ကိုယ်ဝန်ဆောင်အစားအစာနှင့်ပတ်သက်သော မှားယွင်းသည့် ယုံကြည်မှုများ
ကိုယ်ဝန်ဆောင်အစားအစာနှင့်ပတ်သက်သော မှားယွင်းသည့် ယုံကြည်မှုများ။
ကိုယ်ဝန်ဆောင်အတွက် အကောင်းဆုံးအရာများကို အဖွားသိသည့် ယုံတမ်းများ အမြဲရှိပါသည်။ အများစုသည် ကောင်းမွန်သည့်အဓိပ္ပာယ်ဖြစ်နိုင်သော်လည်း ၎င်းတို့သည် ကိုယ်ဝန်ဆောင်မိခင်ကို စိတ်ပူပန်စေကာ တစ်ခါတစ်ရံ စည်းမျဉ်းများ တင်းကျပ်လွန်းသည်။ ကိုယ်ဝန်ဆောင်စဉ်မှာ ဘယ်အာဟာရက အကောင်းဆုံးလဲ၊ အစားအသောက်ကိုပဲ စားသင့်သလား ဒါမှမဟုတ် Similac® Mum လိုမျိုး ဖြည့်စွက်စာတွေ သောက်သင့်သလား၊ ထိုအရာများနှင့် ပတ်သက်လာလျှင် အမှန်တရားကို သေချာသိအောင်လုပ်ပါ။
ယုံတမ်း ၁ : ကလေးအတွက်လည်းစားခြင်း။
သင့်ဗိုက်ထဲတွင် ကလေးတစ်ယောက်ဖွံ့ဖြိုးလာခြင်းကြောင့် ကယ်လိုရီစားသုံးမှု ချက်ချင်း ၂ ဆတိုးရမည်ဟု မဆိုလိုပါ။ အဖြေကတော့ သင်၏ကိုယ်အလေးချိန်၊ အရပ်နှင့် သင်ဘယ်လောက်စားသုံးသည့် နေထိုင်မှု ပုံစံပေါ်တွင် မူတည်ပါသည်။ အစပိုင်းတွင် သင်၏အစားအသောက်သည် ယခင်စားသုံးမှုအတိုင်း သို့မဟုတ် သားဖွားဆရာဝန်၏ အကြုံပြုချက်အတိုင်းဖြစ်နိုင်သည်။ ယေဘုယျအားဖြင့်ဆိုလျှင် နောက်ပိုင်းကိုယ်ဝန်ဆောင် အဆင့်များတွင် တစ်နေ့တာအတွက် ကယ်လိုရီစားသုံးမှု ၃၄၀ မှ ၄၅၀ တိုးသင့်သည်။ အပိုကယ်လိုရီများသည် လတ်ဆတ်သော သစ်သီးဝလံများ သို့မဟုတ် ဟင်းသီးဟင်းရွက်များမှ ရရှိပြီး အဆီများ၊ သကြားများ၊ ဆိုဒီယမ်များသော အစားအစာများနှင့် အလွန်အကျွံပြုပြင်ထားသော အစားအစာများ မှ မရရှိဟုမှတ်သားထားပါ။ အဘယ်ကြောင့်ဆိုသော် ကိုယ်အလေးချိန်များလွန်းခြင်းသည် ကိုယ်ဝန်ဆောင်မိခင်တွေများတွင် ဆီးချိုသွေးချိုရောဂါနဲ့ သွေးတိုးရောဂါတွေကို ဖြစ်စေနိုင်ပါသည်။
ယုံတမ်း ၂ : ကိုယ်ဝန်ဆောင်ချိန်တွင် အစားအစာလျှော့ချခြင်းသည် မကောင်းပါ။
ကိုယ်ဝန်ဆောင်မိခင်တစ်ဦး၏ပုံပန်းသဏ္ဍာန်အပေါ် လူမှုအသိုင်းအဝိုင်းက ဖိအားများနှင့်အတူ၊ ကိုယ်အလေးချိန်တက်လာမည်ကို စိုးရိမ်ခြင်းနှင့် ကလေးအား အာဟာရမပြည့်မီကြောင်း ကို ဖြစ်စေသည်။ အစားအစားဖြတ်ခြင်း သို့မဟုတ် ချော်လဲကျခြင်း သို့မဟုတ် အပူချိန်တိုးလာခြင်းများ မရှိပါက လေ့ကျင့်ခန်းလုပ်ခြင်းသည် ကောင်းမွန်သော်လည်း ၄င်းတို့ ဖြစ် ပေါ်လာပါက ကိုယ်၀န်ဆောင်ချိန်တစ်လျှောက် ထိခိုက်ခြင်းများ ဖြစ်စေ နိုင်ပါသည်။နောက်ပိုင်းအချိန်များတွင် ကိုယ်ဝန်ကိုထိခိုက်ခြင်းများဖြစ်စေနိုင်သည်။ တစ်ဦ်းချင်းအကြောင်းအရာများအပေါ်တွင် အခြေခံ၍ သင်၏ဆရာဝန်ထံမှ အကြံဉာဏ်ရယူပြီး အပေါ့စားနှင့် အလတ်စားလေ့ကျင့်ခန်းအမျိုးအစားများကို တစ်ပတ်လျှင် ၄ ကြိမ်မှ ၅ ကြိမ် နှုန်းဖြင့် တစ်ခါလုပ်လျှင် မိနစ် ၂၀ မှ ၃၀ ခန့်ပြုလုပ်ပါ။
ယုံတမ်း ၃ : နံနက်ခင်းအချိန်တွင် ခံစားရလေ့ရှိသော ပျို့အန်မှု သည်မနက်ပိုင်းအချိန်တွင် ဖြစ်တတ်ပြီး အခြားအချိန်များတွင်လည်း ဆိုးရွားနိုင်သည်။
ကိုယ်ဝန်ဆောင်စဉ် ပျို့အန်ခြင်း သို့မဟုတ် အန်ခြင်းသည် ကိုယ်ဝန်ဆောင်မိခင်များတွင် အလွန်အဖြစ်များပြီး ၎င်းသည် နေ့ဘက်တွင် သီးသန့်ဖြစ်ခြင်းမဟုတ်ပါ။ ဟော်မုန်းများတက်ကြွဆုံးအချိန်ဖြစ်သည့်နံနက်ပိုင်းတွင် ဖြစ်ပွားနိုင်ခြေများသောကြောင့် ၎င်းကို နံနက်ခင်း၌ ခံစားရလေ့ရှိသော ပျို့အန်မှုဟုခေါ်သည်။ အချို့မိခင်များသည် နံနက်ခင်းအချိန်တွင် ခံစားရလေ့ရှိသော ပျို့အန်မှု၏ ဆိုးကျိုးများကို တစ်နေ့လုံးခံစားရပြီး အချို့မိခင်များသည် အစာစားခါနီး အနံ့ရသည့်အချိန်တွင် ခံစားရတတ်သည်။ ထိုအချိန်တွင် အနံ့ခံပိုကောင်းလာတတ်ပါသည်။ နံနက်ခင်းပျို့အန်ခြင်းများကြောင့် ဆုံးရှုံးသွားသော အာဟာရဓာတ်များကို ပြန်လည်ဖြည့်တင်းရန်အတွက် ကိုယ်ဝန်ဆောင်ကာလများတွင် နေ့စဉ်လိုအပ်သည့်အာဟာရဓာတ်များရရှိရန်အတွက်အစားအစာမျိုးစုံကို များများစားပေးပါ။
အရည်အသွေးကောင်းမွန်သောအာဟာရများသည် ဘဝ၏မည်သည့်အချိန်တွင်မဆို အရေးကြီးပြီး အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန်များတွင် ပိုမို၍အရေးကြီးပါသည်။ ၎င်းသည် ကလေးသားအိမ်ထဲ ကြီးထွားနေချိန်တွင် အထောက်အပံ့ပေးရုံသာမက မွေးပြီးနောက်ကြီးပြင်းလာသည်နှင့်အမျှ အခြေခံအုတ်မြစ်ကောင်းကိုလည်း ထောက်ပံ့ပေးသည်။ ကိုယ်ဝန်ဆောင်သည်နှင့်အမျှ မိခင်၏ကျန်းမာရေးသည် အရေးကြီးပြီး အာဟာရချို့တဲ့ပါက ပြင်းထန်သော နောက်ဆက်တွဲပြဿနာများကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် ဆရာဝန်အများစုသည် ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဖြည့်စွက်စာများ သောက်သုံးရန် အကြံပြုကြသည်။ ဥပမာ- Similac Mum သည် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် ကိုယ်အလေးချိန်ပိုမတိုးစေဘဲ လိုအပ်သော အာဟာရကိုထောက်ပံ့ပေးရန် ဖော်စပ်သည်။ လူတင်း၊ သဘာဝ အာအာအာ ဗီတာမင် အီး၊ ဒီအိတ်ချ်အေ၊ ခိုလင်း၊ ဖောလစ်အက်ဆစ်နှင့် သံဓာတ်တို့ သိပ္ပံနည်းကျပေါင်းစပ်ကာ ဦးနှောက်နှင့် အမြင်အာရုံအတွက်ပါ ထောက်ပံ့ပေးသည်။
Reference:
- https://www.pregnancybirthbaby.org.au/common-myths-about-pregnancy
- https://health.ucdavis.edu/blog/good-food/pregnancy-diet-common-myths-and-what-you-should-eat-during-your-pregnancy/2021/03
- Huynh DTT et al. J Matern Fetal Neonatal Med. 2017 May 7: 1-9 – https://www.tandfonline.com/doi/full/10.1080/14767058.2017.1320984
- https://abbottnutrition.com.my/products/similac-mom