲ့သို့သော မီးဖွားပြီး အစားအသောက်များနှင့် မျှတစွာ ပေါင်းစပ်ရန်လိုအပ်သည်။ ကိုလိုင်းသည် အာရုံစူးစိုက်မှုနည်းခြင်းနှင့် မီးဖွားပြီးချိန် မှတ်ဉာဏ်ဆုံးရှုံးခြင်းတို့ကို သက်သာစေသည်။
ဗီတာမင် D
ဗီတာမင် D သည် မိခင်၏ ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးပြီး မီးဖွားပြီး စိတ်ဓာတ်ကျခြင်းနှင့် စိတ်လှုပ်ရှားမှုတို့ကို လျှော့ချပေးသည်။ နေရောင်ထဲတွင် နေထိုင်ရုံနှင့် ခန္ဓာကိုယ်မှ ဗီတာမင် D ထုတ်လုပ်ပြီး တစ်ခါတစ်ရံလည်း အခွင့်အရေးမရှိ ဖြစ်နိုင်သည်။ ခန္ဓာကိုယ်သည် အိမ်တွင်းတွင် နေထိုင်သော မိခင်အတွက် ဗီတာမင် D လုံလောက်စွာ ထုတ်လုပ်မှုမရှိသည့်အတွက် ဗီတာမင် D အပို လိုအပ်သည်။ ဖက်တီး အက်ဆစ်ကြွယ်သော ငါးများဖြစ်သည့် ဆယ်လ်မွန် နှင့်တူနာ၊ အာဟာရဖြည့် စီရီရယ်နှင့် လိမ္မော်ရည်တို့သည် ဗီတာမင် D ကြွယ်ဝသော အစားအသောက်များဖြစ်သည်။ ကျန်းမာသော အစားအသောက်ပုံစံနှင့် အာဟာရဓာတ် ကောင်းမွန်စွာ ရရှိဖို့သည် ကိုယ်ဝန်ဆောင်စဉ်သာမက ခန္ဓာကိုယ်အား ပြန်လည်ကုသပေးသည့်အတွက် မီးဖွားစဉ်တွင်ပါ အရေးကြီးသည်။
Reference(s):
Related posts:
- သင့်ကလေးသည် လက်တို့စ် နို့သကြားနှင့် ဓာတ်မတည့်ခြင်း ပြဿနာ ရှိနေပါသလား?
- ကိုယ်ဝန်ဆောင်မိခင်များ ကြားဖူးနားဝ၊ အထင်အမြင်များနှင့် ၎င်းတို့၏ အမှန်တရားများ
- ကလေးများသစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ ကြိုက်နှစ်သစ်စေရန်ကူညီပေးမည့် နည်းလမ်းများ။
- ကျန်းမာရေးအတွက် ရွေးချယ်မှု နှင့် ချဉ်ခြင်းတက်ခြင်း
- ကိုယ်ဝန်ဆောင်ပြီး ကိုယ်အလေးချိန်လျှော့ချခြင်း
- သင့် သက်သောင့်သက်သာ မရှိမှုအား စီမံခြင်း
- မိဘများသိထားသင့်သည့် အဖြစ်များသောဖျားနာမှုများ