Category: Nutrition Facts

သင့်ကလေး ဦးနှောက်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးပါသော အာဟာရဓာတ် ၃ မျိုး

သင့်ကလေး ဦးနှောက်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးပါသော အာဟာရဓာတ် မျိုး

သင့်ကလေး၏ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် ပတ်သက်လာလျှင် အပြုသဘောဆောင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှုကို လှုံ့ဆော်သော ပတ်ဝန်းကျင်ကဲ့သို့ အာဟာရဓာတ်ပြည့်ဝခြင်းသည်လည်း အရေးကြီးသည်။ ဦးနှောက်ကို အရေးကြီးသော ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုဟု သတ်မှတ်ထားသောကြောင့် ၎င်းကို အကျိုးအရှိဆုံး အာဟာရဓာတ်များနှင့် ထောက်ပံ့ပေးရန် လိုအပ်သည်။ ယနေ့တွင် သင့်ကလေး၏ ဦးနှောက်စွမ်းရည်ကို တိုးပွားစေရန် အကောင်းဆုံးသော အာဟာရဓာတ်အချို့ နှင့် ကလေးများ၏ အစားအသောက်ရွေးချယ်မှုတို့ကို စူးစမ်းရှာဖွေပေးသွားပါမည်။1  

 

Taurine

Taurine သည် အမိုင်နိုအက်စစ်ဖြစ်ပြီး အခြေခံအားဖြင့် အာရုံကြောစနစ်ဖြစ်သော ကျောရိုးနာ့ဗ်ကြိုး၊ အရိုးစုကြွက်သားများတွင်သာမက ဦးနှောက်ထဲတွင်လည်း အထူးသဖြင့် တွေ့ရသည်။ ၎င်းသည် ဦးနှောက်၏ လုပ်ဆောင်ချက်နှင့် အရည်အသွေးများကြားတွင် အကျိုးရှိရှိ ဆက်သွယ်နိုင်စေသော အာရုံကြော ကြားခံစနစ်တစ်ခုအနေဖြင့် သင့်ကလေး၏ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုကို ကူညီပေးသည်။ ဦး‌နှောက်တစ်ခု ကောင်းမွန်စွာ အလုပ်လုပ်နိုင်စေရန် ကောင်းမွန်သော အထောက်အခံ၊ ကျန်းမာသော ဆဲလ်များ လိုအပ်သည်။ အဖက်ဖက်တွင် ချောမွေ့စွာ လည်ပတ်နေပါက သင့်ကလေးသည် စိတ်ဖိစီးမှုဒဏ်ကို အနည်းငယ်သာ ခံစားရလိမ့်မည်။ Taurine (တော်ရင်း) သည် ငယ်ရွယ်စဉ်အခါတွင် မိခင်၏နို့ရည်မှ ရရှိနိုင်ပြီး အရွယ်ရောက်လာသည့်အခါတွင် အသား၏ ပရိုတိန်းဓာတ်မှ အများဆုံး ရရှိနိုင်ပါသည်။2

အသား အရင်းအမြစ်။   တိရိစ္ဆာန်မှ ရရှိသော နို့ရည်၊ ကလီစာ၊ ကြက်အသည်းအမြစ် (ကလီစာ)၊ သိုးသား၊ ကမာ၊ တီလားပီးယားငါး၊ ဒေသထွက်ရေချိုငါး နှင့် ဥများ။

ကလေးကြိုက်သော အစားအသောက်ပုံစံ။                     နို့ပါသောဖျော်ရည်များ၊ ကြက်အသည်းအမြစ် ထည့်ထားသော ဟင်းသီးဟင်းရွက်ကြော်များ၊ အသားညှပ်ပေါင်မုန့်များ။

အပင်မှရသော အစားအစာ။      ကြက်သွန်ဖြူ၊ ရှိတကဲမှို၊ ပင်လယ်ရေညှိ (ကျောက်ပွင့်)၊ နိုရီ၊ နံနံပင်။

ဟင်းပွဲပုံစံ။       မှိုစွပ်ပြုတ်၊ ဆူရှီ၊ အရွက်အစုံသုပ်များ၊ အသာညှပ်ပေါင်မုန့်များ၊ ကီရှ်ပိုင်မုန့်များ။

 

 အိုမီဂါ (၃) နှင့် အိုမီဂါ (၆) Fatty Acids

အိုမီဂါ (၃) နှင့် အိုမီဂါ (၆) Fatty Acid ကဲ့သို့သော အဆီများသည် သင့်ကလေး၏ အာရုံစူးစိုက်နိုင်စွမ်းနှင့် ဉာဏ်ရည်ထက်မြက်မှုအတွက် အရေးပါသည်။ ၎င်းတို့သည် ဦးနှောက်၏ ဓာတုဖြစ်စဉ်နှင့် ဆဲလ်များတစ်ခုခြင်းဆီ၏ အရည်အသွေး (အာရုံကြော) တို့ကို ထောက်ပံ့ပေးခြင်းဖြင့် ဦးနှောက်ကို အကူအညီပေးသည်။ ထိုအာဟာရဓာတ်များသည် သင့်ကလေးရရှိသော အရည်အသွေး ပိုကောင်းလေလေ သင့်ကလေးအတွက် အကျိုးပိုရှိလေဖြစ်သည့် အာဟာရဓာတ်များထဲမှ တစ်ခုဖြစ်သည်။3, 4

 

  • ကလေးတို့၏ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ပံ့ပေးသည့် လူသိများသော အိုမီဂါ (၃) သည် ဦးနှောက်အလုပ် လုပ်ဆောင်နိုင်ရန်အတွက် စွမ်းအင် ဒီအိတ်ချ်အေ (ဒိုကိုဆာဟက်စစ်နိုရစ် အက်စစ်) ဖြစ်သည်။3, 4
    • အကောင်းဆုံးအရင်းအမြစ်။ ဆယ်လ်မွန်၊ ငါးသလောက်၊ အန်ချိုငါး၊ မြန်မာရေချိုငါး၊ ငါးသေတ္တာ၊ သစ်ကြားသီး၊ လတ်ဆတ်သော သို့မဟုတ် စနစ်တကျထုတ်လုပ်ထားသော ပဲထွက်ပစ္စည်းများ၊ သဘာဝဥများ၊ ကာနိုလာဆီ။

 

  • အိုမီဂါ (၆) သည် အထက်ပါအချက်များကို လုပ်ဆောင်ပေးသည့်အပြင် ကလေး၏ ဦးနှောက်ကို မျိုးရိုးဗီဇအဆင့်အထိ ထောက်ပံ့ပေးသည်။ ဥပမာအားဖြင့် သင့်ကလေးတွင် အမြဲမပြတ် အာရုံမစူးစိုက်နိုင်ခြင်း ပြဿနာများ သို့မဟုတ် စာဖတ်စွမ်းရည် အားနည်းခြင်းများ ရှိနေသည်ကို သင်မကြာခဏသတိထားမိလျှင် အိုမီဂါ (၆) ရောဂါကုထုံးသည် ထိုအခြေအနေ ပြဿနာများကို အစားအစာနှင့် ဖြည့်စွက်စာများမှတစ်ဆင့် ကောင်းမွန်စေသည်။3, 4
    • အကောင်းဆုံးအရင်းအမြစ်။ လတ်ဆတ်သော ပဲပိစပ်၊ ပြောင်းဖူး၊ နေကြာဆီနှင့် နေကြာစေ့၊ အပင်မှရသော အစေ့၊ ထောပတ်သီး၊ မြေပဲထောပတ်၊ အနီရောင်ရှိသော အသား။

အကယ်၍ ဟင်းချက်ရာတွင် အပင်မှရသည့်ဆီကို အသုံးပြုပြီး အပင်နှင့်တိရိစ္ဆာန်တို့၏ ပရိုတင်းများ မျှမျှတတပါဝင်သော အစားအသောက်ပုံစံကို သင့်ကလေးရရှိနိုင်ပါက ၎င်းတို့တွင် Taurine (တော်ရင်း) နှင့် Fatty Acids (ဖက်တီအက်စစ်) နှစ်မျိုးလုံးကို လိုအပ်သောပမာဏအတိုင်း ရနိုင်သည်။ သဘာဝအစားအစာများသည် အကောင်းဆုံးရွေးချယ်မှု ဖြစ်သော်လည်း မိဘများသည် သက်သာလွယ်ကူသော နည်းလမ်းများကို ရွေးချယ်တတ်သောကြောင့် ကလေးများ၏ အစားစားသောပုံစံတွင် ထိုအာဟာရများပါဝင်မှု နည်းပါးသည်။ မိဘများသည် အာဟာရဓာတ်အတွက် အထောက်အကူဖြစ်စေရန် Similac Gain IQ ကဲ့သို့ သိပ္ပံနည်းကျဖော်စပ်ထားသည့် ကလေးများအတွက်ဖော်စပ်စာကို ထည့်သွင်းအသုံးပြုနိုင်ပါသည်။ Similac Gain IQ သည် ဒီအိတ်ချ်အေ၊ အေအေ၊ အိုမီဂါ ၃ နှင့် အိုမီဂါ ၆၊ တောရွင်း၊ ကလိုရင်း၊ သံဓာတ်၊ ဇင့် နှင့် ဗီတာမင် B1၊ B12 စသည့် ဦးနှောက်အတွက် အာဟာရဓာတ် ၁၀မျိုးတို့ ပါဝင်သော ကလေးများအတွက် ဖော်စပ်စာဖြစ်သည်။  ကလေးများ၏နေ့စဉ်အာဟာလိုအပ်ချက်များအတွက် အစားထိုးအနေဖြင့် ဖြည့်စွက်စာများကို ရွေးချယ်မတိုက်ကျွေးမီ တက်ကျွမ်းနားလည်သော ဆေးပညာရှင် သို့မဟုတ် အာဟာရပညာရှင်နှင့် တိုင်ပင်သင့်ပါသည်။ 1 Similac နမူနာရယူလိုခြင်း သို့မဟုတ် အချက်အလက်များပိုမိုသိရှိလိုပါက Similac Myanmar ကို ယနေ့ပဲ လာရောက်လေ့လာလိုက်ပါ။

 

References:

  1. https://www.whattoexpect.com/toddler-nutrition/brain-food-for-kids.aspx
  2. https://www.botanical-online.com/en/food/taurine-rich-food
  3. https://www.unlockfood.ca/en/Articles/Fat/What%E2%80%99s-the-difference-between-omega-3-and-omega-6
  4. https://www.healthline.com/nutrition/omega-3-6-9-overview

Similac Total Comfort formula မှာ ဘာတွေပါသလဲ။

Similac Total Comfort formula မှာ ဘာတွေပါသလဲ။

အာဟာရများ ပြည့်ဝစေရန် ရည်ရွယ်ချက်ဖြင့် အစားအသောက်များစွာ ကျွေးခြင်းသည် တစ်ခါတစ်ရံတွင် ဗိုက်နာခြင်းနှင့် အခြားမသက်မသာ ခြင်းများကို ဖြစ်စေသည်။ အကောင်းဆုံး ကုသမှုမှာ အစာကြေလွယ်သော အစားအစာကို ကျွေးခြင်း၊ အစာအိမ်ကျန်းမာရေးအတွက် ဖော်မြူလာများပံ့ပိုးပေးခြင်းဖြစ်သည်။ သို့သော် ဖော်မြူလာများသည် တူညီစွာဖန်တီးထားပြီး စားအုန်းဆီများ မပါဝင်ခြင်းများ မဟုတ်ပါ။ စားအုန်းဆီများ အမြောက်အများပါဝင်ခြင်းသည် အစာချေဖျက်ခြင်းကို ဟန့်တားစေပြီး ဝမ်းသွားခြင်းကို ခက်ခဲစေကာ အာဟာရစုပ်ယူမှုကို ထိခိုက်စေပါသည်။ ကြေညက်လွယ်သော ပါဝင်ပစ္စည်းများနှင့် အာဟာရဓာတ်များကို ပေါင်းစပ်ပြီး ကိုယ်ခံစွမ်းအားအတွက် အထောက်အပံ့ဖြစ်စေသော Similac Total Comfort သည် ထူးခြားသော TummiCare™ စနစ်နှင့် နူးညံ့သိမ်မွေ့မှုအတွက် သီးသန့် IMMUNIFYⓇ ပေါင်းစပ်မှုဖြင့် ဖော်စပ်ထားသည်။ အစာကြေလွယ်စေရန်အတွက် ဟိုက်ဒရောလစ်ပရိုတင်း၏ ပြိုကွဲမှုနှင့် ကိုယ်ခံစွမ်းအားကို ပံ့ပိုးပေးသည့် ပါဝင် ပစ္စည်း (၁၀) မျိုးအကြောင်းကို လေ့လာရန်အောက်တွင် ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

 

ဘာကြောင့် စားအုန်းဆီ မပါဝင်ရခြင်းသည် အရေးကြီးသော အချက်ဖြစ်သနည်း။

ပါဝင်ပစ္စည်းများတွင် စားအုန်းဆီ ပါဝင်ပစ္စည်းအဖြစ် မကြာခဏဖော်ပြထားသော စားအုန်းဆီသည် ကုန်ကျစရိတ်နည်းသော Fatty acid အစားထိုးစွမ်းအင်အဖြစ် ဖော်စပ်ထားသည်။ ၎င်းသည် အစာကြေဖို့ခက်ပြီး ခန္ဓာကိုယ်၏ ခုခံအားဆဲလ်များ အားကောင်းရန်အတွက် လိုအပ်သော ကျန်းမာရေးနှင့် ညီညွတ်သည့် အဆီဖော်မြူလာများနေရာကို လုယူထားသည်။ ၎င်းသည် ကယ်လ်ဆီယမ်နှင့် အခြားကျန်းမာသော အဆီများ စုပ်ယူမှုကို တားဆီးပြီး ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို အနှောက်အယှက်ပေးသည်။ အကောင်းဆုံး fatty acid ပါဝင်မှုရှိသော ထူးခြားသည့် GMO မဟုတ်သော ဟင်းသီးဟင်းရွက်ဆီများ (ဥပမာ – Safflower Oil, Soy Oil, Coconut Oil) တို့မှ ထုတ်လုပ်ထားသောကြောင့် Similac Total Comfort သည် ဆဲလ်များကို မှန်ကန်သောစွမ်းအင်ကို ပေးစွမ်းနိုင်ပြီး အစာကြေလွယ်သွားစေသည်။

 

TummicareTM System ဆိုတာဘာလဲ။

၁၅ နှစ်ကြာ သိပ္ပံနည်းကျ သုတေသနပြုထားသော Similac Total Comfort’s TummiCareTM System သည် သင့်ကလေး၏ လွယ်ကူစွာ အစာခြေခြင်းနှင့် ပရိဘိုင်အိုတစ် hydrolyzed ပရိုတင်း၏ တစ်စိတ်တစ်ပိုင်း ဖော်မြူလာဖြစ်ပြီး 2’fucosyllactose (2’FL) သည် သင့်ကလေး၏ ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးသည်။ Whey ပရိုတင်းများ ကြိုတင်ကြေညက်အောင် သို့မဟုတ် သေးငယ်သော ယူနစ်များအဖြစ် ပြိုကွဲသွားသောအခါ ၎င်းသည် သင့်ကလေး၏ ဖွံ့ဖြိုးဆဲ အစာခြေစနစ်အတွက် များစွာနူးညံ့စေပါသည်။ Hypoallergenic နှင့် Lactose ကင်းစေရန်အတွက်လည်း ထုတ်လုပ်ထားသောကြောင့် Similac Total Comfort သည် နို့်နှင့်ဓာတ်မတည့်သောကြောင့် ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း နှင့် လေပွခြင်းခံစားရခြင်းမှ သက်သာစေသည်။

 

IMMUNIFYR ရောစပ်ခြင်းအကြောင်း

IMMUNIFY® သည် TummiCare™ System တွင် 2’FL အပါအဝင် ဗီတာမင်နှင့် သတ္တုဓာတ် 10 မျိုး ရောစပ်ထားသောကြောင့် ကလေး၏ ဖွံ့ဖြိုးဆဲ ကိုယ်ခံစွမ်းအားကို အကောင်းဆုံး ထောက်ပံ့ပေးသည်။ ရောစပ်ထားသော ဗီတာမင် ၁၀ မျိုးမှာ Vitamin A,B6, B12,C,D၊ Copper, Folic Acid, သံဓာတ်, ဆီလီနီယမ်နှင့် ဇင့်တို့ပါဝင်ပါသည်။ ဤအာဟာရဓာတ်များသည် ခုခံအားဆဲလ်များ သန်မာစေမှု၊ ထုတ်လုပ်ခြင်း၊ တုံ့ပြန်ခြင်း နှင့် ဆဲလ်များ၏ သက်တမ်းကို ကျဆင်းစေသည့် အရင်းမြစ်များကို တိုက်ဖျက်ရန်အတွက် အကောင်းဆုံး ဖြစ်ကြောင်း လူသိများသောကြောင့် Similac Total Comfort သည် သင့်ကလေး၏ ခန္ဓာကိုယ်ကို အကောင်းဆုံး ကာကွယ်မှုဖြင့် ပံ့ပိုးပေးပါသည်။ သင့်ကလေးရဲ့ခန္ဓာကိုယ်က အပြည့်အဝအကာအကွယ်ရနေသောအခါ ခန္ဓာကိုယ်မှ လိုအပ်သော အာဟာရများကို ပိုမိုထိရောက်စွာ စုပ်ယူနိုင်ပြီး ကလေးငယ်၏ နူးညံ့သော အစာခြေစနစ်ကို လွယ်ကူစေပါတယ်။2,4,5

အာဟာရပြည့်ဝစွာရရှိခြင်းသည် သင့်ကလေး၏ အကောင်းဆုံးပုံစံသို့ ကြီးပြင်းလာစေရန် အခြေခံအုတ်မြစ်ဖြစ်သည်။ အစားအသောက်များရဲ့တံဆိပ်ရှိ ပါဝင်ပစ္စည်းများကိုဖတ်ပြီး စားအုန်းဆီကဲ့သို့သော ပါဝင်ပစ္စည်းများ၏ အာနိသင်နှင့် သင့်ကလေး၏ အစာခြေစနစ်အပေါ် အကျိုးသက်ရောက်ပုံကို လေ့လာရန် မမေ့ပါနှင့်။ အစားအစာနှင့်အတူ Similac Total Comfort ဖြင့် အစာခြေခြင်းနှင့် ကိုယ်ခံစွမ်းအားဆိုင်ရာထောက်ပံ့မှု နှစ်ခုလုံးအတွက်အကောင်းဆုံး အာဟာရထောက်ပံ့မှု ကိုရယူလိုက်ပါ။ 1, 6

 

References:

  1. https://abbottnutrition.com/similac-total-comfort-20
  2. https://abbottfamily.com.sg/products/page/similac-total-comfort-3
  3. https://www.naturesone.com/blog/palm-oil/
  4. https://abbottfamily.com.sg/2-fl
  5. https://abbottfamily.com.sg/articles/baby/things-you-need-to-know-about-2-fl
  6. https://abbottnutrition.com.my/products/similac-total-comfort

Additional Readings:

  1. https://www.ncbi.nlm.nih.gov/pmc/articles/PMC7019891/

ကလေးများရဲ့ သင်ယူမှုကို အားပေးရန် အကြံပြုချက်များ

ကလေးများရဲ့ သင်ယူမှုကို အားပေးရန် အကြံပြုချက်များ

ကလေးများသည် ၎င်းတို့ဖြစ်ချင်သည့်အရာများကို ပုံပြင်များဖြင့် ပြောပြခြင်းကို သဘောကျကြပြီး မိဘများအနေဖြင့် ၎င်းအချက်ကို အသုံးချ၍ ကလေးများ ဖြစ်ချင်သည့်အရာများကို တိုးတက်ဖြစ်ထွန်းစေရန် ကူညီပေးပါ။ သူတို့၏ အတွေးများသည် အထင်ကြီးလောက်စရာသာမက သူတို့ရဲ့ ဦးနှောက်တွေဟာရေမြှပ်ကဲ့သို့ အာဟာရကိုစုပ်ယူပြီး ဦးနှောက်လုပ်ဆောင်ချက်များကို မြင့်တင်ပေးရာတွင် အထောက်အကူပြုသည်။ ငယ်ရွယ်သည့် အချိန်တွင် အသစ်များသင်ယူခြင်းနှင့် စဉ်းစားတွေးခေါ်ခြင်းများတိုးတက်စေသည့်အကောင်းဆုံးအချိန်ဖြစ်သောကြောင့် အာဟာရများနှင့် ကြီးထွားမှုကို တိုးတက်စေသည့် ဖော်စပ်စာ နို့ ( ဥပမာ Similac Gain IQ) များဖြင့် ပံ့ပိုးပေးသင့်သည်။4,5

 

သရုပ်ဖော်ကစားခြင်းသည် လက်တွေ့ဘဝအတွက် အကျိုးရှိသည်။

ကလေးအား ကစားခွင့်ပေးခြင်းသည် လွတ်လပ်သော တွေးခေါ်မှုနှင့်ရွေးချယ်မှုတို့ကို ကျွမ်းကျင်စေသည်။ အကြိုက်ဆုံးဇာတ်ကောင်များ သို့မဟုတ် ကာတွန်းများကို သရုပ်ဖော်ခြင်းဖြင့် ကလေးများရဲ့ မှတ်ဉာဏ်ထဲမှာ အမည်များ၊ အရောင်များ၊ ပုံသဏ္ဍန်များ နှင့် အသံများကို ချိတ်ဆက်မှတ်သားနိုင်စေပါတယ်။ အရုပ်များကို ပံ့ပိုးပေးပြီး ၎င်းတို့၏ ဇာတ်လမ်းများကို ဖွံ့ဖြိုးတိုးတက်စေရန် အကူအညီဖြစ်စေသည့် မေးခွန်းများကို မေးပြီး အတူကစားပါ။ 

 

ဆန်းသစ်သော အတွေးအခေါ်များနှင့် စနစ်ကျသော စဉ်းစားခြင်းများအတွက်ဘယ်တော့မှ မစောပါ။

ဝေဖန်ပိုင်းခြားပြီး ကျိုးကြောင်းဆီလျော်စွာ တွေးခေါ်နိုင်ခြင်းသည် ကလေး၏ ပတ်ဝန်းကျင်အပေါ် နားလည်နိုင်စွမ်းကို တိုးတက်စေပါသည်။ ထိုအရည်အချင်းများကို နေ့စဉ်ထိတွေ့ဆက်ဆံမှုများနှင့် ချိတ်ဆက်မှုများပြုလုပ်နိုင်ပါတယ် ( ဥပမာ – မိုးရွာပါက ရေမစိုစေဖို့ ထီးဆောင်ရန်)။ ဖြေရှင်းချက်များကို လှုံ့ဆော်ပေးပြီး ဘယ်သူ၊ ဘယ်အရာ၊ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘာကြောင့် နှင့် ဘယ်လိုဆိုသည့် အရာများကို အချိန်နှင့်အလိုက် ၎င်းတို့၏ တုံ့ပြန်မှုများကို နားထောင်ပေးပါ။ အရုပ်များ သို့မဟုတ် အဝတ်အစားများကို အရောင်များ၊ ပုံသဏ္ဍန်များ သို့မဟုတ် အပြင်အဆင်များဖြင့် စုစည်းခြင်းသည် ၎င်းတို့၏ မှတ်ဉာဏ်ကို ပြန်လည်မှတ်မိစေရန်နှင့် နှိုင်းယှဉ်ရန်၊ ခြားနားချက်များသိရှိရန်နှင့် စဉ်းစားတွေးခေါ်မှု စွမ်းရည်ကို မြှင့်တင်ပေးမည် ဖြစ်သည်။ ဤအရာများကို ပြုလုပ်နေသော အချိန်တွင် သင့်ကလေးသည် သင်ယူနေဆဲဖြစ်ပြီး သင်သဘောမတူသော အဖြေများကို ပေးနိုင်သောကြောင့် သင့်ခံစားချက်များကို ထိန်းထားပါ။ သင့်ကလေးရဲ့ စိတ်နေသဘောထားသည် သင့်ရဲ့အပြုအမူပေါ်မူတည်သောကြောင့် ချက်ချင်းဝင်ရောက် စွက်ဖက်ခြင်းကို မပြုလုပ်ဘဲ ၎င်းတို့ကို မေးမြန်းခြင်း သို့မဟုတ် အခြားဖြေရှင်းနိုင်မဲ့ နည်းလမ်းများကို ပြောပြခြင်းများ ပြုလုပ်ပါ။1,2

 

ကောင်းမွန်သောအာဟာရများသည် အရေးကြီးသည်။

အစားသောက်ကောင်းများသည် သင်ယူထားသော အမူအကျင့်များနှင့် တွဲလျက်ရှိသည်။ ဦးနှောက်ကို အထောက်အပံ့ဖြစ်စေသော အာဟာရဓာတ်များ ကောင်းမွန်စွာ ပြည့်ဝနေသော ကလေးသည် အာရုံစူးစိုက်မှုကို ပိုမိုကောင်းစေပြီး တည်ငြိမ်သော စွမ်းအင်ကို ရရှိမည်ဖြစ်သည်။ ဦးနှောက်စွမ်းအင်ကို ထောက်ပံ့ပေးရန်အတွက် အကောင်းဆုံး အာဟာရများမှာ Fatty acid၊ ဇင့်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ Vitamin C နှင့် ပရိုတင်းတို့ ဖြစ်သည်။ သတင်းကောင်းမှာ ထိုအာဟာရများသည် သင့်ကလေး၏ အကြိုက်ဆုံး အစားအစာများ ဖြစ်သည့် အခွံမာသီးနှင့် ပြုုလုပ်ထားသော အစာပြေများ၊ ပင်လယ်စာများ၊ ငှက်ပျောသီး၊ ပါစတာဆော့စ်များ၊ အခွံမာသီး ထောပတ်သုတ်လိမ်းထားသော ပေါင်မုန့်များ၊ နှင့် ချဉ်သော အသီးဖျော်ရည်တို့မှ ရရှိနိုင်ပါသည်။3,4

သို့သော်ကလေးများသည် တချို့သော အစားအစာများကို မကြိုက်ပါက ငြင်းကြပါလိမ့်မည်။ ထိုအခါ မိဘများက ကလေးကို ကောင်းမွန်သော အာဟာရဓါတ်များ ရရှိစေဖို့ ဖော်စပ်စာနို့ကိုတိုက်ကျွေးသင့်ပါတယ် ။ Similac Gain IQ တွင် DHA( Docosahexaenoic Acid ဦးနှောက်၏လုပ်ဆောင်ချက်ကိုကောင်းမွန်စေရန် Fatty acid အများဆုံးထုတ်ပေးပြီး ခုခံအားဆဲလ်များကို သန်မာစေကာ) Lutein နှင့် Vitamin E တို့သည် အမြင်အာရုံနှင့် ဦးနှောက်၏ ဖွံ့ဖြိုးမှုကို တိုးတက်စေရန် ထောက်ပံ့ပေးသည့် အာဟာရများထူးခြားစွာ ပေါင်းစပ် ပါဝင်ပါသည်။5,6 သင့်ကလေးနှင့်အတူ စကားပြောခြင်း၊ သင်ကြားခြင်း၊ သင်ယူခြင်းနှင့် စူးစမ်းလေ့လာခြင်းများ အတူတကွပြုလုပ်ပေးပါ။ လူမှုဆက်ဆံရေးနှင့် သင့်ကလေးကိုသင်ကြားပေးတဲ့အရာများက သင့်ကလေးကို ရှင်သန်ကြီးထွားအောင် ကူညီပေးတဲ့ အာဟာရလို အရေးကြီးပါတယ်။ ကလေးများ၏ နေ့စဉ်အာဟာရဆိုင်ရာ လိုအပ်ချက်များကို ဖြည့်စွက်ရန်အတွက် ကြီးထွားဖွံ့ဖြိုးစေရန် ကူညီပေးသည့် ဖြည့်စွက်နို့များ မကျွေးမီ တက်ကျွမ်းနားလည်သော ဆေးပညာရှင် သို့မဟုတ်အာဟာရပညာရှင်နှင့် တိုင်ပင်သင့်ပါသည်။

 

References:

  1. https://www.zerotothree.org/resources/1290-developing-thinking-skills-from-24-36-months
  2. https://www.brighthorizons.com/family-resources/developing-critical-thinking-skills-in-children
  3. https://www.brainbalancecenters.com/blog/nutrition-adhd-kid-friendly-foods-enhance-focus
  4. https://abbottfamily.com.sg/products/page/similac-2-fl-stage4
  5. Auestad,Halter et al.2001,
  6. Auestad,Scott et al.2003

သင့်ကလေး၏ မျက်လုံးကျန်းမာရေးကို အထောက်အကူပြုသော အာဟာရများ

သင့်ကလေး၏ မျက်လုံးကျန်းမာရေးကို အထောက်အကူပြုသော အာဟာရများ

အာဟာရသည် သင့်ကလေး၏ သင်ယူနိုင်မှုနှင့် ဆော့ကစားလိုစိတ်ပေါ်တွင် ကြီးမား သော သက်ရောက်မှုရှိသည်ကို သင်သိပါသလား။ ၎င်းတို့၏ ခုခံအားစနစ် သန်စွမ်းခြင်းသည် မျက်စိအမြင် အာရုံကို ထိခိုက်စေပါသလား။ စာသင်ခန်းထဲတွင် သင့်ကလေး ဘယ်လောက်ကောင်းကောင်းလုပ်နိုင်သလဲ ဆိုသည့် အချက်များစွာရှိပါသည်။ ကောင်းမွန်စွာစာသင်ယူခြင်းနှင့် စည်းကမ်းလိုက်နာခြင်းတို့ကို အားပေးခြင်းအပြင် အာဟာရနှင့် မျက်လုံးကျန်းမာရေးသည်လည်း သင့်ကလေးအတွက် အရေးကြီးပါသည်။ မျက်လုံး၊ ဦးနှောက်နှင့် ကိုယ်ခံစွမ်းအားကို ပံ့ပိုးပေးသည့် အရေးကြီးသော အာဟာရများအကြောင်း၊ ၎င်းတို့ကို အစားအစာများမှ ရရှိနိုင်ခြင်းနှင့် ကြီးထွားဖွံ့ဖြိုးမှုကောင်းစေရန် ရွေးချယ်စရာ ဖော်စပ်စာ နို့ ( ဥပမာ Similac Gain IQ) အကြောင်းများကို လေ့လာပါမည်။

 

မျက်လုံးတွင် သွေးကြောများ အချိန်ကြာမြင့်စွာ ရောင်ရမ်းခြင်းကြောင့် အမြင်အာရုံထိခိုက်ခြင်း

ခြေဆစ် လက်ဆစ် များ ရောင်ယမ်းခြင်းကြောင့် စိတ်ကသိကအောင့်ဖြစ်သကဲ့သို့ပင်

မျက်လုံးနှင့် အမြင်အာရုံဆိုင်ရာ ဆဲလ်များ ရောင်ယမ်းခြင်းများသည် သက်ဆိုင်ရာ ဆဲလ်များကို ဝန်ထုတ်ဝန်ပိုး ဖြစ်စေကာ အမြင်အာရုံ ချို့ယွင်းခြင်းကို ဖြစ်ပေါ်စေသည်။ မျက်လုံးတွင် သွေးကြောများ ဆက်တိုက်ရောင်ရမ်းနေပါက ကလေးသည် စောစီးစွာ အမြင်အာရုံ ချို့ယွင်းလာနိုင်သည်။ မျက်လုံးအနားတစ်ဝိုက် အချိန်ကြာကြာ နီမြန်းခြင်း၊ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊ အဖျားတက်ခြင်း သို့မဟုတ် ပင်ပန်းနွမ်းနယ်ခြင်းများသည် အမြင်အာရုံ အားနည်းခြင်း ရောဂါ၏ ရှေ့ပြေးလက္ခဏာများဖြစ်သည်။ ခုခံအား နှင့် သွေးစီးဆင်းမှုကို တိုးမြှင့်ပေးသည့် Vitamin B6, B12, ဖောလစ်အက်စစ်၊ နှင့် သံဓာတ်တို့မှလည်း အမြင်အာရုံအတွက် လိုအပ်သော အာဟာရဓါတ်များကို ရရှိနိုင်ပါသည်။ ၎င်းတို့ကို အဆီနည်းပြီး နီသော အသား၊ အစေ့အဆန်များ၊ ပဲများနှင့် အားဖြည့်ထားသော အစားအစာများတွင် တွေ့ရှိရပါသည်။1,2

 

အမြင်အာရုံ အတွက် ထောက်ပံ့ပေးသော Lutein ပါဝင်သော အသီးအနှံ့များ

အသီးအနှံ/အပင်များ၏ အရောင်များတွင် ပါဝင်သော Lutein သည် မျက်လုံး၏ macula ကို ထောက်ပံ့ပေးသော သန်မာသည့် antioxidant ဖြစ်သည်။ မျက်စိမှ ဦးနှောက်အတွင်းရှိ အမြင်အာရုံဆိုင်ရာ ဦးနှောက်အပြင်လွှာဆီသို့ သတင်းအချက်အလက် များပေးပို့ရန် အရေးကြီးပြီး ၎င်းသည် သင့်ကလေးရဲ့အမြင်အာရုံကို ကူညီပေးသည်။ ဟု ဆိုလိုပါသည်။ Lutein ကို ဟင်းနုနွယ်ရွက်၊ မုန်ညင်းရွက် သို့မဟုတ် ခရမ်းချဉ်သီး၊ ဥအမျိုးမျိုး၊ ပြောင်းဖူး၊ ကီဝီသီး၊ စပျစ်သီး နှင့် လိမ္မော်သီး ကဲ့သို့သော အစိမ်းအရင့်ရောင်ရှိသည့် ဟင်းသီးဟင်းရွက်များတွင် အများဆုံးတွေ့ရှိရပါသည်။3

 

အမြင်အာရုံနှင့် ဦးနှောက်ဖွံ့ဖြိုးမှု အတွက် ထောက်ပံ့ပေးမယ့် RRR, Vitamin E 

Vitamin E သို့မဟုတ် RRR (alpha–tocopherol) အဖြစ် စာရင်းသွင်းထားသော Vitamin E သည် သိမြင်နိုင်စွမ်း၊ သင်ယူမှုနှင့် အကြားအာရုံများအတွက် ဦးနှောက်အတွင်းရှိ နေရာတစ်ခုမှ အသုံးပြုသည့် အာဟာရတစ်ခုဖြစ်သည်။ ၎င်းသည် ဆဲလ်များ၏ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်စဉ်ကို ကာကွယ်ပေးသည့် အားကောင်းသော antioxidant တစ်မျိုးဖြစ်ပြီး ဓာတ်တိုးမှုကြောင့် ပျက်စီးလွယ်သည့် အာဟာရဓာတ်များ၏ သက်တမ်းကိုကြာရှည်အောင် ပြုလုပ်ပေးသည်။ သင့်ကလေး၏ နူးညံ့သော မျက်လုံးများသည် ဓါတ်တိုးပစ္စည်းများနှင့် နေ့စဉ် ထိတွေ့မှုများ ရှိနေသည့်အတွက် ဟင်းသီးဟင်းရွက်များမျိုးစုံ၊ ပင်လယ်စာများ၊ အဆံများ နှင့် ကျန်းမာရေးနှင့်ညီညွတ်သည့် ဟင်းသီးဟင်းရွက်ဆီများတို့ဖြင့် ဖြည့်တင်းပေးရန် လိုအပ်သည်။ 4,5

 

DHA ဆဲလ်များအတွက် အရေးကြီးသော Fatty acids

Docosahexaenoic acid သည် ကလေး၏ ခန္ဓာကိုယ်တွင်းရှိ ဆဲလ်များအတွက် အရေးကြီးသော Fatty acids ထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် ဦးနှောက် လုပ်ဆောင်ချက်များကို ကောင်းမွန်စေရုံသာမက ခုခံအားဆဲလ်များကို အားကောင်းစေကာ မျက်လုံးအတွင်းရောင်ရမ်းမှုကို လျှော့ချပေးပြီး လုပ်ဆောင်နိုင်စွမ်းကို တိုးတက်စေပါသည်။ Lutein အလားတူ DHA သည် ဓာတ်တိုးဆန့်ကျင်မှုတို့ကို ခံရသောကြောင့် ဗီတာမင် E ကြွယ်ဝသော အစားအစာများဖြင့် စုပ်ယူမှုကို မြှင့်တင်နိုင်ပါသည်။ တူနာငါးနှင့် ဆာမွန်ငါးကဲ့သို့ အဆီများသောငါးများတွင် အများစုတွေ့ရှိရပြီး DHA ကို အားဖြည့်ထားသော အစားအစာများ၊ နို့ သို့မဟုတ် ဖော်စပ်စာနို့ စသည့် အစားထိုးသောက်စရာများ၊ အဆာပြေမုန့်များနှင့် ဥအမျိုးမျိုးတို့မှ ရရှိနိုင်သည်။2,3,5

စာသင်ခန်းထဲတွင် သင့်ကလေးသည် ဘယ်လောက်ကောင်းကောင်း သင်ယူနိုင်မလဲဆိုသည့် အချက်များစွာရှိပါသည်။အခြေအနေများကြောင့် ကြီးထွားဖွံ့ဖြိုးမှုကောင်းစေရန် အစားထိုး အနေဖြင့် ဖော်စပ်စာနို့ တိုက်ခြင်းသည်လည်း သင့်ကလေးအစားအစာ၏ အစိတ်အပိုင်းတစ်ခုဖြစ်လာနိုင်ပါသည်။  DHA ကဲ့သို့ အရေးကြီးသော အာဟာရ အတွက် Similac Gain IQ သည် ကူညီပေးနိုင်သည်။ DHA, Lutein နှင့် သဘာဝ Vitamin E တို့၏ ထူးခြားသော ပေါင်းစပ်မှုများက အမြင်အာရုံနှင့် ဦးနှောက်ဖွံ့ဖြိုးမှုကို ပံ့ပိုးပေးသည်။6,7 ကလေးများ၏နေ့စဉ်အာဟာလိုအပ်ချက်များအတွက် အစားထိုးအနေဖြင့် ဖြည့်စွက်စာများကို ရွေးချယ်မတိုက်ကျွေးမီ တက်ကျွမ်းနားလည်သော ဆေးပညာရှင် သို့မဟုတ် အာဟာရပညာရှင်နှင့် တိုင်ပင်သင့်ပါသည်။

 

References:

  1. https://my.clevelandclinic.org/health/diseases/21089-uveitis-in-children-and-adolescents
  2. https://nutrition.abbott/in/clinical-studies/optigro
  3. https://health.usnews.com/wellness/food/articles/2017-09-08/5-nutrients-to-improve-your-kids-brain-health
  4. https://www.eyesiteonwellness.com/improving-eyesight-with-a-capital-e-the-little-known-benefits-of-a-vitamin/

ကလေး၏ ဝမ်းဗိုက် လေအောင့်မှုကို တိုက်ထုတ်ခြင်း 

သင့်ကလေး၏ ဝမ်းဗိုက်အတွင်းသို့ လေဝင်နိုင်သည့် အကြောင်းအရာများစွာ ရှိသောကြောင့် တစ်နေ့လျှင် ၁၃ ကြိမ်မှ ၂၁ ကြမ်အထိ လေလည်လေ့ရှိခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။ ၎င်းတို့၏ အစာခြေစနစ်လည်း ဖွံ့ဖြိုးနေသောကြောင့် အစာမကြေခြင်း သို့မဟုတ် အစားအစာ အမှားမခံခြင်းသည်  သင့်ကလေးကို ဝမ်းဗိုက်လေအောင့်ခြင်း  ဖြစ်စေနိုင်ပါသည်။ ၎င်းတို့၏ အပြည့်အဝမဖွံ့ဖြိုးသေးသော အစာခြေစနစ်သည် အစားအစာများကို မြန်မြန် ဖြတ်သန်းစေသောကြောင့် အစာများသည် အပြည့်အဝမကြေနိုင်ပါ။1,2

အကယ်၍ အစားအစာအပေါ်တွင် အမှားမခံခြင်းသည် ဝမ်းဗိုက်လေအောင့်ခြင်း၏ အဓိက အကြောင်းအရာဖြစ်ပါက ၎င်းတို့အား လေ ပိုပွစေနိုင်သည့် အစားအစာများအကြောင်းကို သင့်ကလေး၏ ဆရာဝန်နှင့် တိုင်ပင်ရန် လိုအပ်ပါသည်။

 

ကလေးများတွင် ဝမ်းဗိုက်လေထိုးခြင်း သက်သာစေရန် အသုံးများသော ကုထုံးများ

စိတ်မကြည်ခြင်း သို့မဟုတ် သက်တောင့်သက်သာ မဖြစ်သော ကလေးအား သက်သာအောင် လုပ်ပေးခြင်းသည် မိဘများအတွက် စိန်ခေါ်မှု တစ်ခုဖြစ်သည်။ ကလေးများ ဝမ်းဗိုက်လေအောင့်သည့်အခါတွင် အောက်ပါအချက် များသည် ကလေးများကို သက်သာစေနိုင်ပါသည်။2

 

ဝမ်းဗိုက် နှိပ်နယ်ပေးခြင်းနှင့် ဝမ်းဗိုက်လှုပ်ရှားမှုများ – ဝမ်းဗိုက်ကို ညှင်သာစွာ နှိပ်နယ်ပြီး သင့်ကလေး၏ ပခုံး၊ ကျောနှင့် ခြေထောက်များဆီသို့ လမ်းကြောင်းအတိုင်းနှိပ်နယ်ပေးပါ။ ထိုသို့ နူးညံ့သိမ်မွေ့စွာ နှိပ်နယ်ပေးမှုသည် ၎င်းအား သက်တောင့်သက်သာဖြစ်စေပြီး လေများ ထွက်သွားရန် ကူညီပေးပါလိမ့်မည်။ သင့်ကလေးကို မှောက်လျက် ထားခြင်းဖြင့် ကစားခိုင်းခြင်းသည် ဝမ်းဗိုက်ကြွက်သားများကို သန်မာစေပါသည်။ မနက်အိပ်ရာ နိုးသည်နှင့် ထိုနည်းလမ်းအတိုင်းပြုလုပ်ပါ။2

အောက်တွင် အစာကြေလွယ်သောနည်းလမ်းများကို ဖော်ပြထားပါသည်။4

 

နို့ပါဝင်မှုနည်းသော သို့မဟုတ် နို့မပါဝင်ခြင်း ။ နို့နှင့်ဓာတ်မတည့်သောကလေးများအတွက် နို့ပါဝင်မှုနည်းသော သို့မဟုတ် နို့မပါဝင်သော ဖော်မြူလာသည် ဝမ်းဗိုက်လေအောင့်ခြင်းနှင့် ဝမ်းရည်ကျဲကျဲ သွားခြင်း လက္ခဏာများကို သက်သာစေပါသည်။

 

ပရီဘိုင်အိုတစ်များပါဝင်ခြင်း ။ ပရီဘိုင်အိုတစ်များသည် ကျွန်ုပ်တို့၏ အစာခြေလမ်းကြောင်းတွင် ကောင်းမွန်သော အူလမ်းကြောင်းဘက်တီးရီးယားများ ကြီးထွားမှုကို အားပေးပါသည်။ ၎င်းသည် အန္တရာယ်ရှိသော ဘက်တီးရီးယားများ ကြီးထွားမှုကို တားဆီးပေးပြီး ကျန်းမာသော အူလမ်းကြောင်းကို ထိန်းသိမ်းရန်အတွက် ကူညီပေးပါသည်။

 

စားအုန်းဆီမပါဝင်ဘဲ ကလေးများအတွက် ထုတ်ထားသောဖော်မြူလာ

စားအုန်းဆီမပါဝင်သည့် ဖော်မြူလာကို ရှာဖွေပါ။ လေ့လာမှုများအရ စားအုန်းဆီပါဝင်သော ဖော်မြူလာကို တိုက်ကျွေးသော ကလေးများနှင့် နှိုင်းယှဉ်ပါက စားအုန်းဆီမပါဝင်သော ဖော်မြူလာကို တိုက်ကျွေးသော ကလေးများသည် ဝမ်း ပိုမိုပျော့ပြောင်းပြီး ကယ်လ်စီယမ် စုပ်ယူမှုကို ပိုမိုကောင်းမွန်စေပါသည်။

 

နှစ်ချုပ်

ကလေးများကို ပျော်ရွှင်စေခြင်းသည် မိဘများ၏ ဦးစားပေးဖြစ်သည်။ မိဘများ အနေဖြင့် မိမိတို့ စိတ်ခံစား သိရှိမှုကို ယုံကြည်ပြီး သင့်ကလေးအတွက် လိုအပ်သော စောင့်ရှောက်မှု နည်းလမ်းများကို သတိပြုပါ။ အစားအသောက်ရွေးချယ်ခြင်း သို့မဟုတ် ဖြည့်စွက်စာများကို ရွေးချယ်မှုသည် ကြီးထွားလာသောကလေး၏ အာဟာရလိုအပ်ချက်များ အထူးသဖြင့် ဦးနှောက်၊ မျက်လုံးနှင့် ခုခံအားစနစ်တို့ကို လုံလောက်စွာထောက်ပံ့ပေးသင့်ပါသည်။

  • Similac Toal Comfort Growing-Up Milk သည် ဝမ်းချုပ်ခြင်း၊ လေပွခြင်း၊ ဝမ်းလျှောခြင်း၊ ကြေးများခြင်းနှင့် နို့နှင့် ဓာတ်မတည့်သော နို့စို့အရွယ် ၂ နှစ်နှင့်အထက် ကလေးများအတွက် အလွယ်တကူအစာကြေပြီး စုပ်ယူနိုင်သော အာဟာရဖော်မြူလာတစ်ခုဖြစ်သည်။ ခုခံအား စနစ် မြှင့်တင်ရန် 2’FL HMO နှင့် Nucleotides ပါဝင်သည်။3 ၎င်းတွင် ဗီတာမင် A, B12, C, D, Folic Acid, သံဓာတ်၊ ဆီလီနီယမ် နှင့် ဇင့်တို့ပါဝင်ပြီး ဖွံ့ဖြိုးဆဲ ကိုယ်ခံအားစနစ်ကို ကူညီ ထောက်ပံ့ပေးပါသည်။
  • ကိုးကားချက် – Borschel et al. (2012); 2. Borschel et al. (2014); 3.Buck R et al. 2004, Schaller et al 2004,

အနုပညာ နှင့် ကစားခြင်းသည် သင့်ကလေး၏ ဖွံ့ဖြိုးမှုကို မည်ကဲ့သို့ ပံ့ပိုးပေးသနည်း။

အနုပညာ နှင့် ကစားခြင်းသည် သင့်ကလေး၏ ဖွံ့ဖြိုးမှုကို မည်ကဲ့သို့ ပံ့ပိုးပေးသနည်း။

အရွယ်ရောက်ပြီးသူများအတွက်ပင် အသစ်အဆန်းများကို တွေ့ကြုံခံစားရခြင်းသည် ပျော်ရွှင်မှုနှင့် စိတ်ကူးဉာဏ်ကောင်းများကို ပေးစွမ်းနိုင်သောကြောင့် စူးစမ်းလေ့လာစပြုနေသော ကလေးငယ်တစ်ဦးအတွက် မည်သို့ဖြစ်မည်ကို စိတ်ကူးကြည့်ပါ။ ကစားခြင်းနှင့် အနုပညာသည် ပျော်စရာကောင်းရုံသာမက ၎င်းတို့၏ စာဖတ်ခြင်း၊ ဆုံးဖြတ်ချက်ချခြင်းနှင့် အလုံးစုံသိမြင်နိုင်စွမ်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သော ပံ့ပိုးကူညီမှုများ ဖြစ်သည်။ ပြုစုပျိုးထောင်မှု၊ ဦးနှောက်အာဟာရ၊ အာဟာရဆိုင်ရာ အခြားရွေးချယ်စရာများ ( ဥပမာ Similac Gain IQ) နှင့် အခြားနည်းလမ်းများဖြင့် ပံ့ပိုးပေးခြင်းဖြင့် ကလေးများ၏ အနုပညာနှင့် ကစားခြင်းတွင် ပါဝင်ရန် မိဘများအတွက်လည်း အရေးကြီးပါသည်။

 

ကျွန်ုပ်ကလေး စာတတ်မြောက်မှုကို မည်သို့ကူညီပေးမည်နည်း။

ကလေးများကစားသောအခါတွင် အချို့သောအသံများကို အရာဝတ္တုများနှင့်ချိတ်ဆက်ပြီး စကားလုံးများနှင့် ပုံများတွဲကာ နောက်ပိုင်းတွင် ၎င်းတို့ကို ၎င်းတို့ကိုယ်တိုင် ဖော်ပြရန်အတွက် အသုံးပြုကြသည်။ ကလေးများ၏အပြုအမူများသည် ၎င်းတို့တွင် အပြောအဆို သို့မဟုတ် ကစားနည်းတစ်မျိုးမျိုး အမြဲရှိကြပြီး အချိုသောစကားလုံများနှင့် အနုပညာကို ပေါင်းထည့်ခြင်းဖြင့် ၎င်းတို့၏မှတ်ဉာဏ်ကို ကျယ်ပြန့်စေကာ အနုပညာ သို့မဟုတ် လှုပ်ရှားမှုဖြင့် ဖော်ပြရန် သို့မဟုတ် ၎င်းတို့၏ စကားပြောစွမ်းရည်ကို တိုးတတ်တက်စေရန် လှုံ့ဆော်ပေးသည်။

 

၎င်းသည်ကလေး၏ ဆုံးဖြတ်နိုင်စွမ်းရည်ကို အထောက်အကူ ပြုနိုင်ပါသလား။

သင့်ကလေးကို ကိရိယာမျိုးစုံ၊ အရောင်မျိုးစုံနှင့် အရုပ်များကို ပေးသောအခါတွင် သင့်ကလေးသည် သင်နှစ်သက်သည့်အရာများကို ၎င်းတို့မနှစ်သက်ကြောင်းပြောပြနိုင် လိမ့်မည် ဖြစ်သည်။ စိတ်ကို ပွင့်ပွင့်လင်းလင်း ထားပြီး လုပ်ငန်းစဉ်ကို အာရုံစိုက်ပါ။ သင့်ကလေးအတွက် ရည်ရွယ်ထားခြင်း မဟုတ်သော အကြောင်းအရာတစ်ခုအတွက် ပစ္စည်းများကို အသုံးပြုခြင်းသည် နည်းလမ်းတစ်ခုမဟုတ်ပါ။ ဥပမာအားဖြင့် သင့်ကလေးသည် တုတ်ချောင်းတစ်ခုကို ခဲတံအဖြစ်အသုံးပြုသော်လည်း အမှတ်အသားမရှိဘဲ ကျိုးသွားပါက ၎င်းတို့ကို ရောင်စုံခဲတံ သို့မဟုတ် ခဲတံအစစ် ပေးပါ။ ထို့နောက် ၎င်းတို့သည် မည်သို့အသုံးပြုလျှင် ပိုမိုလွယ်ကူသည်ကို သိမြင်ရမည်ဖြစ်ပြီး သင့်အား အကူအညီအရင်းမြစ်တစ်ခုလည်း မြင်တွေ့ရမည်ဖြစ်သည်။

 

ကလေး၏ မှတ်ဉာဏ်ဖွံ့ဖြိုးမှုကို မည်သို့ကူညီပေးရမည်နည်း။

သင့်ကလေးသည် ကစားနေချိန်တွင် ၎င်းတို့၏ကန့်သတ်ချက်များကိုစမ်းသပ်ရန်အတွက် လှုပ်ရှားခြင်းဆိုင်ရာ ကျွမ်းကျင်မှု၊ စကားပြော၊ အကြားအာရုံ၊ မျက်လုံးနှင့် အခြားအာရုံများကို အသုံးပြုမည်ဖြစ်သည်။ နောက်ပိုင်းတွင် ၎င်းတို့၏ အဓိကမှတ်ဉာဏ်တွင် ပေါင်းစည်းပြီး သင့်လျော်သည်ဟု မြင်သည့် အခြားနေရာများတွင် အသုံးချမည်ဖြစ်သည်။ ၎င်းတို့သည် အကြောင်းတရားများ၊ အကျိုးသက်ရောက်မှုများကို သင်ယူမည်ဖြစ်ပြီး ထုတ်ဖော်ပြောဆိုရန် ကြိုးစားသောအခါတွင် ၎င်းတို့၏ အစီအစဉ်ရေးဆွဲခြင်းဆိုင်ရာ ကျွမ်းကျင်မှုကို အသုံးချနိုင်မည် ဖြစ်သည်။ သူတို့အရင်က မြင်ဖူးသည့်အရာများကိုရေးဆွဲခိုင်းခြင်း သို့မဟုတ် သရုပ်ဖော်ခြင်းဖြင့် လုပ်ခဲ့သည့် လှုပ်ရှားမှုများကို ဖော်ပြခိုင်းခြင်းဖြင့် ၎င်းတို့၏ စိတ်ကို လှုံ့ဆော်ပေးနိုင်ပါသည်။

 

ဘာကြောင့် အဓိကအာဟာရများသည် ကလေးများကို အကောင်းဆုံးပံ့ပိုးပေးနိုင်သနည်း။

သရေစာစားချိန်သည် သင့်ကလေး၏ နေ့စဉ် အနှစ်သက်ဆုံးအချိန်များထဲမှ တစ်ခုဖြစ်သောကြောင့် အာဟာရပြည့်ဝသော ရွေးချယ်စရာများဖြင့် ထောက်ပံ့ပေးပါ။ ဖက်တီးအက်စစ် ( Docosahexaenoic Acid (DHA) Linoleic Acid ဥပမာ ပန်းဂေါ်ဖီ၊ ဒိန်ခဲ၊ ဆန်) တို့သည် ဦးနှောက်ကြီးထွားရန်အတွက်လိုအပ်ပြီး အချက်အလက်များကို သင်ယူရန်နှင့် သိမ်းဆည်းထားရန် ခွန်အားပေးပါသည်။ ဗီတာမင် B1 ( Thiamine ဥပမာ အုန်းသီး၊ ချောကလက်၊ အခွံမာသီးများ) သည် အစားအစားမျာမှ ဦးနှောက်အတွက် စွမ်းအင်အဖြစ်ပြောင်းလဲပေးသောကြောင့် သင့်ကလေး၏ မှတ်ဉာဏ်ဆိုင်ရာ လုပ်ဆောင်ချက်များကို ပံ့ပိုးပေးပါသည်။ ဗီတာမင် C နှင့် E (ဥပမာ ထောပတ်သီး၊ အစေ့အဆံအစုံ၊ ချဉ်သောအသီးများ) သည် ဓာတ်တိုးဆန့်ကျင့်ပစ္စည်း များဖြစ်ပြီး ရောင်ရမ်းမှုနှင့် စိတ်ဖိစီးမှုများကို တားဆီးပေးကာ ခက်ခဲသောလုပ်ငန်းစဉ်များကို ကြာရှည်စွာလုပ်ဆောင်နိုင်စွမ်းကို ပေးသည်။ ထို့ကြောင့် Similac Gain IQ ကဲ့သို့သော အသက်၂နှစ်နှင့် အထက်က‌လေးများအတွက်ဖော်စပ်စာကို  နှစ်ပေါင်းများစွာ သုတေသနပြုလုပ်၍ ကောင်းမွန်တဲ့ အာဟာရများကို ဦးနှောက်အတွက် ပေးရန် သီးသန့် EyeQ Plus အာဟာရစနစ်ကို တီထွင်ခဲ့ကြသည်။ စားအုန်းဆီမပါဘဲ ကျန်းမာရေးနှင့် ညီညွတ်သည့် အသီးအရွက်အဆီများနှင့် ပြုလုပ်ထားသောကြောင့် သင့်ကလေး၏ ဦးနှောက်အာဟာကို ကောင်းစေရုံသာမက အတတ်ပညာများကို ဆက်လက်ဖန်တီးနိုင်၊ သင်ယူနိုင်ပြီး ပျော်ရွှင်စွာကြီးပြင်းရန်အတွက် သက်တောင့်သက်သာရှိသော အူလမ်းကြောင်းစနစ်ကို ရရှိစေမှာဖြစ်ပါသည်။

 

နမူနာပစ္စည်းရယူရန်

 

References:

  1. https://simmom.in/feediq/power-of-play-in-child-brain-stimulation-techniques
  2. https://www.canr.msu.edu/news/the_art_of_creating_why_art_is_important_for_early_childhood_development
  3. https://www.naeyc.org/our-work/families/five-essentials-meaningful-play
  4. https://www.thelunchmob.co/8-brain-food-snacks-to-boost-your-kids-memory/
  5. https://abbottfamily.com.sg/products/page/similac-2-fl-stage4

ကိုယ်ဝန်ဆောင်အစားအစာနှင့်ပတ်သက်သော မှားယွင်းသည့် ယုံကြည်မှုများ

ကိုယ်ဝန်ဆောင်အစားအစာနှင့်ပတ်သက်သော မှားယွင်းသည့် ယုံကြည်မှုများ။

ကိုယ်ဝန်ဆောင်အတွက် အကောင်းဆုံးအရာများကို အဖွားသိသည့် ယုံတမ်းများ အမြဲရှိပါသည်။ အများစုသည် ကောင်းမွန်သည့်အဓိပ္ပာယ်ဖြစ်နိုင်သော်လည်း ၎င်းတို့သည် ကိုယ်ဝန်ဆောင်မိခင်ကို စိတ်ပူပန်စေကာ တစ်ခါတစ်ရံ စည်းမျဉ်းများ တင်းကျပ်လွန်းသည်။ ကိုယ်ဝန်ဆောင်စဉ်မှာ ဘယ်အာဟာရက အကောင်းဆုံးလဲ၊ အစားအသောက်ကိုပဲ စားသင့်သလား ဒါမှမဟုတ် Similac® Mum လိုမျိုး ဖြည့်စွက်စာတွေ သောက်သင့်သလား၊ ထိုအရာများနှင့် ပတ်သက်လာလျှင် အမှန်တရားကို သေချာသိအောင်လုပ်ပါ။

ယုံတမ်း ၁ : ကလေးအတွက်လည်းစားခြင်း။

သင့်ဗိုက်ထဲတွင် ကလေးတစ်ယောက်ဖွံ့ဖြိုးလာခြင်းကြောင့် ကယ်လိုရီစားသုံးမှု ချက်ချင်း ၂ ဆတိုးရမည်ဟု မဆိုလိုပါ။ အဖြေကတော့ သင်၏ကိုယ်အလေးချိန်၊ အရပ်နှင့် သင်ဘယ်လောက်စားသုံးသည့် နေထိုင်မှု ပုံစံပေါ်တွင် မူတည်ပါသည်။ အစပိုင်းတွင် သင်၏အစားအသောက်သည် ယခင်စားသုံးမှုအတိုင်း သို့မဟုတ် သားဖွားဆရာဝန်၏ အကြုံပြုချက်အတိုင်းဖြစ်နိုင်သည်။ ယေဘုယျအားဖြင့်ဆိုလျှင် နောက်ပိုင်းကိုယ်ဝန်ဆောင် အဆင့်များတွင် တစ်နေ့တာအတွက် ကယ်လိုရီစားသုံးမှု ၃၄၀ မှ ၄၅၀ တိုးသင့်သည်။ အပိုကယ်လိုရီများသည် လတ်ဆတ်သော သစ်သီးဝလံများ သို့မဟုတ် ဟင်းသီးဟင်းရွက်များမှ ရရှိပြီး အဆီများ၊ သကြားများ၊ ဆိုဒီယမ်များသော အစားအစာများနှင့် အလွန်အကျွံပြုပြင်ထားသော အစားအစာများ မှ မရရှိဟုမှတ်သားထားပါ။ အဘယ်ကြောင့်ဆိုသော် ကိုယ်အလေးချိန်များလွန်းခြင်းသည် ကိုယ်ဝန်ဆောင်မိခင်တွေများတွင် ဆီးချိုသွေးချိုရောဂါနဲ့ သွေးတိုးရောဂါတွေကို ဖြစ်စေနိုင်ပါသည်။

ယုံတမ်း ၂ : ကိုယ်ဝန်ဆောင်ချိန်တွင် အစားအစာလျှော့ချခြင်းသည် မကောင်းပါ။

ကိုယ်ဝန်ဆောင်မိခင်တစ်ဦး၏ပုံပန်းသဏ္ဍာန်အပေါ် လူမှုအသိုင်းအဝိုင်းက ဖိအားများနှင့်အတူ၊ ကိုယ်အလေးချိန်တက်လာမည်ကို စိုးရိမ်ခြင်းနှင့် ကလေးအား အာဟာရမပြည့်မီကြောင်း ကို ဖြစ်စေသည်။ အစားအစားဖြတ်ခြင်း သို့မဟုတ် ချော်လဲကျခြင်း သို့မဟုတ် အပူချိန်တိုးလာခြင်းများ မရှိပါက ‌လေ့ကျင့်ခန်းလုပ်ခြင်းသည် ကောင်းမွန်သော်လည်း  ၄င်းတို့ ဖြစ် ပေါ်လာပါက ကိုယ်၀န်ဆောင်ချိန်တစ်လျှောက် ထိခိုက်ခြင်းများ ဖြစ်စေ နိုင်ပါသည်။နောက်ပိုင်းအချိန်များတွင် ကိုယ်ဝန်ကိုထိခိုက်ခြင်းများဖြစ်စေနိုင်သည်။ တစ်ဦ်းချင်းအကြောင်းအရာများအပေါ်တွင် အခြေခံ၍ သင်၏ဆရာဝန်ထံမှ အကြံဉာဏ်ရယူပြီး အပေါ့စားနှင့် အလတ်စားလေ့ကျင့်ခန်းအမျိုးအစားများကို တစ်ပတ်လျှင် ၄ ကြိမ်မှ ၅ ကြိမ် နှုန်းဖြင့် တစ်ခါလုပ်လျှင် မိနစ် ၂၀ မှ ၃၀ ခန့်ပြုလုပ်ပါ။

ယုံတမ်း ၃ : နံနက်ခင်းအချိန်တွင် ခံစားရလေ့ရှိသော ပျို့အန်မှု သည်မနက်ပိုင်းအချိန်တွင် ဖြစ်တတ်ပြီး အခြားအချိန်များတွင်လည်း ဆိုးရွားနိုင်သည်။

ကိုယ်ဝန်ဆောင်စဉ် ပျို့အန်ခြင်း သို့မဟုတ် အန်ခြင်းသည် ကိုယ်ဝန်ဆောင်မိခင်များတွင် အလွန်အဖြစ်များပြီး ၎င်းသည် နေ့ဘက်တွင် သီးသန့်ဖြစ်ခြင်းမဟုတ်ပါ။ ဟော်မုန်းများတက်ကြွဆုံးအချိန်ဖြစ်သည့်နံနက်ပိုင်းတွင် ဖြစ်ပွားနိုင်ခြေများသောကြောင့် ၎င်းကို နံနက်ခင်း၌ ခံစားရလေ့ရှိသော ပျို့အန်မှုဟုခေါ်သည်။ အချို့မိခင်များသည် နံနက်ခင်းအချိန်တွင် ခံစားရလေ့ရှိသော ပျို့အန်မှု၏ ဆိုးကျိုးများကို တစ်နေ့လုံးခံစားရပြီး အချို့မိခင်များသည် အစာစားခါနီး အနံ့ရသည့်အချိန်တွင် ခံစားရတတ်သည်။ ထိုအချိန်တွင် အနံ့ခံပိုကောင်းလာတတ်ပါသည်။ နံနက်ခင်းပျို့အန်ခြင်းများကြောင့် ဆုံးရှုံးသွားသော အာဟာရဓာတ်များကို ပြန်လည်ဖြည့်တင်းရန်အတွက် ကိုယ်ဝန်ဆောင်ကာလများတွင် နေ့စဉ်လိုအပ်သည့်အာဟာရဓာတ်များရရှိရန်အတွက်အစားအစာမျိုးစုံကို များများစားပေးပါ။

အရည်အသွေးကောင်းမွန်သောအာဟာရများသည် ဘဝ၏မည်သည့်အချိန်တွင်မဆို အရေးကြီးပြီး အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်များတွင် ပိုမို၍အရေးကြီးပါသည်။ ၎င်းသည် ကလေးသားအိမ်ထဲ ကြီးထွားနေချိန်တွင် အထောက်အပံ့ပေးရုံသာမက မွေးပြီးနောက်ကြီးပြင်းလာသည်နှင့်အမျှ အခြေခံအုတ်မြစ်ကောင်းကိုလည်း ထောက်ပံ့ပေးသည်။ ကိုယ်ဝန်ဆောင်သည်နှင့်အမျှ မိခင်၏ကျန်းမာရေးသည် အရေးကြီးပြီး အာဟာရချို့တဲ့ပါက ပြင်းထန်သော နောက်ဆက်တွဲပြဿနာများကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် ဆရာဝန်အများစုသည် ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဖြည့်စွက်စာများ သောက်သုံးရန် အကြံပြုကြသည်။ ဥပမာ- Similac Mum သည် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် ကိုယ်အလေးချိန်ပိုမတိုးစေဘဲ လိုအပ်သော အာဟာရကိုထောက်ပံ့ပေးရန် ဖော်စပ်သည်။ လူတင်း၊ သဘာဝ အာအာအာ ဗီတာမင် အီး၊ ဒီအိတ်ချ်အေ၊ ခိုလင်း၊ ဖောလစ်အက်ဆစ်နှင့် သံဓာတ်တို့ သိပ္ပံနည်းကျပေါင်းစပ်ကာ ဦးနှောက်နှင့် အမြင်အာရုံအတွက်ပါ ထောက်ပံ့ပေးသည်။

 

နမူနာပစ္စည်းရယူရန်

 

Reference:

  1. https://www.pregnancybirthbaby.org.au/common-myths-about-pregnancy
  2. https://health.ucdavis.edu/blog/good-food/pregnancy-diet-common-myths-and-what-you-should-eat-during-your-pregnancy/2021/03
  3. Huynh DTT et al. J Matern Fetal Neonatal Med. 2017 May 7: 1-9 – https://www.tandfonline.com/doi/full/10.1080/14767058.2017.1320984
  4. https://abbottnutrition.com.my/products/similac-mom

ကိုယ်ဝန်ဆောင်မိခင်များ ကြားဖူးနားဝ၊ အထင်အမြင်များနှင့် ၎င်းတို့၏ အမှန်တရားများ

ကိုယ်ဝန်ဆောင်မိခင်များ ကြားဖူးနားဝ၊ အထင်အမြင်များနှင့် ၎င်းတို့၏ အမှန်တရားများ

သင့်သူငယ်ချင်း သို့မဟုတ် မိသားစုဝင်များ တစ်ဦးဦးက သင်မိခင်ဖြစ်သည် (သို့မဟုတ်) နို့တိုက်ကျွေးနေရပြီဆိုတာကို သိတာနဲ့အမျှ အကြံဉာဏ်များကိုလည်း သူတို့အားလုံး လာရောက်ပေးကြမည် ဖြစ်သည်။ အနောက်တိုင်းတွင် ‘အိမ်ရှင်မဟောင်း တစ်ထောင့်တစ်ညနှင့် သက်ကြီးအကြံ’ဟူသော စကားစုမှာ တစ်ခါတစ်ရံ အမျိုးသမီးတစ်ဦး သူ့ကလေးအား လွတ်လပ်စွာ ပျိုးထောင်ရန်အတွက် များစွာ အတားအဆီးဖြစ်စေသည်။ ထိုအရာများသည် ‘ယုံတမ်းသာလျှင်ဖြစ်သလား’ သို့မဟုတ် ‘အမှန်တရားအချို့ကို ဆုပ်ကိုင်ထားသလား’  ဟူသည်ကို သင်သိချင်နေလိမ့်မည်။  မည်သည်ကိုရှောင်ရမည်၊ အာဟာရဖြည့်စွက်စာနှင့် ပတ်သက်၍ ရွေးချယ်ပုံ၊ မျှော်လင့်ထားသည့် အပြုအမူများတို့နှင့်ပတ်သက်၍ အဆိုပါ ကိုယ်ဝန်ဆောင်စဉ် အာဟာရဆိုင်ရာ ယုံတမ်းစကား အချို့ကို လေ့လာကြည့်ကြပါစို့။

 

ယုံတမ်းစကား ၁: မိခင်သည် အလှအပရေးရာ ပစ္စည်းများ မသုံးရ

အဆိုပါစကားများထဲမှ တစ်ခုမှာ မိခင်များအနေနှင့် ဆံပင်ဆေးဆိုးခြင်း၊ ခေါင်းလျှော်ခြင်းစသည့် အလှအပရေးရာတို့ကို ရှောင်ကြဉ်ရမည် ဆိုသည်ပင်ဖြစ်သည်။ ၎င်းစကားသည် ထိုပစ္စည်းများထဲတွင် ပါဝင်သော ဓာတုပစ္စည်းများက ကလေးအပေါ်သက်ရောက်ပုံကို ကြောက်ရာမှ အရင်းခံလာရသည်။ အဆိုပါအလှအပရေးရာ ပစ္စည်းများအား မိခင်ရော ကလေးပါ စားသောက်ခြင်းမရှိလျှင် အန္တရာယ်မရှိပါ။ ၎င်းတို့သည် မိခင်၏ ယုံကြည်မှုနှင့် လန်းဆန်းမှုကိုပင် တိုးစေသေးသည်။

 

ယုံတမ်းစကား ၂: သင့်အကြိုက်ဆုံး အစားအစာကလည်း သင့်ကလေးအကြိုက်

သင့်အနေနှင့် သင့်အဖိုးအဖွား (သို့) သင့်မိခင်မှ ကိုယ်ဝန်ဆောင်စဉ်စားသုံးခဲ့၍ သင့်အကြိုက်ဖြစ်နေရသည့် အစားအသောက်တစ်ခုအကြောင်းကို ပြောပြတာ ကြားဖူးမှာပါ။ အရသာခံအဖုများသည် ဘဝအတွေ့အကြုံများအရ အချိန်ကြာသည်နှင့် ဖွံ့ဖြိုးလာသည်။ ထို့ကြောင့် ယခုယုံတမ်းစကားမှာ မမှန်ကန်ပေ။ အစားအသောက် ကိုယ်တိုင်က အရသာခံမှုကို မသက်ရောက်ပေမယ့် အာဟာရဓာတ်ကတော့ သက်ရောက်သည်။ သင့်ရွေးချယ်မှုက အာဟာရကြွယ်ဝပြီး အရည်အသွေးမြင့်ပါက သင့်ကလေးအနေနှင့်လည်း ကောင်းမွန်စွာဖွံ့ဖြိုးဖို့ နိဒါန်းချီမည်ဖြစ်ပြီး သင့်အနေနှင့်လည်း ကျန်းမာမည်။ ဓာတ်မတည့်မှုများအတွက် သင်ကိုယ်တိုင်ဓာတ်မတည့်လျှင် သင့်ကလေးကို သင်စားသည့် အစားအသောက်နှင့် ဓာတ်မတည့်မှုဖြစ်စေမည်ကို စိုးရိမ်စရာမရှိပါဘူး။

 

ယုံတမ်းစကား ၃: ကိုယ်ဝန်ဆောင်မိခင်များသည် ပြုပြင်ထားသော အစားအစာများကို မစားသင့်

တခါတရံမှာ အစားအသောက်အပေါ် ပူပန်မှုများက မိခင်ထက် ကလေးအတွက် အန္တရာယ်ဖြစ်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ပြုပြင်ထားသော အစားအစာများကို ခွင့်မပြုခြင်းသည် ၎င်းတို့၏ ကြာရှည်ခံပစ္စည်းနှင့်ဖြည့်စွက်ပစ္စည်းများပါဝင်မှုကြောင့် ဖြစ်သည်။ ထိုမှ မြစ်ဖျားခံကာ ချိစ့်၊ ငါးကျပ်တိုက်၊ သကြားလုံးနှင့် စည်သွတ်ဘူးများ စားသုံးမှုကို ကန့်သတ်ခြင်းဖြစ်လာရသည်။ အစားအစာအားလုံးသည်၊ ၎င်းတို့အား ပိုးသတ်ထားသရွေ့ (ဆိုလိုသည်မှာ မသန့်ရှင်းသောအစားအစာမှ ပါသည့် အစာအဆိပ်သင့် ပိုးတစ်မျိုး Listeria)၊ သင့်တင့်သော အပူချိန်တွင် ချက်ပြုတ်ထားမှုတို့ရှိလျှင် စားသောက်ရန် သင့်တော်သည်။ အကယ်၍ သင်သည် ပြုပြင်ထားသောအစားအစာများကို အကြံပြုထားသည့်ပမာဏထက် ပိုမိုမစားလိုပါကလည်း အဆင်ပြေသည်။ အစားရွေးခြင်းက အစားအသောက်ကို ကန့်သတ်ခြင်းဖြစ်သဖြင့် အာဟာရဓာတ်များကို ဆုံးရှုံးစေနိုင်သည်။

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အတွက် ယဉ်ကျေးမှုအလိုက် မတူသော ယုံတမ်းစကားများရှိသည်။ အာဟာရဓာတ်နှင့် ပတ်သက်၍ အမြဲတမ်း လတ်ဆတ်ပြီး အာဟာရကြွယ်ဝသည်များက မိခင်ရော၊ အထူးသဖြင့် ကလေးအတွက် အကောင်းဆုံးဖြစ်သည်။ အကြံအဉာဏ်ပေးရမည်ဆိုလျှင် ယနေ့ခေတ်တွင် အမျိုးသမီးအများအပြားသည် အစားအသောက်နှင့် မလုံလောက်၍ အာဟာရဖြည့်စွက်စာများကိုပါ သုံးစွဲလာကြသည်။ ရွေးချယ်မှုပြုလုပ်သည့်အခါတွင်လည်း သိပ္ပံနည်းကျ စမ်းသပ်ထားပြီး ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် အထူးသီးသန့် ထုတ်လုပ်ထားသည်များကိုသာ ရွေးချယ်ပါ။ ဥပမာ- Similac Mum သည် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် ကိုယ်အလေးချိန်ပိုမတိုးစေဘဲ လိုအပ်သော အာဟာရကိုထောက်ပံ့ပေးရန် သိပ္ပံနည်းကျဖော်စပ်ထားပါသည်။ လူတင်း၊ သဘာ၀ဗီတာမင်အီး (အာအာအာ)၊ DHA ဒီအိတ်ချ်အေ၊ ခိုလင်း၊ ဖောလစ်အက်ဆစ် နှင့် သံဓာတ်တို့ သိပ္ပံနည်းကျပေါင်းစပ်ထားသောကြောင့် ဦးနှောက်နှင့် မျက်လုံးဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုပါသည်။

 

နမူနာပစ္စည်းရယူရန်

 

References:

  1. https://abbottfamily.com.sg/articles/nutrition/losing-weight-after-pregnancy#
  2. https://www.crystalkarges.com/blog/how-nutrition-can-help-you-combat-postpartum-depression
  3. https://abbottfamily.com.sg/products/page/similac-mum
  4. Huynh DTT et al. J Matern Fetal Neonatal Med. 2017 May 7: 1-9 – https://www.tandfonline.com/doi/full/10.1080/14767058.2017.1320984

သည်းခံခြင်းဆိုင်ရာ ပြဿနာများ

သည်းခံခြင်းဆိုင်ရာ ပြဿနာများ

သင်၏ကလေးသည် အစားစားခြင်းနှင့်ပတ်သတ်၍ သင်ပြောသည့်အတိုင်းလုပ်ဖို့ငြင်းဆန်သောအခါ ထိုအချက်သည် စိန်ခေါ်မှုတစ်ရပ်ဖြစ်နိုင်ပါသည်။ သင့်ကလေးသည် အဘယ်ကြောင့် အစာတစ်ခုခုစားခြင်း ( သို့မဟုတ်) အစားစားများကို မစားရန်ငြင်းဆန်သနည်း။ ၎င်းတို့တွင်လေပွခြင်းဆိုင်ရာ ပြဿနာများ၊ ဝမ်းပျက်ခြင်း၊ ဝမ်းချုပ်ခြင်းနှင့် အော့အန်ခြင်း စသည်တို့သည် အစားမစားသည့် အချိန်တွင် သတိထားရမည့် စိတ်ပူပန်ရမည့်လက္ခဏာများဖြစ်သည်။ အကယ်၍ မသက်မသာဖြစ်ခြင်းသည် ပြင်းထန်သော ဆေးဘက်ဆိုင်ရာ ပြဿနာတစ်ခုမဟုတ်လျှင် သင့်ကလေး၏ သည်းခံနိုင်မှု (သို့မဟုတ်) အစာခြေနိုင်စွမ်း မဖွံ့ဖြိုးသေးသောကြောင့် အဆင်မပြေမှုများဖြစ်နိုင်သည်။

အစားအသောက်ပြဿနာ
ကလေးငယ်တစ်ဦးသည် အစားအသောက်နှင့် ပြဿနာရှိသည့်အခါတွင် အော့အန်ခြင်း၊ ဝမ်းဗိုက်နာကျဉ်ခြင်း၊ ဗိုက်ပွခြင်း၊ ဝမ်းလျောခြင်းနှင့် အရေပြားပေါ်တွင် အဖုအပိန့်များထခြင်း စသည့်လက္ခဏာများဖြစ်တတ်ပါသည်။ ဝမ်းအပျော့အမာနှင့် သွားသည့်အကြိမ်ရေသည် အဓိကသော့ချက်ဖြစ်ပါသည်။

အော့အန်ခြင်း

အစားအသောက်များကို အန်ထုတ်ခြင်းသည် ၎င်းတို့မကြိုက်သည့်အစားများကြောင့် အန်ထုတ်ခြင်းလည်း ဖြစ်နိုင်သည့်အတွက် ၎င်းပြဿနာသည် ယေဘုယျအားဖြင့် အရေးကြီးသည့် ကျန်းမာရေးဆိုင်ရာ ပြဿနာမဟုတ်ပါ။ သို့သော် သူတို့သည် စိတ်ဖိစီးမှုဖြစ်ပြီး အစားအသောက်များစားပြီးနောက်ချက်ချင်း အန်ထုတ်လျှင် ထိုအချက်သည် ပိုမိုလေးနက်သော လက္ခဏာတစ်ခုဖြစ်နိုင်ပြီး ဓာတ်မတည့်မှု လက္ခဏာတစ်ခုလည်းဖြစ်နိုင်သည်။

လေပွခြင်းနှင့် ကြေးများခြင်း

အကယ်၍လူကြီးများတွင် အစားကြေးများသည့်လူလို့ထင်ရင်၊ သင်တို့၏ကလေးတွေကို ၎င်းတို့မကြိုက်သည့် အစားအသောက်ကို ကျွေးမွေးဖူးပါသလား။ ဒါပေမယ့် သူတို့အတွက် သင်ကျွေးသောအစာအစာကို စားပြီး မကြာခဏ ဗိုက်အောင့်ခြင်းဖြစ်စေပါက ထို့အစားအစာနှင့်အတူ ၎င်းတို့မကြိုက်သော အစားအစာများကို မှတ်ထားပြီး ရှောင်ကျွေးခြင်းဖြင့် စိတ်မသက်သာခြင်းကို မဖြစ်စေပါ။ ဥပမာ- ဓာတ်မတည့်မှုဖြစ်ခြင်း (သို့မဟုတ်)သည်းမခံခြင်း

အသားဓာတ် ထိခိုက်လွယ်မှု

သင့်ကလေးသည် ထိခိုက်လွယ်မှု ရှိမရှိကို စစ်ဆေးပါ။ အသားဓာတ် ဓာတ်မတည့်မှု ဖြစ်ပါက ဝမ်းအလွန်လျှောခြင်း၊ အဖုအပိန့်များထွက်ခြင်းနှင့် အိပ်စက်ခြင်းဆိုင်ရာပြဿနာ များဖြစ်စေနိုင်ပါသည်။

ဝမ်းအရောင်နှင့် အပျော့အမာ

လူကြီးများနည်းတူ ဝမ်းသွားသည့်အခါတွင် ပျော့ခြင်းနှင့် ပုံမှန်အတိုင်းသွားခြင်းသည် ရုပ်ပိုင်းဆိုင်ရာနှင့် အာဟာရပေါ်တွင်မူတည်ပါသည်။အများအားဖြင့် ဖြည့်စွက်အစာကို စားသုံးသော ကလေးတစ်ယောက်၏ ဝမ်းသည် ပျစ်သည်။ ဝမ်း၏အရောင်သည် သင့်ကလေး၏စားသုံးလိုက်သည် အစားအစာပေါ်မူတည်၍ ပြောင်းလဲသည်။

ဝမ်းသွားခြင်းအကြိမ်ရေ

ဝမ်းသွားခြင်းအကြိမ်ရေသည် မွေးကင်းစကလေးနှင့် အစားအသောက်ပေါ်မူတည်၍ကွဲပြားသည်။ အမေ့နို့သောက်သော မွေးကင်းစကလေးများသည် တစ်ရက်လျှင် ဝမ်း (၁၀) ကြိမ်အထိသွားတတ်ပြီး အစားတစ်ခုခု စကျွေးလိုက်လျှင် တစ်နေ့လျှင် ဝမ်း (၁) ကြိမ်သာသွားတော့မည်။

ဝမ်းလျှောခြင်း

ဝမ်းလျှောခြင်းတွင် ဝမ်းရည်ကျဲခြင်း၊ အချွဲများပါခြင်းနှင့် အနံသက်ဆိုးခြင်းတို့ဖြစ်စေတတ်သည်။ ၎င်းသည် ဖျားနာခြင်းလက္ခဏာတစ်ခုဖြစ်သောကြောင့် သင်၏ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။ ဝမ်းလျှောခြင်းသည် ခန္ဓာကိုယ်ထဲရှိ ရေဓာတ်များများစွာကုန်ဆုံးတတ်သောကြောင့် ဝမ်းလျှောခြင်းဖြစ်ပါက သင့်ကလေးအားရေဓာတ် ပြည့်ဝစေဖို့ ရေဓာတ်များထောက်ပံ့ပေးသင့်ပါသည်။

ဝမ်းချုပ်ခြင်း

ဝမ်း၏ဖွဲ့စည်းပုံသည် ပျော့ပျောင်းသည်။ ဝမ်း၏အရောင် နှင့် အပျော့အမာသည် သင့်ကလေးနှင့် ၎င်းစားလိုက်သော အစားအစာတို့ပေါ်တွင်မူတည်ပါသည်။ အကယ်၍ သင့်ကလေးသည် ဝမ်းသွားချိန်တွင် ခက်ခဲနေပါက ၎င်းသည် ရေဓာတ်လုံလောက်မှု ရှိမရှိကို စစ်ဆေးသင့်ပါသည်။ သင့်ကလေးအား သင်ကျွေးလိုက်သော အစားအစာမျာကို မှတ်တမ်းစာအုပ် (သို့မဟုတ်)ဇယားနှင့် သိမ်းဆည်းထားပါ။ အစားအစာ တစ်ခုချင်းစီသည် ၎င်း၏ဝမ်းသွားခြင်းကို မည်ကဲ့သို့ အကျိုးသက်ရောက်မှုရှိကြောင်း အကဲဖြတ်ပါ။ အကယ်၍သင့်ကလေးသည် အဘယ်ကြောင့် ဝမ်းချုပ်ရသည်ကို သင်မသိရှိပါက ဆရာဝန်နှင့် ဆက်သွယ်သင့်ပါသည်။

လေထိုးလေ့အောင့်ဖြစ်ခြင်း

သင့်ကလေးသည် ၎င်းတို့လိုအပ်သောအာဟာရများကို ရရှိရန်လိုအပ်သည် အဘယ်ကြောင့်ဆိုသော် ၎င်းသည် သူတို့အတွက် ကြီးထွားဖွံ့ဖြိုးခြင်းအတွက် အရေးကြီးသောကြောင့်ဖြစ်သည်။ အကယ်၍နို့တိုက်ရာတွင် ပြဿနာရှိပါက သူတို့အတွက် လိုအပ်သောအာဟာရကို ကောင်းစွာမစုပ်ယူနိုင်တော့ပါ။ (သို့မဟုတ်) ၎င်းတို့အတွက် သက်တောင့်သက်သာမဖြစ်စေမှုသည်လည်း သူတို့၏ အစား စားခြင်းကို အနှောင့်အယှက်ဖြစ် စေပါသည်။

  • သင့်တော်သော အစာကျွေးမှုပုံစံ – သူတို့ကို ထိုင်စားစေခြင်း (သို့မဟုတ်) ထမင်းစားစားပွဲဖြင့်စားခြင်း တို့ကိုပြုလုပ်ပေးပါ။ စားသည့်အချိန်တွင် လှဲလျောင်း၍စားခြင်း (သို့မဟုတ်) ကွေး၍စားခြင်းတို့ကို မပြုလုပ်ပါစေနှင့်။
  • သူတို့ကို အတင်းအကျပ်မကျွေးပါနှင့် – ကလေးများဗိုက်ပြည့်နေသည်ကို ဝချင်စောနှင့် အတင်းအကျပ်ကျွေးခြင်းသည် ၎င်းတို့ကို အန်ထွက်စေနိုင်ပါသည်။
  • အစားစားပြီးနောက်အားသွန်ခွန်စိုက် မကစားပါနှင့် – အလွန်အကျွံ လှုပ်ရှားခြင်းသည် အစာခြေခြင်းကို ပိုမို ဆိုးရွားစေပါသည်။
  • စည်းစနစ်ကျသောထမင်းစားချိန် – သင့်ကလေး ဗိုက်အရမ်းမဆာခင် အစာကျွေးပါ။ အဘယ်ကြောင့်ဆိုသော် ဗိုက်ဆာနေသည့်အတွက် အစားအစာကို အမြန်မျိုချခြင်း ဖြစ်စေပြီး အစာခြေခြင်း ဆိုင်ရာ ပြဿနာကို ဖြစ်စေနိုင်ပါသည်။
  • ၎င်းကို မထိန်းသိမ်းနိုင်ပါ – သင့်ကလေးသည် ရိုးရှင်းသော အစားအစာများကို ပင်မစားလျှင် ဆရာဝန်နှင့် တိုင်ပင်ခြင်းသည် မှန်ကန်သောနည်းလမ်းဖြစ်ပါသည်။
  • ဝမ်းအခြေအနေကို စောင့်ကြည့်ပါ – အဘယ်ကြောင့်ဆိုသော် ဝမ်းအခြေအနေသည် သင့်ကလေး၏ ကျန်းမာမှုကို ပြောပြခြင်းကြောင့်ဖြစ်ပါသည်။ အကယ်၍သင့်ကလေး၏ဝမ်းအခြေအနေ (အရောင် ၊ အကြိမ်အရေအတွက်၊ အပျော့အမာ)သည် စိုးရိမ်ဖွယ်ဖြစ်ပါက ဆရာဝန်နှင့် ပြသပါ။

ဆရာဝန်အားမေးမြန်းပါ။

သင့်ကလေး၏အစာစားခြင်းဆိုင်ရာပြဿနာများနှင့် အခြားစိုးရိမ်ဖွယ်ရာ အခြေအနေများရှိပါက ၎င်းပြဿနာများကို ဖြေရှင်းနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်ပါ။

 

Reference(s):

  1. https://abbottfamily.com.sg/articles/science/tolerance-issues#

ဦးနှောက်နှင့် မျက်လုံးဖွံ့ဖြိုးခြင်း။

မျက်စိနှင့် ဦးနှောက်ဖွံ့ဖြိုးမှုအတွက် လိုအပ်သော အာဟာရဓါတ်များ

ကလေးငယ်များသည် အရာရာကို စူးစမ်း တတ်တာမို့ မျက်လုံး၊ ဦးနှောက်နှင့် ခန္ဓာကိုယ်ဖွံ့ဖြိုးခြင်းအတွက် လိုအပ်သော အာဟာရများ ကျွေးမွေးထောက်ပံ့ရမည့် အချိန်ကာလ တစ်ခုဖြစ်ပါသည်။ မျက်လုံးကျန်းမာရေးနှင့် ဦးနှောက်ဖွံ့ဖြိုးမှုအတွက် လိုအပ်သော အာဟာရ (၃) မျိုးမှာ Lutein, Vitamin E နှင့် DHA တို့ဖြစ်ပါသည်။ ကလေးများသည် ငယ်ရွယ်သည့်အချိန်တွင် ကျန်းမာရေးကောင်းမွန်ပြီး ၎င်းတို့၏ ဘာသာစကားနှင့် လှုပ်ရှားမှုများဖြင့် နောက်ပိုင်းတွင် ပိုမိုကောင်းမွန်လာစေရန် တတ်နိုင်သမျှကူညီပေးရန် အရေးကြီးပါသည်။1,5

၎င်းတို့သည် ဘယ်လိုအလုပ်လုပ်လဲ

အာဟာရဓါတ်ကြွယ်ဝစွာ ပါရှိသော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ စားသုံးပေးခြင်းသည် သင့်ကလေးအား မျက်လုံးအားကောင်းစေခြင်း၊ အကောင်းဆုံးကြီးထွားမှု၊ မှတ်ဉာဏ်ကို မြှင့်တင်ပေးခြင်းနှင့် အခြား ကောင်းကျိုးများကို ရရှိစေမည်ဖြစ်သည်။

Lutein

Lutein သည် ဗီတာမင် A နှင့်ဆင်တူပြီး သစ်သီးများနှင့် ဟင်းသီးဟင်းရွက်တွင် တွေ့ရသော ရောင်ခြယ်ပစ္စည်းတစ်မျိုးဖြစ်သည်။ ၎င်းတို့သည် နူးညံ့သော မျက်လုံးတစ်ရှုးများကို နေရောင်ခြည်မထိခိုက်စေရန် ကာကွယ်ပေးပြီး အမြင်အာရုံကို ထိန်းသိမ်းပေးခြင်းဖြင့် ကလေး၏ မျက်လုံးကို ကူညီပေးသည်။ ထိခိုက်ပျက်စီးနိုင်မှုများကို ကာကွယ်ပေးပြီး မှတ်ဉာဏ်၊ သင်ယူခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးနှောက်အတွင်းရှိ ဆဲလ်များကို ထောက်ပံ့ပေးသည်။ 1,2

Vitamin E

Vitamin E သည် အစွမ်းထက်ဆုံး antioxidants များထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် မျက်လုံးနှင့် ဦးနှောက် အတွင်းရှိဆဲလ်များ၏ ခံနိုင်ရည် အားကို မြှင့်တင်ခြင်းဖြင့် ထောက်ပံ့ပေးသည်။ ထိုဆဲလ်များ ပိုမိုအားကောင်းလေလေ ကလေးငယ်သည် ၎င်းတို့ ယုံကြည်မှုကို မြှင့်တင်ရန်၊ သင်ယူရန်နှင့် ပြန်လည် သတိရရန် အချိန်များလေလေဖြစ်သည်။ ဒါ့အပြင် အခြားအာဟာရများနှင့် Fatty acids ကို ဖြိုခွဲရန်လည်း ကူညီပေးပြီး ၎င်းတို့၏ ထိရောက်မှုကို တိုးမြှင့်စေပါသည်။1,3

DHA

DHA (Docosahexaenoic acid၊ Omega-3 fatty acid) သည် ဆဲလ်အမြှေးပါးများတွင် တွေ့ရှိရပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို ပံ့ပိုးပေးသည့် အလုပ်ကို လုပ်ဆောင်သောအခါတွင် သွေးစီးဆင်းမှုကို ပိုမိုကောင်းမွန်စေခြင်းဖြင့် ဦးနှောက်ဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးသည်။ ဦးနှောက်သည် ၎င်း၏လုပ်ငန်းဆောင်တာများကို မည်သည့်အခါမှ မရပ်တန့်ဘဲလုပ်ဆောင်ရသောကြောင့် DHA အာဟာရ၏ထိရောက်မှု သည် အလွန်အရေးကြီးပါသည်။ အမြင်အာရုံကောင်းမွန်ခြင်းနှင့် ဦးနှောက်လုပ်ဆောင်မှုများကောင်းမွန်စေရန်အတွက် Vitamin E နှင့် DHA ၂ မျိုးစလုံး လုံလောက်စွာရရှိရန် လိုအပ်ပါသည်။

၎င်းတို့ကို ဘယ်နေကနေဘယ်လိုရနိုင်သလဲ။

Lutein, Vitamin E နှင့် DHA ကဲ့သို့ ဦးနှောက်အတွက် အာဟာရဓာတ်ကြွယ်ဝသော အစားအစာများကို ရှာဖွေရာတွင် အလွယ်ဆုံးအကြံပြုချက်မှာ အရောင်အသွေးစုံလင်သော အစားအစာများဖြစ်သည်။  ကျန်းမာရေးနှင့်ညီညွတ်စွာနေထိုင်နိုင်ရန်အတွက် အစားစာများစားသည့်အချိန်တွင် သဘာဝအတိုင်းအရောင်အသွေးစုံလင်သော အစားအစာများကို စားသုံးသင့်သည်။  Lutein အတွက် ဟင်းနုနွယ်ကဲ့သို့ အစိမ်းရင့်ရောင်ရှိသောအရွက်များ၊ ကိုက်လန် သို့မဟုတ် ကညွတ်တို့မှ ထုတ်ပေးပါသည်။ ပန်းသီးနီ၊ စပျစ်သီး သို့မဟုတ် လိမ္မော်သီး ကဲ့သို့ အသီးအနှံများတွင် လည်းတွေ့နိုင်ပါသည်။1,2  Vitamin E ကို ဗာဒံစေ့၊ စားသုံးနိုင်သော အစေ့များ၊ အစေ့အဆီများ နှင့် ထောပတ်သီးများ တွင် အလွယ်တကူတွေ့ရှိနိုင်သော်လည်း DHA ကို ဆာမွန်ငါး နှင့် ထရောက်(အမျိုးများပြားစွာရှိသော ရေချိုငါး) ကဲ့သို့သော ငါး အမျိုးမျိုးတို့တွင် တွေ့နိုင်ပါသည်။1,3 ထိုအစားအစာများကို မကြိုက်သော သို့မဟုတ် စားသုံးရန်အတွက် ခက်ခဲသော ကလေးငယ်များအတွက် အာဟာရဖြည့်စွက်စာများ ရရှိနိုင်ပါသည်။ ဥပမာအားဖြင့်  Similac Gain IQ Ready to Drink အရည်ကို သိပ္ပံနည်းကျ ထုတ်ထားပြီး6,7 Lutein, DHA နှင့် Vitamin E တို့၏ ထူးခြားသော ပေါင်းစပ်မှုဖြင့် ဦးနှောက်နှင့်မျက်လုံး ဖွံ့ဖြိုးမှုကို အပြည့်အဝ ထောက်ပံ့ပေးပါသည်။ အရိုးနှင့် သွားများကို ပံ့ပိုးပေးသည့် ပရိုတင်း၊ ကယ်လ်ဆီယမ်၊ Vitamin K နှင့် D များပါဝင်ပြီး အဓိကသော့ချက်ဖြစ်သော ဦးနှောက်အတွက်အာဟာရ ပါဝင်သော ကြောင့် ကလေးများသည် လျင်မြန်စွာသင်ယူနိုင်ပြီး ပျော်ရွှင်စွာကြီးပြင်းလာနိုင်ပါသည်။

 

References:

    1. https://www.nutritionnews.abbott/pregnancy-childhood/kids-growth/supporting-brain-and-eye-development-in-young-children/
    2. https://www.webmd.com/vitamins/ai/ingredientmono-754/lutein
    3. https://simmom.in/feediq/vitamin-e-dha-for-baby-brain-development#:~:text=Vitamin%20E%20protects%20DHA%20from,DHA%20from%20oxidizing%20with%20Lutein.
    4. https://abbottfamily.com.sg/articles/science/brain-eye-development
    5. https://similacmyanmar.com/available-products/#gainIQ
    6. Buck, Rachael, H. How Do HMOs Support Baby’s Immune Development?. Global R&D, Abbott Nutrition, 2017.
    7. https://www.abbott.com/corpnewsroom/strategy-and-strength/a-formula-for-innovation.html