အနုပညာ နှင့် ကစားခြင်းသည် သင့်ကလေး၏ ဖွံ့ဖြိုးမှုကို မည်ကဲ့သို့ ပံ့ပိုးပေးသနည်း။
အနုပညာ နှင့် ကစားခြင်းသည် သင့်ကလေး၏ ဖွံ့ဖြိုးမှုကို မည်ကဲ့သို့ ပံ့ပိုးပေးသနည်း။
အရွယ်ရောက်ပြီးသူများအတွက်ပင် အသစ်အဆန်းများကို တွေ့ကြုံခံစားရခြင်းသည် ပျော်ရွှင်မှုနှင့် စိတ်ကူးဉာဏ်ကောင်းများကို ပေးစွမ်းနိုင်သောကြောင့် စူးစမ်းလေ့လာစပြုနေသော ကလေးငယ်တစ်ဦးအတွက် မည်သို့ဖြစ်မည်ကို စိတ်ကူးကြည့်ပါ။ ကစားခြင်းနှင့် အနုပညာသည် ပျော်စရာကောင်းရုံသာမက ၎င်းတို့၏ စာဖတ်ခြင်း၊ ဆုံးဖြတ်ချက်ချခြင်းနှင့် အလုံးစုံသိမြင်နိုင်စွမ်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သော ပံ့ပိုးကူညီမှုများ ဖြစ်သည်။ ပြုစုပျိုးထောင်မှု၊ ဦးနှောက်အာဟာရ၊ အာဟာရဆိုင်ရာ အခြားရွေးချယ်စရာများ ( ဥပမာ Similac Gain IQ) နှင့် အခြားနည်းလမ်းများဖြင့် ပံ့ပိုးပေးခြင်းဖြင့် ကလေးများ၏ အနုပညာနှင့် ကစားခြင်းတွင် ပါဝင်ရန် မိဘများအတွက်လည်း အရေးကြီးပါသည်။
ကျွန်ုပ်ကလေး စာတတ်မြောက်မှုကို မည်သို့ကူညီပေးမည်နည်း။
ကလေးများကစားသောအခါတွင် အချို့သောအသံများကို အရာဝတ္တုများနှင့်ချိတ်ဆက်ပြီး စကားလုံးများနှင့် ပုံများတွဲကာ နောက်ပိုင်းတွင် ၎င်းတို့ကို ၎င်းတို့ကိုယ်တိုင် ဖော်ပြရန်အတွက် အသုံးပြုကြသည်။ ကလေးများ၏အပြုအမူများသည် ၎င်းတို့တွင် အပြောအဆို သို့မဟုတ် ကစားနည်းတစ်မျိုးမျိုး အမြဲရှိကြပြီး အချိုသောစကားလုံများနှင့် အနုပညာကို ပေါင်းထည့်ခြင်းဖြင့် ၎င်းတို့၏မှတ်ဉာဏ်ကို ကျယ်ပြန့်စေကာ အနုပညာ သို့မဟုတ် လှုပ်ရှားမှုဖြင့် ဖော်ပြရန် သို့မဟုတ် ၎င်းတို့၏ စကားပြောစွမ်းရည်ကို တိုးတတ်တက်စေရန် လှုံ့ဆော်ပေးသည်။
၎င်းသည်ကလေး၏ ဆုံးဖြတ်နိုင်စွမ်းရည်ကို အထောက်အကူ ပြုနိုင်ပါသလား။
သင့်ကလေးကို ကိရိယာမျိုးစုံ၊ အရောင်မျိုးစုံနှင့် အရုပ်များကို ပေးသောအခါတွင် သင့်ကလေးသည် သင်နှစ်သက်သည့်အရာများကို ၎င်းတို့မနှစ်သက်ကြောင်းပြောပြနိုင် လိမ့်မည် ဖြစ်သည်။ စိတ်ကို ပွင့်ပွင့်လင်းလင်း ထားပြီး လုပ်ငန်းစဉ်ကို အာရုံစိုက်ပါ။ သင့်ကလေးအတွက် ရည်ရွယ်ထားခြင်း မဟုတ်သော အကြောင်းအရာတစ်ခုအတွက် ပစ္စည်းများကို အသုံးပြုခြင်းသည် နည်းလမ်းတစ်ခုမဟုတ်ပါ။ ဥပမာအားဖြင့် သင့်ကလေးသည် တုတ်ချောင်းတစ်ခုကို ခဲတံအဖြစ်အသုံးပြုသော်လည်း အမှတ်အသားမရှိဘဲ ကျိုးသွားပါက ၎င်းတို့ကို ရောင်စုံခဲတံ သို့မဟုတ် ခဲတံအစစ် ပေးပါ။ ထို့နောက် ၎င်းတို့သည် မည်သို့အသုံးပြုလျှင် ပိုမိုလွယ်ကူသည်ကို သိမြင်ရမည်ဖြစ်ပြီး သင့်အား အကူအညီအရင်းမြစ်တစ်ခုလည်း မြင်တွေ့ရမည်ဖြစ်သည်။
ကလေး၏ မှတ်ဉာဏ်ဖွံ့ဖြိုးမှုကို မည်သို့ကူညီပေးရမည်နည်း။
သင့်ကလေးသည် ကစားနေချိန်တွင် ၎င်းတို့၏ကန့်သတ်ချက်များကိုစမ်းသပ်ရန်အတွက် လှုပ်ရှားခြင်းဆိုင်ရာ ကျွမ်းကျင်မှု၊ စကားပြော၊ အကြားအာရုံ၊ မျက်လုံးနှင့် အခြားအာရုံများကို အသုံးပြုမည်ဖြစ်သည်။ နောက်ပိုင်းတွင် ၎င်းတို့၏ အဓိကမှတ်ဉာဏ်တွင် ပေါင်းစည်းပြီး သင့်လျော်သည်ဟု မြင်သည့် အခြားနေရာများတွင် အသုံးချမည်ဖြစ်သည်။ ၎င်းတို့သည် အကြောင်းတရားများ၊ အကျိုးသက်ရောက်မှုများကို သင်ယူမည်ဖြစ်ပြီး ထုတ်ဖော်ပြောဆိုရန် ကြိုးစားသောအခါတွင် ၎င်းတို့၏ အစီအစဉ်ရေးဆွဲခြင်းဆိုင်ရာ ကျွမ်းကျင်မှုကို အသုံးချနိုင်မည် ဖြစ်သည်။ သူတို့အရင်က မြင်ဖူးသည့်အရာများကိုရေးဆွဲခိုင်းခြင်း သို့မဟုတ် သရုပ်ဖော်ခြင်းဖြင့် လုပ်ခဲ့သည့် လှုပ်ရှားမှုများကို ဖော်ပြခိုင်းခြင်းဖြင့် ၎င်းတို့၏ စိတ်ကို လှုံ့ဆော်ပေးနိုင်ပါသည်။
ဘာကြောင့် အဓိကအာဟာရများသည် ကလေးများကို အကောင်းဆုံးပံ့ပိုးပေးနိုင်သနည်း။
သရေစာစားချိန်သည် သင့်ကလေး၏ နေ့စဉ် အနှစ်သက်ဆုံးအချိန်များထဲမှ တစ်ခုဖြစ်သောကြောင့် အာဟာရပြည့်ဝသော ရွေးချယ်စရာများဖြင့် ထောက်ပံ့ပေးပါ။ ဖက်တီးအက်စစ် ( Docosahexaenoic Acid (DHA) Linoleic Acid ဥပမာ ပန်းဂေါ်ဖီ၊ ဒိန်ခဲ၊ ဆန်) တို့သည် ဦးနှောက်ကြီးထွားရန်အတွက်လိုအပ်ပြီး အချက်အလက်များကို သင်ယူရန်နှင့် သိမ်းဆည်းထားရန် ခွန်အားပေးပါသည်။ ဗီတာမင် B1 ( Thiamine ဥပမာ အုန်းသီး၊ ချောကလက်၊ အခွံမာသီးများ) သည် အစားအစားမျာမှ ဦးနှောက်အတွက် စွမ်းအင်အဖြစ်ပြောင်းလဲပေးသောကြောင့် သင့်ကလေး၏ မှတ်ဉာဏ်ဆိုင်ရာ လုပ်ဆောင်ချက်များကို ပံ့ပိုးပေးပါသည်။ ဗီတာမင် C နှင့် E (ဥပမာ ထောပတ်သီး၊ အစေ့အဆံအစုံ၊ ချဉ်သောအသီးများ) သည် ဓာတ်တိုးဆန့်ကျင့်ပစ္စည်း များဖြစ်ပြီး ရောင်ရမ်းမှုနှင့် စိတ်ဖိစီးမှုများကို တားဆီးပေးကာ ခက်ခဲသောလုပ်ငန်းစဉ်များကို ကြာရှည်စွာလုပ်ဆောင်နိုင်စွမ်းကို ပေးသည်။ ထို့ကြောင့် Similac Gain IQ ကဲ့သို့သော အသက်၂နှစ်နှင့် အထက်ကလေးများအတွက်ဖော်စပ်စာကို နှစ်ပေါင်းများစွာ သုတေသနပြုလုပ်၍ ကောင်းမွန်တဲ့ အာဟာရများကို ဦးနှောက်အတွက် ပေးရန် သီးသန့် EyeQ Plus အာဟာရစနစ်ကို တီထွင်ခဲ့ကြသည်။ စားအုန်းဆီမပါဘဲ ကျန်းမာရေးနှင့် ညီညွတ်သည့် အသီးအရွက်အဆီများနှင့် ပြုလုပ်ထားသောကြောင့် သင့်ကလေး၏ ဦးနှောက်အာဟာကို ကောင်းစေရုံသာမက အတတ်ပညာများကို ဆက်လက်ဖန်တီးနိုင်၊ သင်ယူနိုင်ပြီး ပျော်ရွှင်စွာကြီးပြင်းရန်အတွက် သက်တောင့်သက်သာရှိသော အူလမ်းကြောင်းစနစ်ကို ရရှိစေမှာဖြစ်ပါသည်။
References:
- https://simmom.in/feediq/power-of-play-in-child-brain-stimulation-techniques
- https://www.canr.msu.edu/news/the_art_of_creating_why_art_is_important_for_early_childhood_development
- https://www.naeyc.org/our-work/families/five-essentials-meaningful-play
- https://www.thelunchmob.co/8-brain-food-snacks-to-boost-your-kids-memory/
- https://abbottfamily.com.sg/products/page/similac-2-fl-stage4