Immune System Development
သင့်ကလေး၏ ကိုယ်ခံအားစနစ်ကို အာဟာရဖြင့်တည်ဆောက်ခြင်း

ငယ်ရွယ်သော ကျောင်းနေအရွယ်ကလေးများတွင် သာမာန်အအေးမိခြင်း၊ virus ကြောင့် ဖြစ်သော အစာအိမ်နှင့်အူလမ်းကြောင်း ရောင်ယမ်းခြင်း၊ ဝမ်းပျက်/ဝမ်းလျှောခြင်း၊ ဓာတ်မတည့်ခြင်း၊ ပန်းနာရင်ကျပ်ဖြစ်ခြင်းနှင့် နှင်းခူနာဖြစ်ခြင်းများ ဖြစ်တတ်ပါသည်။ အဓိကအကြောင်းအရင်း တစ်ခုမှာ ကလေးများရဲ့ ခုခံအားစနစ်တွင် ရောဂါပိုးမွှားများကို မှန်ကန်စွာတိုက်ဖျက်နိုင်သော ကိုယ်ခံအားစနစ်မှာ ဖွံ့ဖြိုးဆဲဖြစ်သောကြောင့်ဖြစ်သည်။ ပြင်ပရောဂါပိုးမွှားများဝင်ရောက်လာမှုကို ခုခံတိုက်ဖျက်ပေးသော ကိုယ်ခံအားစနစ်ကို အူ သိုမဟုတ် အူအတွင်းရှိ Microbiome တွင် တွေ့ရှိနိုင်ပါသည်။ အလေ့အကျင့်ကောင်း၊ ကောင်းမွန်တဲ့ စားသောက်မှု ပုံစံ၊ ဖြည့်စွက်စာများကို မှန်ကန်သည့်ပေါင်းစပ်ခြင်းဖြင့် ဤအကျိုးပြု ဘက်တီးရီးယားများကို ထောက်ပံ့ပေးနိုင်ပါသည်။ 1,5
အူတွင်း Microbiome နှင့် သင့်ကလေး၏ ကိုယ်ခံအားစနစ်ကို ပြုစုပျိုးထောင်ခြင်းနည်းလမ်း
ခန္ဓာကိုယ်ထဲတွင် အနုဇီဝ ၁၀၀ ထရီလီယံခန့်ရှိပြီး ၎င်းတို့အများစုမှာ အစာအိမ်နှင့် အူလမ်းကြောင်းတွင် နေထိုင်ကြပါသည်။ ၎င်းတို့သည် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း၊ အာဟာရဓာတ် စုပ်ယူမှုကို မြှင့်တင်ပေးခြင်းနှင့် လေပွမှုကို လျော့ချပေးခြင်း စသည့်အကျိုးကျေးဇူးများပေးပါသည်။ တစ်ခါတစ်ရံတွင် အကျိုးပြုဘက်တီးရီးယားများသည် အခြားသော ဘက်တီးရီးယားများကို တိုက်ထုတ်နေရတာကြောင့် ကိုယ်ခံအားစနစ် အားနည်းပြီး ဖျားနာတတ်ကြပါသည်။ ကျန်းမာသော ဘက်တီးရီးယားများနှင့် အန္တရာယ်ရှိသော ဘက်တီးရီးယားများသည် မျှခြေတွင်ရှိပါက သင့်ကလေးတွင် အဖြစ်များသော ဖျားနာမှုခြင်းများအတွက် ပိုမိုကောင်းမွန်သော တိုက်ဖျက်နိုင်သည့် ကိုယ်ခံအားစနစ်ကို ပေးစွမ်းနိုင်ပါသည်။1,2,3
- ဟင်းသီးဟင်းရွက်နှင့် အသီးအနှံမျိုးစုံကို ရွေးချယ်စားသောက်ပါ။
အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များနှင့် အစေ့အဆန်တို့တွင် အပိုကယ်လိုရီများမရှိပါ။ ဥပမာအားဖြင့်၊ ငှက်ပျောသီး၊ အခွံမာသီး၊ ပဲ၊ နှင့် ကညွတ်တို့တွင်အမျှင်ဓါတ်ကြွယ်ဝခြင်း သို့မဟုတ် prebiotic အမျှင်များပါရှိခြင်းတို့ကြောင့် ကျန်းမာရေးနှင့် ကိုယ်ခံစွမ်းအားကို အထောက်အပံ့ပေးမည့် အကျိုးပြု ပရိုဘိုင်အိုတစ်ဘက်တီးရီးယားများကို အစာအဖြစ် ကျွေးမွေးပါသည်။ အကျိုးပြုဘက်တီးရီးယားများကို ထိန်းညှိပေးနိုင်ဖို့အတွက် သင့်ကလေးအား kefir သို့မဟုတ် အချဉ်ဖောက်ထားသော ဒိန်ချဉ် ကဲ့သို့သော ပရိုဘိုင်အိုတစ်ကြွယ်ဝသော အစားအစာများ ကျွေးနိုင်ပါသည်။1,2,5
- သင့်ကလေး၏ အစားအသောက်များတွင် ကိုယ်ခံအားကို မြှင့်တင်ပေးသည့် အာဟာရဓာတ်များ ပါဝင်အောင်ကျွေးမွေးပါ။
သင့်ကလေးစားသောက်မည့် အစားအစာများတွင်ဇင့်၊ ဗီတာမင် A, C နှင့် E ကဲ့သို့သော ဗီတာမင်များနှင့် သတ္တုဓာတ်တို့ပါဝင်သင့်သည်။ ၎င်းတို့သည် အစောပိုင်းဆဲလ်များ၏ ဓာတ်တိုးမှုကို တားဆီးပေးပြီး သွေးနီဥများ၏ ကျန်းမာရေးကို ပံ့ပိုးပေးကာ ဖွံ့ဖြိုးဆဲ ကိုယ်ခံအားစနစ်ကို အထောက်အကူပြုပါသည်။
အခြားအရေးကြီးသော အာဟာရ အုပ်စုထဲက Nucleorides သည် ရောဂါပိုးများတိုက်ဖျက်ရန်အတွက် ကိုယ်ခံအားဆဲလ်များတည်ဆောက်ခြင်းနှင့် ရောဂါတိုက်ဖျက်၍ ပျက်စီးသောဆဲလ်များကို အစားထိုးရန် ကူညီထောက်ပံ့ပေးသည်။4,5,6
- Oligosaccharides ကြွယ်ဝသော အာဟာရများဖြင့် ပံ့ပိုးကူညီပါ။
Nucleotides များသည် အဆီမပါသောအသားများနှင့် မှိုများမှရရှိပြီး ၎င်းကို Fructooligosaccharides (FOC) နှင့် Galacto-oligosaccharides (GOS) prebiotics များဖြင့် အမြဲမှန်ကန်စွာ ပေါင်းစပ်ရန် မှာ မလွယ်ကူပါ။8 ကလေးများသည် အစားရွေးသောကြောင့် ၎င်းတို့၏ အလုံးစုံကြီးထွားခြင်းနှင့် ကိုယ်ခံအားစနစ်ကို ပံ့ပိုးပေးရန်အတွက် အာဟာရအရည်သည် ရွေးချယ်မှုတစ်ခုဖြစ်သည်။ ဥပမာအားဖြင့်
Similac Gain IQ Ready to Drink Liquid သည် ကလေးများအတွက် ဖော်စပ်စာဖြစ်ပြီး nucleotides (နယူကလီရိုတိုက်(ဒ်))နှင့် ကိုယ်ခံအား ကိုမြှင့်တင်ပေးပြီး ဉာဏ်ရည်ထက်မြက်စေအောင် ဦးနှောက်အတွက် အာဟာရဓာတ် ၁၀ မျိုးပေါင်းစပ်ပါဝင်တဲ့ HMO တို့ဖြင့် ပေါင်းစပ်ပါဝင်ပါသည်။
၁၅ နှစ်ကြာ အာဟာရဆိုင်ရာများကို သုတေသနပြုမှုများမှတဆင့်7 Abbott Nutrition မှ HMO သည် ကလေး၏ ဝမ်းဗိုက်ကို ကာကွယ်ပေးသည့် အရေးကြီးသော ကိုယ်ခံအားကို မြှင့်တင်သည့် ပစ္စည်းဖြစ်ကြောင်းတွေ့ရှိခဲ့သည်။1,2,3
ကလေးဘဝ၏ ငယ်ရွယ်သော နှစ်များတွင် မိဘတစ်ဦးအနေနဲ့ ၎င်းတို့၏ ခုခံအားစနစ်အတွက် မှန်ကန်သော စားသောက်မှုပုံစံကို ပံ့ပိုးကူညီမှုပေးရန် အရေးကြီးသော အဆင့်ဖြစ်သည်။ ပထမဦးစွာ ၎င်းကို ကောင်းမွန်သော အစားအစားနှင့် အာဟာရများ ထောက်ပံ့ပေးခြင်းဖြင့် ကျန်းမာသော အူလမ်းကြောင်းအတွက် အထောက်အပံ့ဖြစ်စေပြီး ကောင်းသော ကိုယ်လက်လှုပ်ရှားမှုများကို မြှင့်တင်ရန်အတွက်လည်း ပိုမိုအကျိုးရှိမည် ဖြစ်သည်။ အပြင်ထွက်ခြင်းသည် ၎င်းတို့၏ ခန္ဓာကိုယ်သည် ပတ်ဝန်းကျင်ကို ထိတွေ့စမ်းသပ်ခြင်းကြောင့် ကလေး၏ ကိုယ်ခံအားစနစ်ကို ပိုမိုတည်ဆောက်ပေးပါသည်။ အစာခြေခြင်းစနစ်ကို ကျော်လွန်၍ ကာကွယ်ရန်အတွက် သင့်ကလေးအား ကောင်းမွန်သော အစားအစာ လေ့ကျင့်ခန်းနှင့် Similac Gain IQ တို့ဖြင့် သန်မာစေပြီး သင်ယူမှု နှင့် ရှင်သန်ကြီးထွားလာအောင် ကူညီပေးပါ။2,3,4,6
References:
-
- https://abbottfamily.com.sg/articles/baby/6-ways-to-boost-child-immune-system
- https://similac.com.ph/worlds-1st-formula-with-hmo/healthy-tummy-strong-immunity
- https://similac.com.ph/worlds-1st-formula-with-hmo/overall-immunity
- https://similacmyanmar.com/available-products/#HMOLiquid
- https://www.webmd.com/parenting/baby/nutrition#:~:text=Nucleotides.,help%20the%20digestive%20organs%20develop.
- https://abbottnutrition.com.my/products/similac-gain-plus
- Buck, Rachael, H. How Do HMOs Support Baby’s Immune Development?. Global R&D, Abbott Nutrition, 2017.
- https://nubound.sport/blogs/articles/10-foods-that-are-high-in-muscle-building-nucleotides