ဦးနှောက်ကို ကျန်းမာစေသောအာဟာရဓာတ် ၅ မျိုးနှင့် ၎င်းတို့ကို မည်သည့်နေရာတွင် ရှာတွေ့နိုင်သနည်း။

အရသာရှိပြီး အာဟာရပြည့်သော အစားအစာများသည် လူကို ကျန်းမာစေပြီး စိတ်ပိုင်းဆိုင်ရာ လန်းဆန်းစေပါသည်။  အထူးသဖြင့် ခန္ဓာကိုယ်  ကြီးထွားဖွံ့ဖြိုးနေသည့်ကလေးများတွင် ကောင်းမွန်သော မှတ်ဉာဏ်ဆိုင်ရာလုပ်ဆောင်ချက်များကို ထိန်းသိမ်းရန်နှင့် ရှင်သန်ကြီးထွားရန် အတွက် ၎င်းတို့ရရှိနိုင်သော ဦးနှောက်အာဟာရအားလုံး ရရှိရန်လိုအပ်ပါသည်။ ၎င်းအာဟာရများသည် ကလေးများအား အာရုံစူးစိုက်မှုနှင့် မှတ်ဉာဏ်ထိန်းသိမ်းရာတွင် ကူညီပေးပါလိမ့်မည်။ အာဟာရမျှတမှုသည် အဓိကဖြစ်သော်လည်း ဦးနှောက်အတွက် ကောင်းမွန်သောအာဟာရများကို ရှာဖွေနေပါက ဥပမာ (၅) ခုရှိပါသည်။ အကောင်းဆုံးအစားအစာ အရင်းအမြစ်များနှင့် ကလေးအာဟာရဖော်မြူလာ ( ဥပမာ Similac Gain) ကို လိုအပ်သည့် အခါတွင် ဖြည့်စွက်ရန် အကြံပြုချက်များကို ဆက်လက်၍ လေ့လာပါမည်။ 1,6,8

DHA နှင့် Omega Fatty Acid များ

Docosahexaenoic acid သည် အမှန်တကယ်မရှိမဖြစ်လိုအပ်သော အိုမီဂါ ဖက်တီးအက်စစ်များဖြစ်ပြီး ၎င်းတို့သည် ဦးနှောက်လုပ်ဆောင်ချက်နှင့် မျက်လုံးကျန်းမာရေးအတွက် အရေးကြီးဆုံး တစ်ခုဖြစ်သည်။ ၎င်းသည် ဦးနှောက်တုံ့ပြန်မှုကို ကူညီပေးပြီး မှတ်ဉာဏ်သိမ်းဆည်းမှုကို ကောင်းမွန်စေကာ သင့်ကလေးအား ပိုမိုကောင်းမွန်စွာ သင်ယူနိုင်ရန် ကူညီပေးပါသည်။ DHA သည် ဓာတ်တိုးဆန့်ကျင်မှုကို အလွယ်တကူချေဖျက်နိုင်သော ကြောင့် ခန္ဓာကိုယ်သည် ၎င်းကို အစားအစာမှ တဆင့်အမြဲ ဖြည့်စွက်ရန် လိုအပ်ပါသည်။1,7

တွေ့နိုင်သည့်နေရာ – DHA သည် ရှားပါးဖက်တီးအက်စစ် တစ်မျိုးဖြစ်ပြီး ၎င်းကို အဆီများသော ငါးများ၊ သီဟိုဋ်စေ့၊ သစ်ကြားသီး၊ almonds၊ pistachios နှင့် အာဟာရများထပ်ဖြည့်ထားသည့် ထုတ်ပိုးထားသော နို့၊ မုန့်များနှင့် ဥအမျိုးမျိုးတို့တွင် ကြွယ်ဝစွာပါဝင်သောကြောင့် ၎င်းတို့ကို ကျွေးမွေးပေးရပါမည်။ 1,7

 

Lutein နှင့် Zeaxanthin

သဘာဝအရောင်ခြယ်များရှိသော အစားအစာများ သို့မဟုတ် အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များ၏ အရောင်များသည် ကာရိုတင်းနွိုက်များဖြစ်ပြီး ၎င်းတို့သည် ဦးနှောက်အတွက် အကာအကွယ်ပေးသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်သည်။2 Lutein နှင့် Zeaxanthin တို့သည် ကာရိုတင်းနွိုက်များဖြစ်ပြီး မျက်လုံးနှင့် အာရုံကြောများအတွက် ရောင်ရမ်းမှုကို ဆန့်ကျင်သည့် ဂုဏ်သတ္တိများရှိသည်။ ကလေးတစ်ဦးသည် လေ့လာကြည့်ရှုရန် မျက်လုံးကျန်းမာရေး ကောင်းမွန်ရမည်ဖြစ်သောကြောင့် ထိုအာဟာရများကို ကောင်းမွန်စွာရရှိရန် အရေးကြီးပါသည်။1,2

တွေ့နိုင်သည့်နေရာ – ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်သောကြောင့် ၎င်းကို အရောင်အသွေးစုံသောအသီးများ ပန်းသီး၊ စတော်ဘယ်ရီ၊ စပျစ်သီးနီ၊ beets နှင့် အမြစ်ပုံစံဖြစ်နေသော ဟင်းသီးဟင်းရွက်များမှ ရရှိနိုင်ပါသည်။

 

ဗီတာမင် E (RRR Vitamin Ed-alpha tocopherol)

နောက်ထပ်အရေးကြီးသည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးမှာ သွေးကြောများကို ပွင့်လန်းစေပြီး သင့်ကလေး၏ တက်ကြွလွန်းသည့် ဦးနှောက်နေရာမျိုးတွင် ၎င်းတို့၏ခံနိုင်ရည်ကို ထိန်းသိမ်းပေးပါသည်။ ဓာတ်တိုးဖိစီးမှု ကို တားဆီးပေးရုံသာမက နုနယ်သော DHA ကဲ့သို့ အာဟာရများ၏ ထိရောက်မှုကိုလည်း ထောက်ပံ့ပေးပါသည်။ ဦးနှောက်အတွင်း ဓာတ်တိုးဖိအားနည်းခြင်းသည် ဦးနှောက်ကျန်းမာရေးကို ရေရှည်ထိန်းသိမ်းထားပြီး မှတ်ဉာဏ်ထိန်းသိမ်းမှုကို တိုးတတ်စေပါသည်။1,3

တွေ့နိုင်သည့်နေရာ – ဗီတာမင် E ၏ သဘာဝအစားအစာအရင်းမြစ်များမှာ ဟင်းသီးဟင်းရွက်ဆီများ

(ဆူးပန်းဆီ၊ ပဲပုတ်၊ နေကြာ) ထောပတ်သီး၊ ပင်လယ်စာများ (ဥပမာ ပုဇွန်နှင့် ကမာ) နှင့် စား၍ရသော အစေ့အဆန်များ ( ဖရုံသီးစေ့၊ နေကြာစေ့၊ မြေပဲ) 1,3

 

Quercetin

Quercetin သည်အထူးသဖြင့် ဦးနှောက်အတွင်း သွေးလည်ပတ်မှုကိုကောင်းမွန်စေသည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဖြစ်သည်။ အစားသောက်များတွင်တွေ့ရပြီး  ဗီတာမင် E ၊ ဖက်တီးအက်စစ်၊ DHA နှင့် Lutein တို့သည် မေ့လျော့ခြင်းကို ဖြေရှင်းရန်အတွက် မရှိမဖြစ်လိုအပ်သည်။1

တွေ့နိုင်သောနေရာ – တစ်နေ့လျှင် ပန်းသီးတစ်လုံး စားသုံးပေးခြင်းဖြင့် သင့်ကလေးကို ဆရာဝန်ပင်မလို ဟူသော ဆိုရိုးအတိုင်း Quercetin ကြွယ်ဝသော အစားအစာများသည် အနီရောင် (ပန်သီးအနီ) အစိမ်းရောင် ( အစိမ်းရောင် Capcicums) နှင့် အပြာရောင် ( ဘလူးဘယ်ရီ) ကဲ့သို့သော ရောင်စုံအစားအစာများကို စားသင့်ပါသည်။4

 

ရေ

သင်နှင့် သင့်ကလေးသည် ရေလုံလောက်စွာ သောက်သုံးနေသည်ဟု ထင်နေသော်လည်း သို့မဟုတ် ရေငတ်သည့် အခါမှသာ ရေသောက်ရန် လိုအပ်သည်ဟု ထင်ပါက ရေဓာတ်လုံလောက်စွာ ရရှိခြင်းသည် ဦးနှောက်လုပ်ဆောင်မှုကို ပိုမိုကောင်းမွန်စေသည်။ မိဘတစ်ယောက်အနေဖြင့် သင်သည်ရေဓာတ် လုံလောက်စွာမရသည့်အခါတွင် ခါတိုင်းထက် မျက်လုံးပူခြင်း နှင့် ခေါင်းကိုက်ခြင်းကို သတိပြုမိနိုင်ပါသည်။ ရေသည် ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာများကို ချောချောမွေ့မွေ့ ဖြစ်စေပြီး သတင်းပို့ရန်နှင့် အထူးသဖြင့် ဦးနှောက်ကို အာဟာရ ဖြန့်ဝေရန် အတွက် အစိတ်အပိုင်းအသီးသီးမှ အသုံးပြုပါသည်။5

 

အကောင်းဆုံးအရင်းအမြစ်များ – သန့်ရှင်းစင်ကြယ်သောရေသည် ရေဓာတ်အတွက် အကောင်းဆုံးဖြစ်သည်။ ပျော်ရွှင်စေရန်အတွက် ရေဓာတ်နှင့် ဗီတာမင် ကြွယ်ဝသော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ အရောင်အရသာ အမျိုးမျိုးတို့ကို စားသုံးပါ။ မိဘတစ်ယောက်အနေဖြင့် စံပြဖြစ်အောင် ရေများများသောက်ပါ။ ဖရဲသီး၊ နာနတ်သီး၊ သခွားသီးနှင့် အရည်ရွှမ်း၍ ချဉ်သောအရသာရှိသည့် အသီးများသည် ရေဓာတ်မြင့်မားသော အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များဖြစ်သည်။5

 

ကလေးများကျန်းမာနေခြင်း၏ တစ်ဝက်မှာ ၎င်းတို့ ကျန်းမာအောင်စားဖို့ပဲဖြစ်ပါသည်။ အာရုံခံစားမှုဆိုင်ရာ ပြဿနာများကြောင့် မိဘများသည် အစားအစာများမှ လိုအပ်နေသော အာဟာရများကို ဖြည့်ဆည်းရန်အတွက် ကလေးအာဟာရဖော်မြူလာ၏ ပံ့ပိုးမှုကို လိုအပ်ပါသည်။ ဖော်မြူလာများအားလုံးသည် တူညီစွာ ဖန်တီးထားခြင်းမဟုတ်ဘဲ အစာခြေစနစ်ကို ထိခိုက်စေနိုင်သည့် စားအုန်းဆီများ ပါဝင်နိုင်သည်။ ထို့ကြောင့် သန်းပေါင်းများစွာသော မိခင်များသည် Similac က ၎င်းတို့၏ ကလေးများကို အာဟာရပြည့်ဝစွာ ထောက်ပံ့ပေးနိုင်သည်ဟု ယုံကြည်ကြသည်။8  Similac Gain သည် ကလေးများ၏ အာဟာရလိုအပ်ချက်များအလိုက် ကိုက်ညီစေရန် သိပ္ပံနည်းကျဖော်စပ်ထားသည်။ EyeQ Plus အာဟာရစနစ်သည် ဗီတာမင် E ၊ Lutein နှင့် DHA ကဲ့သို့သော ဦးနှောက်အာဟာရများကို ထိရောက်စွာ ဖြည့်ဆည်းပေးပါသည်။ အသီးအနှံများမှ ရသော အဆီများနှင့် ထပ်မံဖြည့်သွင်းထားသော ဦးနှောက်အာဟာရဓါတ် ၁၀ မျိုးဖြင့် သင့်ကလေး၏ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို စစ်မှန်သောအစားအစာနှင့် သန့်ရှင်းလတ်ဆတ်သော ရေနှင့်အတူ ပံ့ပိုးပေးသော အခါတွင် ကောင်းမွန်စွာ ဖွံ့ဖြိုးနိုင်ပါသည်။

 

Sign-up for Free Trial

 

References:

  1. https://abbottfamily.com.sg/learning-101/nve
  2. https://www.healthline.com/health/carotenoids
  3. https://www.webmd.com/diet/foods-high-in-vitamin-e#1
  4. https://www.webmd.com/diet/foods-high-in-quercetin#1
  5. https://www.verywellfamily.com/water-to-soothe-childs-anxiety-4098581
  6. https://abbottfamily.com.sg/products/range/similac
  7. https://www.healthline.com/nutrition/3-types-of-omega-3#TOC_TITLE_HDR_5
  8. Based on Abbott’s internal computation of Similac HMO global usage, as of Nov. 2018