ကလေးများကို သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များစားခြင်းကို နှစ်သက်စေဖို့ ကူညီပေးမည့် ပျော်စရာနည်းလမ်းများ။
ကလေးများကို သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များစားခြင်းကို နှစ်သက်စေဖို့ ကူညီပေးမည့် ပျော်စရာနည်းလမ်းများ။
ငယ်ရွယ်စဉ်အခါတွင် လတ်ဆတ်သော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များသည် အဘယ်ကြောင့် ကောင်းမွန်သည်ကို ကလေးများနားမလည်သေးပါ။ ထို့ကြောင့်မိဘများသည် ကျန်းမာပျော်ရွှင်စွာ စားသောက်မှုပြုလုပ်ရန် လုံးလုံးလျားလျား ချဉ်းကပ်မှုကို ပြုလုပ်သင့်သည်။ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို စားသောက်သောကလေးများသည် အာရုံစူးစိုက်မှု ပိုမိုအားကောင်းစေပြီး မှတ်ဉာဏ်တိုးတတ် တက်စေကာ ပိုပျော်ရွှင်ကြပါသည်။ ဖော်ပြထားသည်များမှာ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များစားသုံးခြင်း သည် အဘယ့်ကြောင့်အရေးကြီးကြောင်းနှင့် ၄င်းတို့ကို သင့်ကလေးငယ်များ ချစ်လာစေရန် ပျော်စရာကောင်းသောနည်းလမ်းအချို့ဖြစ်သည်။
၁။ ကျန်းမာရေးနှင့်ညီညွတ်သည့်အစားအစာများကို စောစီးစွာစားသုံးခြင်းသည် ပိုကောင်းပါသည်။
ကလေးများသည် ရင်းနှီးကျွမ်းဝင်မှုကို နှစ်သက်သောကြောင့် ပုံစံအမျိုးမျိုးဖြင့် သစ်သီးများနှင့် ဟင်းသီးဟင်းရွက်မျိုးစုံကို စတင်၍ မိတ်ဆက်ပေးခြင်ဖြင့် ၎င်းတို့ နှစ်သက်လာစေရန် ကူညီပေးပါလိမ့်မည်။ ချက်ပြုတ်ခြင်း၊ အနှစ်ပြုလုပ်ခြင်းနှင့် ခြေခြင်း တို့ကို မတူညီသည့်အရာများနှင့် ၎င်းတို့ကြိုက်နှစ်သက်သည့်အရာများကို တဖြည်းဖြည်းခြင်း လိုက်လျောညီထွေဖြစ်အောင် ကြိုးစားကြည့်ပါ။ ဥပမာအားဖြင့် ဘရိုကိုလီ သို့မဟုတ် ဟင်းနုနွယ်ရွက်များသည် ကလေးများ ၏ ပြင်းပြသောအရသာများ အတွက် အရသာလျော့နည်းနေသော်လည်း ဗီတာမင် စီ၊ လူတင် နှင့် အမျှင်ဓာတ်များကြွယ်ဝသောကြောင့် ၎င်းတို့ကို သစ်သီးဖျော်ရည်များ သို့မဟုတ် စွပ်ပြုတ်များနှင့် ရောစပ်ပြီးအရသာများကို ဖုံးထားခြင်းဖြင့် ၎င်းတို့အတွက် စားသုံးရန် နည်းလမ်းတစ်ခုဖြစ်သည်။ ဘယ်အရာများသည် ၎င်းတို့အတွက် အလုပ်ဖြစ်သည်ကို အာရုံစိုက်ပါ။
၂။ ဘာကြောင့်စောစီးစွာလုပ်သင့်သလဲ။
အာဟာရပြည့်မီသော ကလေးများသည် ဉာဏ်ရည်ထက်မြက်ပြီး ပို၍ အတတ်မြန်ကြသည်။ သစ်ကြားသီးနှင့် ဒိန်ချဉ်တို့တွင် အကောင်းဆုံး အရည်အသွေးရှိသော ပရိုတင်းများပါဝင်သောကြောင့် ဦးနှောက်ဆဲလ်များ ဆက်သွယ်မှု နှင့် သတင်းအချက်အလက်များကို ထိရောက်စွာ ထိန်းသိမ်းပေးနိုင်သည့်အတွက် မှတ်ဉာဏ်ကို တိုးတတ်တက်စေသည်။ ပဲပိစပ်နှင့် ပင်လယ်ရေမှော်များမှ ရသော အိုမီဂါ ၃ ဖက်တီးအက်စစ်သည် ဦးနှောက်ဆဲလ်များ ထုတ်လုပ်မှုကို ပံ့ပိုးပေးပြီး ဆဲလ်ပြိုကွဲမှုကို နှေးကွေးစေသည်။ ဦးနှောက်သည် ကာဗိုဟိုက်ဒရိတ် အရည်အသွေး၏ စွမ်းအင်ကို အဓိကအရင်းအမြစ်များထဲမှ တစ်ခုဖြစ်သော ဂလူးကို့စ်ကို မှီခိုအားထားရသည်။ ၎င်းသည်ဦးနှောက်၏ ခံနိုင်ရည်ကို တသမတ်တည်းရှိစေသည်။ ထုပ်ပိုးထားသော အစားအစားများသည် မြင့်မားသောသကြားနှင့် ဆိုဒီယမ်ဓာတ်များ သို့မဟုတ် ကယ်လိုရီများဖြင့်သာ ထုတ်လုပ်ထားပြီး ကန်စွန်းဥ၊ ပြောင်းဖူး၊ ငှက်ပျောသီး နှင့် သရက်သီးကဲ့သို့သော သဘာဝအရင်းမြစ်များသည် လတ်ဆတ်ရုံသာမက အကောင်းဆုံးဖြစ်သည်။
၃။ သင်ကြားခြင်းကို ပျော်စရာများဖြင့် ပေါင်းစပ်ပါ။
ကလေးကစားစရာများနှင့် အဆင်သင့်လုပ်ထားသော အစားအစာအများစုသည် ပျော်စရာပုံစံများနှင့် အရောင်အသွေးအစုံအလင် ဖြစ်နေရခြင်းအကြောင်းအရင်းမှာ ကလေး၏ဦးနှောက်သည် အသစ်အဆန်းနှင့် စိတ်လှုပ်ရှားဖွယ်ရာများကို နှစ်သက်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ကလေးတစ်ဦးကို အများအားဖြင့် မကြိုက်နှစ်သက်သည့်အရာကို စားစေချင်သည့်အခါတွင် လိုက်နာရမည့် နိယာမတစ်ခုဖြစ်သည်။ ကုန်စုံဆိုင်တွင် ၎င်းတို့နှင့်အတူ အစားအစာအမျိုးအစားခွဲခြားခြင်း ဂိမ်းများကစားပါ သို့မဟုတ် တက်ကြွစွာလှုပ်ရှားစေခြင်းဖြစ်စေရန် ကိုယ်အလေးချိန်ချိန်ပြီး သင်္ချာသင်ပေးပါ။ အစားအသောက်နှင့် မကစားရန်သည် ယေဘူယျ စည်းမျဉ်းတစ်ခုဖြစ်သော်လည်း ဤအခြေအနေတွင် ၎င်းသည် ကျန်းမာသော အစာစားခြင်းကို မြှင့်တင်ရန် နည်းလမ်းတစ်ခုဖြစ်သောကြောင့် ၎င်းကို လျှော့ပေါ့ပေးပါ။ အကူအညီဖြစ်စေရန် သင့်ကလေးအား ၎င်း အစာစားသည့် ပုံသဏ္ဍာန်ကို သင့်တော်သည့်အရွယ်အစားဖြစ်အောင် ဖြတ်တောက်ပါ သို့မဟုတ် ၎င်းတို့စားလိုသော ပုံစံဖြစ်အောင် ပြုလုပ်ပါ။
အံ့ဩဖွယ်ကောင်းသော အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို စောစီးစွာ ပေးထိတွေ့ခြင်းသည် ၎င်းတို့အား စိတ်ရှုပ်စရာမရှိဘဲ စားသုံးရန် အထောက်အကူဖြစ်စေသော်လည်း တစ်ခါတစ်ရံတွင် သင်မည်မျှပင် ကြိုးစားပါမူ သင့်ကလေးသည် ၎င်းအစားအစာကို မစားပါ။ ထို့ကြောင့် ဤအခြေအနေမျိုးတွင် အချို့သောအာဟာရဓာတ်များ ဆုံးရှုံးမည်ကို စိုးရိမ်ပါက Similac Gain IQ အသက်၂နှစ်နှင့် အထက် ကလေးများအတွက်ဖော်စပ်စာ ကကူညီနိုင်သည်။ Similac Gain IQ တွင် ပါရှိသော အာဟာရများသည် ကိုယ်ခံစွမ်းအားကို ပံ့ပိုးပေးနိုင်သည့် 2’FL HMO နှင့် Nucleotides များဖြစ်ပြီး သင်ယူမူပိုမိုမြန်ဆန်စေရန်အတွက် အဓိက ဦးနှောက်အာဟာရ ၁၀ မျိုးပါရှိသည်။ လူတင်း၊ ဒီအိတ်ချ်အေ နှင့် သဘာဝ အာအာအာ ဗီတာမင် အီး, ကယ်လ်စီယမ်၊ ဗီတာမင် K နှင့် D တို့၏ ထူးခြားသော ပေါင်းစပ်မှုသည် အရိုးနှင့်သွားများကို သန်မာစေပြီး သင်ယူနိုင်စွမ်းကို ထောက်ပံ့ပေးသည်။ ထုပ်ပိုးသည့် ပစ္စည်းများတွင် စားအုန်းဆီမပါဝင်ပဲ အသီးအရွက်အဆီများနှင့် ပေါင်းစပ်ထားပြီး ကောင်းမွန်သောအာဟာရများ ပို့ပေးခြင်းနှင့် အာဟာရဓာတ်များကို ကောင်းစွာစုပ်ယူစေပြီး ဝမ်းပျော့ပျော့သွားစေပါသည်။
References:
- https://abbottfamily.com.sg/articles/pre-school/fruits-vegetables#
- https://centrespringmd.com/14-best-brain-health-foods-for-kids/
- https://www.medicalnewstoday.com/articles/323110
- https://www.medicalnewstoday.com/articles/323144#vegetarian-and-vegan-sources-of-omega-3
- https://abbottfamily.com.sg/products/page/similac-2-fl-stage3