ဘဝအတွေ့အကြုံများက ကလေးများလေ့လာသင်ယူခြင်းကို မည်ကဲ့သို့ကူညီပေးသနည်း။

သင့်ကလေး၏သမိုင်းမှတ်တိုင်များ (သို့မဟုတ်) ဘဝအထွတ်အထိပ်မှတ်တိုင်များသည် ၎င်းတို့ကို ပုံသွင်းပေးသည်။ စိတ်လှုပ်ရှာကောင်းသောအချိန်များတွင် သူတို့သည် သင့်ကို တောင်းပန်ခြင်း သို့မဟုတ် ထိုအချိန်မျိုးများအမှတ်ရပြီး သင်ခန်းစာကောင်းကောင်းယူတတ်သည့်အချိန်လေးဖြစ်ပါသည်။ မူကြိုကျောင်းပထမဆုံးနေ့၊ တိရိစ္ဆာန်များကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်း၊ မွေးနေ့ပွဲ၌တောက်ပသောပူဖောင်း များပြည့်နှက်နေခြင်း နှင့် ပထမဆုံးလေယာဉ်စီးခြင်းသည်ပင်လျှင် အရာရာတိုင်းအပေါ် ၎င်းတို့၏ သိလိုစိတ်၏ အစိတ်အပိုင်းများဖြစ်သည်။ ထိုအတွေ့ကြုံသစ်များကိုယူပြီး ၎င်းတို့သိရှိထားသည့်အရာများကို အခြားအခြေအနေများတွင် အသုံးချလိမ့်မည်။ သင့်ကလေး၏သင်ယူနိုင်စွမ်းဘဝအတွေ့အကြုံများကမည်သို့ ပုံဖော်နိုင်ကြောင်း နည်းလမ်းများကို ကျွန်ုပ်တို့လေ့လာနိုင်ပါသည်။

 

အတွေ့အကြုံများ၊ သင်ယူခြင်း၊ ပုံဖော်ခြင်းနှင့် ထပ်မံပြန်လုပ်ခြင်း။

မိသားစုဝင်များဝန်းရံခြင်း(သို့) အိမ်နီးချင်းများဝန်းရံထားခြင်း(သို့) တစ်ဦးတည်းထားခြင်းခံရသည့် ကလေးများနှင့် အမြဲအလုပ်ရှုပ်နေသောဈေးများနှင့် ၂၄ နာရီပတ်လုံးအဖြစ်အပျက်များဖြစ်ပွားနေသော နေရာများတွင် ထားခြင်းခံရသောကလေးများသည် မိဘများနှင့် အိမ်နီချင်းများဝန်းရံခြင်းခံရသော ကလေးများထက် စကားပြောဆိုရာတွင် ပိုတတ်သည်ကို သင်သတိပြုမိပါသလား။ လူမှုဗေဒဆိုင်ရာ လေ့လာမှုများအရ ကလေးများ၏စကားပြောစွမ်းရည်သည် ၎င်းတို့၏မှတ်မိနိုင်ခြင်းနှင့်တိုက်ရိုက်ဆက်နွယ် နေကြောင်းပြသခဲ့ပါသည်။ ဥပမာအားဖြင့် သင့်ကလေးသည် ဖမ်းခြင်းစွမ်းရည်(သို့မဟုတ်) ပုံသဏ္ဌာန်များကောက်ယူခြင်း (သို့မဟုတ်) ပဟေဠိဆိုင်ရာ ကစားနည်းများကို လေ့လာသောအခါ ထိုဗဟုသုတများကို သိမ်းဆည်းပြီး သင့်လျော်သည်ဟုယူဆသည့်နေရာများတွင် အသုံးချပါလိမ့်မည်။ ထိုအချိန်မျိုးတွင် မိဘများသည် သူတို့၏နေ့စဉ်လှုပ်ရှားမှုတိုင်းမှာပါဝင်ပြီး ဝမ်းသာစရာစကားလုံးများနှင့် မှားနေသည့်အရာများကို တည့်မတ်ပေးရန်ဖြစ်ပါသည်။ ကျွမ်းကျင်မှု လိုက်ရောညီထွေရှိမှု အတွေ့အကြုံတို့ပေါ်မူတည်၍ ၎င်းတို့ကို ထူးခြားပြီး ကိုယ်ရည်ကိုယ်သွေးရှိသော ကလေးတစ်ယောက်အဖြစ် ပုံဖော်ပေးပါလိမ့်မည်။ တိုတောင်းသောအချိန်ကာလကို ကာလကြာရှည်စွာထိန်းသိမ်းထားမည်မဟုတ်ပါ။ ဦးနှောက်ဆဲလ်များသည် အတွေ့ကြုံသစ်များသိမ်းဆည်းရခြင်းကို ပိုမိုကြိုက်သည်။ ဒါကြောင့် သင့်ကလေးအတွက် အရေးကြီးသည့်အတွေ့အကြုံများကို ထပ်တလဲလဲလုပ်ဆောင်ဖို့ လိုအပ်ပါသည်။ ဥပမာ- ပညာသင်ကြားခြင်း။

 

တီထွင်ဖန်တီးမှုများကိုသင်ယူခြင်း

၁၉၃၃ ခုနှစ် စိတ်ပညာရှင် Dr Hedwing Von Restorff မိတ်ဆက်ပေးခဲ့သည့် Von Restorff Effect သီအိုရီအရ ကလေးများသည် ထူးခြားသောအရာများမှန်သမျှကို မှတ်မိနိုင်လိမ့်မည်ဟု ဆိုထားပါသည်။ အကြောင်းကတော့ လူတို့၏ဦးနှောက်သည် ပုံမှန်အရာများနှင့်မတူဘဲ ကွဲပြားခြားနားသော ပတ်ဝန်းကျင်အရာများကို ပို၍မှတ်မိစေပါသည်။ သင်အသက်ကြီးလာသည့်အချိန် ကျောင်းသင်ခန်းစာများကို လေ့လာနေ့စဉ် စာအုပ်ထဲရှိ စာများအနက် အရေးကြီးသောစာသားများကို ရောင်စုံများနှင့် မှတ်သားထားလျှင် စာအုပ်တစ်အုပ်လုံးထက် ထိုသို့တားထားသောစာများကို ပိုမို မှတ်မိနိုင်ပါလိမ့်မည်။ ကလေးများအား အရာရာကို ကြည့်ရှုရန်၊ ကြားရန်၊ မြင်ရန်၊ ကိုင်ရန် နှင့် အနံ့ခံရန် ခွင့်ပြုပေးခြင်းဖြင့် ဖန်တီးမှုဆိုင်ရာသင်ယူမှုများကို ထိုကဲ့သို့ အတွေ့အကြုံများမှ တဆင့် တိုးတက်နိုင်ပါသည်။ ဤအရာဖြင့် သင့်ကလေးသည် အရာရာကို ဂရုစိုက်ပြီး ထိထိရောက်ရောက် ပြန်လည်မှတ်မိစေနိုင်သော အာရုံခံအတွေ့အကြုံများကို ပြုစုပျိုးထောင်နိုင်ပါသည်။

 

Reference(s):

  1. https://abbottfamily.com.sg/articles/pre-school/life-experiences#