Category: Nutrition Facts

မိဘများအတွက် ကိုယ့်ကိုယ်ကိုဂရုစိုက်ခြင်း

မိဘများအတွက် ကိုယ့်ကိုယ်ကိုဂရုစိုက်ခြင်း

မိခင်တစ်ဦးအတွက် မိမိကလေး၏ ကျန်းမာရေးသည် သူ့ဘဝတွင်ရှိသော အခြားအရာအားလုံးထက် ဦးစားပေး ရွေးချယ်သော အရာဖြစ်သည်။ သို့သော် စိတ်ဖိစီးမှုများခြင်းသည် သွေးပေါင်ချိန် မြင့်မားစေခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့် ကျန်းမာရေးနှင့် မညီညွတ်သော အလေ့အကျင့်များ ( ဥပမာ – ကော်ဖီ အလွန်အကျွံသောက်သုံးခြင်း၊ အစားအလွန်အကျွံစားခြင်း၊ အန်ခြင်း) ပြုလုပ်မိနိုင်ချေ များစေပါသည်။ အနားယူခြင်း၊ နာကျင်မှုကင်းသော ခါးကိုရရှိအောင် စောင့်ရှောက်ခြင်းနှင့် လိုအပ်သော အချိန်တွင် အစားအစာနှင့် မိခင်များအတွက် နို့( ဥပမာ – Similac MUM)တို့ဖြင့် ကျန်းမာရေးနှင့် ညီညွတ်သော အစားစားသောက်မှုပုံစံကို ထိန်းသိမ်းခြင်းတို့သည် မိခင်ဘဝ၏ ဖိအားများကို သက်သာစေနိုင်ရန် ကူညီပေးနိုင်သည့် ရိုးရှင်းသော လုပ်ဆောင်မှုများ ဖြစ်ပါသည်။1, 6

 

အနားယူခြင်း၏ အရေးပါပုံ

တချို့သော ဓလေ့များတွင်  နားချိန်ယူလိုသော မိခင်တစ်ဦးကို အပြစ်တင်ကြသော်လည်း ၎င်းတို့၏ အနားယူလိုမှုကို အားပေးသင့်သည်။ စိတ်ဖိစီးမှုသည် စိတ်ကျန်းမာရေးကို ထိခိုက်စေသည့်အပြင် သွေးပေါင်ချိန် မြင့်မားခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့် ကျန်းမာရေးနှင့် မညီညွတ်သော အကျင့်ဆိုးများကို ပြုလုပ်မိနိုင်ချေ များစေပါသည်။ ကော်ဖီ အလွန်အကျွံ သောက်သုံးခြင်း သို့မဟုတ် အစားအလွန်အကျွံစားခြင်းတို့ ကဲ့သို့သော အကျင့်ဆိုးများသည် ကိုယ်ဝန်ဆောင်ခြင်းနှင့် မိခင်နို့ရည်၏ အရည်အသွေးကို ထိခိုက်စေနိုင်ပါသည်။ အနားယူခြင်းဟုဆိုရာတွင် အလှပြင်ဆိုင်သွားခြင်း၊ မိန်းကလေးသူငယ်ချင်းများစု၍ ညဘက်အပြင်ထွက်ခြင်း သို့မဟုတ် ခရီးထွက်ခြင်းများ ပြုလုပ်စရာ မလိုအပ်ပါ။ အိမ်တွင် အေးဆေးစွာ အနားယူခြင်း၊ ဆိုဖာပေါ်တွင် လဲလျောင်း၍ နေခြင်း၊ သင်အကြိုက်ဆုံး ရုပ်သံဇာတ်လမ်းတွဲကြည့်ခြင်း သို့မဟုတ် အလုပ်လုပ်နေစဉ် သီချင်း နားထောင်ခြင်းများသည်လည်း အနားယူခြင်း ပုံစံများပင်ဖြစ်ပါသည်။1, 2

 

ခါးနာခြင်းကို ဂရုစိုက်ပါ။

သင်၏ ခါးတွင် လှုပ်ရှားသွားလာရန်နှင့် ကိုယ်နေဟန်ထားအတွက် တာဝန်ယူရသော ကြွက်သားများ၊ အာရုံကြောများနှင့် အရိုးများ များစွာပါရှိပါသည်။ အချိန်ကြာမြင့်စွာ ခံစားနေရသော နာကျင်မှုကို ဂရုမစိုက်ပဲထားလျှင် မပြောင်းလဲသည့် ထိခိုက်မှုတစ်ခု ဖြစ်လာနိုင်ပါသည်။ အိမ်မှုကိစ္စများ ပြုလုပ်နေသောအခါတွင် သင်၏ ကိုယ်နေဟန်ထားကို အချိန်တိုင်း ဂရုစိုက်ခြင်းသည် အရေးပါပြီး သင့်ခါးနာနေပါက လေးလံသော ပစ္စည်းများမခြင်းကို ရှောင်ရှားသင့်ပါသည်။ မိခင်တစ်ဦးအနေဖြင့် ကိုယ်ဝန်ဆောင်နေစဉ် ကာလတွင် ကိုယ်အလေးချိန် တိုးလာတတ်သဖြင့် ခါးနာခြင်း အဖြစ်များပါသည်။ အကယ်၍ အဆက်မပြတ် နာကျင်နေပါက ကုသမှုနည်းလမ်းများ ရွေးချယ်ရန်အတွက် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူထံသို့ သွားရောက်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။ ပုံမှန်အားဖြင့် ခါးနာခြင်းကို နည်းစနစ်ကျသော အကြောဆန့်ခြင်းများ၊ လေ့ကျင့်ခန်းလုပ်ခြင်းများနှင့် ရေနွေးအိတ် ကပ်ခြင်းများဖြင့် ကုသနိုင်ပါသည်။1

 

ကောင်းမွန်စွာ စားသောက်ခြင်းသည် အဘယ်ကြောင့် အရေးပါသနည်း။

အစားအစာသည် အသက်ရှင်နေထိုင်မှုအတွက် လောင်စာဖြစ်သောကြောင့် အာဟာရဓာတ် များပြားစွာ ပါဝင်သော အစားအစားများဖြင့် အားဖြည့်လိုက်ပါ။ ပုံမှန်စားနေကျ အစားအစာများနှင့် အဆာပြေစေသော အစားအစာများသည် အစားအလွန်အကျွံစားမိနိုင်ချေကို လျော့နည်းစေနိုင်ပြီး တစ်နေ့တာလုံးအတွက် စွမ်းအင်ကို တစ်သမတ်တည်း ရှိနေစေရန် ထိန်းသိမ်းပေးနိုင်ပါသည်။ သွားရည်စာအဖြစ် အာဟာရဓာတ် နည်းပါးပြီး ကယ်လိုရီ များသော အလွန်အမင်း ပြုပြင်ထားသည့် အစားအစာများကို မစားပဲ တစ်ကိုက်စာ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို စားပေးရပါမည်။1, 3 သွေးနီဥနှင့် သွေးဖြူဥများ ထုတ်လုပ်နိုင်စွမ်းအားကို မြင့်တင်ပေးရန်အတွက် ဖောလစ်အက်စစ် ( အစိမ်းရောင်ရှိသော အရွက်များ၊ ရှောက်ချိုသီး၊ ပဲတောင့်ရှည်)နှင့် အရိုးနှင့်သွား ကျန်းမာရေးအတွက် ကယ်လ်ဆီယမ်ဓာတ်ကို ခန္ဓာကိုယ်မှ စုပ်ယူနိုင်ရန် ကူညီပေးသည့် ဗီတာမင် ဒီ (အာနိသင် ဖြည့်ထားသော အစားအစာများ၊ ဆဲလ်မွန်ငါး၊ နေရောင်ခြည်)တို့ကို အမြောက်အများရရှိနိုင်ရန် သတိပြုရပါမည်။ ထို့အပြင် ဗိုက်ပြည့်ဝစေရန်အတွက် အစေ့အဆန်များနှင့် အဆီနည်းသော ပရိုတိန်း၊ သွေးအတွင်း သကြားဓာတ် လည်ပတ်မှုနှင့် ကိုယ်အလေးချိန် ထိန်းသိမ်းခြင်းတို့အတွက် အထောက်အကူပြုသော ကောင်းမွန်သည့် ကာဗိုဟိုက်ဒရိတ်တို့ကို ကျန်းမာရေးနှင့် ညီညွတ်သော ပမာဏအတိုင်း ထည့်သွင်း စားသုံးပေးရမည် ဖြစ်ပါသည်။3, 4

မိခင်အများစုသည် ၎င်းတို့၏လိုအပ်ချက်များထက် မိသားစုက ပို၍အရေးကြီးသည်ဟု ယုံကြည်ကြသောကြောင့် ၎င်းတို့အတွက် ကိုယ်ပိုင်အချိန်ရယူရမည်ကို အပြစ်ရှိသလို ခံစားရတတ်ကြပါသည်။ အထူးသဖြင့် အာဟာရ ရရှိစေသော အပိုင်းတွင် သင်လုပ်သမျှ လုပ်ရပ်တိုင်းကို လုံလောက်သည်ဟု မခံစားရပါက သိပ္ပံနည်းကျ ဖော်စပ်ထားသော မိခင်များအတွက် အာဟာဖြည့်နို့မှုန့် Similac MUM သည် ကိုယ်အလေးချိန် အလွန်အကျွံ မတက်စေပဲ အားဖြည့်ကူညီပေးနိုင်ပါသည်။ အရေးကြီးသော ဗီတာမင်နှင့် သတ္တုဓာတ် ၂၇ မျိုးဖြင့် ပေါင်းစပ် ထုတ်လုပ်ထားသော Similac MUM တွင် ကိုယ်ခံစွမ်းအားစနစ်နှင့် အရိုးကျန်းမာရေးကို ထောက်ပံ့ပေးနိုင်ရန် ပရီဘိုင်အော့တစ်များ ( ဝမ်းမှန်စေသော scFOS )၊ ဇင့်ဓာတ်၊ ဗီတာမင် စီ၊ ဗီတာမင် ဒီ ( ကယ်လ်ဆီယမ်ဓာတ် စုပ်ယူမှုကို ထောက်ပံ့ပေးသည်)၊ ဗီတာမင် အီး နှင့် ဆီလီနီယမ်တို့ ထူးခြားစွာ ပေါင်းစပ်ပါဝင်ပါသည်။ မိခင်များအတွက် ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်းသည် အရေးပါသောကြောင့် အနားယူပါ၊ ကျန်းမာရေးနှင့် ညီညွတ်အောင် စားသောက်ပါ၊ မည်သည့် ယားနာခြင်းနှင့် နာကျင်ခြင်းကို မဆို ဂရုစိုက်ပေးပါ။ Similac MUM နမူနာ ရယူလိုပါသလား။ ယနေ့ပဲ Similac Myanmar သို့လာရောက် စာရင်းပေးသွင်းလိုက်ပါ။5, 6

 

References:

  1. https://www.theguardian.com/lifeandstyle/2020/feb/02/five-ways-to-stay-healthy-when-breastfeeding
  2. https://kidshealth.org/en/parents/pregnant-mental-health.html
  3. https://www.verywellfamily.com/nutrition-tips-for-breasfeeding-mothers-4062259
  4. https://kidshealth.org/en/parents/moms-nutrients.html
  5. https://abbottfamily.com.sg/products/page/similac-mum
  6. https://similacmyanmar.com/available-products/#similacMum
  7. https://similacmyanmar.com/mm/product-trial/

 

Additional References;

  1. Huynh DTT et al. J Matern Fetal Neonatal Med. 2017 May 7: 1-9

မိဘများအတွက် အရေးပါသည့် အဓိက အာဟာရဓာတ် (၃) မျိုး

မိဘများအတွက် အရေးပါသည့် အဓိက အာဟာရဓာတ် (၃) မျိုး

ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေး အရွယ်ရောက်လာချိန်အတွင်း မိခင်တစ်ဦးစားသုံးသည့် အာဟာရဓာတ် အရည်အသွေးသည် အရေးပါပါသည်။ မိခင်တစ်ဦးသည် သူ့ကလေး၏ ပညာသင်ကြားချိန်၊ ဘဝ သင်ခန်းစာများ ရယူချိန်နှင့် ကျန်းမာသော လူကြီးတစ်ဦးဖြစ်လာချိန်အထိ ကြံ့ခိုင်နေရမည်ဖြစ်ပြီး သူ့ကလေးအတွက် ဥပမာယူရသော ကျန်းမာသည့် စံပြမိခင်တစ်ဦး ဖြစ်ရပါမည်။ ကျန်းမာရေးနှင့် ညီညွတ်သည့် အဆီများ၊ အရေးပါသော သတ္တုဓာတ်များ၊ အစားအစာနှင့် မိခင်များအတွက် ထုတ်လုပ်ထားသော နို့များ (ဥပမာ – Similac MUM) မှ ရရှိသော ဗီတာမင်များဖြင့် ထောက်ပံ့ပေးပြီး မကောင်းသော အလေ့အကျင့်များကို ရှောင်ရှားခြင်းသည် အဓိက အချက်ပင် ဖြစ်ပါသည်။1, 2, 3, 4, 5, 6

 

မိခင်တစ်ယောက်အနေဖြင့် မည်သည့် အာဟာရဓာတ်များကို အဓိက လိုအပ်သနည်း။

အောက်ပါ အာဟာရဓာတ်များသည် ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း၊ အရိုးကျန်းမာရေးကောင်းမွန်ခြင်းနှင့် ကိုယ်ဝန်ဆောင်ချိန် အတွင်း ဆီးချိုတက်နိုင်ချေကို လျှော့ချရန်နှင့် အကောင်းဆုံးသော စိတ်ချမ်းသာမှုကို ရရှိနိုင်စေရန် အူလမ်းကြောင်းကျန်းမာရေး ကောင်းမွန်ခြင်းတို့အတွက် အရေးပါပါသည်။

ကျန်းမာရေးနှင့်ညီသော အဆီများ

ဆီဖြင့်ကြော်ထားသော အစားအစာများ၊ အသင့်စားအစားအစာများ သို့မဟုတ် အလွန်အမင်း ပြုပြင်ထားသော အစားအစာများတွင် မကြာခဏတွေ့ရတတ်သော ပြည့်ဝဆီ သို့မဟုတ် ပြောင်းလဲထားသော အဆီများကို ရှောင်ရှားရပါမည်။ အပင်များ၊ အစေ့အဆန်များနှင့် အဆီပေါသော ငါးများမှရရှိသော ကျန်းမာရေးနှင့်ညီသည့် အဆီများသည် အာဟာရဓာတ် စုပ်ယူမှုကို တိုးတက်ကောင်းမွန်စေပါသည်။ ကျန်းမာရေးနှင့်ညီသော အဆီများမှာ အိုမီဂါ ဖက်တီးအက်စစ်နှင့် လူသိများသည့် DHA သို့မဟုတ် ဒိုကိုစာဟက်ဇနောရစ် အက်စစ် တို့ဖြစ်ပါသည်။ ထို ဖက်တီအက်စစ်များသည် စိတ်ကိုတည်ငြိမ်စေနိုင်သော ဟော်မုန်းဓာတ်များ ထုတ်လုပ်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းတို့အတွက် အရေးပါပါသည်။1, 2

ကယ်လ်ဆီယမ်

ကိုယ်ဝန်ဆောင်ခြင်းအတွက် စွမ်းအင်အမြောက်အများ လိုအပ်ပြီး မိခင်သည် အစားအစာမှ ကယ်လ်ဆီယမ်ဓာတ်ကို လုံ့လောက်စွာ မရရှိပါက မိခင်၏ အရိုးအတွက် သိမ်းဆည်းထားသော ကယ်လ်ဆီယမ်ဓာတ်ကို ထုတ်ယူသုံးစွဲရသဖြင့် အနာဂတ်တွင် အရိုးပြဿနာများ ဖြစ်လာနိုင်ချေ များစေပါသည်။ ကယ်လ်ဆီယမ်ဓာတ်သည် သွေးလည်ပတ်မှု၊ ကြွက်သားနှင့် အာရုံကြော စနစ်များ ကောင်းမွန်စွာ အလုပ်လုပ်ဆောင်နိုင်စေရန်အတွက်လည်း အရေးပါပါသည်။1

အမျှင်ဓာတ်

အမျှင်ဓာတ်သည် လူတစ်ဦးကို အစာစားပြီး ဗိုက်ပြည့်ဝခြင်းကို ခံစားရစေသော အစားအစာအတွင်းတွင် ပါဝင်သည့် သဘာဝအရ ပမာဏကြီးထွားစေသော အေးဂျင့်တစ်ခုဖြစ်ပါသည်။ ၎င်းသည် ဝမ်းချုပ်ခြင်း ပြဿနာမဖြစ်စေရန် အူအတွင်းရှိ ရေကို စုပ်ယူပြီး အစာများကို ရွှေ့ပြောင်းရန် အကူအညီပေးပါသည်။ ဂျုံဖြင့်ပြုလုပ်သော အစားအစာများ ( ဂျုံသီးသန့်ဖြင့် ပြုလုပ်ထားသော ပေါင်မုန့်၊ စီရီရယ် နှင့် ဆန်လုံးညို ကဲ့သို့သော အစားအစာများ)နှင့် အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များနှင့် ပဲများ ( ပဲ၊ ပဲခြမ်းနှင့် ပဲအမျိုးမျိုး ) သည် အမျှင်ဓာတ် ရရှိနိုင်သော ကောင်းမွန်သည့် အရင်းမြစ်များ ဖြစ်ပါသည်။1

အိုင်အိုဒင်း

အိုင်အိုဒင်းသည် ခန္ဓာကိုယ်၏ အဓိက လုပ်ဆောင်ချက်များဖြစ်သည့် ဇီဝဖြစ်စဉ်နှင့် နှလုံးခုန်နှုန်းကို ထိန်းချုပ်ပေးသော ဟော်မုန်း လည်ပတ်မှုကို ပြုလုပ်ပေးသည့် သိုင်းရွိုက်ဂလင်း၏ အလုပ်လုပ်ဆောင်ခြင်းအတွက် အရေးပါသော အာဟာရဓာတ်တစ်ခု ဖြစ်ပါသည်။  အများအားဖြင့် အိုင်အိုဒင်းဆား စားသုံးခြင်းမှ ရရှိပြီး အိုင်အိုဒင်းဓာတ်ကို နို့ထွက်ပစ္စည်းများ၊ ဥများနှင့် ပင်လယ်စာများတွင် တွေ့ရှိနိုင်ပါသည်။1

ပရိုတိန်း

ပရိုတိန်းသည် ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များအားလုံး( ကြွက်သားနှင့် ကိုယ်တွင်း အင်္ဂါများ)၏ အလုပ်လုပ်ဆောင်မှုကို ထောက်ပံ့ပေးသည့် စံပြအာဟာရဓာတ်တစ်ခု ဖြစ်ပါသည်။ ၎င်းသည် မိခင်၏ ခန္ဓာကိုယ်အတွက် အရေးပါသော တစ်ရှူးများကို ပြုပြင်ခြင်းနှင့် ထိန်းသိမ်းခြင်းအတွက် အထောက်အကူဖြစ်စေပါသည်။ ကိုယ်ဝန်ဆောင်ချိန်အတွက် ထုတ်လုပ်ထားခြင်းမဟုတ်သော ပရိုတိန်းရှိတ်များကို သောက်သုံးခြင်းမှ ရှောင်ကျဉ်ပြီး အဆီပါဝင်မှုနည်းသော အသားများ၊ ကြက်နှင့်ဘဲများ၊ ငါး၊ ပဲများ၊ အစေ့အဆန်များနှင့် အစေ့အဆန်များဖြင့် ပြုလုပ်ထားသော ထောပတ်များ၊ ဥများ၊ တို့ဖူးများအား စားသုံးရန် ပို၍ အာရုံစိုက်သင့်ပါသည်။1

 

ကိုယ်ဝန်ဆောင်နေစဉ်အချိန်အတွင်း အသေအချာ ပြုလုပ်ရမည့်အရာနှင့် ရှောင်ရှားရမည့် အရာများ

ကဖိန်းဓာတ်ပါဝင်သော အရာများကို ရှောင်ရှားပါ

အလွန်အကျွံသောက်သုံးခြင်း သို့မဟုတ် တစ်ရက်လျှင် (၃) ခွက်အောက် (ကဖိန်း (၃၀၀) မီလီဂရမ်) သောက်သုံးခြင်းသည် ကတုန်ကယင်ဖြစ်ခြင်း၊ အိပ်စက်ချိန် မမှန်ခြင်း၊ စိတ်တိုလွယ်ခြင်းနှင့် ဂနာမငြိမ်ဖြစ်ခြင်းများ ဖြစ်စေနိုင်ပါသည်။ ကဖိန်းဓာတ်ကို ဆိုဒါများ၊ အားဖြည့်အချိုရည်များ၊ လက်ဖက်ရည် အပြင်းများနှင့် ချောကလက်များတွင်လည်း တွေ့ရှိနိုင်ပါသည်။3

 

ကယ်လိုရီ ရေတွက်ခြင်း

သင်သည် အစကတည်းက ကိုယ်အလေးချိန်များနေပါက ကိုယ်ဝန်ဆောင်နေချိန်အတွင်း ကိုယ်အလေးချိန် ထပ်တိုးစေခြင်းသည် သင်၏ အရိုးအဆစ်များနှင့် နှလုံးအပေါ်တွင် ဝန်ပိစေနိုင်ပြီး အသက်ရှုမဝပဲ အိပ်ရေးပျက်ခြင်းနှင့် ကိုယ်ဝန်ဆောင်နေစဉ် ဆီးချိုရောဂါ ( မိခင်များ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ဖြစ်တတ်သော ဆီးချိုရောဂါတစ်မျိုးဖြစ်ပြီး ကိုယ်ဝန်ဆောင်ပြီးချိန်တွင် ပုံမှန် ဆီးချိုရောဂါ ဆက်ဖြစ်စေနိုင်သော အန္တရာယ်ရှိသည့် ရောဂါတစ်မျိုးဖြစ်သည်) များဖြစ်စေနိုင်ပါသည်။4 သင့်အရပ်နှင့် ကိုယ်အလေးချိန်ပေါ်မှုတည်၍ တွက်ချက်ရမည်ဖြစ်ပြီး အကယ်၍ သင့် BMI ( ခန္ဓာကိုယ် ထုထည် ညွှန်းကိန်း) သည် (၂၅.၀) မှ (၂၉.၉) သို့မဟုတ် ထိုထက်ပိုများနေသည်ကို ပြပါက သင်သည် အဝလွန်နေပြီဖြစ်ပါသည်။ မိခင်အများစုသည် ၎င်းတို့ကိုယ် ၎င်းတို့ အကန့်အသတ်များ အလွန်အကျွံ ထားရှိတတ်သောကြောင့် အရေးပါသည့် အာဟာရဓာတ်များကို ဆုံးရှုံးရတတ်သည့်အတွက် ဦးတည်ချက်မရှိသော အစားစားသောက်ပုံကိုလည်း အားမပေးပါ။ ကိုယ်အလေးချိန် ထိန်းသိမ်းရန်အတွက် အကောင်းဆုံးသော နည်းလမ်းမှာ ဆေးပညာအရ ထောက်ခံချက်ပေးထားသည့် စနစ်ကျသော လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းနှင့် အစာစားသောက်မှု ပုံစံများ သတ်မှတ်ခြင်းတို့ ဖြစ်ပါသည်။4

 

မိမိကလေး၏ ကျန်းမာရေးကိုလည်း ထောက်ပံ့ပေးရန် တာဝန်ရှိသောကြောင့် မိခင်တစ်ဦး စားသုံးသော အာဟာရဓာတ် အရည်အသွေးသည် အရေးပါပါသည်။ သို့သော် အစားအစာဖြင့် ကျန်းမာရေးကို ထိန်းသိမ်းရန် ခက်ခဲလာခြင်း သို့မဟုတ် အစားအစာတစ်မျိုးတည်းဖြင့် မလုံလောက်တော့သော အခါများတွင် မိခင်များအတွက် ထုတ်လုပ်ထားသော အာဟာရဖြည့် နို့မှုန့်များက အကူအညီပေးနိုင်ပါသည်။ ဥပမာအားဖြင့် Similac MUM သည် ကိုယ်ဝန်သည်နှင့် နို့တိုက်မိခင်များအတွက် ကိုယ်အလေးချိန် အလွန်အကျွံတက်ခြင်း မရှိစေပဲ လိုအပ်သည့် အာဟာရဓာတ်များကို ပေးနိုင်ရန် သိပ္ပံနည်းကျ ဖော်စပ်ထုတ်လုပ်ထားပါသည်။8 ဗီတာမင် ဒီ နှင့် scFOS တို့ကို သိပ္ပံနည်းကျ ပေါင်းစပ်ထားသောကြောင့် ကယ်လ်ဆီယမ် စုပ်ယူမှုကို ကူညီထောက်ပံ့ပေးပါသည်။ ပရီဘိုင်အိုတစ် အမျှင်တစ်မျိုးဖြစ်သည့် scFOS သည် ဝမ်းမှန်စေရန်အတွက် အထောက်အကူပေးပါသည်။ ထို့အပြင် အရေးပါသည့် ဗီတာမင်နှင့် သတ္တုဓာတ် (၂၇) မျိုးလည်း ပေါင်းစပ်ပါဝင်ပါသည်။ Similac MUM နမူနာ ရယူနိုင်ရန်အတွက် Similac Myanmar သို့လာရောက် စာရင်းပေးသွင်းလိုက်ပါ။5, 6

 

References:

  1. https://kidshealth.org/en/parents/moms-nutrients.html
  2. https://omegaquant.com/3-ways-dha-supports-moms-and-babies/
  3. https://www.cdc.gov/breastfeeding/breastfeeding-special-circumstances/diet-and-micronutrients/maternal-diet.html
  4. https://www.marchofdimes.org/pregnancy/being-overweight-during-pregnancy.aspx#
  5. https://abbottfamily.com.sg/products/page/similac-mum
  6. https://similacmyanmar.com/available-products/#similacMum
  7. https://similacmyanmar.com/mm/product-trial/

 

Additional References;

  1. Huynh DTT et al. J Matern Fetal Neonatal Med. 2017 May 7: 1-9

ပရီဘိုင်အိုတစ် အမျှင်ဓာတ်များအကြောင်း

ပရီဘိုင်အိုတစ် အမျှင်ဓာတ်များအကြောင်း

ကိုယ်ဝန်ဆောင်ချိန်မှစ၍ ကိုယ်ဝန်ဆောင်မိခင်သည် မိမိ၏ ကျန်းမာရေးကို ဂရုစိုက်ပေးခြင်းသည် ကိုယ်ဝန်ဆောင်မိခင်ကို ကျန်းမာသန်စွမ်းစေပြီး ကလေးများ အသက်ကြီးလာသည်အထိ အတူတူရှိပေးနိုင်သည်။ မိခင်၏ ကျန်းမာရေးကောင်းမွန်နေမှ မိမိကလေး၏ ကျောင်းကိစ္စများ၊ မိမိကလေးနှင့် သူငယ်ချင်းများ အတူတူစုအိပ်ခြင်းတို့ကို စီစဉ်ပေးနိုင်ပြီး မိသားစုဘဝ ပိုပျော်ရွှင်စေနိုင်ပါသည်။ ကျန်းမာသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ဖို့အတွက် ကျန်းမာသော အူလမ်းကြောင်းနှင့်စတင်သင့်ပါသည်။ ထို့ကြောင့် အစာလမ်းကြောင်းကို ပရီဘိုင်အော့တစ်အမျှင်ဓာတ်ဖြင့် ပံ့ပိုးပေးခြင်းဖြင့် အူလမ်းကြောင်း ကျန်းမာစေသည့် ဘက်တီးရီးယားများကို အလုပ်လုပ်စေရန် ကူညီပေးနိုင်ပြီး အာဟာရများကိုလည်း ပိုမိုစုပ်ယူစေနိုင်ပါသည်။

 

အူလမ်းကြောင်းအကျိုးပြု ဘက်တီးရီးယားအစုအဖွဲ့ဆိုတာ ဘာလဲ။ ။

အူလမ်းကြောင်းအကျိုးပြု ဘက်တီးရီးယားအစုအဖွဲ့ဆိုသည်မှာ အစာလမ်းကြောင်းတွင်  ထရီလီယံပေါင်းများစွာသော အကျိုးပြု ဘက်တီးရီးယားလေးများ ပါဝင်သည့် စနစ်ဖြစ်သည်။ ထိုအစုအဖွဲ့သည် ဇီဝဖြစ်စဉ်များ၊ ကိုယ်အလေးချိန်ထိန်းချုပ်ခြင်း၊ အစာချေဖျက်မှုကို ထိန်းချုပ်ခြင်းနှင့် ကိုယ်ခံအား စနစ်တို့အတွက် အရေးပါသည်။ အကျိုးပြု ဘက်တီးရီးယားအစုအဖွဲ့သည် လူသားများ မွေးဖွားစဉ် အချိန်ကတည်းက ပါလာသော မျိုးရိုးဗီဇများနှင့် မတူပဲ လူနေမှုစနစ်၊ ပတ်ဝန်းကျင်နှင့် အစားသောက်များအပေါ်မူတည်ပြီး အပြောင်းအလဲများဖြစ်နိုင်သည်။ ထိုအစုအဖွဲ့အတွက် လိုအပ်သော အာဟာရဓာတ်များကို မပေးနိုင်ပါက မညီမျှမှုများဖြစ်ပေါ်နိုင်ပြီး အခြားနေရာများမှ အာဟာရဓာတ်များကို ယူသုံးနိုင်သည်။ ထိုသို့ဖြစ်ပါက ခန္ဓာကိုယ်နှင့် အူလမ်းကြောင်းကို ရောင်ယမ်းစေနိုင်ပြီး ကိုယ်ခံအားကိုလည်း ကျဆင်းစေနိုင်သည်။2

 

ပရီဘိုင်အိုတစ်အတွက် အစားအစာရွေးချယ်စရာများ

ပရီဘိုင်အိုတစ် အမျှင်ဓာတ် (scFOS၊ ဖူကိုဆိုင်လက်တိုစ့်၊ အော်လီဂိုဆက်ခရိုက်) ဆိုသည်မှာ ကာဘိုဟိုက်ဒရိက်တစ်မျိုးဖြစ်ပြီး အပင်မှထုတ်လုပ်ထားသော အစားအစာများတွင် သဘာဝအတိုင်းတွေ့နိုင်သည်။ ထို့ကြောင့် ရွေးချယ်စရာ များစွာရှိပါသည်။ အာရှဟင်းပွဲများတွင် အများအပြားပါဝင်လေ့ရှိသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ပင်လယ်ရေညှိ၊ ပဲပိစပ်၊ ငှက်ပျောသီးနှင့် ပန်းသီးတို့သည် ပရီဘိုင်အိုတစ်အမျှင်ဓာတ် ကြွယ်ဝသော အစားအစာများဖြစ်ကြသည်။ ထိုအစားအစာများကို သဘာဝနှင့် အနီးစပ်ဆုံး ပုံစံအဖြစ် စားသုံးခြင်းသည် အမျှင်ဓာတ်နှင့် အခြား အာဟာရဓာတ်များပိုပြီးရရှိစေနိုင်သည်။ ဥပမာ အားဖြင့် အသီးဖတ်လေးများပါသော အသီးဖျော်ရည်သည် ကျေညက်အောင်ဖျော်ထားသော အသီးဖျော်ရည်ထက် အမျှင်ဓာတ်ပိုကြွယ်ဝသည်။ အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများ များများစားပါက ရေကို လည်း များများသောက်ပေးရန်လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် အမျှင်ဓာတ်သည် ရေကို စုပ်ယူပြီး ဝမ်းကို မာစေသောကြောင့် ဝမ်းမှန်ပြီး ဝမ်းသွားရလွယ်ကူစေရန် ရေမျာများသောက်ပေးရမည်။ 1, 3

 

သတိထားရမည့် အခြား အာဟာရဓာတ်များ

အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများ စားသုံးခြင်း၏ အကျိုးကျေးဇူးမှာ ထို အစားအစာများသည် အသင့်စား စားသောက်ကုန်များနှင့် မတူပဲသဘာဝအတိုင်း စားသုံးပါက အာဟာရဓာတ်များကို ပိုမိုရရှိစေနိုင်ပါသည်။ မိခင်တစ်ယောက်အနေဖြင့် သတိထားရမည့် အခြားအာဟာရများမှာ အရိုးကျန်းမာရေးအတွက် ကယ်လ်ဆီယမ် စုပ်ယူမှုအားကောင်းစေရန် ဗီတာမင် ဒီ၊ သွေးနီဥ အားကောင်းစေရန်နှင့် နှလုံးသွေးလည်ပတ်မှု အားကောင်းစေရန် ဖောလစ်အက်ဆစ်၊ ခန္ဓာကိုယ် ဆဲလ်များကို ကာကွယ်ပေးမည့် အန်တီအောက်ဆီဒန့်ဂုဏ်သတ္တိနှင့် ကိုယ်ခံအားကောင်းစေရန်တို့အတွက် ဇင့်နှင့် ဗီတာမင် စီဓာတ်တို့ဖြစ်ပါသည်။1, 4

 

မိမိကလေးငယ်အတွက် အကောင်းဆုံးကြိုးစားနေသော်လည်း မိမိ၏အာဟာရဓာတ်ကို သေခြာဂရုမစိုက်နိုင်သည့် မိခင်များအတွက် မည်သို့အဖြေရှာသင့်သနည်း။ ကျန်းမာစေသည့် အစားအစာများကို စားသော်လည်း အာဟာရဓာတ်တစ်ခုခုကို လိုအပ်နေတာမျိုးလည်း ဖြစ်နိုင်ပါသလား။ ထို့အပြင် မိခင်များသည် အမျှင်ဓာတ်နှင့် အလေ့အကျင့်ဖြစ်စေရန် အချိန်လိုသည့်အတွက် အာဟာရဖြည့်စွက်စာများ စားခြင်းဖြင့် ပရီဘိုင်အော့တစ်နှင့် အခြား လိုအပ်သော အာဟာရဓာတ်များကို ရယူနိုင်ပါသည်။ ဥပမာအားဖြင့် Similac Mum သည် ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များအတွက် သိပ္ပံနည်းကျ ဖော်စပ်ထားခြင်းကြောင့် ကိုယ်အလေးချိန် အလွန်အကျွံတက်ခြင်း မရှိစေပဲ လိုအပ်သော အာဟာဓာတ်များကို ဖြည့်ဆည်းပေးနိုင်သည်။ ခိုင်မာသော အာဟာရအခြေခံရှိထားခြင်းသည် သင်နှင့် သင့်ကလေး၏ အနာဂတ်ကို ပျော်ရွှင်ကျန်းမာဖို့အတွက် အထောက်အကူပြုနိုင်ပါသည်။ Similac Mum ကို စမ်းသပ်ကြည့်ချင်ပါက Similac Myanmar  website တွင် လာရောက်စာရင်းသွင်းပြီး နမူနာများ ရယူနိုင်ပါသည်။ .4, 5

 

References:

  1. https://www.babycentre.co.uk/a1025252/probiotics-and-prebiotics-in-pregnancy
  2. https://www.parents.com/health/hygiene/5-ways-to-boost-your-kids-gut-health/
  3. https://www.abbott.com/corpnewsroom/products-and-innovation/HMO-fundamentals.html
  4. https://abbottfamily.com.sg/products/page/similac-mum
  5. https://similacmyanmar.com/available-products/#similacMum
  6. https://similacmyanmar.com/mm/product-trial/

Additional References;

  1. Huynh DTT et al. J Matern Fetal Neonatal Med. 2017 May 7: 1-9

 

 

 


သင့်ကလေးသည် လက်တို့စ် နို့သကြားနှင့် ဓာတ်မတည့်ခြင်း ပြဿနာ ရှိနေပါသလား?

သင့်ကလေးသည် လက်တို့စ် နို့သကြားနှင့် ဓာတ်မတည့်ခြင်း ပြဿနာ ရှိနေပါသလား?

အစာချေဖျက်ခြင်းနှင့်ဆိုင်သော ပြဿနာများသည် သင့်ကလေးငယ်ကို မသက်မသာဖြစ်စေနိုင်ပါသည်။ ထိုကဲ့သို့ ပြဿနာများ မကြာခဏဖြစ်ပေါ်နေပါက သင့်ကလေးခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရဓာတ်များကို စုပ်ယူခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်သည့်အပြင် ကြီးထွားခြင်းကိုပါ နှောင့်နှေးစေနိုင်သည်။ သင့်ကလေးငယ်က မကြာခဏလေတက်ခြင်း၊  လေပွလေထခြင်း၊ မအီမသာဖြစ်ခြင်း၊ အစာမမြိုချနိုင်ခြင်း၊ ဝမ်းချုပ်ခြင်းနှင့် ဝမ်းပျက်ဝမ်းလျောခြင်းများ ဖြစ်တတ်ပါသလား။ ဒီလက္ခဏာတွေဟာ (Lactose) လက်တို့စ် နို့သကြားနှင့်  နဲ့ ဓာတ်မတည့်ခြင်းများကြောင့် ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ဓာတ်မတည့်ခြင်း ဟုတ် မဟုတ်ကို သေချာအဖြေရှာပြီး မှန်ကန်တဲ့ ကုသမှုများ ပြုလုပ်ပေးရပါမည်။ ပုံမှန်စားနေကြ အစားအသောက်များမှ ပြောင်းလဲခြင်း (သို့) သောက်သုံးနေကြနို့မှ ကလေးအတွက်ဖော်စပ်စာ (ဥပမာ Similac Total Comfort)များ ပြောင်းလဲ တိုက်ကျွေးခြင်းဖြင့် သင့်ကလေးငယ်၏ ဓာတ်မတည့်ခြင်းပြဿနာများကို ကာကွယ်ပေးနိုင်ပြီး ပျော်ရွှင်စွာ ကြီးထွားဖွံ့ဖြိုးစေနိုင်ပါသည်။1, 2, 3, 4, 5

 

Lactose နှင့် Lactase

Lactase သည် အင်ဇိုင်းတစ်မျိုးဖြစ်ပြီး  နို့ထွက်ပစ္စည်းများ (ဥပမာ နွားနို့၊ ဒိန်ခဲ၊ နို့မှရရှိသော အစားအစာများ၊ နို့ခဲ၊ အဆီမပါသော နို့မှုန့်) မှပါဝင်သော သကြားတစ်မျိုးဖြစ်သည့် Lactose ကိုဖြိုခွဲပေးသည်။ ကလေးများအပါအဝင် လူ၏ခန္ဓာကိုယ်များသည် Lactase ဓာတ်ကို အလုံအလောက် မထုတ်လုပ်ပေးနိုင်ပါက နို့ပရိုတင်းများကို မဖြိုခွဲနိုင်ဘဲ Lactose မခံနိုင်ခြင်း ကိုဖြစ်ပေါ်စေပါသည်။ Lactose သည် တိရစ္ဆာန်အများစု၏ နို့မှ ထုတ်လုပ်သော အစားအစာများဖြစ်သည့် ဒိန်ခဲ၊ ဒိန်ချဉ်၊ ပေါင်မုန့်၊ စီရီရယ်၊ ဒိန်ရည် နှင့် စည်သွပ်ဘူးများတွင် ပါဝင်တက်သော သကြားတစ်မျိုးဖြစ်သည်။ ထို သကြားသည် အစားအစာအများစုတွင်ပါဝင်သည့်အတွက် သင့်ကလေးကြိုက်တတ်သော အစားအစာများတွင်လည်း ပါဝင်နေတတ်ပါသည်။ ထိုသကြားကို Lactase အင်ဇိုင်းသည် အူသိမ်အတွင်း ပိုမိုရှင်းလင်းသော ဂလူးကိုစ့်၊ ဂလက်တိုစ့်နှင့် အခြားဓာတ်များအဖြစ်ဖြိုခွဲပေးပြီး စုပ်ယူစေသည်။

 

ဓာတ်မတည့်ခြင်းလား (သို့ မဟုတ်) မခံနိုင်ခြင်းလား

ဓာတ်မတည့်ခြင်းနှင့် မခံနိုင်ခြင်းတို့ နှစ်ခုတွင် အဓိကကွာခြားချက်မှာ ဓာတ်မတည့်ခြင်း၏ လက္ခဏာများသည် ချက်ချင်း ဖြစ်ပေါ်တတ်ပါသည်။ ဓာတ်မတည့်ခြင်းဆိုသည်မှာ ခန္ဓာကိုယ်၏ ခုခံအားစနစ်သည် နို့မှ ပရိုတင်းနှင့် မကောင်းသော တုံ့ပြန့်မှုများဖြစ်ပေါ်ခြင်းဖြစ်သည်။ ထိုကဲ့သို့ပြဿနာသည် anaphylaxis (အသက်ရှုကြပ် သတိလစ်ခြင်း) ကဲ့သို့ ကျန်းမာရေးအတွက် ကြီးမားသော ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်စေတတ်သည်။ သင့်ကလေးငယ် သည် နို့ထွက်ပစ္စည်းများ စားသောက်ပြီး အင်ပြင်များထခြင်း၊ အသက်ရှုရခက်ခြင်း၊ မျက်နှာရောင်ယမ်းခြင်း၊ ယားယံခြင်းနှင့် အော့အန်ခြင်းများ ဖြစ်ပါက ဓာတ်မတည့်ခြင်း ဖြစ်နေနိုင်ပါသည်။ Lactose မခံနိုင်ခြင်းဖြစ်ပေါ်ရန် အတွက် အချိန်အနည်းငယ်လိုအပ်သည်။ ပုံမှန် ၂၄ နာရီအတွင်းဖြစ်ပေါ်တတ်သည်။ ထို့အပြင် Lactose မခံနိုင်ခြင်းသည် သင့်ကလေးငယ် တွင် ငယ်စဉ်အချိန်မှာ မရှိသော်လည်း နှောင်တစ်ချိန်မှာ ဖြစ်ပေါ်လာနိုင်သည်။ နို့ကို မခံနိုင်ခြင်းသည် အူအတွင်းမှ Lactase ဓာတ်များ လျော့ပါးလာခြင်းကြောင့် ဖြစ်ပေါ်နိုင်သည်။ ခံနိုင်စွမ်းနှင့် အစားအစာ စားသုံးမှုအဆင့်အပေါ်မူတည်ကာ ပြင်းထန်မှုလည်း ကွာခြားနိုင်သည်။ Lactose မခံနိုင်ခြင်း၏ လက္ခဏာများမှာ မအီမသာဖြစ်ခြင်း၊ မူးဝေခြင်း၊ ဗိုက်အောင့်ခြင်း၊ လေပွခြင်း (ဗိုက်ပူနေခြင်း)၊ လေချဉ်များတက်ခြင်း၊ ဝမ်းပျော့ခြင်းနှင့် ဝမ်းသွားခြင်းတို့ ဖြစ်နိုင်သည်။ 2, 3 

 

သက်သာစေမယ့်နည်းလမ်းများ

Lactose မခံနိုင်ခြင်း ကို ဂရုမပြုမိပါက သင့်ကလေးကို အစားကျွေးရန် ခက်ခဲလာတတ်ပြီး သင့်ကလေး၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ သင့်ကလေး၏ နေ့စဉ်အစားအသောက်များမှ မတည့်နိုင်သော အစားအစာများကို ဆန်းစစ်ပြီး မကျွေး ခြင်းဖြင့် သင့်ကလေးငယ်ကို သက်သာအောင် ပြုလုပ်ပေးနိုင်သည်။ လက္ခဏာများ သက်သာလာပါက ကလေးဆရာဝန်၏ အကူအညီဖြင့် ထိုအစားအစာများကို သင့်ကလေးကိုပြန်လည် ကျွေးကြည့်ခြင်းဖြင့် လက္ခဏာများ ပြန်လည် ဖြစ်ပေါ်ြခင်းရှိမရှိ ကိုစောင့်ကြည့်နိုင်သည်။ သင့်ကလေးငယ်က နွားနို့နှင့် မတည့်သဖြင့် ပရိုတင်းနှင့် ကယ်လ်ဆီယမ်တို့ လုံလောက်စွာမရရှိမှာကို သင်စိုးရိမ်နေတယ်ဆိုပါက စိုးရိမ်စရာမလိုပါ။ သင့်ကလေးသည် ကယ်လ်ဆီယမ်ဓာတ်ကို အစိမ်းရောင်အရွက်များဖြစ်သည့် ဟင်းနှနွယ်ရွက်၊ ပန်းပွင့်စိမ်း၊ ကိုက်လံ၊ အစေ့အစံများ (ဗာဒံစေ့)၊ ပဲများ (ပဲကြီး)၊ ငါး (ဆာဒင်းငါး၊ ဆယ်လ်မွန်ငါး) နှင့် ကယ်လ်ဆီယမ်ဖြည့်စွက် အချိုရည်များမှ ရရှိနိုင်သည်။ ပဲပိစပ်နှင့် ဗာဒံစေ့မှထုတ်လုပ်သော အစားအစာများသည်လည်း ပရိုတင်းကြွယ်ဝသောကြောင့် အသား နှင့် နို့အခြေပြုပရိုတင်းများအတွက် အစားထိုးနိုင်သည်။ 4, 5

သို့သော် ကလေးငယ်များသည် ပဲပိစပ်နှင့် ဗာဒံစေ့မှထုတ်လုပ်သော နို့အရသာများကို ကြိုက်လေ့မရှိကြပါ။ ထို့ကြောင့် မိဘများသည် အူလမ်းကြောင်း ကျန်းမာရေးအတွက်  ပရီဘိုင်အိုတစ် ဖိုင်ဘာ နှင့် အခြားလိုအပ်သည့် အာဟာရဓာတ်များ ပါဝင်သော ဖွံ့ဖြိုးဆဲကလေးငယ်အတွက် သင့်တော်သည့် အစားထိုးနို့ ဖော်စပ်စာများကို ရှာဖွေဖို့လိုအပ်သည်။ ဥပမာအားဖြင့် Similac Total Comfort သည် Lactose မပါဝင်ဘဲ အစာခြေရလွယ်ကူသော ပရိုတိန်၊ ပရီဘိုင်အိုတစ်၊ ဗီတာမင်များ နှင့် ကလေးငယ်အစာခြေစနစ်ကို အကူအညီပေးနိုင်သည့် သတ္တုဓာတ်များပါဝင်ပြီး ဓာတ်မတည့်ခြင်းအန္တရာယ်များကိုလည်း လျှော့ချပေးနိုင်သည်။ Similac Total Comfort Stage 3 ၌ ပါဝင်သော TummiCare စနစ်တွင် ပရီဘိုင်အိုတစ် (အက်ဖ်အိုအက်စ်)၊ တစ်ပိုင်းတစ်စဖြိုခွဲထား‌သော ၁၀၀ရာခိုင်နှုန်း နို့ဓမ်းရည်မှ ရသော ပရိုတင်း၊ လက်တို့စ် (ပါ၀င်မှု အလွန်နည်းပါးသော)၊ စားအုံးဆီ မပါ၀င်သော ဟင်းသီးဟင်းရွက်အရောအနှောတို့ ပါ၀င်သည်။

Similac Total Comfort Stage 3 သည် ၉၈% Lactose မပါဝင်ဘဲ အာဟာရဓာတ်များကို ပိုမိုလွယ်ကူစွာ စုပ်ယူနိုင်စေရန်နှင့် ဝမ်းသွားရလွယ်ကူစေရန်အတွက် အုန်းဆီကိုလည်း မထည့်သွင်းထားပါ။ ပိုမိုသိရှိလိုပါက Similac Myanmar တွင်သွားရောက်ကြည့်ရှုနိုင်ပြီး သင့်ကလေးနှင့်တည့်မတည့်စမ်းသပ်ရန် နမူနာများလည်း တောင်းယူနိုင်ပါသည်။ 4, 5

 

References:

  1. https://www.differencebetween.com/difference-between-lactose-and-vs-lactase/
  2. https://www.verywellfamily.com/could-your-toddler-be-lactose-intolerant-4135299
  3. https://healthychildren.org/English/healthy-living/nutrition/Pages/Lactose-Intolerance-in-Children.aspx
  4. https://abbottnutrition.com.my/products/similac-total-comfort

Additional References;

  1. https://similacmyanmar.com/mm/product-trial/
  2. Lasekan et al. (2017),
  3. de Souza et al. (2017),

မိဘတစ်ယောက်အနေဖြင့် သင့်ကလေး၏ အစားအစာ ပြန်အန်ခြင်းကိစ္စကို ရင်ဆိုင်ခြင်း 

မိဘတစ်ယောက်အနေဖြင့် သင့်ကလေး၏ အစားအစာ ပြန်အန်ခြင်းကိစ္စကို ရင်ဆိုင်ခြင်း

သင့်ကလေးသည် အစားစားပြီး မကြာခင် အစာများပြန်၍ အော့အန်တတ်သည်။ အစပိုင်းတွင် သင်သည် ထိုအညစ်အကြေးများ ရှင်းရမည်ကို စိတ်တိုင်းမကျ ဖြစ်နိုင်သော်လည်း ထိုကိစ္စနောက်ကွယ်တွင် ကျန်းမာရေးပြဿနာ ရှိနေနိုင်ပါသည်။ အစာဓာတ်မတည့်ခြင်းကြောင့်လား။ အစာလမ်းကြောင်းထဲရှိ လေကြောင့်လား။ သူတို့သည် ရည်ရွယ်ချက်ရှိရှိ လုပ်တာကြောင့်လား။ ပထမဆုံးအနေနှင့် စိတ်တည်ငြိမ်အောင် လုပ်ပြီး ပြဿနာ၏အရင်းအမြစ်ကို ရှာဖွေပါ။ သင်သည် အစားအစာ စာရင်းကို အစာကြေလွယ်သော အစားအစာရွေးချယ်စရာများအဖြစ် ပြောင်းလဲခြင်းများ လုပ်ထားနိုင်ပြီး အခြားသော အစာခြေခြင်း ပြဿနာများအတွက် ကလေးအတွက် ဖော်စပ်စာ (ဥပမာ Similac Total Comfort) ကို အသုံးပြုနိုင်ပါသည်။1, 2, 3, 4,

 

သင့်တုံ့ပြန်ပုံကို ပြန်လည်ဆန်းစစ်ခြင်း

ဒီလို အစားပြန်အန်ထွက်ခြင်းကြောင့် သင်အနေဖြင့် သင့်ကလေးကို ဆူမိမှာ ဖြစ်ပါသည်။ ကလေးငယ်များသည် သင့်တုံ့ပြန်ပုံကို နားမလည်နိုင်ပဲ သူတို့သည် အဆင်မပြေမှုနှင့် နာကျင်မှုများကိုသာ သိတတ်ကြပါသည်။ သင်၏စိတ်ကို တည်တည်ငြိမ်ငြိမ်ဖြင့် ကိုင်တွယ် ဖြေရှင်းခြင်းသည်သာ အကောင်းဆုံး တုံပြန်ခြင်းဖြစ်သည်။  အစာအော့အန်ခြင်းနှင့် ပြန်ထွေးထုတ်ခြင်းသည် တမင်ပြုလုပ်ခြင်းမျိုးဖြစ်ပါက ကလေးများသည် သူတို့၏လုပ်ရပ်မှာ ပျင်းစရာကောင်းသည်ဟု မကောင်းမှန်း သိပါက နောက်တစ်ကြိမ်ကြလျှင် သူတို့အစားအစာများကို အေးအေးဆေးဆေး စားလိမ့်မည်။1, 2

 

ပြဿနာ၏အရင်းအမြစ်ကို ရှာပါ

ကလေးတိုင်းသည် မတူညီသောအစားအစာ စားသောက်မှုပုံစံရှိတတ်ကြပြီး တစ်ဦးချင်းဆီတွင် ကိုယ်ပိုင် အရသာရွေးချယ်မှုပုံစံ ရှိတတ်ကြသည်။ အစားအစာအတုံး အရမ်းကြီးနေပါသလား။ အစားအစာကို တစ်ကိုက်စာအတုံးသေး အဖြစ်ပြောင်းလဲ၍ အစာချေဖျက်ခြင်းနှင့်မြိုချခြင်း ပြဿနာများ သက်သာစေနိုင်ခြင်းရှိမရှိ ကြည့်ပါ။ အရသာကြောင့် ဤသို့ဖြစ်ရခြင်းလား။ ဟင်းချက်သော ပုံစံကို ပြောင်းလဲကြည့်ပါ။ ကလေးများသည် အရင်တုန်းက အရသာဆိုးများကို ခံစားမိခဲ့ဖူးသောကြောင့် အော့အန်ချင်သောဆန္ဒပြင်းပြနေပါသလား။ များသောအားဖြင့် ရောဂါဖြစ်စဉ်အများစုတွင် အစာဓာတ်မတည့်ခြင်းသည် မျက်နှာနီခြင်းနှင့် အဖုအပိမ့်ထွက်ခြင်းများအနေဖြင့် ပြတတ်သည်။ အော့အန်ခြင်းမှလွဲ၍ သင့်ကလေးသည် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် မအီမသာဖြင့် အဖက်မပါသောအရည်များ ပျို့အန်ခြင်းကို ခံစားရနိုင်သည်။ သင့်ကလေးအစားစားပြီး အဆင်မပြေဖြစ်သည့် လက္ခဏာများကို စောင့်ကြည့်ပြီး မသင်္ကာဖွယ်အစားများကို ဖယ်လိုက်ပါ။ မကောင်းသော အစားအစာစားသောက်မှုပုံစံကို အချိန်ကြာကြာပြုလုပ်နေပါက အာဟာရချို့တဲ့ခြင်း၊ ပုံမှန်မဟုတ်သော ဝမ်းများသွားခြင်း၊ ပြင်းထန်သော အစာဓာတ်မတည့်ခြင်းများ၊ စွမ်းအင်များ လျော့နည်းခြင်းနှင့် ကိုယ်ခံအားစနစ် အားနည်းခြင်းများကို ဖြစ်စေနိုင်ပါသည်။1, 2

 

ကလေးများ၏အာဟာရဓာတ်များကို ပြန်လည်သုံးသပ်ခြင်း

အစားအစာ၏ အရည်အသွေးနှင့် အရသာမကောင်းခြင်းများ မဟုတ်ပါက အစားအစာကိုယ်တိုင်ကပင် အချို့အာဟာရဓာတ်များ ချို့တဲ့နေခြင်းဖြစ်နိုင်ပါသည်။ တစ်ခါတစ်ရံတွင် အချို့အစာများသည် အစာအိမ်အချဉ်ဖောက် ပျို့အန်ခြင်း ဝမ်းဗိုက်ဖောရောင်ခြင်းများဖြစ်စေပြီး အူလမ်းကြောင်းကျန်းမာရေးကို အထောက်အကူပြုသော အလွယ်တကူအစာကြေလွယ်သည့် အစားအစာများကို ပြောင်းလဲဖို့လိုအပ်နိုင်ပါသည်။ ပရီဘိုင်အိုတစ်အမျှင်ဓာတ် များသည် အူလမ်းကြောင်းတွင် ကျန်းမာသော ဘက်တီးရီးယားများ မကောင်းသော ဘက်တီးရီးယားများကို တိုက်ထုတ်ရန်အတွက် လိုအပ်သော စွမ်းအင်ကို ပေးသောကြောင့် အရေးကြီးပါသည်။ ၎င်းတို့သည် အစာချေဖျက်ခြင်း၊ အာဟာရဓာတ်စုပ်ယူနိုင်စွမ်းအားကို တိုးမြှင့်စေခြင်း နှင့် ဝမ်းအလွယ်တကူသွားနိုင်စေခြင်းများဖြင့် ကူညီပေးသည်။ ပရီဘိုင်အိုတစ် အမျှင်ဓာတ်များကြွယ်ဝစွာ ပါဝင်သောအစားများမှာ ငှက်ပျောသီး၊ ပန်းသီး၊ ဘာလီ၊ ဂျုံ နှင့်ကိုကိုးသီး များဖြစ်သည်။ အစားစားနေကျပုံစံ‌ ပြောင်းလဲခြင်းသည် သင့်ကလေး၏နုနယ်သော အစာအိမ်ကို တစ်ခါတစ်ရံ အစာမကြေခြင်းဖြစ်စေတတ်သဖြင့် သတိထားသင့်ပါသည် ။1, 2, 3

သင့်ကလေး၏ အူလမ်းကြောင်းကို ကောင်းမွန်စေရန်အတွက် အစာချေဖျက်ခြင်း ပြဿနာများကို အစားအစာတစ်ခုတည်းနှင့် မဖြေရှင်းနိုင်သောအခါ ကလေးများသည် အလွယ်တကူ အစာချေဖျက်နိုင်သည့် ဖော်မြူလာဖြင့် ထုတ်လုပ်ထားသော ကလေးအတွက် ဖော်စပ်စာများ လိုအပ်လာနိုင်ပါသည်။ ထိုအရာအတွက် Similac Total Comfort က ကူညီပေးနိုင်သည်။ Similac Total Comfort ကလေးအတွက် ဖော်စပ်စာသည် လက်တို့စ် နို့သကြားနှင့် ဓာတ်မတည့်ခြင်းကြောင့် လေပွလေထခြင်း၊ ၀မ်းပျက်၀မ်းလျောခြင်း၊ မအီမသာဖြစ်၍ ငိုယိုခြင်း အစရှိသည့် ၀မ်းဗိုက် ပြဿနာများကို ခံစားနေရသော အသက် ၂နှစ်နှင့် အထက် ကလေးများအတွက် ထုတ်လုပ်ထားသော အစာကြေညက်ပြီး အာဟာရစုပ်ယူမှုလွယ်စေသည့် ဖော်မြူလာဖြစ်သည်။

 

အစာအိမ်ကိုဂရုစိုက်သော အာဟာရဓာတ်စနစ်ဖြင့် ဖော်ထုတ်ထားသော Similac Total Comfort နို့သည် ပရီဘိုင်အိုတစ် (FOS)၊ အစာချေရလွယ်ကူသော Whey ပရိုတင်း၊ Lactose ပါဝင်မှုနည်းပြီး ထူးခြားသော ဟင်းသီးဟင်းရွက်အဆီအရောအစပ်လည်း ပါဝင်ပါသည်။

 

References:

  1. https://moms-den.com/2020/07/28/how-to-stop-child-from-spitting-out-food/
  2. https://yourkidstable.com/baby-spits-out-food/
  3. https://www.julierevelant.com/14-prebiotic-foods-for-kids/
  4. https://abbottnutrition.com.my/products/similac-total-comfort

ကလေးများ အစားမစားရသည့် အကြောင်းအရင်း (၃) ခု

ကလေးများ အစားမစားရသည့် အကြောင်းအရင်း (၃) ခု

ကလေးငယ်များတွင် ဝမ်းဗိုက် အောင့်ခြင်းသည် မကြာခဏ ဖြစ်ပေါ်တတ်ပါသည်။ ဝမ်းဗိုက်အောင့်ခြင်း မကြာခဏ ဖြစ်လာပြီး အစာစားရန် စတင်ငြင်းဆန်လာသောအခါ စိုးရိမ်စရာ ဖြစ်လာသည်။ ထိုအခါ ပုံမှန်စားနေကျ အစားအစာများကို အူလမ်းကြောင်းကျန်းမာရေးကို အထောက်အကူဖြစ်စေသော အစားအစာများနှင့် အစာခြေလမ်းကြောင်း ကောင်းမွန်စေသော နို့ (ဥပမာ– Similac Total Comfort) ကဲ့သို့သော အစားအစာများနှင့် ပြောင်းလဲစားသောက်ခြင်းဖြင့် သက်သာစေပါသည်။ နို့နှင့်ပတ်သက်သော ဓာတ်မတည့်မှုများမှ အူလမ်းကြောင်းဆိုင်ရာ ပြဿနာများအပါအဝင် သင်တို့၏ ကလေးငယ် အဘယ်ကြောင့် အစာစားရန် ငြင်းဆန်နေရသလဲ ဆိုသော အကြောင်းအရင်း သုံးရပ်ကို အောက်တွင် ဖော်ပြထားသည်။ 1, 5

 

GERD လေချဉ်တက်ခြင်း

ထိုအရာသည် အစာနှင့် အစာခြေရည်များ အစာရေမြိုလမ်းကြောင်းအတွင်းသို့ ပြန်တက်လာသောအခါ ဖြစ်ပေါ်တတ်သည်။ ငယ်ရွယ်သောကလေးများတွင် ဖြစ်ပေါ်သောအခါ အသက်ရှူကျပ်ခြင်း၊ သလိပ်သံဖြင့် ခက်ခက်ခဲခဲ အသက်ရှူရခြင်း၊ ကြို့ထိုးခြင်း၊ ခံတွင်းနံ့မကောင်းခြင်း၊ အစာစားရန်ငြင်းဆန်ခြင်း စသောလက္ခဏာများ ဖြစ်ပေါ်တက်သည်ကို သတိထားသင့်သည်။ GERD သည် အများအားဖြင့် သေးငယ်သော ကျန်းမာရေးပြဿနာ ဖြစ်သော်လည်း အချိန်ကာလကြာမြင့်စွာ ဖြစ်ပေါ်လာပါက အစာရေမြိုပြွန် ပျက်စီးခြင်း၊ လုံလောက်သော အာဟာရ စုပ်ယူမှု မပြုနိုင်သောကြောင့် ကြီးထွားမှုနှေးကွေးခြင်း တို့ကိုဖြစ်စေနိုင်သည်။ သင်တို့ရဲ့ကလေးငယ်များကို ကလေးများစားနိုင်သော ပမာဏထက်ပို၍ မကျွေးသင့်ပါ။ GERD ရောဂါလက္ခဏာများကို ပို၍ ဆိုးဝါးလာစေသော ချောကလက်၊ caffeine ဓာတ်ပါသော ဖျော်ရည်များ၊ အစပ်လွန်ကဲသောအစားအစာများ နှင့် ခရမ်းချဉ်သီးကို အခြေခံ ထုတ်လုပ်ထားသော အစားအစာများကို ရှောင်ရှား သင့်ပါသည်။ 1, 4

 

ဓာတ်မတည့်ခြင်း နှင့် အစာအဆိပ်သင့်ခြင်း

သင်၏ ကလေးငယ်သည် အစားအစာ တစ်မျိုးမျိုးနှင့် ဓာတ်မတည့်ခြင်း ဖြစ်ပေါ်နိုင်သလို ထိုဓာတ်မတည့်သော အစားအစာနှင့် ပတ်သက်ဆက်နွယ်နေသော အခြားအမျိုးအမယ်ကိုပါ လက်မခံခြင်းများ ဖြစ်လာသည်။ မိမိတို့ ကလေးငယ်တွင် မည်သည့်အစားအစာများကြောင့် ဓာတ်မတည့်ခြင်းဖြစ်ပေါ်သည် ကို သိရှိနိုင်ရန် အချိန်ပေး၍ စောင့်ကြည့်သင့်ပေသည်။ ဓာတ်မတည့်သော တုံ့ပြန်မှုများဖြစ်သည့် ဝမ်းလျှောခြင်း၊ အင်ပျဉ်ယားနာများဖြစ်ပေါ်ခြင်း၊ အဆိုးဆုံးအခြေအနေတွင် အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်သည့် ဓာတ်မတည့်ခြင်းများသည် ချက်ချင်း သို့မဟုတ် (၂၄) နာရီအတွင်း ဖြစ်ပေါ်လာနိုင်သည်။ သင့်ကလေး တစ်ပါတ်လုံးစားခဲ့သော အစားအစာများကို ဂရုစိုက်စောင့်ကြည့်ခြင်းဖြင့် သံသယရှိသော အစားအစာများကို ဖယ်ထုတ်သင့်သည်။ ဆေးပညာရှင် သို့မဟုတ် အာဟာရပညာရှင်များနှင့်လည်း ဆွေးနွေး တိုင်ပင်သင့်သည်။ အိမ်တွင်အစားအစာများကို ပြင်ဆင်ချက်ပြုတ်ရာတွင် အသားနှင့် ဟင်းသီးဟင်းရွက်များကို ဂရုတစိုက် ဆေးကြောချက်ပြုတ်သင့်သည်။ 1, 3

 

ဝမ်းချုပ်ခြင်း

အရွယ်ရောက်ပြီးသူများတွင်  ဝမ်းချုပ်ခြင်းဖြစ်ပါက အစာစားချင်စိတ်ကို လျော့နည်းစေသည်။ ကလေးငယ်များသည် ဝမ်းချုပ်နေသည်ကို ပြောမပြတတ်သော်လည်း သူတို့မည်သို့ခံစားနေရသည်ကို ပြောပြမှာတော့ အသေအချာပဲ ဖြစ်သည်။ ကလေးငယ်များက ဝမ်းဗိုက်နာကျင်သည်ဟု ပြောသောအခါ ကလေးငယ်များ၏ ဝမ်းဗိုက်ပုံမှန် ဖြစ်မဖြစ် စစ်ဆေးသင့်သည်။ ဝမ်းဗိုက်ဖောရောင်ခြင်း၊ မကြာခဏ ငိုခြင်း၊ စိတ်မကြည်မသာဖြစ်ခြင်းတို့ကို သင်သတိထားမိလျှင် ထိုအချက်များသည် ဝမ်းချုပ်နေခြင်းကြောင့်ဖြစ်နိုင်ပါသည်။ ကလေးများသည် အမျှင်ဓာတ် လုံလောက်စွာ ပါဝင်သော အစားအစာများကို မစားခြင်းနှင့် ရေလုံလောက်စွာ မသောက်ခြင်းတို့ကြောင့် ဝမ်းချုပ်နိုင်ပါသည်။ အမျှင်ဓာတ်ပါဝင်သော အစားအစာပုံစံသည် ဝမ်းအရွယ်အစားကြီးလာစေပြီး ဝမ်းသွားရလွယ်ကူစေသောကြောင့် အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်သော ပန်းသီး၊ ငှက်ပျောသီး၊ ဘာလီ၊ ဂျုံများနှင့် ပဲများကို ကလေး၏အစာစားသောက်မှု ပုံစံတွင်ထည့်သွင်းပေးပါက ဝမ်းချုပ်ခြင်းကို သက်သာစေပါသည်။ 1, 2

ဗိုက်အောင့်ခြင်းအစားစားရန် ငြင်းပယ်ခြင်းတို့ မကြာခဏ ဖြစ်လာသောအခါ စိုးရိမ်ပူပန်မှုကို မြင့်တတ်စေပါသည်။ အလွယ်ကူဆုံးသော ကုသမှုပုံစံတစ်မျိုးမှာ အစားအသောက် မှတစ်ဆင့် ကုသခြင်းဖြစ်သည်။ သို့သော် အစားအစာ တစ်မျိုးတည်းဖြင့် မလုံလောက်သောအခါ ဝမ်းဗိုက်အောင့်ခြင်းကို သက်သာစေသည့် နို့ကဲ့သို့သော (ဖော်စပ်စာ) အာဟာရများ၏ အကူအညီကို လိုအပ်လာနိုင်ပါသည်။ အူလမ်းကြောင်းကျန်းမာရေးကို အထောက်အကူပြုစေသည့် ပရီဘိုင်အောတစ် ( 2’-FL) နှစ်ထပ်ကွမ်းအက်ဖ်အယ်လ် အိတ်ချ်အမ်အို နှင့် နယူကလီရိုတိုက်(ဒ်) နှင့် အရည်အသွေးမြင့်မားသော အမျှင်ဓာတ်များကို သေချာစွာ ပေါင်းစပ်ထုတ်လုပ်ထားသော နို့ (ဖော်စပ်စာ) ကို မှန်ကန်အောင် ရွေးချယ်ရပါမည်။ ထိုအတွက် မိဘများအနေဖြင့် Similac Total Comfort stage 3 ကို ရွေးချယ်နိုင်ပါသည်။ Similac တွင် အမြင်အာရုံနှင့် ဦးနှောက်ဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးနိုင်သော ဒီအိတ်ချ်အေ၊ လူတင်း နှင့် သဘာဝ ဗီတာမင် အီး တို့ ပေါင်းစပ်ပါဝင်ရုံသာမက ရောဂါကာကွယ်မှုကို တိုးစေသော 2’-FL HMO နှင့် Nucleotides၊ အူလမ်းကြောင်းကျန်းမာရေးကို ထောက်ပံ့ပေးသော ပရီဘိုင်အောတစ်များပါ ကြွယ်ဝစွာ ပါဝင်ပါသည်။ ထို့အပြင် ကိုယ်ခံစွမ်းအားစနစ်ကို ဖွံ့ဖြိုးတိုးတတ်စေရန် ကူညီထောက်ပံ့ပေးသော ဗီတာမင် အေ၊ B12၊ စီ၊ ဒီ၊ ဖောလစ်အက်စစ်၊ သံဓာတ်၊ ဆီလီနီယမ်နှင့် ဇင့်ဓာတ်များလည်း ပါဝင်ပါသည်။ ကလေး၏ အစာခြေမှုနှင့် ပတ်သက်သော သတင်းအချက်အလက်များနှင့် Similac နမူနာ ရယူနိုင်ရန် Similac Myanmar သို့ ယနေ့ပဲ လာရောက်လေ့လာလိုက်ပါ။

 

References:

  1. https://www.webmd.com/children/features/digestive-doctor
  2. https://www.everydayhealth.com/constipation/guide/
  3. https://www.everydayhealth.com/allergies/
  4. https://kidshealth.org/en/parents/gerd-reflux.html
  5. https://abbottnutrition.com.my/products/similac-total-comfort
  6. Auestad,Halter et al.2001,
  7. Auestad,Scott et al.2003
  8. Buck R et al.2004
  9. Schaller et al 2004

သင့်ကလေး ဦးနှောက်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးပါသော အာဟာရဓာတ် ၃ မျိုး

သင့်ကလေး ဦးနှောက်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးပါသော အာဟာရဓာတ် မျိုး

သင့်ကလေး၏ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် ပတ်သက်လာလျှင် အပြုသဘောဆောင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှုကို လှုံ့ဆော်သော ပတ်ဝန်းကျင်ကဲ့သို့ အာဟာရဓာတ်ပြည့်ဝခြင်းသည်လည်း အရေးကြီးသည်။ ဦးနှောက်ကို အရေးကြီးသော ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုဟု သတ်မှတ်ထားသောကြောင့် ၎င်းကို အကျိုးအရှိဆုံး အာဟာရဓာတ်များနှင့် ထောက်ပံ့ပေးရန် လိုအပ်သည်။ ယနေ့တွင် သင့်ကလေး၏ ဦးနှောက်စွမ်းရည်ကို တိုးပွားစေရန် အကောင်းဆုံးသော အာဟာရဓာတ်အချို့ နှင့် ကလေးများ၏ အစားအသောက်ရွေးချယ်မှုတို့ကို စူးစမ်းရှာဖွေပေးသွားပါမည်။1  

 

Taurine

Taurine သည် အမိုင်နိုအက်စစ်ဖြစ်ပြီး အခြေခံအားဖြင့် အာရုံကြောစနစ်ဖြစ်သော ကျောရိုးနာ့ဗ်ကြိုး၊ အရိုးစုကြွက်သားများတွင်သာမက ဦးနှောက်ထဲတွင်လည်း အထူးသဖြင့် တွေ့ရသည်။ ၎င်းသည် ဦးနှောက်၏ လုပ်ဆောင်ချက်နှင့် အရည်အသွေးများကြားတွင် အကျိုးရှိရှိ ဆက်သွယ်နိုင်စေသော အာရုံကြော ကြားခံစနစ်တစ်ခုအနေဖြင့် သင့်ကလေး၏ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုကို ကူညီပေးသည်။ ဦး‌နှောက်တစ်ခု ကောင်းမွန်စွာ အလုပ်လုပ်နိုင်စေရန် ကောင်းမွန်သော အထောက်အခံ၊ ကျန်းမာသော ဆဲလ်များ လိုအပ်သည်။ အဖက်ဖက်တွင် ချောမွေ့စွာ လည်ပတ်နေပါက သင့်ကလေးသည် စိတ်ဖိစီးမှုဒဏ်ကို အနည်းငယ်သာ ခံစားရလိမ့်မည်။ Taurine (တော်ရင်း) သည် ငယ်ရွယ်စဉ်အခါတွင် မိခင်၏နို့ရည်မှ ရရှိနိုင်ပြီး အရွယ်ရောက်လာသည့်အခါတွင် အသား၏ ပရိုတိန်းဓာတ်မှ အများဆုံး ရရှိနိုင်ပါသည်။2

အသား အရင်းအမြစ်။   တိရိစ္ဆာန်မှ ရရှိသော နို့ရည်၊ ကလီစာ၊ ကြက်အသည်းအမြစ် (ကလီစာ)၊ သိုးသား၊ ကမာ၊ တီလားပီးယားငါး၊ ဒေသထွက်ရေချိုငါး နှင့် ဥများ။

ကလေးကြိုက်သော အစားအသောက်ပုံစံ။                     နို့ပါသောဖျော်ရည်များ၊ ကြက်အသည်းအမြစ် ထည့်ထားသော ဟင်းသီးဟင်းရွက်ကြော်များ၊ အသားညှပ်ပေါင်မုန့်များ။

အပင်မှရသော အစားအစာ။      ကြက်သွန်ဖြူ၊ ရှိတကဲမှို၊ ပင်လယ်ရေညှိ (ကျောက်ပွင့်)၊ နိုရီ၊ နံနံပင်။

ဟင်းပွဲပုံစံ။       မှိုစွပ်ပြုတ်၊ ဆူရှီ၊ အရွက်အစုံသုပ်များ၊ အသာညှပ်ပေါင်မုန့်များ၊ ကီရှ်ပိုင်မုန့်များ။

 

 အိုမီဂါ (၃) နှင့် အိုမီဂါ (၆) Fatty Acids

အိုမီဂါ (၃) နှင့် အိုမီဂါ (၆) Fatty Acid ကဲ့သို့သော အဆီများသည် သင့်ကလေး၏ အာရုံစူးစိုက်နိုင်စွမ်းနှင့် ဉာဏ်ရည်ထက်မြက်မှုအတွက် အရေးပါသည်။ ၎င်းတို့သည် ဦးနှောက်၏ ဓာတုဖြစ်စဉ်နှင့် ဆဲလ်များတစ်ခုခြင်းဆီ၏ အရည်အသွေး (အာရုံကြော) တို့ကို ထောက်ပံ့ပေးခြင်းဖြင့် ဦးနှောက်ကို အကူအညီပေးသည်။ ထိုအာဟာရဓာတ်များသည် သင့်ကလေးရရှိသော အရည်အသွေး ပိုကောင်းလေလေ သင့်ကလေးအတွက် အကျိုးပိုရှိလေဖြစ်သည့် အာဟာရဓာတ်များထဲမှ တစ်ခုဖြစ်သည်။3, 4

 

  • ကလေးတို့၏ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ပံ့ပေးသည့် လူသိများသော အိုမီဂါ (၃) သည် ဦးနှောက်အလုပ် လုပ်ဆောင်နိုင်ရန်အတွက် စွမ်းအင် ဒီအိတ်ချ်အေ (ဒိုကိုဆာဟက်စစ်နိုရစ် အက်စစ်) ဖြစ်သည်။3, 4
    • အကောင်းဆုံးအရင်းအမြစ်။ ဆယ်လ်မွန်၊ ငါးသလောက်၊ အန်ချိုငါး၊ မြန်မာရေချိုငါး၊ ငါးသေတ္တာ၊ သစ်ကြားသီး၊ လတ်ဆတ်သော သို့မဟုတ် စနစ်တကျထုတ်လုပ်ထားသော ပဲထွက်ပစ္စည်းများ၊ သဘာဝဥများ၊ ကာနိုလာဆီ။

 

  • အိုမီဂါ (၆) သည် အထက်ပါအချက်များကို လုပ်ဆောင်ပေးသည့်အပြင် ကလေး၏ ဦးနှောက်ကို မျိုးရိုးဗီဇအဆင့်အထိ ထောက်ပံ့ပေးသည်။ ဥပမာအားဖြင့် သင့်ကလေးတွင် အမြဲမပြတ် အာရုံမစူးစိုက်နိုင်ခြင်း ပြဿနာများ သို့မဟုတ် စာဖတ်စွမ်းရည် အားနည်းခြင်းများ ရှိနေသည်ကို သင်မကြာခဏသတိထားမိလျှင် အိုမီဂါ (၆) ရောဂါကုထုံးသည် ထိုအခြေအနေ ပြဿနာများကို အစားအစာနှင့် ဖြည့်စွက်စာများမှတစ်ဆင့် ကောင်းမွန်စေသည်။3, 4
    • အကောင်းဆုံးအရင်းအမြစ်။ လတ်ဆတ်သော ပဲပိစပ်၊ ပြောင်းဖူး၊ နေကြာဆီနှင့် နေကြာစေ့၊ အပင်မှရသော အစေ့၊ ထောပတ်သီး၊ မြေပဲထောပတ်၊ အနီရောင်ရှိသော အသား။

အကယ်၍ ဟင်းချက်ရာတွင် အပင်မှရသည့်ဆီကို အသုံးပြုပြီး အပင်နှင့်တိရိစ္ဆာန်တို့၏ ပရိုတင်းများ မျှမျှတတပါဝင်သော အစားအသောက်ပုံစံကို သင့်ကလေးရရှိနိုင်ပါက ၎င်းတို့တွင် Taurine (တော်ရင်း) နှင့် Fatty Acids (ဖက်တီအက်စစ်) နှစ်မျိုးလုံးကို လိုအပ်သောပမာဏအတိုင်း ရနိုင်သည်။ သဘာဝအစားအစာများသည် အကောင်းဆုံးရွေးချယ်မှု ဖြစ်သော်လည်း မိဘများသည် သက်သာလွယ်ကူသော နည်းလမ်းများကို ရွေးချယ်တတ်သောကြောင့် ကလေးများ၏ အစားစားသောပုံစံတွင် ထိုအာဟာရများပါဝင်မှု နည်းပါးသည်။ မိဘများသည် အာဟာရဓာတ်အတွက် အထောက်အကူဖြစ်စေရန် Similac Gain IQ ကဲ့သို့ သိပ္ပံနည်းကျဖော်စပ်ထားသည့် ကလေးများအတွက်ဖော်စပ်စာကို ထည့်သွင်းအသုံးပြုနိုင်ပါသည်။ Similac Gain IQ သည် ဒီအိတ်ချ်အေ၊ အေအေ၊ အိုမီဂါ ၃ နှင့် အိုမီဂါ ၆၊ တောရွင်း၊ ကလိုရင်း၊ သံဓာတ်၊ ဇင့် နှင့် ဗီတာမင် B1၊ B12 စသည့် ဦးနှောက်အတွက် အာဟာရဓာတ် ၁၀မျိုးတို့ ပါဝင်သော ကလေးများအတွက် ဖော်စပ်စာဖြစ်သည်။  ကလေးများ၏နေ့စဉ်အာဟာလိုအပ်ချက်များအတွက် အစားထိုးအနေဖြင့် ဖြည့်စွက်စာများကို ရွေးချယ်မတိုက်ကျွေးမီ တက်ကျွမ်းနားလည်သော ဆေးပညာရှင် သို့မဟုတ် အာဟာရပညာရှင်နှင့် တိုင်ပင်သင့်ပါသည်။ 1 Similac နမူနာရယူလိုခြင်း သို့မဟုတ် အချက်အလက်များပိုမိုသိရှိလိုပါက Similac Myanmar ကို ယနေ့ပဲ လာရောက်လေ့လာလိုက်ပါ။

 

References:

  1. https://www.whattoexpect.com/toddler-nutrition/brain-food-for-kids.aspx
  2. https://www.botanical-online.com/en/food/taurine-rich-food
  3. https://www.unlockfood.ca/en/Articles/Fat/What%E2%80%99s-the-difference-between-omega-3-and-omega-6
  4. https://www.healthline.com/nutrition/omega-3-6-9-overview

Similac Total Comfort formula မှာ ဘာတွေပါသလဲ။

Similac Total Comfort formula မှာ ဘာတွေပါသလဲ။

အာဟာရများ ပြည့်ဝစေရန် ရည်ရွယ်ချက်ဖြင့် အစားအသောက်များစွာ ကျွေးခြင်းသည် တစ်ခါတစ်ရံတွင် ဗိုက်နာခြင်းနှင့် အခြားမသက်မသာ ခြင်းများကို ဖြစ်စေသည်။ အကောင်းဆုံး ကုသမှုမှာ အစာကြေလွယ်သော အစားအစာကို ကျွေးခြင်း၊ အစာအိမ်ကျန်းမာရေးအတွက် ဖော်မြူလာများပံ့ပိုးပေးခြင်းဖြစ်သည်။ သို့သော် ဖော်မြူလာများသည် တူညီစွာဖန်တီးထားပြီး စားအုန်းဆီများ မပါဝင်ခြင်းများ မဟုတ်ပါ။ စားအုန်းဆီများ အမြောက်အများပါဝင်ခြင်းသည် အစာချေဖျက်ခြင်းကို ဟန့်တားစေပြီး ဝမ်းသွားခြင်းကို ခက်ခဲစေကာ အာဟာရစုပ်ယူမှုကို ထိခိုက်စေပါသည်။ ကြေညက်လွယ်သော ပါဝင်ပစ္စည်းများနှင့် အာဟာရဓာတ်များကို ပေါင်းစပ်ပြီး ကိုယ်ခံစွမ်းအားအတွက် အထောက်အပံ့ဖြစ်စေသော Similac Total Comfort သည် ထူးခြားသော TummiCare™ စနစ်နှင့် နူးညံ့သိမ်မွေ့မှုအတွက် သီးသန့် IMMUNIFYⓇ ပေါင်းစပ်မှုဖြင့် ဖော်စပ်ထားသည်။ အစာကြေလွယ်စေရန်အတွက် ဟိုက်ဒရောလစ်ပရိုတင်း၏ ပြိုကွဲမှုနှင့် ကိုယ်ခံစွမ်းအားကို ပံ့ပိုးပေးသည့် ပါဝင် ပစ္စည်း (၁၀) မျိုးအကြောင်းကို လေ့လာရန်အောက်တွင် ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

 

ဘာကြောင့် စားအုန်းဆီ မပါဝင်ရခြင်းသည် အရေးကြီးသော အချက်ဖြစ်သနည်း။

ပါဝင်ပစ္စည်းများတွင် စားအုန်းဆီ ပါဝင်ပစ္စည်းအဖြစ် မကြာခဏဖော်ပြထားသော စားအုန်းဆီသည် ကုန်ကျစရိတ်နည်းသော Fatty acid အစားထိုးစွမ်းအင်အဖြစ် ဖော်စပ်ထားသည်။ ၎င်းသည် အစာကြေဖို့ခက်ပြီး ခန္ဓာကိုယ်၏ ခုခံအားဆဲလ်များ အားကောင်းရန်အတွက် လိုအပ်သော ကျန်းမာရေးနှင့် ညီညွတ်သည့် အဆီဖော်မြူလာများနေရာကို လုယူထားသည်။ ၎င်းသည် ကယ်လ်ဆီယမ်နှင့် အခြားကျန်းမာသော အဆီများ စုပ်ယူမှုကို တားဆီးပြီး ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို အနှောက်အယှက်ပေးသည်။ အကောင်းဆုံး fatty acid ပါဝင်မှုရှိသော ထူးခြားသည့် GMO မဟုတ်သော ဟင်းသီးဟင်းရွက်ဆီများ (ဥပမာ – Safflower Oil, Soy Oil, Coconut Oil) တို့မှ ထုတ်လုပ်ထားသောကြောင့် Similac Total Comfort သည် ဆဲလ်များကို မှန်ကန်သောစွမ်းအင်ကို ပေးစွမ်းနိုင်ပြီး အစာကြေလွယ်သွားစေသည်။

 

TummicareTM System ဆိုတာဘာလဲ။

၁၅ နှစ်ကြာ သိပ္ပံနည်းကျ သုတေသနပြုထားသော Similac Total Comfort’s TummiCareTM System သည် သင့်ကလေး၏ လွယ်ကူစွာ အစာခြေခြင်းနှင့် ပရိဘိုင်အိုတစ် hydrolyzed ပရိုတင်း၏ တစ်စိတ်တစ်ပိုင်း ဖော်မြူလာဖြစ်ပြီး 2’fucosyllactose (2’FL) သည် သင့်ကလေး၏ ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးသည်။ Whey ပရိုတင်းများ ကြိုတင်ကြေညက်အောင် သို့မဟုတ် သေးငယ်သော ယူနစ်များအဖြစ် ပြိုကွဲသွားသောအခါ ၎င်းသည် သင့်ကလေး၏ ဖွံ့ဖြိုးဆဲ အစာခြေစနစ်အတွက် များစွာနူးညံ့စေပါသည်။ Hypoallergenic နှင့် Lactose ကင်းစေရန်အတွက်လည်း ထုတ်လုပ်ထားသောကြောင့် Similac Total Comfort သည် နို့်နှင့်ဓာတ်မတည့်သောကြောင့် ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း နှင့် လေပွခြင်းခံစားရခြင်းမှ သက်သာစေသည်။

 

IMMUNIFYR ရောစပ်ခြင်းအကြောင်း

IMMUNIFY® သည် TummiCare™ System တွင် 2’FL အပါအဝင် ဗီတာမင်နှင့် သတ္တုဓာတ် 10 မျိုး ရောစပ်ထားသောကြောင့် ကလေး၏ ဖွံ့ဖြိုးဆဲ ကိုယ်ခံစွမ်းအားကို အကောင်းဆုံး ထောက်ပံ့ပေးသည်။ ရောစပ်ထားသော ဗီတာမင် ၁၀ မျိုးမှာ Vitamin A,B6, B12,C,D၊ Copper, Folic Acid, သံဓာတ်, ဆီလီနီယမ်နှင့် ဇင့်တို့ပါဝင်ပါသည်။ ဤအာဟာရဓာတ်များသည် ခုခံအားဆဲလ်များ သန်မာစေမှု၊ ထုတ်လုပ်ခြင်း၊ တုံ့ပြန်ခြင်း နှင့် ဆဲလ်များ၏ သက်တမ်းကို ကျဆင်းစေသည့် အရင်းမြစ်များကို တိုက်ဖျက်ရန်အတွက် အကောင်းဆုံး ဖြစ်ကြောင်း လူသိများသောကြောင့် Similac Total Comfort သည် သင့်ကလေး၏ ခန္ဓာကိုယ်ကို အကောင်းဆုံး ကာကွယ်မှုဖြင့် ပံ့ပိုးပေးပါသည်။ သင့်ကလေးရဲ့ခန္ဓာကိုယ်က အပြည့်အဝအကာအကွယ်ရနေသောအခါ ခန္ဓာကိုယ်မှ လိုအပ်သော အာဟာရများကို ပိုမိုထိရောက်စွာ စုပ်ယူနိုင်ပြီး ကလေးငယ်၏ နူးညံ့သော အစာခြေစနစ်ကို လွယ်ကူစေပါတယ်။2,4,5

အာဟာရပြည့်ဝစွာရရှိခြင်းသည် သင့်ကလေး၏ အကောင်းဆုံးပုံစံသို့ ကြီးပြင်းလာစေရန် အခြေခံအုတ်မြစ်ဖြစ်သည်။ အစားအသောက်များရဲ့တံဆိပ်ရှိ ပါဝင်ပစ္စည်းများကိုဖတ်ပြီး စားအုန်းဆီကဲ့သို့သော ပါဝင်ပစ္စည်းများ၏ အာနိသင်နှင့် သင့်ကလေး၏ အစာခြေစနစ်အပေါ် အကျိုးသက်ရောက်ပုံကို လေ့လာရန် မမေ့ပါနှင့်။ အစားအစာနှင့်အတူ Similac Total Comfort ဖြင့် အစာခြေခြင်းနှင့် ကိုယ်ခံစွမ်းအားဆိုင်ရာထောက်ပံ့မှု နှစ်ခုလုံးအတွက်အကောင်းဆုံး အာဟာရထောက်ပံ့မှု ကိုရယူလိုက်ပါ။ 1, 6

 

References:

  1. https://abbottnutrition.com/similac-total-comfort-20
  2. https://abbottfamily.com.sg/products/page/similac-total-comfort-3
  3. https://www.naturesone.com/blog/palm-oil/
  4. https://abbottfamily.com.sg/2-fl
  5. https://abbottfamily.com.sg/articles/baby/things-you-need-to-know-about-2-fl
  6. https://abbottnutrition.com.my/products/similac-total-comfort

Additional Readings:

  1. https://www.ncbi.nlm.nih.gov/pmc/articles/PMC7019891/

ကလေးများရဲ့ သင်ယူမှုကို အားပေးရန် အကြံပြုချက်များ

ကလေးများရဲ့ သင်ယူမှုကို အားပေးရန် အကြံပြုချက်များ

ကလေးများသည် ၎င်းတို့ဖြစ်ချင်သည့်အရာများကို ပုံပြင်များဖြင့် ပြောပြခြင်းကို သဘောကျကြပြီး မိဘများအနေဖြင့် ၎င်းအချက်ကို အသုံးချ၍ ကလေးများ ဖြစ်ချင်သည့်အရာများကို တိုးတက်ဖြစ်ထွန်းစေရန် ကူညီပေးပါ။ သူတို့၏ အတွေးများသည် အထင်ကြီးလောက်စရာသာမက သူတို့ရဲ့ ဦးနှောက်တွေဟာရေမြှပ်ကဲ့သို့ အာဟာရကိုစုပ်ယူပြီး ဦးနှောက်လုပ်ဆောင်ချက်များကို မြင့်တင်ပေးရာတွင် အထောက်အကူပြုသည်။ ငယ်ရွယ်သည့် အချိန်တွင် အသစ်များသင်ယူခြင်းနှင့် စဉ်းစားတွေးခေါ်ခြင်းများတိုးတက်စေသည့်အကောင်းဆုံးအချိန်ဖြစ်သောကြောင့် အာဟာရများနှင့် ကြီးထွားမှုကို တိုးတက်စေသည့် ဖော်စပ်စာ နို့ ( ဥပမာ Similac Gain IQ) များဖြင့် ပံ့ပိုးပေးသင့်သည်။4,5

 

သရုပ်ဖော်ကစားခြင်းသည် လက်တွေ့ဘဝအတွက် အကျိုးရှိသည်။

ကလေးအား ကစားခွင့်ပေးခြင်းသည် လွတ်လပ်သော တွေးခေါ်မှုနှင့်ရွေးချယ်မှုတို့ကို ကျွမ်းကျင်စေသည်။ အကြိုက်ဆုံးဇာတ်ကောင်များ သို့မဟုတ် ကာတွန်းများကို သရုပ်ဖော်ခြင်းဖြင့် ကလေးများရဲ့ မှတ်ဉာဏ်ထဲမှာ အမည်များ၊ အရောင်များ၊ ပုံသဏ္ဍန်များ နှင့် အသံများကို ချိတ်ဆက်မှတ်သားနိုင်စေပါတယ်။ အရုပ်များကို ပံ့ပိုးပေးပြီး ၎င်းတို့၏ ဇာတ်လမ်းများကို ဖွံ့ဖြိုးတိုးတက်စေရန် အကူအညီဖြစ်စေသည့် မေးခွန်းများကို မေးပြီး အတူကစားပါ။ 

 

ဆန်းသစ်သော အတွေးအခေါ်များနှင့် စနစ်ကျသော စဉ်းစားခြင်းများအတွက်ဘယ်တော့မှ မစောပါ။

ဝေဖန်ပိုင်းခြားပြီး ကျိုးကြောင်းဆီလျော်စွာ တွေးခေါ်နိုင်ခြင်းသည် ကလေး၏ ပတ်ဝန်းကျင်အပေါ် နားလည်နိုင်စွမ်းကို တိုးတက်စေပါသည်။ ထိုအရည်အချင်းများကို နေ့စဉ်ထိတွေ့ဆက်ဆံမှုများနှင့် ချိတ်ဆက်မှုများပြုလုပ်နိုင်ပါတယ် ( ဥပမာ – မိုးရွာပါက ရေမစိုစေဖို့ ထီးဆောင်ရန်)။ ဖြေရှင်းချက်များကို လှုံ့ဆော်ပေးပြီး ဘယ်သူ၊ ဘယ်အရာ၊ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘာကြောင့် နှင့် ဘယ်လိုဆိုသည့် အရာများကို အချိန်နှင့်အလိုက် ၎င်းတို့၏ တုံ့ပြန်မှုများကို နားထောင်ပေးပါ။ အရုပ်များ သို့မဟုတ် အဝတ်အစားများကို အရောင်များ၊ ပုံသဏ္ဍန်များ သို့မဟုတ် အပြင်အဆင်များဖြင့် စုစည်းခြင်းသည် ၎င်းတို့၏ မှတ်ဉာဏ်ကို ပြန်လည်မှတ်မိစေရန်နှင့် နှိုင်းယှဉ်ရန်၊ ခြားနားချက်များသိရှိရန်နှင့် စဉ်းစားတွေးခေါ်မှု စွမ်းရည်ကို မြှင့်တင်ပေးမည် ဖြစ်သည်။ ဤအရာများကို ပြုလုပ်နေသော အချိန်တွင် သင့်ကလေးသည် သင်ယူနေဆဲဖြစ်ပြီး သင်သဘောမတူသော အဖြေများကို ပေးနိုင်သောကြောင့် သင့်ခံစားချက်များကို ထိန်းထားပါ။ သင့်ကလေးရဲ့ စိတ်နေသဘောထားသည် သင့်ရဲ့အပြုအမူပေါ်မူတည်သောကြောင့် ချက်ချင်းဝင်ရောက် စွက်ဖက်ခြင်းကို မပြုလုပ်ဘဲ ၎င်းတို့ကို မေးမြန်းခြင်း သို့မဟုတ် အခြားဖြေရှင်းနိုင်မဲ့ နည်းလမ်းများကို ပြောပြခြင်းများ ပြုလုပ်ပါ။1,2

 

ကောင်းမွန်သောအာဟာရများသည် အရေးကြီးသည်။

အစားသောက်ကောင်းများသည် သင်ယူထားသော အမူအကျင့်များနှင့် တွဲလျက်ရှိသည်။ ဦးနှောက်ကို အထောက်အပံ့ဖြစ်စေသော အာဟာရဓာတ်များ ကောင်းမွန်စွာ ပြည့်ဝနေသော ကလေးသည် အာရုံစူးစိုက်မှုကို ပိုမိုကောင်းစေပြီး တည်ငြိမ်သော စွမ်းအင်ကို ရရှိမည်ဖြစ်သည်။ ဦးနှောက်စွမ်းအင်ကို ထောက်ပံ့ပေးရန်အတွက် အကောင်းဆုံး အာဟာရများမှာ Fatty acid၊ ဇင့်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ Vitamin C နှင့် ပရိုတင်းတို့ ဖြစ်သည်။ သတင်းကောင်းမှာ ထိုအာဟာရများသည် သင့်ကလေး၏ အကြိုက်ဆုံး အစားအစာများ ဖြစ်သည့် အခွံမာသီးနှင့် ပြုုလုပ်ထားသော အစာပြေများ၊ ပင်လယ်စာများ၊ ငှက်ပျောသီး၊ ပါစတာဆော့စ်များ၊ အခွံမာသီး ထောပတ်သုတ်လိမ်းထားသော ပေါင်မုန့်များ၊ နှင့် ချဉ်သော အသီးဖျော်ရည်တို့မှ ရရှိနိုင်ပါသည်။3,4

သို့သော်ကလေးများသည် တချို့သော အစားအစာများကို မကြိုက်ပါက ငြင်းကြပါလိမ့်မည်။ ထိုအခါ မိဘများက ကလေးကို ကောင်းမွန်သော အာဟာရဓါတ်များ ရရှိစေဖို့ ဖော်စပ်စာနို့ကိုတိုက်ကျွေးသင့်ပါတယ် ။ Similac Gain IQ တွင် DHA( Docosahexaenoic Acid ဦးနှောက်၏လုပ်ဆောင်ချက်ကိုကောင်းမွန်စေရန် Fatty acid အများဆုံးထုတ်ပေးပြီး ခုခံအားဆဲလ်များကို သန်မာစေကာ) Lutein နှင့် Vitamin E တို့သည် အမြင်အာရုံနှင့် ဦးနှောက်၏ ဖွံ့ဖြိုးမှုကို တိုးတက်စေရန် ထောက်ပံ့ပေးသည့် အာဟာရများထူးခြားစွာ ပေါင်းစပ် ပါဝင်ပါသည်။5,6 သင့်ကလေးနှင့်အတူ စကားပြောခြင်း၊ သင်ကြားခြင်း၊ သင်ယူခြင်းနှင့် စူးစမ်းလေ့လာခြင်းများ အတူတကွပြုလုပ်ပေးပါ။ လူမှုဆက်ဆံရေးနှင့် သင့်ကလေးကိုသင်ကြားပေးတဲ့အရာများက သင့်ကလေးကို ရှင်သန်ကြီးထွားအောင် ကူညီပေးတဲ့ အာဟာရလို အရေးကြီးပါတယ်။ ကလေးများ၏ နေ့စဉ်အာဟာရဆိုင်ရာ လိုအပ်ချက်များကို ဖြည့်စွက်ရန်အတွက် ကြီးထွားဖွံ့ဖြိုးစေရန် ကူညီပေးသည့် ဖြည့်စွက်နို့များ မကျွေးမီ တက်ကျွမ်းနားလည်သော ဆေးပညာရှင် သို့မဟုတ်အာဟာရပညာရှင်နှင့် တိုင်ပင်သင့်ပါသည်။

 

References:

  1. https://www.zerotothree.org/resources/1290-developing-thinking-skills-from-24-36-months
  2. https://www.brighthorizons.com/family-resources/developing-critical-thinking-skills-in-children
  3. https://www.brainbalancecenters.com/blog/nutrition-adhd-kid-friendly-foods-enhance-focus
  4. https://abbottfamily.com.sg/products/page/similac-2-fl-stage4
  5. Auestad,Halter et al.2001,
  6. Auestad,Scott et al.2003

သင့်ကလေး၏ မျက်လုံးကျန်းမာရေးကို အထောက်အကူပြုသော အာဟာရများ

သင့်ကလေး၏ မျက်လုံးကျန်းမာရေးကို အထောက်အကူပြုသော အာဟာရများ

အာဟာရသည် သင့်ကလေး၏ သင်ယူနိုင်မှုနှင့် ဆော့ကစားလိုစိတ်ပေါ်တွင် ကြီးမား သော သက်ရောက်မှုရှိသည်ကို သင်သိပါသလား။ ၎င်းတို့၏ ခုခံအားစနစ် သန်စွမ်းခြင်းသည် မျက်စိအမြင် အာရုံကို ထိခိုက်စေပါသလား။ စာသင်ခန်းထဲတွင် သင့်ကလေး ဘယ်လောက်ကောင်းကောင်းလုပ်နိုင်သလဲ ဆိုသည့် အချက်များစွာရှိပါသည်။ ကောင်းမွန်စွာစာသင်ယူခြင်းနှင့် စည်းကမ်းလိုက်နာခြင်းတို့ကို အားပေးခြင်းအပြင် အာဟာရနှင့် မျက်လုံးကျန်းမာရေးသည်လည်း သင့်ကလေးအတွက် အရေးကြီးပါသည်။ မျက်လုံး၊ ဦးနှောက်နှင့် ကိုယ်ခံစွမ်းအားကို ပံ့ပိုးပေးသည့် အရေးကြီးသော အာဟာရများအကြောင်း၊ ၎င်းတို့ကို အစားအစာများမှ ရရှိနိုင်ခြင်းနှင့် ကြီးထွားဖွံ့ဖြိုးမှုကောင်းစေရန် ရွေးချယ်စရာ ဖော်စပ်စာ နို့ ( ဥပမာ Similac Gain IQ) အကြောင်းများကို လေ့လာပါမည်။

 

မျက်လုံးတွင် သွေးကြောများ အချိန်ကြာမြင့်စွာ ရောင်ရမ်းခြင်းကြောင့် အမြင်အာရုံထိခိုက်ခြင်း

ခြေဆစ် လက်ဆစ် များ ရောင်ယမ်းခြင်းကြောင့် စိတ်ကသိကအောင့်ဖြစ်သကဲ့သို့ပင်

မျက်လုံးနှင့် အမြင်အာရုံဆိုင်ရာ ဆဲလ်များ ရောင်ယမ်းခြင်းများသည် သက်ဆိုင်ရာ ဆဲလ်များကို ဝန်ထုတ်ဝန်ပိုး ဖြစ်စေကာ အမြင်အာရုံ ချို့ယွင်းခြင်းကို ဖြစ်ပေါ်စေသည်။ မျက်လုံးတွင် သွေးကြောများ ဆက်တိုက်ရောင်ရမ်းနေပါက ကလေးသည် စောစီးစွာ အမြင်အာရုံ ချို့ယွင်းလာနိုင်သည်။ မျက်လုံးအနားတစ်ဝိုက် အချိန်ကြာကြာ နီမြန်းခြင်း၊ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊ အဖျားတက်ခြင်း သို့မဟုတ် ပင်ပန်းနွမ်းနယ်ခြင်းများသည် အမြင်အာရုံ အားနည်းခြင်း ရောဂါ၏ ရှေ့ပြေးလက္ခဏာများဖြစ်သည်။ ခုခံအား နှင့် သွေးစီးဆင်းမှုကို တိုးမြှင့်ပေးသည့် Vitamin B6, B12, ဖောလစ်အက်စစ်၊ နှင့် သံဓာတ်တို့မှလည်း အမြင်အာရုံအတွက် လိုအပ်သော အာဟာရဓါတ်များကို ရရှိနိုင်ပါသည်။ ၎င်းတို့ကို အဆီနည်းပြီး နီသော အသား၊ အစေ့အဆန်များ၊ ပဲများနှင့် အားဖြည့်ထားသော အစားအစာများတွင် တွေ့ရှိရပါသည်။1,2

 

အမြင်အာရုံ အတွက် ထောက်ပံ့ပေးသော Lutein ပါဝင်သော အသီးအနှံ့များ

အသီးအနှံ/အပင်များ၏ အရောင်များတွင် ပါဝင်သော Lutein သည် မျက်လုံး၏ macula ကို ထောက်ပံ့ပေးသော သန်မာသည့် antioxidant ဖြစ်သည်။ မျက်စိမှ ဦးနှောက်အတွင်းရှိ အမြင်အာရုံဆိုင်ရာ ဦးနှောက်အပြင်လွှာဆီသို့ သတင်းအချက်အလက် များပေးပို့ရန် အရေးကြီးပြီး ၎င်းသည် သင့်ကလေးရဲ့အမြင်အာရုံကို ကူညီပေးသည်။ ဟု ဆိုလိုပါသည်။ Lutein ကို ဟင်းနုနွယ်ရွက်၊ မုန်ညင်းရွက် သို့မဟုတ် ခရမ်းချဉ်သီး၊ ဥအမျိုးမျိုး၊ ပြောင်းဖူး၊ ကီဝီသီး၊ စပျစ်သီး နှင့် လိမ္မော်သီး ကဲ့သို့သော အစိမ်းအရင့်ရောင်ရှိသည့် ဟင်းသီးဟင်းရွက်များတွင် အများဆုံးတွေ့ရှိရပါသည်။3

 

အမြင်အာရုံနှင့် ဦးနှောက်ဖွံ့ဖြိုးမှု အတွက် ထောက်ပံ့ပေးမယ့် RRR, Vitamin E 

Vitamin E သို့မဟုတ် RRR (alpha–tocopherol) အဖြစ် စာရင်းသွင်းထားသော Vitamin E သည် သိမြင်နိုင်စွမ်း၊ သင်ယူမှုနှင့် အကြားအာရုံများအတွက် ဦးနှောက်အတွင်းရှိ နေရာတစ်ခုမှ အသုံးပြုသည့် အာဟာရတစ်ခုဖြစ်သည်။ ၎င်းသည် ဆဲလ်များ၏ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်စဉ်ကို ကာကွယ်ပေးသည့် အားကောင်းသော antioxidant တစ်မျိုးဖြစ်ပြီး ဓာတ်တိုးမှုကြောင့် ပျက်စီးလွယ်သည့် အာဟာရဓာတ်များ၏ သက်တမ်းကိုကြာရှည်အောင် ပြုလုပ်ပေးသည်။ သင့်ကလေး၏ နူးညံ့သော မျက်လုံးများသည် ဓါတ်တိုးပစ္စည်းများနှင့် နေ့စဉ် ထိတွေ့မှုများ ရှိနေသည့်အတွက် ဟင်းသီးဟင်းရွက်များမျိုးစုံ၊ ပင်လယ်စာများ၊ အဆံများ နှင့် ကျန်းမာရေးနှင့်ညီညွတ်သည့် ဟင်းသီးဟင်းရွက်ဆီများတို့ဖြင့် ဖြည့်တင်းပေးရန် လိုအပ်သည်။ 4,5

 

DHA ဆဲလ်များအတွက် အရေးကြီးသော Fatty acids

Docosahexaenoic acid သည် ကလေး၏ ခန္ဓာကိုယ်တွင်းရှိ ဆဲလ်များအတွက် အရေးကြီးသော Fatty acids ထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် ဦးနှောက် လုပ်ဆောင်ချက်များကို ကောင်းမွန်စေရုံသာမက ခုခံအားဆဲလ်များကို အားကောင်းစေကာ မျက်လုံးအတွင်းရောင်ရမ်းမှုကို လျှော့ချပေးပြီး လုပ်ဆောင်နိုင်စွမ်းကို တိုးတက်စေပါသည်။ Lutein အလားတူ DHA သည် ဓာတ်တိုးဆန့်ကျင်မှုတို့ကို ခံရသောကြောင့် ဗီတာမင် E ကြွယ်ဝသော အစားအစာများဖြင့် စုပ်ယူမှုကို မြှင့်တင်နိုင်ပါသည်။ တူနာငါးနှင့် ဆာမွန်ငါးကဲ့သို့ အဆီများသောငါးများတွင် အများစုတွေ့ရှိရပြီး DHA ကို အားဖြည့်ထားသော အစားအစာများ၊ နို့ သို့မဟုတ် ဖော်စပ်စာနို့ စသည့် အစားထိုးသောက်စရာများ၊ အဆာပြေမုန့်များနှင့် ဥအမျိုးမျိုးတို့မှ ရရှိနိုင်သည်။2,3,5

စာသင်ခန်းထဲတွင် သင့်ကလေးသည် ဘယ်လောက်ကောင်းကောင်း သင်ယူနိုင်မလဲဆိုသည့် အချက်များစွာရှိပါသည်။အခြေအနေများကြောင့် ကြီးထွားဖွံ့ဖြိုးမှုကောင်းစေရန် အစားထိုး အနေဖြင့် ဖော်စပ်စာနို့ တိုက်ခြင်းသည်လည်း သင့်ကလေးအစားအစာ၏ အစိတ်အပိုင်းတစ်ခုဖြစ်လာနိုင်ပါသည်။  DHA ကဲ့သို့ အရေးကြီးသော အာဟာရ အတွက် Similac Gain IQ သည် ကူညီပေးနိုင်သည်။ DHA, Lutein နှင့် သဘာဝ Vitamin E တို့၏ ထူးခြားသော ပေါင်းစပ်မှုများက အမြင်အာရုံနှင့် ဦးနှောက်ဖွံ့ဖြိုးမှုကို ပံ့ပိုးပေးသည်။6,7 ကလေးများ၏နေ့စဉ်အာဟာလိုအပ်ချက်များအတွက် အစားထိုးအနေဖြင့် ဖြည့်စွက်စာများကို ရွေးချယ်မတိုက်ကျွေးမီ တက်ကျွမ်းနားလည်သော ဆေးပညာရှင် သို့မဟုတ် အာဟာရပညာရှင်နှင့် တိုင်ပင်သင့်ပါသည်။

 

References:

  1. https://my.clevelandclinic.org/health/diseases/21089-uveitis-in-children-and-adolescents
  2. https://nutrition.abbott/in/clinical-studies/optigro
  3. https://health.usnews.com/wellness/food/articles/2017-09-08/5-nutrients-to-improve-your-kids-brain-health
  4. https://www.eyesiteonwellness.com/improving-eyesight-with-a-capital-e-the-little-known-benefits-of-a-vitamin/