ကလေးများ အစားမစားရသည့် အကြောင်းအရင်း (၃) ခု
ကလေးများ အစားမစားရသည့် အကြောင်းအရင်း (၃) ခု
ကလေးငယ်များတွင် ဝမ်းဗိုက် အောင့်ခြင်းသည် မကြာခဏ ဖြစ်ပေါ်တတ်ပါသည်။ ဝမ်းဗိုက်အောင့်ခြင်း မကြာခဏ ဖြစ်လာပြီး အစာစားရန် စတင်ငြင်းဆန်လာသောအခါ စိုးရိမ်စရာ ဖြစ်လာသည်။ ထိုအခါ ပုံမှန်စားနေကျ အစားအစာများကို အူလမ်းကြောင်းကျန်းမာရေးကို အထောက်အကူဖြစ်စေသော အစားအစာများနှင့် အစာခြေလမ်းကြောင်း ကောင်းမွန်စေသော နို့ (ဥပမာ– Similac Total Comfort) ကဲ့သို့သော အစားအစာများနှင့် ပြောင်းလဲစားသောက်ခြင်းဖြင့် သက်သာစေပါသည်။ နို့နှင့်ပတ်သက်သော ဓာတ်မတည့်မှုများမှ အူလမ်းကြောင်းဆိုင်ရာ ပြဿနာများအပါအဝင် သင်တို့၏ ကလေးငယ် အဘယ်ကြောင့် အစာစားရန် ငြင်းဆန်နေရသလဲ ဆိုသော အကြောင်းအရင်း သုံးရပ်ကို အောက်တွင် ဖော်ပြထားသည်။ 1, 5
GERD လေချဉ်တက်ခြင်း
ထိုအရာသည် အစာနှင့် အစာခြေရည်များ အစာရေမြိုလမ်းကြောင်းအတွင်းသို့ ပြန်တက်လာသောအခါ ဖြစ်ပေါ်တတ်သည်။ ငယ်ရွယ်သောကလေးများတွင် ဖြစ်ပေါ်သောအခါ အသက်ရှူကျပ်ခြင်း၊ သလိပ်သံဖြင့် ခက်ခက်ခဲခဲ အသက်ရှူရခြင်း၊ ကြို့ထိုးခြင်း၊ ခံတွင်းနံ့မကောင်းခြင်း၊ အစာစားရန်ငြင်းဆန်ခြင်း စသောလက္ခဏာများ ဖြစ်ပေါ်တက်သည်ကို သတိထားသင့်သည်။ GERD သည် အများအားဖြင့် သေးငယ်သော ကျန်းမာရေးပြဿနာ ဖြစ်သော်လည်း အချိန်ကာလကြာမြင့်စွာ ဖြစ်ပေါ်လာပါက အစာရေမြိုပြွန် ပျက်စီးခြင်း၊ လုံလောက်သော အာဟာရ စုပ်ယူမှု မပြုနိုင်သောကြောင့် ကြီးထွားမှုနှေးကွေးခြင်း တို့ကိုဖြစ်စေနိုင်သည်။ သင်တို့ရဲ့ကလေးငယ်များကို ကလေးများစားနိုင်သော ပမာဏထက်ပို၍ မကျွေးသင့်ပါ။ GERD ရောဂါလက္ခဏာများကို ပို၍ ဆိုးဝါးလာစေသော ချောကလက်၊ caffeine ဓာတ်ပါသော ဖျော်ရည်များ၊ အစပ်လွန်ကဲသောအစားအစာများ နှင့် ခရမ်းချဉ်သီးကို အခြေခံ ထုတ်လုပ်ထားသော အစားအစာများကို ရှောင်ရှား သင့်ပါသည်။ 1, 4
ဓာတ်မတည့်ခြင်း နှင့် အစာအဆိပ်သင့်ခြင်း
သင်၏ ကလေးငယ်သည် အစားအစာ တစ်မျိုးမျိုးနှင့် ဓာတ်မတည့်ခြင်း ဖြစ်ပေါ်နိုင်သလို ထိုဓာတ်မတည့်သော အစားအစာနှင့် ပတ်သက်ဆက်နွယ်နေသော အခြားအမျိုးအမယ်ကိုပါ လက်မခံခြင်းများ ဖြစ်လာသည်။ မိမိတို့ ကလေးငယ်တွင် မည်သည့်အစားအစာများကြောင့် ဓာတ်မတည့်ခြင်းဖြစ်ပေါ်သည် ကို သိရှိနိုင်ရန် အချိန်ပေး၍ စောင့်ကြည့်သင့်ပေသည်။ ဓာတ်မတည့်သော တုံ့ပြန်မှုများဖြစ်သည့် ဝမ်းလျှောခြင်း၊ အင်ပျဉ်ယားနာများဖြစ်ပေါ်ခြင်း၊ အဆိုးဆုံးအခြေအနေတွင် အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်သည့် ဓာတ်မတည့်ခြင်းများသည် ချက်ချင်း သို့မဟုတ် (၂၄) နာရီအတွင်း ဖြစ်ပေါ်လာနိုင်သည်။ သင့်ကလေး တစ်ပါတ်လုံးစားခဲ့သော အစားအစာများကို ဂရုစိုက်စောင့်ကြည့်ခြင်းဖြင့် သံသယရှိသော အစားအစာများကို ဖယ်ထုတ်သင့်သည်။ ဆေးပညာရှင် သို့မဟုတ် အာဟာရပညာရှင်များနှင့်လည်း ဆွေးနွေး တိုင်ပင်သင့်သည်။ အိမ်တွင်အစားအစာများကို ပြင်ဆင်ချက်ပြုတ်ရာတွင် အသားနှင့် ဟင်းသီးဟင်းရွက်များကို ဂရုတစိုက် ဆေးကြောချက်ပြုတ်သင့်သည်။ 1, 3
ဝမ်းချုပ်ခြင်း
အရွယ်ရောက်ပြီးသူများတွင် ဝမ်းချုပ်ခြင်းဖြစ်ပါက အစာစားချင်စိတ်ကို လျော့နည်းစေသည်။ ကလေးငယ်များသည် ဝမ်းချုပ်နေသည်ကို ပြောမပြတတ်သော်လည်း သူတို့မည်သို့ခံစားနေရသည်ကို ပြောပြမှာတော့ အသေအချာပဲ ဖြစ်သည်။ ကလေးငယ်များက ဝမ်းဗိုက်နာကျင်သည်ဟု ပြောသောအခါ ကလေးငယ်များ၏ ဝမ်းဗိုက်ပုံမှန် ဖြစ်မဖြစ် စစ်ဆေးသင့်သည်။ ဝမ်းဗိုက်ဖောရောင်ခြင်း၊ မကြာခဏ ငိုခြင်း၊ စိတ်မကြည်မသာဖြစ်ခြင်းတို့ကို သင်သတိထားမိလျှင် ထိုအချက်များသည် ဝမ်းချုပ်နေခြင်းကြောင့်ဖြစ်နိုင်ပါသည်။ ကလေးများသည် အမျှင်ဓာတ် လုံလောက်စွာ ပါဝင်သော အစားအစာများကို မစားခြင်းနှင့် ရေလုံလောက်စွာ မသောက်ခြင်းတို့ကြောင့် ဝမ်းချုပ်နိုင်ပါသည်။ အမျှင်ဓာတ်ပါဝင်သော အစားအစာပုံစံသည် ဝမ်းအရွယ်အစားကြီးလာစေပြီး ဝမ်းသွားရလွယ်ကူစေသောကြောင့် အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်သော ပန်းသီး၊ ငှက်ပျောသီး၊ ဘာလီ၊ ဂျုံများနှင့် ပဲများကို ကလေး၏အစာစားသောက်မှု ပုံစံတွင်ထည့်သွင်းပေးပါက ဝမ်းချုပ်ခြင်းကို သက်သာစေပါသည်။ 1, 2
ဗိုက်အောင့်ခြင်း၊ အစားစားရန် ငြင်းပယ်ခြင်းတို့ မကြာခဏ ဖြစ်လာသောအခါ စိုးရိမ်ပူပန်မှုကို မြင့်တတ်စေပါသည်။ အလွယ်ကူဆုံးသော ကုသမှုပုံစံတစ်မျိုးမှာ အစားအသောက် မှတစ်ဆင့် ကုသခြင်းဖြစ်သည်။ သို့သော် အစားအစာ တစ်မျိုးတည်းဖြင့် မလုံလောက်သောအခါ ဝမ်းဗိုက်အောင့်ခြင်းကို သက်သာစေသည့် နို့ကဲ့သို့သော (ဖော်စပ်စာ) အာဟာရများ၏ အကူအညီကို လိုအပ်လာနိုင်ပါသည်။ အူလမ်းကြောင်းကျန်းမာရေးကို အထောက်အကူပြုစေသည့် ပရီဘိုင်အောတစ် ( 2’-FL) နှစ်ထပ်ကွမ်းအက်ဖ်အယ်လ် အိတ်ချ်အမ်အို နှင့် နယူကလီရိုတိုက်(ဒ်) နှင့် အရည်အသွေးမြင့်မားသော အမျှင်ဓာတ်များကို သေချာစွာ ပေါင်းစပ်ထုတ်လုပ်ထားသော နို့ (ဖော်စပ်စာ) ကို မှန်ကန်အောင် ရွေးချယ်ရပါမည်။ ထိုအတွက် မိဘများအနေဖြင့် Similac Total Comfort stage 3 ကို ရွေးချယ်နိုင်ပါသည်။ Similac တွင် အမြင်အာရုံနှင့် ဦးနှောက်ဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးနိုင်သော ဒီအိတ်ချ်အေ၊ လူတင်း နှင့် သဘာဝ ဗီတာမင် အီး တို့ ပေါင်းစပ်ပါဝင်ရုံသာမက ရောဂါကာကွယ်မှုကို တိုးစေသော 2’-FL HMO နှင့် Nucleotides၊ အူလမ်းကြောင်းကျန်းမာရေးကို ထောက်ပံ့ပေးသော ပရီဘိုင်အောတစ်များပါ ကြွယ်ဝစွာ ပါဝင်ပါသည်။ ထို့အပြင် ကိုယ်ခံစွမ်းအားစနစ်ကို ဖွံ့ဖြိုးတိုးတတ်စေရန် ကူညီထောက်ပံ့ပေးသော ဗီတာမင် အေ၊ B12၊ စီ၊ ဒီ၊ ဖောလစ်အက်စစ်၊ သံဓာတ်၊ ဆီလီနီယမ်နှင့် ဇင့်ဓာတ်များလည်း ပါဝင်ပါသည်။ ကလေး၏ အစာခြေမှုနှင့် ပတ်သက်သော သတင်းအချက်အလက်များနှင့် Similac နမူနာ ရယူနိုင်ရန် Similac Myanmar သို့ ယနေ့ပဲ လာရောက်လေ့လာလိုက်ပါ။
References:
- https://www.webmd.com/children/features/digestive-doctor
- https://www.everydayhealth.com/constipation/guide/
- https://www.everydayhealth.com/allergies/
- https://kidshealth.org/en/parents/gerd-reflux.html
- https://abbottnutrition.com.my/products/similac-total-comfort
- Auestad,Halter et al.2001,
- Auestad,Scott et al.2003
- Buck R et al.2004
- Schaller et al 2004