Category: Nutrition Facts

သင့်ကလေး၏ စူးစမ်းသိလိုစိတ်ကို ပြုစုပျိုးထောင်ရန် မည်သို့ကူညီရမည်နည်း

သင့်ကလေး၏ စူးစမ်းသိလိုစိတ်ကို ပြုစုပျိုးထောင်ရန် မည်သို့ကူညီရမည်နည်း

သင်၏ကလေးငယ် လေ့လာသင်ယူမှုကို ချစ်မြတ်နိုးလာစေရန် အကောင်းဆုံးနည်းလမ်းမှာ သူတို့၏ စူးစမ်းသိလိုစိတ်ကို ပြုစုပျိုးထောင်ရန်ဖြစ်သည်။

ကလေးများ၏ ပင်ကိုသဘာဝအရ စူးစမ်းသိလိုစိတ်ကို မိဘများကလမ်းမှန်သို့ ရောက်ရှိစေရန် စိတ်ရှည်စွာဖြင့် ထိန်းကျောင်းပြုစုပေးရမည်။

မိဘတစ်ဦးအနေဖြင့် မလုပ်သင့်သောဆုံးသောအရာမှာ သင့်ကလေးငယ်မှ စိတ်အားထက်သန်စွာဖြင့် မေးလာသောသောမေးခွန်းများကို ပို၍စိတ်ဝင်စားလာအောင်အားပေးခြင်းနှင့် ၎င်းတို့၏ပတ်ဝန်းကျင်ရှိ ကမ္ဘာငယ်လေးကို ရှာဖွေတွေ့ရှိရန် လမ်းခင်းပေးခြင်းများ ပြုလုပ်ရမည့်အစား ၎င်းမေးခွန်းများအား လစ်လျူရှုခြင်းပင်ဖြစ်သည်။

ပင်ကိုစူးစမ်းသိလိုစိတ်က သင်၏ကလေးကို ကောင်းမွန်စွာလိုက်လျောညီထွေမှုရှိသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာစေရန် ကူညီပေးသည်။

သင့်ကလေး၏ စူးစမ်းသိလိုစိတ်ကို ပြုစုပျိုးထောင်ရန် သင်အသုံးပြုနိုင်သည့်နည်းလမ်းများ

အပြုသဘောဆောင် အကောင်းမြင်စိတ်ဖြင့် အားဖြည့်ပေးခြင်း

ကလေးတစ်ဦးအနေဖြင့် သူတို့လေ့လာတွေ့ရှိမှုများအား ၎င်းတို့ လေးစား ချစ်ခင်သူများနှင့် မျှဝေသည့်အခါ လူကြီးများဖက်မှ ၎င်းတို့နည်းတူ ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများ ပြန်လည်ရရှိပါက သူတို့ပျော်ရွှင် ကျေနပ်ရသည်။ ရိုးရှင်းလှသည့် ခေါင်းညိတ်ပြခြင်း၊ ချီးမွမ်းခြင်းသို့မဟုတ် ဆုပေးခြင်းများသည် သူတို့၏စူးစမ်းသိလိုစိတ်ကို ဆက်လက်ရှာဖွေရန် ယုံကြည်မှုကိုဖြစ်စေသည်။

သင်ယူမှုပုံစံကွဲများ

အရွယ်ရောက်သူများတွင်လည်း မတူညီသည့် ဥာဏ်ရည်များ သို့မဟုတ် မှတ်မိနိုင်စွမ်းများရှိသကဲ့သို့ ကလေးများတွင်လည်း ရှိကြသည်။ သင့်ကလေးသည် ဘာသာရပ်တစ်ခုတွင် သင့်အိမ်နီးချင်းကလေးကဲ့သို မထူးချွန်မထက်မြက်လျှင် သိုမဟုတ် သင်၏အခြားကလေးများကဲ့သို့ တာဝန်ကိစ္စများဆောင်ရွက်ရာတွင် မကူညီခဲ့လျှင် သင့်ကလေး၏သဘာဝကိုလက်ခံပေး၍ သူ၏စိတ်နေသဘောထားကို နားလည်ပေးသင့်သည်။ ထိုသို့ပြုလုပ်ခြင်းက သင့်ကလေး၏ သင်ယူမှုခရီးလမ်းကို ပိုမိုလွယ်ကူချောမွေ့စေရန် ကူညီလိမ့်မည်။ အချို့ကလေးများသည် အိမ်ပြင်သို့ထွက်၍ ပတ်ဝန်းကျင်ရှိ သဲများရွှံ့များထဲသို့သွား၍ အနံ့ခံခြင်းနှင့် အရသာခံခြင်းများဖြင့် စွန့်စားခန်းများ စူးစမ်းရှာဖွေမှုများ ပြုလုပ်ရသည်ကို ချစ်မြတ်နိုးကြသည်။ အကယ်၍ သင်၏ကလေးသည် ငြိမ်ဆိမ်ပါက(ရှက်တတ်ပါက) စိတ်ကူးယဉ်ဆန်ဆန်၊ ပုံပြင်၊ ကာတွန်းနှင့် ကစားစရာများကို ပိုမိုနှစ်သက်လိမ့်မည်။

ကျောင်းဆရာများနှင့် တိုင်တိုင်ပင်ပင်ရှိပါ။

ကျောင်းဖွင့်သည့်အချိန်တွင် သင်၏ကလေးသည် ရှစ်နာရီကြာ သူ၏ဘဝကို ထိုနေရာတွင် ကုန်ဆုံးစေလိမ့်မည်။ သူတို့၏ ဆရာများနှင့် အလုပ်လုပ်ခြင်းသည်လည်း ၎င်းတို့၏စူးစမ်းသိလိုစိတ်ကို အကူအညီရလိမ့်မည်။ သူတို့၏ သင်ခန်းစာအစီအစဉ်များ၊ အစီအစဉ်များ၊ လှုပ်ရှားမှုများကိုလေ့လာပါ၊ အခွင့်အလမ်းများ ပေါ်ပေါက်လာပါက ၎င်းတို့ထဲမှ အချို့တွင်ပါဝင်ပါ။ အခွင့်အလမ်းများတွင် သူတို့ကိုယ်တိုင်ပါဝင်သည့်အခါ သင်ယူမှုအတွက်ပို၍ကောင်းသော ရလဒ်များရရှိစေပါလိမ့်မည်။ ပညာရေးဆိုင်ရာ အောင်မြင်မှုများကိုသာအာရုံစိုက်မည့်အစား ကလေးများ၏ ဖန်တီးနိုင်စွမ်းတန်ဖိုးတွင်ပို၍ရင်းနှီးမြှုပ်နှံပါ။

Reference(s):

  1. https://abbottfamily.com.sg/articles/pre-school/love-learning#

ကလေးများ၏ အနုပညာနှင့် သင်ယူခြင်း

အနုပညာသည် ကလေး၏သင်ကြားမှုကို မည်သို့ အထောက်အကူပြုပုံ

သင့်ကလေးရဲ့ အဖြူရောင်အိမ်နံရံပေါ်က လက်ရာများကနေ ပန်းချီကားများအထိ မိဘများသည် ထိုကဲ့သို့သော ကြီးထွားဖွံ့ဖြိုးမှု မှတ်တိုင်လေးများကို တန်ဖိုးထားသင့်ပါသည်။ မိဘများအနေဖြင့် ကလေးများကို ပျော်ရွှင်စရာကောင်းသော နည်းလမ်းများဖြင့် ပိုမိုသင်ယူတတ်စေရန် ဆွဲဆောင်သင့်ပြီး ထိုအချက်သည် ကလေးများ၏ မှတ်ဉာဏ်စွမ်းအား၊ လက်နှင့်မျက်လုံးအကြား ဟန်ချက်ညီမှုတို့ကို တိုးတက်စေသော အချက်တစ်ခုလည်းဖြစ်သည်။ ကလေးများကို သင်ထောက်ကူ ကိရိယာများ၊  စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုများ ပေးရမည်ဖြစ်ပြီး ခန္ဓာကိုယ်အတွင်းမှ အထောက်အကူဖြစ်စေသော အစားအစာနှင့် ဦးနှောက်အတွက် အာဟာရဓာတ် ပြည့်ဝစေသော ကလေးများအတွက်ဖော်စပ်စာ (ဥပမာ – Similac Gain )တို့ဖြင့် ထောက်ပံ့ပေးရန်လည်း လိုအပ်ပါသည်။1, 5

 

အာရုံစူးစိုက်နိုင်စွမ်းအားကို အထောက်အကူပြုပေးပါ

ကလေးများသည် မိဘများယုံကြည်ထားသည်ထက် ပို၍ ကိစ္စများအပေါ် အာရုံစူးစိုက်နိုင်ကြပါသည်။ ၎င်းတို့၏ အာရုံကို ဖမ်းစားထားနိုင်သမျှ ဖမ်းစားနေမည်ဖြစ်ပြီး မည်သို့ဆက်ဖြစ်မည်မှာ ၎င်းတို့ပေါ်တွင်ပင် မှုတည်ပါသည်။ သင့်ကလေးကို ခေါင်းစဉ်တစ်ခုပေး၍ အဖြေကို သရုပ်ဖော်ခိုင်းပါက ၎င်းတို့သည် အရောင်များ၊ ပုံများ နှင့် ပေါင်းစပ်ဖွဲ့စည်းမှုများကို အဓိကထား၍ ဖော်ပြလိမ့်မည်။ ကလေးအများစုသည် ပုံဆွဲခြင်းကို နှစ်သက်ကြပြီး ပုံဆွဲခြင်းသည် ၎င်းတို့၏ အာရုံစူးစိုက်မှု ပုံစံတစ်ခုကို ရရှိစေသော သရုပ်ပြမှုတစ်ခုလည်းဖြစ်သည်။ ၎င်းတို့ ပုံဆွဲပြီးသွားသောအခါ ဆွဲထားသောပုံအကြောင်းကို ပြန်လည်ရှင်းပြခိုင်းခြင်းသည် ကလေးငယ်များကို အသေးစိတ်ကအစ သိမြင်စေနိုင်ခြင်းနှင့် အမှတ်တရများ သတိရစေခြင်းတို့ ဖြစ်လာနိုင်ပြီး ထိုအချက်သည် သင့်ကလေး၏ သင်ယူမှုစွမ်းအားကို မြင့်တက်စေရန် အထောက်အကူပြုပေးပါသည်။1, 2

 

အတွေးအခေါ်ဖန်တီးနိုင်စွမ်းအား၊ ခံစားချက်ကို ထုတ်ပြခြင်းနှင့် တစ်ဦးခြင်းစီ ယုံကြည်မှုများကို မြှင့်တင်ခြင်း

ရောင်စုံခဲတံများ၊ စုတ်တံများ နှင့် ဖန်တီးမှုပြုလုပ်နိုင်သော အန္တရာယ်ကင်းသည့် နေရာတစ်ခုတို့ ရှိပါက ကလေးများသည် အနုပညာကို တီထွင်ဖန်တီးနိုင်ကြပါသည်။ ထိုအချက်သည် ၎င်းတို့ စကားလုံးဖြင့် မဖော်ပြတတ်သော ခံစားချက်များကို ဖော်ပြနိုင်ရန် အကူအညီပေးသည်။  ရှက်တတ်သော ကလေးများကို စကားပြောရန် အတင်းအကျပ် မခိုင်းစေပဲ ၎င်းတို့၏ ခံစားချက်များကို ပြောပြစေနိုင်သော အကောင်းဆုံး နည်းလမ်းမှာ ဤနည်းလမ်းပင်ဖြစ်ပါသည်။1, 3

သင်၏ကလေးသည် ၎င်းတို့၏ ခံစားချက်များနှင့် အကြံဉာဏ်များကို အနုပညာမှဖြစ်စေ ပုံပြောခြင်းမှဖြစ်စေ ရုပ်ပိုင်းဆိုင်ရာ သရုပ်ပြမှုကို ပြုလုပ်နိုင်သော အချိန်တွင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးတက်လာစေသည်။ ကလေးတစ်ဦးသည် ယုံကြည်မှုပိုရှိပြီး ပိုမိုအာရုံစိုက်နိုင်လာသောအချိန်တွင် ဘာတွေဖြစ်လာမည်နည်း။ ကလေးငယ်၏ ဦးနှောက်ကို အမြင်များ၊ ရွေ့လျားမှုများ၊ ဝေါဟာရများဖြင့် အလုပ်လုပ်စေပြီး သင်ကြားမှုတွင် ပိုမိုကောင်းမွန်လာစေပါသည်။ ပုံဆွဲနေစဉ် လက်၊ လက်ကောက်ဝတ်နှင့် လက်ချောင်းများ၏ လှုပ်ရှားမှုများသည်  သင့်ကလေး အသုံးပြုသည့်အပေါ်မူတည်၍ အမြင်အာရုံတုံ့ပြန်ချက်ကို ချက်ခြင်းပေးသောကြောင့် ၎င်းတို့၏သိမြင်နိုင်စွမ်းကို တိုးတက်ကောင်းမွန်လာစေပါသည်။1, 3

 

အာဟာရဓာတ်သည် အစိတ်အပိုင်းတစ်ခုအနေဖြင့် ပါဝင်ပုံ

မနက်စာသည် တက်ကြွသော ကလေးတစ်ဦးကို နေ့လည်စာ မစားမီအချိန်အထိ ပင်ပန်းမှုမရှိစေရန် ထိန်းပေးထားနိုင်ပါသည်။ ထောပတ်သီး၊ ကီဝီသီး၊ နာနတ်သီး၊ စတော်ဘယ်ရီသီး၊ ဥများ၊ ချိစ့်များ၊ အခွံမာသီးများ နှင့် ဂျုံထွက်အစားအစာများကဲ့သို့သော အာဟာရဓာတ်ပြည့်ဝသော အစားအစာများကို သင့်ကလေးအား စားစေခြင်းဖြင့် အရေးပါသော ဦးနှောက်အထောက်အကူပြု အာဟာရဓာတ်များ (လူတင်း၊ DHA နှင့် RRR သဘာဝ ဗီတာမင် E၊ ဖိုလိတ်၊ ဗီတာမင် B6၊ ကိုလင်း၊ ဇင့်၊ မက်ဂနီဆီယမ်၊ သံဓာတ်၊ ဗီတာမင် C နှင့် ပရိုတိန်း)ကို ရရှိစေပါသည်။ ထိုဓာတ်များသည် ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါရုံသာမက မှတ်ဉာဏ်ကောင်းမွန်စေခြင်းနှင့် စိတ်အခြေအနေကို ကောင်းမွန်စေရန် ကူညီပေးသော ဆဲလ်များအတွက်လည်း အထောက်အပံ့ဖြစ်စေပါသည်။ အခြားနည်းဖြင့် ဆိုရလျှင် သင့်ကလေး စားသောက်သည့် ပန်းကန်တွင် အရောင်အသွေးစုံလေလေ ၎င်းတို့၏ ဦးနှောက်သည် သင်ကြားရေးအတွက် အာရုံပိုစိုက်နိုင်လေလေပင် ဖြစ်သည်။4, 5

အနုပညာသည် အဆင့်အတန်းမြင့် ပြတိုက်များအတွက်သာမဟုတ်ပဲ ကလေး ဖွံ့ဖြိုးမှု မှတ်တိုင်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော အိမ်နှင့် စိတ်၏ ပြတိုက်အတွက်လည်း အရေးပါပါသည်။ သင်၏ကလေးကို ပုံဆွဲခြင်း ဖန်တီးမှုပြုလုပ်ခြင်းများ ပြုလုပ်ခွင့်ပေးပါ။ အဘယ်ကြောင့်ဆိုသော် ထိုအချက်သည် ၎င်းတို့ ပညာသင်ကြားသောအချိန်တွင် အများထက်သာစေရန် ထောက်ပံ့ပေးနိုင်သောကြောင့် ဖြစ်ပါသည်။ ဦးနှောက်အတွက် အထောက်အကူပြုသော အာဟာရဓာတ်များသည် လှုံ့ဆော်မှုကောင်းသော ပတ်ဝန်းကျင်နည်းတူ အရေးပါသောကြောင့် သင့်ကလေးတွင် မျှတသော အစားစားသောက်မှုပုံစံတစ်ခုရှိရန် အရေးကြီးပါသည်။ မှန်ကန်သော အာဟာရဓာတ် ပမာဏရှိရန်လိုအပ်ပြီး အစားတစ်မျိုးတည်းဖြင့် မလုံလောက်သောအချိန်တွင် Similac Gain IQ က အကူအညီပေးနိုင်ပါသည်။5 အမြင်အာရုံနှင့် ဦးနှောက်ဖွံ့ဖြိုးမှု6ကို အထောက်အပံ့ပေးသော DHA (ဒိုကိုဇာ ဟက်ဇနောရစ် အက်စစ်)၊ လူတင်းနှင့် သဘာဝ ဗီတာမင် E တို့အပြင် ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးသော နှစ်ထပ်ကွမ်းအက်ဖ်အယ်လ် အိတ်ချ်အမ်အို နှင့် နယူကလီရိုတိုက်(ဒ်)  (2’-FL HMO & Nucleotide) တို့ဖြင့် ကောင်းမွန်စွာ ပေါင်းစပ်ထားသောကြောင့် သင့်ကလေးငယ်သည် ကျန်းမာစွာလေ့လာသင်ယူနိုင်ပြီး ကလေးဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းစေနိုင်ပါသည်။7 သင့်ကလေး ရှင်သန်နေထိုင်မှုအတွက် လူမှုဆက်ဆံရေးသည် အာဟာရဓာတ်ကဲ့သို့ပင် ထပ်တူ အရေးပါသောကြောင့် သင့်ကလေးနှင့်အတူ စကားပြောခြင်း၊ သင်ကြားခြင်း၊ လေ့လာခြင်းနှင့် စူးစမ်းရှာဖွေခြင်းတို့ကို ပြုလုပ်ပေးရပါမည်။ နမူနာရယူရန် ယနေ့ပဲ Similac Myanmar သို့ လာရောက် စာရင်းပေးသွင်းလိုက်ပါ။


ကိုယ်ဝန်ဆောင်ချိန်၌ မူးဝေအော့အန်ခြင်း (Morning Sickness) နှင့် အစားအသောက်ဆိုင်ရာ

ကိုယ်ဝန်ဆောင်ချိန်၌ မူးဝေအော့အန်ခြင်း (Morning Sickness) နှင့် အစားအသောက်ဆိုင်ရာ

ကိုယ်ဝန်ဆောင်စဉ် ပျို့အန်ခြင်းကို ခံစားခြင်း သို့မဟုတ် အော့အန်ခြင်းသည် ကိုယ်ဝန်ဆောင်ချိန်၌ မူးဝေအော့အန်ခြင်း (Morning sickness) ဖြစ်သည်။ ကိုယ်ဝန်ဆောင်ချိန်၌ မူးဝေအော့အန်ခြင်း(Morning Sickness)သည် ပထမသုံးလပတ်တွင် ဟော်မုန်းအပြောင်းအလဲများကြောင့်ဖြစ်နိုင်သည်။ ထိုဖြစ်စဥ်သည် အခြားကိုယ်ဝန်ဆောင်စဉ်ကာလအတွင်းတွင်လည်း ထပ်မံဖြစ်ပွားနိုင်သည်။ အဘယ်​ကြောင့်ဆိုသော် ကိုယ်ဝန်တည်ရှိရာနေရာသည် မိခင်၏အစာအိမ်တည်ရှိရာကို ဖိနှိပ်မိသောကြောင့်ဖြစ်သည်။

 

ကိုယ်ဝန်ဆောင်ချိန်၌​မူးဝေအော့အန်ခြင်း(Morning Sickness)သက်သာစေရန်

  • သရေစာမုန့်များ သို့မဟုတ် အစားအစာများကို တစ်နေ့ငါးခါ ခြောက်ခါ ခန့်စားပါ။
  • ပုံမှန်ထက် နှေးကွေးစွာစားပါ။
  • သင့်ကို အနှောက်အယှက်ဖြစ်စေသည့် ရနံ့များပါဝင်သည့် အစားအစာများကို ရှောင်ကြဉ်ပါ။
  • အရည်များများ သောက်ပါ။
  • အဆီများ အလွန်အကျွန်စားသုံးခြင်း၊ စပ်သောအစားအစာများကို ရှောင်ကျဥ်ပါ။
  • လိုအပ်သော ဖြည့်စွက်စာများကို အစားအစာဖြင့် စားသောက်ပါ။
  • နံနက်အိပ်ရာမထမီ ဘီစကွတ်ကဲ့သို့သော အသေးစားသရေစာကိုစားပါ။

ကိုယ်ဝန်ဆောင်ချိန်၌ မူးဝေအော့​အန်ခြင်း(Morning Sickness)ကိုသက်သာစေမည့် အစားအစာကိုရှာဖွေပါ။

 

ဗိုက်အောင့်ခြင်းကို သက်သာစေမည့် နည်းလမ်းများ

  • အေးသောဖျော်ရည်နှင့် ဒိန်ချဉ်များစားသောက်ပါ။
  • သစ်သီးအရသာရှိသည့် အေးသောကာဗွန်နိတ်ရေကို ရံဖန်ရံခါသောက်သုံးပါ။
  • အလွယ်တကူ အစာကြေလွယ်သည့် ဘီစကွတ်မုန့်၊ ပေါင်မုန့်မီးကင်နှင့်ထမင်းများကို စားပါ။
  • ငှက်ပျောသီးနှင့် သစ်သီးဖျော်ရည်များကို စားသောက်ပါ။
  • ဂျင်းဆိုဒါစစ်စစ်၊ လတ်ဆတ်သောဂျင်းလက်ဖက်ရည် သို့မဟုတ် ဂျင်းဖြင့်ပြုလုပ်သော သကြားလုံးများကို စားသောက်ပါ။

 

နံနက်စောစော ကိုယ်ဝန်ဆောင်ချိန်၌ မူးဝေအော့အန်ခြင်း(Morning Sickness)ဖြစ်သည့်အခါ မည်သို့ဆောင်ရွက်ရမည်နည်း

ကိုယ်ဝန်ဆောင်ချိန်၌ မူးဝေအော့အန်ခြင်း(Morning Sickness)သည် လူတိုင်းတွင် ကွဲပြားပြီး ကိုယ်ဝန်ဆောင်နေစဉ် အန္တရာယ်မရှိပါ။ သို့သော်ရောဂါလက္ခဏာများသည် ပုံမှန်ထက်ပိုမိုပြင်းထန်သည်ဟုခံစားရလျှင် သို့မဟုတ် ကြာရှည်လျှင်၊ ရောဂါရှာဖွေခြင်းနှင့် ညွှန်ကြားချက်များအတွက် သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။

 

Reference(s):

  1. https://abbottfamily.com.sg/articles/nutrition/morning-sickness#

အစာချေစနစ်အတွက် အမျှင်ဓာတ်၏ အကျိုးကျေးဇူးများ

အစာချေစနစ်အတွက် အမျှင်ဓာတ်၏ အကျိုးကျေးဇူးများ

ကိုယ်ဝန်ဆောင်စဉ်အတွင်း သင်စားသုံးသောအစားအစာများတွင် အမျှင်ဓာတ်နှင့် အခြားအာဟာရမျိုးစုံ ပိုမိုပါဝင်ခြင်းသည် များစွာအကျိုးကျေးဇူးရှိပါသည်။ ၎င်းသည် ဝမ်းချုပ်ခြင်းနှင့် အာဟာရစုပ်ယူခြင်းကို တားဆီးပေးပြီး သင်၏အစာခြေကျန်းမာရေးကို အကျိုးပြုပါသည်။ အမျှင်ဓာတ်သည်အရေးကြီးသော်လည်း ကိုယ်ဝန်ဆောင်ကာလများတွင် မိခင်အချို့သည် ဆာလောင်မွတ်သိပ်မှုဆုံးရှုံးခြင်း၊ အာဟာရနည်းသောအစားအစာများကို တောင့်တခြင်းတို့ကြောင့် အမျိုးသမီးများအတွက် အကြုံပြုထားသည့် ပမာဏတစ်ဝက်အောက်သာ စားသုံးလေ့ရှိကြသည်။

ကျွန်ုပ်တို့သည် အရေးကြီးသော အမျှင်ဓာတ်နှင့် အချက်အလက်အချို့ကို ပြန်လည်သုံးသပ်ပြီး Similac MUM သည် သင်နှင့်သင့်ကလေးအတွက် ကိုယ်ဝန်ဆောင်စဉ်ကာလများတွင် မည်သို့ ပံ့ပိုးပေးသည့် အကျိုးရှိသော အချက်အလက်များကို အောက်တွင် ဖော်ပြပေးပါမည်။

အမျှင်ဓာတ်နှင့်ကိုယ်ဝန်ဆောင်သည် အစာခြေဖျက်ခြင်းဆိုင်ရာအချက်များ

အမျှင်ဓာတ်ကို ခန္ဓာကိုယ်သည် ကိုယ်တိုင်မခြေဖျက်နိုင်ဘဲ ၎င်းကိုပြုလုပ်ရန်အတွက် Probiotics လိုအပ်ပါသည်။ အမျှင်ဓာတ်သည် ပရိုဘိုင်အိုတစ်များကို စားသုံးခြင်းကို ( အူထဲတွင်ရှိသောကောင်းသည့်ဘတ်တီးရီးများသည် မကောင်းသောအရာများကို တိုက်ထုတ်နိုင်သည်) Prebiotics ဟုခေါ်ပါသည်။ အောက်တွင် အမျှင်ဓာတ်ကြောင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ဖော်ပြပေးမည်။

ကိုယ်ဝန်ဆောင်စဉ်အတွင်း ကိုယ်အလေးချိန်တက်ခြင်းကို ထိန်းချုပ်ပေးသည်။

ကိုယ်အလေးချိန်သည် တက် လေ့ရှိသော်လည်း ၎င်းကို ထိန်းချုပ်နိုင်ပါသည်။ အမျှင်ဓာတ်များသောအစားအစာ များသည် အချိန်ကြာမြင့်စွာဗိုက်ပြည့်စေပြီး အစားအစာကို များများစားမိစေခြင်းမှ တားဆီးပေးပါသည်။ ကိုယ်ဝန်ဆောင်ချိန်အတွင်း ကိုယ်အလေးချိန်ကို ထိန်းပေးခြင်းဖြင့် နို့တိုက်နေစဉ်နှင့် ကလေးမွေးဖွားပြီး နောက်ပိုင်းတွင် ကိုယ်အလေးချိန်ကို ပိုမိုလွယ်ကူစွာ ထိန်းချုပ်နိုင်ပါသည်။ အထူးသဖြင့် အမျှင်ဓာတ်များသော အစားအစာများသည် ကယ်လိုရီစားသုံးမှုကို ၁၀ ရာခိုင်နှုန်း  အထိသိသိသာသာ လျှော့ချနိုင်ပြီး သရေစာများ သို့မဟုတ် အဆီများသော အစားအစာများကို စားသုံးနိုင်ခြေနည်းသွားသည်။

ကိုယ်ဝန်ဆောင်စဉ်အတွင် ဝမ်းသွားခြင်းကို ကောင်းမွန်စေသည်။

ကိုယ်ဝန်ဆောင်စဉ်အတွင်း ဟော်မုန်းအချို့ ( Progesterone) ကို ထုတ်ပေးခြင်းကြောင့် ဝမ်းချုပ်ခြင်း များ အဖြစ်များပါသည်။ အမျှင်ဓာတ်သည် အရည်စုပ်ယူမှုကို ကူညီပေးပြီး ဝမ်းကိုပျော့ပျောင်းစေသောကြောင့် ဝမ်းသွားရလွယ်ကူပြီး အမျှင်အမျှင်ဓာတ်များများ စားသုံးခြင်းဖြင့် မအီမသာဖြစ်ခြင်းကို ကာကွယ်ပေးပါသည်။ သင်၏ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်၏ အကြံဉာဏ်ကို ရယူပြီး ၎င်းအကြုံပြုသည့်အတိုင်း အမျှင်ဓာတ်ကို စားသုံးပြီး အကူအညီဖြစ်စေရန် ဖြည့်စွက်စာများ စားသုံးခြင်းအကြောင်းကို မေးမြန်းပါ။

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ကိုယ်ဝန်ဆောင်ချိန်အတွင်း နှလုံးသွေးကြောဆိုင်ရာ ရောဂါ ဖြစ်နိုင်ချေကို လျှော့ချပေးပါသည်။

အမျှင်ဓာတ်သည် အစာနှင့်သကြားဓာတ်စုပ်ယူမှုကို နှေးကွေးစေပြီး သွေးတွင်းသကြားဓာတ် လျင်မြန်စွာမြင့်တက်ခြင်းမှ ကာကွယ်ပေးပါသည်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း ဟော်မုန်းအချို့ထွက်ရှိခြင်းကြောင့် သွေးတွင်း ဂလူးကို့စ်ကို များလာတတ်ပြီး အမျှင်ဓာတ်များကို စားသုံးခြင်းဖြင့် အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါသည်။

အကယ်၍ သွေးတွင်းဂလူးကို့စ်ကို မစစ်ဆေးဘဲထားပါက နှလုံးနှင့်ဆက်စပ်သော သွေးကြောများနှင့် အာရုံကြောများကို ထိခိုက်ပျက်စီးစေနိုင်သည်။ ၎င်းသည် မိခင်ကို နှလုံးရောဂါဖြစ်စေနိုင်ပြီး လေဖြတ်နိုင်ခြေကို တိုးစေနိုင်ပါသည်။ အမျှင်ဓာတ်များသည် ကိုလက်စထရောဓာတ်ကြွယ်ဝသော သည်းခြေအရည်အက်ဆစ်များကို အစာခြေစနစ်တွင် ထိန်းချုပ်ထားခြင်းဖြင့် သွေးထဲတွင် ကိုလက်စထရော မရောက်အောင်ကူညီပေးပါသည်။

သင်၏အစားစာတွင် အမျှင်ဓာတ်များများပါအောင်ဘယ်လိုထည့်သွင်းမလဲစားမလဲ။

အမျှင်ဓာတ်စားသုံးမှုကို ဖြည်းဖြည်းချင်း လေ့ကျင့်ပြီး သင့်ခန္ဓာကိုယ်သည် ၎င်းအစားအစာ အမျိုးအစားကို အလေ့အကျင့်ဖြစ်ရန် အချိန်ပေးရပါမည်။ တစ်နေ့လျှင် စားသုံးချိန်၆ ကြိမ်အထက်တွင် အမျှင်ဓာတ် ပါ၀င်အောင်စားသုံးခြင်း သို့မဟုတ် သရေစာစားချိန်များတွင် ၎င်းကို စားသုံးဖို့ အချိန်ဇယားဆွဲပြီး စတင်ပါ။ အမျှင်ဓာတ်ကောင်းသော သဘာဝရင်းမြစ်များမှာ ငှက်ပျောသီး၊ အစိမ်းရင့်ရောင်ရှိသောအရွက်များ၊ အခွံမာသီးများ၊ ပဲများနှင့် အာလူးတို့ဖြစ်သည်။

သင့်ကလေးအတွက် အကောင်းဆုံးကို သင်လိုချင်နေသောကြောင့် ကိုယ်ဝန်ဆောင်ချိန်အတွင်း သင့်ကိုယ်သင်ကျန်းမာအောင် ကြိုးစားပါ။ သို့သော်လည်း တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့အားလုံး အကူအညီအနည်းငယ်လိုအပ်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေ အတွက် ၎င်းတို့ရနိုင်သလောက်အကူညီများ လိုအပ်ပါသည်။ ထို့ကြောင့်အမျှင်ဓာတ်လုံလောက်စွာ သို့မဟုတ် အခြားအာဟာရလိုအပ်ချက်များ မရရှိဟုခံစားရပါက သိပ္ပံနည်းကျလေ့လာပြီးဖော်စပ်ထားသည့် Similac Mum သည် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် ကိုယ်အလေးချိန်ပိုမတိုးစေဘဲ လိုအပ်သော အာဟာရကိုထောက်ပံ့ပေးရန် ဖော်ထုတ်ထားသည်။ လူတင်း၊ သဘာဝ အာအာအာ ဗီတာမင် အီး၊ ဒီအိတ်ချ်အေ၊ ခိုလင်း၊ ဖောလစ်အက်ဆစ်နှင့် သံဓာတ်တို့ သိပ္ပံနည်းကျပေါင်းစပ်ကာ ဦးနှောက်နှင့် အမြင်အာရုံအတွက်ပါ ထောက်ပံ့ပေးသည်။

 

နမူနာပစ္စည်းရယူရန်

 

Source:

  1. https://abbottfamily.com.sg/articles/nutrition/fiber#
  2. Huynh DTT et al. J Matern Fetal Neonatal Med. 2017 May 7: 1-9 – https://www.tandfonline.com/doi/full/10.1080/14767058.2017.1320984
  3. Brown, Lisa S. PhD, RD et al. Nutrition Requirements During Pregnancy. Jones and Bartlett Publishers, LLC. pg. 5, 8. 2011 – http://samples.jbpub.com/9780763777920/77920_ch01_001_024.pdf (PDF document)
  4. https://abbottfamily.com.sg/products/page/similac-mum

သက်တောင့်သက်သာ မရှိမှုအား စီမံခြင်း

သင့် သက်သောင့်သက်သာ မရှိမှုအား စီမံခြင်း

ကိုယ်ဝန်ဆောင်စဉ်အတွင်း ကြုံတွေ့ရသည့် အဆင်မပြေမှုများအား ဘယ်လိုကုသမလဲ?

ကိုယ်ဝန်ဆောင်ခြင်းသည် ပျော်ရွှင်မှုများ ပြည့်ဝနေသည့် ကာလဖြစ်ပြီး အခြားအမျိုးသမီးများနည်းတူ သင်လည်း အဆိုပါအချိန်အတွင်း ရုပ်ပိုင်းဆိုင်ရာ အဆင်မပြေမှုများအား ကြုံတွေ့ရသည်။ အောက်ပါ အချက်များသည် ကိုယ်ဝန်ဆောင် အမျိုးသမီးများ ကြုံတွေ့ရမည့် အချက်များဖြစ်ပြီး စီမံရမည့် နည်းလမ်းကောင်းများဖြစ်သည်။

ကြွက်တက်ခြင်း

ပြဿနာများ

အထူးသဖြင့် ညအချိန်တွင် ခြေသလုံး နာကျင်စွာ ကြွက်သားကြုံ့ခြင်း

ဘာလုပ်ရမလဲ?

  • နာကျင်နေသည့် ကြွက်သားအား နှိပ်ပါ
  • သွေးလှည့်ပတ်မှု ရှိစေရန် တစ်မိနစ် နှစ်မိနစ်ခန့် လမ်းလျှောက်ပါ
  • ကယ်လ်ဆီယမ် ပါဝင်သည့် နို့နှင့် နို့ထွက် ပစ္စည်းများ စားသုံးပါ
  • ဆရာဝန် ညွှန်ကြားချက်အရ ကယ်လ်ဆီယမ် ဖြည့်စွက်စာများ စားသုံးပါ။

တစ်ရှူးများအတွင်း အရည်ကိန်းအောင်းခြင်း

ပြဿနာများ

ခြေထောက်ယောင်ယမ်းခြင်း

ဘာလုပ်ရမလဲ?

  • နားနေစဉ်တွင် ခြေထောက်ကို မြှောက်ထားပါ

သွေးကြောထုံးခြင်း

ပြဿနာများ

ခြေထောက်တွင် သွေးကြောများထုံးခြင်း၊ ကြီးခြင်း၊ ပြာခြင်း

ဘာလုပ်ရမလဲ?

  • ကြုံ့ ဆန့်နိုင်သော အသားကပ် ဝတ်ပါ။
  • မတ်တပ်ရပ်စရာ မရှိလျှင် ထိုင်ပါ။
  • နားနေစဉ်တွင် ခြေထောက်ကို မြှောက်ထားပါ

ချွေးထွက်ခြင်း

ပြဿနာများ

အနည်းငယ် လှုပ်ရှားရုံနှင့် ချွေးထွက်ခြင်း (သို့) ညအချိန်တွင် ပူ၍ ချွေးထွက်ပြီး နိုးလာခြင်း

ဘာလုပ်ရမလဲ?

  • ချောင်သော ချည်သားအင်္ကျီဝတ်ပါ။
  • ရေများများ သောက်ပါ။

ယားခြင်း

ပြဿနာ

အသားထပ်သည့်နေရာများဖြစ်သည့် ရင်သားအောက်တွင် အနီကွက် ယားနာများထခြင်း

ဘာလုပ်ရမလဲ?

  • ယားနာဖြစ်သည့်နေရာကို အနံ့မပါသော ဆပ်ပြာနှင့် ဆေးပြီး ချက်ချင်း ခြောက်အောင်သုတ်ပါ။
  • ချောင်သော ချည်သားအင်္ကျီဝတ်ပါ။
  • အဆိုပါနေရာကို အပူလောင်လျှင် လိမ်းသော ဆေးရည်လိမ်းပါ။

ကိုယ်ဝန်ဆောင်စဉ်အတွင်း အလေးချိန် မြင့်မားလာခြင်း ဘယ်အရာက ကျန်းမာပြီး ဘယ်အရာက မကျန်းမာသလဲ?

ကိုယ်ဝန်ဆောင်စဉ်အတွင်း အလေးချိန် မြင့်မားလာခြင်း : ဘယ်အရာက ကျန်းမာပြီး ဘယ်အရာက မကျန်းမာသလဲ?

ဘာကြောင့် သင့်ကိုယ်အလေးချိန်ကို သတိပြုသင့်လဲ?

အချို့သော မိခင်များသည် သူတို့၏ အလေးချိန်တိုးလာခြင်းကို အထူးအလေးထားပြီး ကလေးကြီးထွားခြင်းအတွက် မိမိတို့ကိုယ်တိုင် အစာများများ စားရမည်ဟူ၍ အမှတ်လွဲနေကြသည်ဟု ဆရာဝန် တန်က ဆိုသည်။ အမှန်မှာ သင့်အလေးချိန် တိုးလာလျှင် သင့်ကလေးလည်း ကြီးထွားလာမည်၊ ထွားသောကလေးသည် မီးဖွားရန်ခက်ခဲပြီး မိခင်အတွက် ဝိတ်ချရန်လည်း ခက်ခဲစေမည်။

ထို့ကြောင့် အလေးချိန် တိုးရန် ညွှန်ကြားခြင်းကိုလည်း ပြန်စဉ်းစားရန်လိုအပ်မည်။ ကျန်းမာရေး အဆင့်မြှင့်ခြင်း ဘုတ်အဖွဲ့က အဆာပြေ စားစရာများအား လိုအပ်သော ကယ်လိုရီအတွက် စားသုံးရန် ညွှန်ကြားသည်။ အမျိုးသမီးအများစုသည် ကိုယ်ဝန်ဆောင်စဉ်အတွင်း 10 ကီလိုမှ 12 ကီလိုအထိ တိုးလာကြသည်။11

ကျန်းမာသော ကိုယ်ဝန်ဆောင်

အစားအသောက် လျှို့ဝှက်ချက်မျှတသော အစားအသောက်သည် အစာအုပ်စု အမျိုးမျိုးအား မျှတအောင် စားသုံးခြင်း၊ အာဟာရကြွယ်ဝသော အစားအသောက်များကို ရွေးချယ်စားသုံးခြင်း ကယ်လိုရီစားသုံးမှုအား ဂရုစိုက်ခြင်းတို့အား ကိုယ်ဝန်ဆောင်များအတွက် အားပေးသည်။

Dr Tan အဆိုအရ အမျိုးသမီးများသည် အာဟာရကြွယ်ဝသော အစားအသောက်ကို အာရုံစိုက်ရန်လိုသည်။ လတ်ဆတ်သော သစ်သီး၊ဟင်းသီးဟင်းရွက်တို့အား လိုအပ်သည့် ကယ်လိုရီဓာတ်အတွက် စားသုံးပြီး ကာဘိုဟိုက်ဒရိတ်နှင့် အဆီတို့အား လျှော့ချခြင်းပင်ဖြစ်သည်။ကိုယ်ဝန်ဆောင်နှင့် မီးဖွားပြီးချိန်အထိ ဖောလစ်အက်ဆစ် ဖြည့်စွက်စာသည် ကလေး၏ ဦးနှောက်နှင့် ကျောရိုးချွတ်ယွင်းချက်များအား ထိထိရောက်ရောက် ကာကွယ်ပေးနိုင်သည်။12 ဖောလစ်အက်ဆစ်၏ အဓိက အရင်းမြစ်သည် စီရီယယ်နှင့် နို့ကဲ့သို့သော အာဟာရဓာတ်ကြွယ်ဝသည့် အစားအသောက်များဖြစ်သည်။အချို့ဆရာဝန်များသည် ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များအား ဗီတာမင်အမျိုးမျိုး၊ ကယ်လ်ဆီယမ်နှင့် DHA ပါဝင်သော ဖြည့်စွက်စာများ စားသုံးရန် တိုက်တွန်းကြသည်။

Dr Tan ရှင်းပြချက်အရ သင့်အစားအသောက်တွင် တိကျသော ပမာဏနှင့် ဖြည့်စွက်စာပါဝင်လျှင် အကျိုးရှိသည်။ သို့သော် မျှတသော အာဟာရသည် လေ့ကျင့်ခန်းနှင့် မိသားစု ဆက်ဆံရေးနှင့်လည်း ဆိုင်ပြီး ပျော်ရွှင်သော ကိုယ်ဝန်သည်၊ ကျန်းမာသောကလေး ရရှိခြင်းအတွက် အဓိကပင် ဖြစ်သည်။


Common Illnesses Every Parent Should Know

မိဘများသိထားသင့်သည့် အဖြစ်များသောဖျားနာမှုများ

ကလေးများ၏ ကိုယ်ခံအားသည် ထိရှလွယ်ပြီး ငယ်ရွယ်သည့်အချိန်များတွင် ရောဂါပိုးများ ပိုမို ဝင်ရောက်တတ်သည်။ ထို့အပြင် ကလေးများသည် နေ့ကလေးထိန်းကျောင်းများ၊ ကျောင်းများနှင့် သူငယ်ချင်းအိမ်များ သွားရောက်ခြင်းကြောင့် အခြားကလေးများ၏ ရောဂါများနှင့်လည်း ထိတွေ့နေရတတ်ပါသည်။ မိမိ၏ကလေးတွင် မည်သည့်ရောဂါဖြစ်မှန်းမသိ ဖြစ်နေခြင်းသည် မိဘများအတွက် စိတ်ဖိစီးစရာ ဖြစ်ပါသည်။ ကလေးများတွင် အဖြစ်များဆုံးရောဂါပိုးများမှာ အရေပြားရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါနှင့် အစာခြေလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်သည်။ ဖျားနာမှုကြောင့် အစာစားချင်စိတ်မရှိသည့်အခါ အမျှင်ဓာတ်နှင့် ဗီတာမင်များကြွယ်ဝသောအစားအစာများကို စားပေးခြင်း သို့မဟုတ် (ဥပမာ Similac Total Comfort) ကဲ့သိုသော ဖြည့်စွက်အာဟာရများ နှင့် အာဟာရအကြံပြုချက်များပါဝင်ပြီး ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ နည်းလမ်းများကို လေ့လာရန် အောက်တွင်ဆက်လက်ဖတ်ရှုနိုင်ပါသည်။1,6

ဓာတ်မတည့်ခြင်း သို့မဟုတ် နှာခေါင်းတွင်း ရောင်ရမ်းခြင်း

သင့်ကလေး၏မျက်လုံးဧရိယာသည် နီရဲနေပြီး ရက်အနည်းငယ်ထက်ပို၍ နှာရည်ယိုနေပါက ၎င်းသည် ဓာတ်မတည့်သည့် နှာရည်ယိုခြင်းဖြစ်နိုင်သည်။3 ဤဓာတ်မတည့်မှုအမျိုးအစားသည် ရာသီဥတု နှင့် ပတ်ဝန်းကျင်ကြောင့် ဖြစ်လေ့ရှိပြီး ဆက်တိုက်ဖြစ်နေပါက ၎င်းသည် ကလေး၏ အိပ်စက်မှုစက်ဝန်းကို အနှောင့်ယှက်ဖြစ်စေနိုင်ပါသည်။ ရောင်ရမ်းပြီး နှာခေါင်းတွင် ပိုလျှံနေသော အချွဲများကြောင့် အရသာနှင့် အနံ့ပျောက်ပြီး အစာစားချင်စိတ်ကို လည်းထိခိုက်စေပါသည်။ 1

 

ကာကွယ်ခြင်းနှင့် ကုသခြင်း – အိမ်အတွင်း အနံ့ပြင်းသော အရာများ၊ အနံ့ဆူးသောပန်းများ ထိတွေ့ ရှူရှိုက်ခြင်းတို့ကို ရှောင်ရှားပြီး အခန်းတွင်ဖုန်များကို ပုံမှန်ရှင်းလင်းပေးပါ။ ရောဂါလက္ခဏာ သက်သာ ပျောက်ကင်းမှု မရှိပါက သိကျွမ်းနားလည်သောဆရာဝန်ထံ  သွားရောက်ပြသခြင်းသည် အကောင်းဆုံးဖြစ်သည်။ ချဉ်သောအသီးများ၊ ဟင်းသီးဟင်းရွက်များ၊ ဗီတာမင် C၊ D နှင့် အိုမီဂါဖက်တီးအက်စစ်ဓါတ်များ ကြွယ်ဝသည့် အဆီများသောငါးများတွင် ၎င်းအရာများကို ထောက်ပံ့ပေးပါက ခုခံအားဆဲလ်များ၏ လုပ်ဆောင်မှုကို မြှင့်တင်ပေးပြီး ရောင်ရမ်းမှုကို လျှော့ချပေးပါသည်။3,5

 

 ရေကျောက်

၎င်းရောဂါသည် ဖျားခြင်းနှင့် နှုံးခွေခြင်းတို့ စတင်ဖြစ်ပေါ်လာပြီး ၁၀ရက်မှ ၂၁ ရက်ခန့် အကြာတွင် အစက်အပြောက်များ ဖြစ်ပေါ်လာနိုင်သည်။ 2  ပုံမှန် ကျန်းမာသောကလေးများတွင် ရောဂါလက္ခဏာများမှာ မပြင်းထန်သော်လည်း နှုံးခွေ ပင်ပန်းနွမ်းနယ်ခြင်းကို ဖြစ်စေနိုင်သည်။ ရောဂါပိုးရှိသော ကလေးငယ်၏ ရေကျောက် အနာဖေးများ နှင့် ခန္ဓာကိုယ်အရည်များကို ထိတွေ့ခြင်းမှ တဆင့် သင့်ကလေးကို အလွယ်တကူ ကူးစက်မြန် ပျံ့နှံ့စေနိုင်ပါသည်။3

 

ကာကွယ်ခြင်းနှင့်ကုသခြင်း – ရောဂါပိုးကူးစက်မှုကို ကာကွယ်ထိန်းချုပ်နိုင်ရန် လူစုလူဝေးကို ရှောင်ကြဉ်ပြီး ကျောင်းသို့အကြောင်းကြားပါ။ ကလေးငယ်၏ မျက်လုံးနီမြန်းနေခြင်း၊ အော့အန်ခြင်း သို့မဟုတ် ခေါင်းကိုက်ခြင်းတို့ကြောင့် နှုံးခွေနေပါက ဆရာဝန်နှင့် ချက်ချင်းပြသပါ။ ရေများများသောက်ခြင်းနှင့် ဗီတာမင်နှင့် သတ္တုဓာတ်များရရှိစေရန် အစေ့အဆန်များ၊ ပဲများ၊ လတ်ဆတ်သောသစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို ကျွေးခြင်းဖြင့် သင့်ကလေး၏ ကိုယ်ခံစွမ်းအားကို မြှင့်တင်နိုင်ပါသည်။ သကြားမပါသော ငုံဆေးများကို ခံတွင်းအတွင်းရှိ အနာများ ယာယီသက်သာစေရန် အသုံးပြုနိုင်သည်။2,3

 

ဝမ်းချုပ်ခြင်း

ဝမ်းချုပ်ခြင်း ဆိုသည်မှာ ဝမ်းသွားသည့်အကြိမ်ရေ နည်းခြင်းကို မဆိုလိုပါ။ ဝမ်းသွားရခက်ခြင်းနှင့် ဝမ်းမာခြင်းတို့ ကြောင့် ဝမ်းဗိုက်တင်းလာပြီး မအီမသာဖြစ်ကာ ကလေးများ စိတ်တိုလွယ်လာကြပါသည်။ အကြောင်းအရင်းမှာ အစားသောက်ပုံစံပြောင်းလဲခြင်း၊ စိတ်ပူပန်ခြင်း သို့မဟုတ် အခြားသောရောဂါများအတွက် ဆေးဝါးများသောက်သုံးခြင်းတို့ ကြောင့် ဖြစ်နိုင်ပါသည်။ ဤသို့ ရောဂါလက္ခဏာခံစားနေရသော သင့်ကလေးများကို ဆေးမတိုက်ခင် ကျန်းမာရေး ပညာရှင်များနှင့် တိုင်ပင်သင့်ပါသည်။

 

ကာကွယ်ခြင်းနှင့်ကုသခြင်း – စိတ်ဖိစီးမှုသည် ဝမ်းချုပ်ရခြင်း၏ အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သောကြောင့် ၎င်းတို့၏စိတ်ပိုင်းဆိုင်ရာ အခြေအနေများကို စစ်ဆေးပြီး မဆုံးဖြတ်သေးဘဲ စကားပြောကြည့်ပါ။ ကိုယ်လက်လှုပ်ရှားခြင်းသည် စိတ်ဖိစီးမှုကို သက်သာစေပြီး သွေးစီးဆင်းမှုကို တိုးတတ်စေသောကြောင့် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းကို အားပေးပါ။ အမျှင်ဓာတ်များသော ဝမ်းအဖြစ်ဖြစ်စေရန် အမျှင်ဓာတ်စားသုံးမှုကို တိုးစေပြီး ပျော့ပျောင်းစေရန်အတွက် ရေဓာတ်ကို စုပ်ယူပါသည်။ ထိုကြောင့် အမျှင်ဓာတ်များသော အစားအစာများသည်လည်း ရေဓာတ်များစွာလိုအပ်သောကြောင့် သင့်ကလေးအား ရေဓာတ်ပြည့်ဝနေစေရန် မမေ့ပါနှင့်။ အစားသောက်များတွင်ပါဝင်သော ကောင်းသောဘက်တီးရီးယားများ ( ပရိုဘိုင်အိုတစ်) သည် ပရီဘိုင်အိုတစ်အမျှင်များကို စားသုံးပြီး ကျန်းမာသော အူလမ်းကြောင်းကို ထိန်းသိမ်းရန်ကူညီပေးသောကြောင့် မကောင်းသော ပိုးမွှားများကို ကင်းဝေးစေပြီး ခုခံအားစနစ်ကို မြှင့်တင်ပေးပါသည်။4,5

ထိခိုက်လွယ်သောဝမ်းဗိုက်နှင့် အရေပြားပြဿနာများဖြစ်နေစဉ်အတွင်း ဗီတာမင် စီကြွယ်ဝသော လိမ္မော်သီး၊ မဂ္ဂနီဆီယမ်အာဟာရဓာတ်ပါဝင်သော almonds စေ့များ၊ ဗီတာမင် D ကြွယ်ဝစွာ ပါဝင်သော ဆာလ်မွန်ငါး သို့မဟုတ် ခံတွင်းနာခြင်းကြောင့် ပရိုဘိုင်အိုတစ်အတွက် အားဖြည့်ထားသော ဒိန်ချဉ်တို့ကို ကျွေးရန် အခက်အခဲရှိနိုင်သည့်အတွက်2.5 ကလေးများကို တစ်ခါတစ်ရံတွင် ဖြည့်စွက်အာဟာရများဖြင့် ထောက်ပံ့ပေးရန် လိုအပ်ပါသည်။ ဥပမာ စားအုန်းဆီမပါဝင်ဘဲ ချေဖျက်ရလွယ်ကူသော ပရိုတင်းများ၊ ပရိုဘိုင်အိုတစ်( 2’ FL) နှင့် နို့သကြားပါဝင်မှု အလွန်နည်းပါသော Similac Total Comfort ၏ IMMUNIFY ကိုယ်ခံအားပံ့ပိုးမှုစနစ်ဖြင့် ထိခိုက်လွယ်သော ဝမ်းဗိုက်ဆိုင်ရာ ပြဿနာများကို လိုအပ်သည့်အချိန်တွင် သက်သာစေရန် ဖော်စပ်ထုတ်လုပ်ထားသည့် ဖြည့်စွက်အာဟာရများဖြင့် ထောက်ပံ့ပေးနိုင်သည်။ ထို့အပြင် အစားအသောက်များမှ လိုအပ်သော ဗီတာမင် A,B6,C,D နှင့် သံဓာတ်တို့ ကြွယ်ဝစွာပါဝင်ပါသည်။ သင့်ကလေးအတွက် အစားအသောက်ပြောင်းလဲမှုများ မပြုလုပ်မီ သင့်လျော်သော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူနှင့် အမြဲတိုင်ပင်ပါ။ နောက်ထပ်အချက်အလက်များအတွက် Similac Myanmar သို့သွားရောက်ကြည့်ရှုနိုင်ပြီး နာမူနာများအတွက် စာရင်းပေးသွင်းပါ။1,6

 

References:

  1. https://abbottfamily.com.sg/articles/toddler/common-illness
  2. https://www.novapharmacy.com.au/all-health-topics/other/chickenpox/
  3. https://www.healthhub.sg/a-z/diseases-and-conditions/640/top-10-common-childhood-conditions-ehb
  4. https://www.healthhub.sg/a-z/diseases-and-conditions/697/common-childhood-conditions-constipation
  5. https://www.webmd.com/allergies/features/foods-fight-allergies
  6. https://abbottfamily.com.sg/products/page/similac-total-comfort-3

Immune System Development

သင့်ကလေး၏ ကိုယ်ခံအားစနစ်ကို အာဟာရဖြင့်တည်ဆောက်ခြင်း

ငယ်ရွယ်သော ကျောင်းနေအရွယ်ကလေးများတွင် သာမာန်အအေးမိခြင်း၊ virus ကြောင့် ဖြစ်သော အစာအိမ်နှင့်အူလမ်းကြောင်း ရောင်ယမ်းခြင်း၊ ဝမ်းပျက်/ဝမ်းလျှောခြင်း၊ ဓာတ်မတည့်ခြင်း၊ ပန်းနာရင်ကျပ်ဖြစ်ခြင်းနှင့် နှင်းခူနာဖြစ်ခြင်းများ ဖြစ်တတ်ပါသည်။ အဓိကအကြောင်းအရင်း တစ်ခုမှာ ကလေးများရဲ့ ခုခံအားစနစ်တွင် ရောဂါပိုးမွှားများကို မှန်ကန်စွာတိုက်ဖျက်နိုင်သော ကိုယ်ခံအားစနစ်မှာ ဖွံ့ဖြိုးဆဲဖြစ်သောကြောင့်ဖြစ်သည်။ ပြင်ပရောဂါပိုးမွှားများဝင်ရောက်လာမှုကို ခုခံတိုက်ဖျက်ပေးသော ကိုယ်ခံအားစနစ်ကို အူ သိုမဟုတ် အူအတွင်းရှိ Microbiome တွင် တွေ့ရှိနိုင်ပါသည်။ အလေ့အကျင့်ကောင်း၊ ကောင်းမွန်တဲ့ စားသောက်မှု ပုံစံ၊ ဖြည့်စွက်စာများကို မှန်ကန်သည့်ပေါင်းစပ်ခြင်းဖြင့် ဤအကျိုးပြု ဘက်တီးရီးယားများကို ထောက်ပံ့ပေးနိုင်ပါသည်။ 1,5

အူတွင်း Microbiome နှင့် သင့်ကလေး၏ ကိုယ်ခံအားစနစ်ကို ပြုစုပျိုးထောင်ခြင်းနည်းလမ်း

ခန္ဓာကိုယ်ထဲတွင် အနုဇီဝ ၁၀၀ ထရီလီယံခန့်ရှိပြီး ၎င်းတို့အများစုမှာ အစာအိမ်နှင့် အူလမ်းကြောင်းတွင် နေထိုင်ကြပါသည်။ ၎င်းတို့သည် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း၊ အာဟာရဓာတ် စုပ်ယူမှုကို မြှင့်တင်ပေးခြင်းနှင့် လေပွမှုကို လျော့ချပေးခြင်း စသည့်အကျိုးကျေးဇူးများပေးပါသည်။ တစ်ခါတစ်ရံတွင် အကျိုးပြုဘက်တီးရီးယားများသည်  အခြားသော ဘက်တီးရီးယားများကို တိုက်ထုတ်နေရတာကြောင့် ကိုယ်ခံအားစနစ် အားနည်းပြီး ဖျားနာတတ်ကြပါသည်။ ကျန်းမာသော ဘက်တီးရီးယားများနှင့် အန္တရာယ်ရှိသော ဘက်တီးရီးယားများသည် မျှခြေတွင်ရှိပါက သင့်ကလေးတွင် အဖြစ်များသော ဖျားနာမှုခြင်းများအတွက် ပိုမိုကောင်းမွန်သော တိုက်ဖျက်နိုင်သည့် ကိုယ်ခံအားစနစ်ကို ပေးစွမ်းနိုင်ပါသည်။1,2,3

  1. ဟင်းသီးဟင်းရွက်နှင့် အသီးအနှံမျိုးစုံကို ရွေးချယ်စားသောက်ပါ။

အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များနှင့် အစေ့အဆန်တို့တွင် အပိုကယ်လိုရီများမရှိပါ။ ဥပမာအားဖြင့်၊ ငှက်ပျောသီး၊ အခွံမာသီး၊ ပဲ၊ နှင့် ကညွတ်တို့တွင်အမျှင်ဓါတ်ကြွယ်ဝခြင်း သို့မဟုတ် prebiotic အမျှင်များပါရှိခြင်းတို့ကြောင့် ကျန်းမာရေးနှင့် ကိုယ်ခံစွမ်းအားကို အထောက်အပံ့ပေးမည့် အကျိုးပြု ပရိုဘိုင်အိုတစ်ဘက်တီးရီးယားများကို အစာအဖြစ် ကျွေးမွေးပါသည်။ အကျိုးပြုဘက်တီးရီးယားများကို ထိန်းညှိပေးနိုင်ဖို့အတွက် သင့်ကလေးအား kefir သို့မဟုတ် အချဉ်ဖောက်ထားသော ဒိန်ချဉ် ကဲ့သို့သော ပရိုဘိုင်အိုတစ်ကြွယ်ဝသော အစားအစာများ ကျွေးနိုင်ပါသည်။1,2,5

  1. သင့်ကလေး၏ အစားအသောက်များတွင် ကိုယ်ခံအားကို မြှင့်တင်ပေးသည့် အာဟာရဓာတ်များ ပါဝင်အောင်ကျွေးမွေးပါ။

 သင့်ကလေးစားသောက်မည့် အစားအစာများတွင်ဇင့်၊ ဗီတာမင် A, C နှင့် E ကဲ့သို့သော ဗီတာမင်များနှင့် သတ္တုဓာတ်တို့ပါဝင်သင့်သည်။ ၎င်းတို့သည် အစောပိုင်းဆဲလ်များ၏ ဓာတ်တိုးမှုကို တားဆီးပေးပြီး သွေးနီဥများ၏ ကျန်းမာရေးကို ပံ့ပိုးပေးကာ ဖွံ့ဖြိုးဆဲ ကိုယ်ခံအားစနစ်ကို အထောက်အကူပြုပါသည်။

အခြားအရေးကြီးသော အာဟာရ အုပ်စုထဲက Nucleorides သည် ရောဂါပိုးများတိုက်ဖျက်ရန်အတွက် ကိုယ်ခံအားဆဲလ်များတည်ဆောက်ခြင်းနှင့် ရောဂါတိုက်ဖျက်၍ ပျက်စီးသောဆဲလ်များကို အစားထိုးရန် ကူညီထောက်ပံ့ပေးသည်။4,5,6

  1. Oligosaccharides ကြွယ်ဝသော အာဟာရများဖြင့် ပံ့ပိုးကူညီပါ။

Nucleotides များသည် အဆီမပါသောအသားများနှင့် မှိုများမှရရှိပြီး ၎င်းကို Fructooligosaccharides (FOC) နှင့်  Galacto-oligosaccharides (GOS) prebiotics များဖြင့် အမြဲမှန်ကန်စွာ ပေါင်းစပ်ရန် မှာ မလွယ်ကူပါ။8 ကလေးများသည် အစားရွေးသောကြောင့် ၎င်းတို့၏ အလုံးစုံကြီးထွားခြင်းနှင့် ကိုယ်ခံအားစနစ်ကို ပံ့ပိုးပေးရန်အတွက် အာဟာရအရည်သည် ရွေးချယ်မှုတစ်ခုဖြစ်သည်။ ဥပမာအားဖြင့်

Similac Gain IQ Ready to Drink Liquid သည် ကလေးများအတွက် ဖော်စပ်စာဖြစ်ပြီး nucleotides (နယူကလီရိုတိုက်(ဒ်))နှင့် ကိုယ်ခံအား ကိုမြှင့်တင်ပေးပြီး  ဉာဏ်ရည်ထက်မြက်စေအောင် ဦးနှောက်အတွက် အာဟာရဓာတ် ၁၀ မျိုးပေါင်းစပ်ပါဝင်တဲ့ HMO တို့ဖြင့် ပေါင်းစပ်ပါဝင်ပါသည်။

၁၅ နှစ်ကြာ အာဟာရဆိုင်ရာများကို သုတေသနပြုမှုများမှတဆင့်7 Abbott Nutrition မှ HMO သည် ကလေး၏ ဝမ်းဗိုက်ကို ကာကွယ်ပေးသည့် အရေးကြီးသော ကိုယ်ခံအားကို မြှင့်တင်သည့် ပစ္စည်းဖြစ်ကြောင်းတွေ့ရှိခဲ့သည်။1,2,3

ကလေးဘဝ၏ ငယ်ရွယ်သော နှစ်များတွင် မိဘတစ်ဦးအနေနဲ့ ၎င်းတို့၏ ခုခံအားစနစ်အတွက် မှန်ကန်သော စားသောက်မှုပုံစံကို ပံ့ပိုးကူညီမှုပေးရန် အရေးကြီးသော အဆင့်ဖြစ်သည်။ ပထမဦးစွာ ၎င်းကို ကောင်းမွန်သော အစားအစားနှင့် အာဟာရများ ထောက်ပံ့ပေးခြင်းဖြင့်  ကျန်းမာသော အူလမ်းကြောင်းအတွက် အထောက်အပံ့ဖြစ်စေပြီး ကောင်းသော ကိုယ်လက်လှုပ်ရှားမှုများကို မြှင့်တင်ရန်အတွက်လည်း ပိုမိုအကျိုးရှိမည် ဖြစ်သည်။ အပြင်ထွက်ခြင်းသည် ၎င်းတို့၏ ခန္ဓာကိုယ်သည် ပတ်ဝန်းကျင်ကို ထိတွေ့စမ်းသပ်ခြင်းကြောင့် ကလေး၏ ကိုယ်ခံအားစနစ်ကို ပိုမိုတည်ဆောက်ပေးပါသည်။ အစာခြေခြင်းစနစ်ကို ကျော်လွန်၍ ကာကွယ်ရန်အတွက် သင့်ကလေးအား ကောင်းမွန်သော အစားအစာ လေ့ကျင့်ခန်းနှင့် Similac Gain IQ တို့ဖြင့် သန်မာစေပြီး သင်ယူမှု နှင့် ရှင်သန်ကြီးထွားလာအောင် ကူညီပေးပါ။2,3,4,6

 

References:

    1. https://abbottfamily.com.sg/articles/baby/6-ways-to-boost-child-immune-system
    2. https://similac.com.ph/worlds-1st-formula-with-hmo/healthy-tummy-strong-immunity
    3. https://similac.com.ph/worlds-1st-formula-with-hmo/overall-immunity
    4. https://similacmyanmar.com/available-products/#HMOLiquid
    5. https://www.webmd.com/parenting/baby/nutrition#:~:text=Nucleotides.,help%20the%20digestive%20organs%20develop.
    6. https://abbottnutrition.com.my/products/similac-gain-plus
    7. Buck, Rachael, H. How Do HMOs Support Baby’s Immune Development?. Global R&D, Abbott Nutrition, 2017.
    8. https://nubound.sport/blogs/articles/10-foods-that-are-high-in-muscle-building-nucleotides

Nurturing bilingualism: The right environment

ဘာသာစကားနှစ်မျိုးတတ်ခြင်း: သင့်ကလေး၏သင်ယူနိုင်စွမ်းကို ပြုစုပျိုးထောင်ပေးခြင်း

ယနေ့အခါ ကလေးငယ်များအတွက် အင်္ဂလိပ်ဘာသာစကားကို ဘာသာစကားတစ်မျိုးထက်ပို၍ သိရှိရန် လိုအပ်လာခြင်းသည် ပုံမှန်ကိစ္စရပ်တစ်ခုလို ဖြစ်လာနေပြီဖြစ်သည်။ လိုအပ်ချက် သို့မဟုတ် ဘာသာပေါင်းစုံမိသားစုတစ်ခု၏ ပြောင်းလဲမှုများကြောင့် ဘာသာစကား ၂ မျိုးတတ်သော ကလေးငယ်သည် လေ့လာသင်ယူမှု အကျိုးရလဒ်သစ်များ ထပ်မံရရှိနိုင်သည်ကို သင်သိထား သင့်ပါသည်။ဤအချက်သည် ကလေးငယ်တစ်ဦး ပို၍နားလည်မှုရှိလာခြင်း၊ ၎င်းတို့၏ လိုအပ်ချက်များကို ပိုမိုကောင်းမွန်စွာ ဖော်ပြနိုင်လာခြင်း၊ ပတ်ဝန်းကျင်နှင့် အံဝင်ခွင်ကျဖြစ်အောင် နေထိုင်လာနိုင်ခြင်း၊ သူငယ်ချင်းများနှင့် ရင်းရင်းနှီးနှီး ရောနှောဆက်ဆံနိုင်လာခြင်းတို့ကြောင့်  မှန်ကန်သောအချက်ဖြစ်ပါသည်။ နှစ်ခုထက်ပိုသော ဘာသာစကားများနှင့် ထိတွေ့ခြင်း၊ အထောက်အကူဖြစ်စေသော ကိရိယာများကို ပေးခြင်းနှင့် ခန္ဓာကိုယ်အတွင်းပိုင်းမှ ဦးနှောက်ကို ထောက်ပံ့ပေးသော ကောင်းမွန်သည့် အစာအဟာရ ( အစားအစာနှင့် ကလေးများအတွက် ဖော်စပ်စာ၊ ဥပမာ Similac Gain IQ)များဖြင့် စတင်ရပါမည်။1, 7

ဘာသာစကားတစ်ခုထက်ပို၍ အသုံးပြုခြင်းသည် ဖွံ့ဖြိုးမှုကို မည်သို့ ထောက်ပံ့ပေးနိုင်သနည်း

ဘာသာစကား ၂မျိုး တတ်မြောက်သော ကလေးငယ်များသည် အာရုံစူးစိုက်မှု စွမ်းရည်များ ပိုမိုရှိနိုင်လာပြီး မေးခွန်းများ သို့မဟုတ် အခြေအနေများကို ပိုမိုကောင်းမွန်သော တုံ့ပြန်မှုပေးနိုင်သည့် စွမ်းရည်ကို တိုးတက်လာစေပါသည်။ အကြောင်းမှာ များစွာသော ဘာသာစကားများကိုနားလည်ခြင်းသည် သိမြင်နိုင်သော မှတ်ဉာဏ်စွမ်းရည်များကို ထိန်းသိမ်းသော ဦးနှောက်၏ အစိတ်အပိုင်းများကို လှုံ့ဆော်ရာတွင် အကူအညီပေးသောကြောင့် ဖြစ်သည်။ လိုက်လျောညီထွေမှုရှိခြင်းကို တိုးတက်စေခြင်းဖြင့် ကလေးများသည် ပိုမိုထိရောက်သော ပြဿနာဖြေရှင်းခြင်းဆိုင်ရာ ကျွမ်းကျင်မှုများကိုရရှိလာနိုင်ပြီး ဘောင်အပြင်မှ ပို၍တွေးခေါ်တတ်လာစေပါသည်။3

သင်၏ကလေး အခြားဘာသာစကားများကို လေ့လာသင်ယူနိုင်စေရန် အကောင်းဆုံးသော နည်းလမ်းတစ်ခုမှာ သင်ကိုယ်တိုင် လိုက်လံလေ့လာခြင်းဖြစ်သည်။ အိမ်တွင် သင်ရွေးချယ်ထားသော အခြားဘာသာစကားတစ်ခုဖြင့် အပြန်အလှန်ပြောဆိုခြင်းအလေ့အထကို ပြုလုပ်ပေးရပါမည်။ အကျိုးရလဒ်အနေဖြင့် အခြားသောဘာသာစကားကို လေ့လာသင်ယူခြင်းသည် မတူညီ၍ကွဲပြားသော ခံစားချက်များကို သိနားလည်နိုင်သောကြောင့် ၎င်းတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု သို့မဟုတ် အခြားသူတို့၏ ယဉ်ကျေးမှုများ အရေးပါပုံကို သိစေနိုင်ခြင်း၊ ပေါင်းသင်းဆက်ဆံမှု ကျွမ်းကျင်လာခြင်း နှင့် ၎င်းတို့၏ မိမိကိုယ်ကိုယ် ယုံကြည်မှုများကိုလည်း တိုးတက်စေသည်။1, 2

 

ပျော်ရွှင်ဖွယ် သင်ကြားရေးနယ်ပယ် ဖြစ်ခြင်း၏ အကျိုးရလဒ်များ

ကလေးတစ်ယောက် သင်ယူလေ့လာမှုမှာ ပျော်ရွှင်ပြီး တက်ကြွလာတဲ့အခါ ထိုသင်ယူမှုအပေါ်  ပိုမို နှစ်သက်လာနိုင်ပါသည်။ အရွယ်ရောက်ပြီးသူများမှာလည်း ထိုနည်းတူ သင်ကြားပို့ချနေသည့်အရာအပေါ် စိတ်ပါဝင်စားမှု အပြည့်ဖြင့် သင်ယူလေ့လာတဲ့အခါ မိမိ သင်ယူလေ့လာနေသော အရာပေါ်မှာ ပိုမို လေ့လာနိုင်မှာ ဖြစ်ပါသည်။ လူသားများ အထူးသဖြင့် ကလေးများသည် စိတ်ခံစားလွယ်သောသူများဖြစ်ပြီး ၎င်းတို့ လေ့လာသင်ယူထားသော အရာအများစုအတွက် ၎င်းတို့အလေးထားသော ရှုထာင့်အပေါ် အခြေခံသည့် စိတ်ခံစားမှုများ အမြဲရှိနေကြသည်။ 1, 4

ရုပ်ပိုင်းဆိုင်ရာအားဖြင့် သင်ယူချိန်အတွင်း ပျော်ရွှင်မှုရှိနေခြင်းသည် အောက်ဆီတိုဇင်(ပျော်ရွှင်မှုအတွက်)၊ ဒို့ဖ်မင်း(တက်ကြွမှုအတွက်)၊ နိုရယ်ပနက်ဖရန်(အာရုံစူးစိုက်မှုပေးခြင်းအတွက်) ဟုခေါ်သော အာရုံကြောလေးများကို အသုံးပြုရသော ဦးနှောက်၏လုပ်ဆောင်ချက်များကို တိုးလာစေသည်။ ထိုကဲ့သို့သော သင်ယူလေ့လာမှုကို တွန်းအားပေးနိုင်သည့် အာရုံကြောပို့လွှတ်မှုများ တိုးလာစေရန် အကောင်းဆုံးနည်းလမ်းမှာ မည်သည့် နည်းလမ်းဖြစ်သနည်း။ အံ့အားသင့်စရာများ၊ ဟာသများ၊ ဇာတ်လမ်းများ ပြုလုပ်သင်ကြားခြင်း၊ အထောက်အပံ့ပစ္စည်းများ ထည့်သွင်းခြင်း သို့မဟုတ် အချိန်နှင့်တစ်ပြေးညီ သင်ကြားရေး နေရာများကို ပြောင်းလဲပေးခြင်းတို့ကို အသုံးပြုနိုင်ပါသည်။1, 4

 

အာဟာရဓာတ်များဖြင့် ထောက်ပံ့ပေးခြင်း

ကိုယ်ရောစိတ်ပါ ကျန်းမာသန်စွမ်းမှုကို ထိန်းသိမ်းနိုင်ရန် မျှတသော အာဟာရဓာတ် ရရှိမှုသည် ကလေးများအတွက် အဓိက သော့ချက်ဖြစ်သည်။ ဦးနှောက်နှင့် မျက်စိဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပေးသော ဗီတာမင် D၊ B6၊ C၊ Omega-3၊ ဖိုလိတ်၊ ကိုလင်း၊ ဇင့်၊ မက်ဂနီဆီယမ်၊ သံဓာတ်နှင့် အသားဓာတ်ကဲ့သို့သော အာဟာရဓာတ်များ၏ ဂုဏ်သတ္တိများသည် အဓိက အကြောင်းအရာများဖြစ်သည်။ ထိုအာဟာရများကို ပေါင်းစပ်ထားခြင်းသည် အာရုံစူးစိုက်မှု နယ်ပယ်ကို တိုးတက်စေနိုင်ရန် အကူအညီပေးနိုင်သကဲ့သို့ မှတ်ဉာဏ်စွဲမြဲရေးကိုလည်း အကူအညီပေးသည်။ ပုံမှန်အားဖြင့် တစ်ရက်လျှင် ကလေးတစ်ဦးသည် လူကြီးများကဲ့သို့ပင် အသီးများ ( ပန်းကန်၏ လေးပုံတစ်ပုံ)၊ ဟင်းသီးဟင်းရွက်များ ( ပန်းကန်၏ လေးပုံတစ်ပုံ)၊ ပရိုတိန်းဓာတ် ( ပန်းကန်၏ လေးပုံတစ်ပုံ) နှင့် ကာဗိုဟိုက်ဒရိတ်( ပန်းကန်၏ လေးပုံတစ်ပုံ)တို့ကို တူညီသော အချိုးအစားဖြင့် စားသင့်ပါသည်။ ကလေးတစ်ဦးစီ၏ ကျားမ ကွဲပြားခြင်း၊ အသက်အရွယ်နှင့် ခန္ဓာကိုယ် အရွယ်အစားအပေါ်မှုတည်၍ တစ်ခုတည်းသော မတူညီမှုမှာ အစားအစာ စားသုံးမှု ပမာဏသာဖြစ်သည်။6 သင့်ကလေးသည် ဟင်းသီးဟင်းရွက်များနှင့် သစ်သီးများ၊ တစ်ခါတစ်ရံ အခွံမာသီးများကို များများစားလေလေ ၎င်းအစားအစာများမှပေးသော အရည်အသွေးမြင့်မားသည့် ဗီတာမင် C၊ D၊ သဘာဝ ဗီတာမင် E၊ နှင့် DHA (ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါသော ဖက်တီအက်စစ် ဒိုကိုဇာ ဟက်ဇနောရစ်)များကြောင့်  ပို၍အစားကောင်းကောင်း စားလေဖြစ်သည်။5

 

သင့်ကလေးကို အာဟာရဓာတ် ကောင်းကောင်းရစေရန်နှင့် ဒုတိယဘာသာစကားကို မိခင်ဘာသာစကားအဖြစ်သင်ယူရာတွင် အများနှင့် ယှဉ်ပြိုင်လိုစိတ် ပြင်းထန်စေရန် ကူညီပေးသော အချိန်တွင်  ကလေးငယ် တစ်ဦးချင်းစီ၏ အာဟာရလိုအပ်ချက်များကို သိရှိရန် အရေးကြီးပါသည်။ သင့်ကလေး၏ ဦးနှောက်ဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးနိုင်ရန်  ဦးနှောက်ကို အထောက်အကူဖြစ်စေသော အာဟာရဓာတ်များ ပေးစွမ်းခြင်းသည် ကောင်းမွန်သော အထောက်အပံ့ပေးနိုင်သည့် ပတ်ဝန်းကျင်တန်ဖိုးနှင့် တူညီရပါမည်။ ထိုထောက်ပံ့မှုကိုပေးနိုင်သော ကြီးထွားဖွံံ့ဖြိုးမှု အထောက်အပံ့နို့မှုန့် အမြောက်အများရှိပါသည်။ Similac Gain IQ မှ အကူအညီပေးနိုင်ပါသည်။7 အမြင်အာရုံနှင့် ဦးနှောက်ဖွံ့ဖြိုးမှု8ကို အထောက်အပံ့ပေးသော DHA (ဒိုကိုဇာ ဟက်ဇနောရစ် အက်စစ်)၊ လူတင်းနှင့် သဘာဝ ဗီတာမင် E တို့အပြင် ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးသော နှစ်ထပ်ကွမ်းအက်ဖ်အယ်လ် အိတ်ချ်အမ်အို နှင့် နယူကလီရိုတိုက်(ဒ်)  (2’-FL HMO & Nucleotide)  တို့ဖြင့် ကောင်းမွန်စွာ ပေါင်းစပ်ထားသောကြောင့် သင့်ကလေးငယ်သည် ကျန်းမာစွာလေ့လာသင်ယူနိုင်ပြီး ကလေးဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းစေနိုင်မှာပါ။ ယနေ့ပဲ Similac Myanmar သို့လာရောက် စာရင်းပေးသွင်းပြီး နမူနာရယူလိုက်ပါ။9


Five Brain-Healthy Nutrients And Where You Can Find Them

ဦးနှောက်ကို ကျန်းမာစေသောအာဟာရဓာတ် ၅ မျိုးနှင့် ၎င်းတို့ကို မည်သည့်နေရာတွင် ရှာတွေ့နိုင်သနည်း။

အရသာရှိပြီး အာဟာရပြည့်သော အစားအစာများသည် လူကို ကျန်းမာစေပြီး စိတ်ပိုင်းဆိုင်ရာ လန်းဆန်းစေပါသည်။  အထူးသဖြင့် ခန္ဓာကိုယ်  ကြီးထွားဖွံ့ဖြိုးနေသည့်ကလေးများတွင် ကောင်းမွန်သော မှတ်ဉာဏ်ဆိုင်ရာလုပ်ဆောင်ချက်များကို ထိန်းသိမ်းရန်နှင့် ရှင်သန်ကြီးထွားရန် အတွက် ၎င်းတို့ရရှိနိုင်သော ဦးနှောက်အာဟာရအားလုံး ရရှိရန်လိုအပ်ပါသည်။ ၎င်းအာဟာရများသည် ကလေးများအား အာရုံစူးစိုက်မှုနှင့် မှတ်ဉာဏ်ထိန်းသိမ်းရာတွင် ကူညီပေးပါလိမ့်မည်။ အာဟာရမျှတမှုသည် အဓိကဖြစ်သော်လည်း ဦးနှောက်အတွက် ကောင်းမွန်သောအာဟာရများကို ရှာဖွေနေပါက ဥပမာ (၅) ခုရှိပါသည်။ အကောင်းဆုံးအစားအစာ အရင်းအမြစ်များနှင့် ကလေးအာဟာရဖော်မြူလာ ( ဥပမာ Similac Gain) ကို လိုအပ်သည့် အခါတွင် ဖြည့်စွက်ရန် အကြံပြုချက်များကို ဆက်လက်၍ လေ့လာပါမည်။ 1,6,8

DHA နှင့် Omega Fatty Acid များ

Docosahexaenoic acid သည် အမှန်တကယ်မရှိမဖြစ်လိုအပ်သော အိုမီဂါ ဖက်တီးအက်စစ်များဖြစ်ပြီး ၎င်းတို့သည် ဦးနှောက်လုပ်ဆောင်ချက်နှင့် မျက်လုံးကျန်းမာရေးအတွက် အရေးကြီးဆုံး တစ်ခုဖြစ်သည်။ ၎င်းသည် ဦးနှောက်တုံ့ပြန်မှုကို ကူညီပေးပြီး မှတ်ဉာဏ်သိမ်းဆည်းမှုကို ကောင်းမွန်စေကာ သင့်ကလေးအား ပိုမိုကောင်းမွန်စွာ သင်ယူနိုင်ရန် ကူညီပေးပါသည်။ DHA သည် ဓာတ်တိုးဆန့်ကျင်မှုကို အလွယ်တကူချေဖျက်နိုင်သော ကြောင့် ခန္ဓာကိုယ်သည် ၎င်းကို အစားအစာမှ တဆင့်အမြဲ ဖြည့်စွက်ရန် လိုအပ်ပါသည်။1,7

တွေ့နိုင်သည့်နေရာ – DHA သည် ရှားပါးဖက်တီးအက်စစ် တစ်မျိုးဖြစ်ပြီး ၎င်းကို အဆီများသော ငါးများ၊ သီဟိုဋ်စေ့၊ သစ်ကြားသီး၊ almonds၊ pistachios နှင့် အာဟာရများထပ်ဖြည့်ထားသည့် ထုတ်ပိုးထားသော နို့၊ မုန့်များနှင့် ဥအမျိုးမျိုးတို့တွင် ကြွယ်ဝစွာပါဝင်သောကြောင့် ၎င်းတို့ကို ကျွေးမွေးပေးရပါမည်။ 1,7

 

Lutein နှင့် Zeaxanthin

သဘာဝအရောင်ခြယ်များရှိသော အစားအစာများ သို့မဟုတ် အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များ၏ အရောင်များသည် ကာရိုတင်းနွိုက်များဖြစ်ပြီး ၎င်းတို့သည် ဦးနှောက်အတွက် အကာအကွယ်ပေးသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်သည်။2 Lutein နှင့် Zeaxanthin တို့သည် ကာရိုတင်းနွိုက်များဖြစ်ပြီး မျက်လုံးနှင့် အာရုံကြောများအတွက် ရောင်ရမ်းမှုကို ဆန့်ကျင်သည့် ဂုဏ်သတ္တိများရှိသည်။ ကလေးတစ်ဦးသည် လေ့လာကြည့်ရှုရန် မျက်လုံးကျန်းမာရေး ကောင်းမွန်ရမည်ဖြစ်သောကြောင့် ထိုအာဟာရများကို ကောင်းမွန်စွာရရှိရန် အရေးကြီးပါသည်။1,2

တွေ့နိုင်သည့်နေရာ – ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်သောကြောင့် ၎င်းကို အရောင်အသွေးစုံသောအသီးများ ပန်းသီး၊ စတော်ဘယ်ရီ၊ စပျစ်သီးနီ၊ beets နှင့် အမြစ်ပုံစံဖြစ်နေသော ဟင်းသီးဟင်းရွက်များမှ ရရှိနိုင်ပါသည်။

 

ဗီတာမင် E (RRR Vitamin Ed-alpha tocopherol)

နောက်ထပ်အရေးကြီးသည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးမှာ သွေးကြောများကို ပွင့်လန်းစေပြီး သင့်ကလေး၏ တက်ကြွလွန်းသည့် ဦးနှောက်နေရာမျိုးတွင် ၎င်းတို့၏ခံနိုင်ရည်ကို ထိန်းသိမ်းပေးပါသည်။ ဓာတ်တိုးဖိစီးမှု ကို တားဆီးပေးရုံသာမက နုနယ်သော DHA ကဲ့သို့ အာဟာရများ၏ ထိရောက်မှုကိုလည်း ထောက်ပံ့ပေးပါသည်။ ဦးနှောက်အတွင်း ဓာတ်တိုးဖိအားနည်းခြင်းသည် ဦးနှောက်ကျန်းမာရေးကို ရေရှည်ထိန်းသိမ်းထားပြီး မှတ်ဉာဏ်ထိန်းသိမ်းမှုကို တိုးတတ်စေပါသည်။1,3

တွေ့နိုင်သည့်နေရာ – ဗီတာမင် E ၏ သဘာဝအစားအစာအရင်းမြစ်များမှာ ဟင်းသီးဟင်းရွက်ဆီများ

(ဆူးပန်းဆီ၊ ပဲပုတ်၊ နေကြာ) ထောပတ်သီး၊ ပင်လယ်စာများ (ဥပမာ ပုဇွန်နှင့် ကမာ) နှင့် စား၍ရသော အစေ့အဆန်များ ( ဖရုံသီးစေ့၊ နေကြာစေ့၊ မြေပဲ) 1,3

 

Quercetin

Quercetin သည်အထူးသဖြင့် ဦးနှောက်အတွင်း သွေးလည်ပတ်မှုကိုကောင်းမွန်စေသည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဖြစ်သည်။ အစားသောက်များတွင်တွေ့ရပြီး  ဗီတာမင် E ၊ ဖက်တီးအက်စစ်၊ DHA နှင့် Lutein တို့သည် မေ့လျော့ခြင်းကို ဖြေရှင်းရန်အတွက် မရှိမဖြစ်လိုအပ်သည်။1

တွေ့နိုင်သောနေရာ – တစ်နေ့လျှင် ပန်းသီးတစ်လုံး စားသုံးပေးခြင်းဖြင့် သင့်ကလေးကို ဆရာဝန်ပင်မလို ဟူသော ဆိုရိုးအတိုင်း Quercetin ကြွယ်ဝသော အစားအစာများသည် အနီရောင် (ပန်သီးအနီ) အစိမ်းရောင် ( အစိမ်းရောင် Capcicums) နှင့် အပြာရောင် ( ဘလူးဘယ်ရီ) ကဲ့သို့သော ရောင်စုံအစားအစာများကို စားသင့်ပါသည်။4

 

ရေ

သင်နှင့် သင့်ကလေးသည် ရေလုံလောက်စွာ သောက်သုံးနေသည်ဟု ထင်နေသော်လည်း သို့မဟုတ် ရေငတ်သည့် အခါမှသာ ရေသောက်ရန် လိုအပ်သည်ဟု ထင်ပါက ရေဓာတ်လုံလောက်စွာ ရရှိခြင်းသည် ဦးနှောက်လုပ်ဆောင်မှုကို ပိုမိုကောင်းမွန်စေသည်။ မိဘတစ်ယောက်အနေဖြင့် သင်သည်ရေဓာတ် လုံလောက်စွာမရသည့်အခါတွင် ခါတိုင်းထက် မျက်လုံးပူခြင်း နှင့် ခေါင်းကိုက်ခြင်းကို သတိပြုမိနိုင်ပါသည်။ ရေသည် ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာများကို ချောချောမွေ့မွေ့ ဖြစ်စေပြီး သတင်းပို့ရန်နှင့် အထူးသဖြင့် ဦးနှောက်ကို အာဟာရ ဖြန့်ဝေရန် အတွက် အစိတ်အပိုင်းအသီးသီးမှ အသုံးပြုပါသည်။5

 

အကောင်းဆုံးအရင်းအမြစ်များ – သန့်ရှင်းစင်ကြယ်သောရေသည် ရေဓာတ်အတွက် အကောင်းဆုံးဖြစ်သည်။ ပျော်ရွှင်စေရန်အတွက် ရေဓာတ်နှင့် ဗီတာမင် ကြွယ်ဝသော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ အရောင်အရသာ အမျိုးမျိုးတို့ကို စားသုံးပါ။ မိဘတစ်ယောက်အနေဖြင့် စံပြဖြစ်အောင် ရေများများသောက်ပါ။ ဖရဲသီး၊ နာနတ်သီး၊ သခွားသီးနှင့် အရည်ရွှမ်း၍ ချဉ်သောအရသာရှိသည့် အသီးများသည် ရေဓာတ်မြင့်မားသော အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များဖြစ်သည်။5

 

ကလေးများကျန်းမာနေခြင်း၏ တစ်ဝက်မှာ ၎င်းတို့ ကျန်းမာအောင်စားဖို့ပဲဖြစ်ပါသည်။ အာရုံခံစားမှုဆိုင်ရာ ပြဿနာများကြောင့် မိဘများသည် အစားအစာများမှ လိုအပ်နေသော အာဟာရများကို ဖြည့်ဆည်းရန်အတွက် ကလေးအာဟာရဖော်မြူလာ၏ ပံ့ပိုးမှုကို လိုအပ်ပါသည်။ ဖော်မြူလာများအားလုံးသည် တူညီစွာ ဖန်တီးထားခြင်းမဟုတ်ဘဲ အစာခြေစနစ်ကို ထိခိုက်စေနိုင်သည့် စားအုန်းဆီများ ပါဝင်နိုင်သည်။ ထို့ကြောင့် သန်းပေါင်းများစွာသော မိခင်များသည် Similac က ၎င်းတို့၏ ကလေးများကို အာဟာရပြည့်ဝစွာ ထောက်ပံ့ပေးနိုင်သည်ဟု ယုံကြည်ကြသည်။8  Similac Gain သည် ကလေးများ၏ အာဟာရလိုအပ်ချက်များအလိုက် ကိုက်ညီစေရန် သိပ္ပံနည်းကျဖော်စပ်ထားသည်။ EyeQ Plus အာဟာရစနစ်သည် ဗီတာမင် E ၊ Lutein နှင့် DHA ကဲ့သို့သော ဦးနှောက်အာဟာရများကို ထိရောက်စွာ ဖြည့်ဆည်းပေးပါသည်။ အသီးအနှံများမှ ရသော အဆီများနှင့် ထပ်မံဖြည့်သွင်းထားသော ဦးနှောက်အာဟာရဓါတ် ၁၀ မျိုးဖြင့် သင့်ကလေး၏ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို စစ်မှန်သောအစားအစာနှင့် သန့်ရှင်းလတ်ဆတ်သော ရေနှင့်အတူ ပံ့ပိုးပေးသော အခါတွင် ကောင်းမွန်စွာ ဖွံ့ဖြိုးနိုင်ပါသည်။

 

Sign-up for Free Trial

 

References:

  1. https://abbottfamily.com.sg/learning-101/nve
  2. https://www.healthline.com/health/carotenoids
  3. https://www.webmd.com/diet/foods-high-in-vitamin-e#1
  4. https://www.webmd.com/diet/foods-high-in-quercetin#1
  5. https://www.verywellfamily.com/water-to-soothe-childs-anxiety-4098581
  6. https://abbottfamily.com.sg/products/range/similac
  7. https://www.healthline.com/nutrition/3-types-of-omega-3#TOC_TITLE_HDR_5
  8. Based on Abbott’s internal computation of Similac HMO global usage, as of Nov. 2018