သက်တောင့်သက်သာ မရှိမှုအား စီမံခြင်း
သင့် သက်သောင့်သက်သာ မရှိမှုအား စီမံခြင်း
ကိုယ်ဝန်ဆောင်စဉ်အတွင်း ကြုံတွေ့ရသည့် အဆင်မပြေမှုများအား ဘယ်လိုကုသမလဲ?
ကိုယ်ဝန်ဆောင်ခြင်းသည် ပျော်ရွှင်မှုများ ပြည့်ဝနေသည့် ကာလဖြစ်ပြီး အခြားအမျိုးသမီးများနည်းတူ သင်လည်း အဆိုပါအချိန်အတွင်း ရုပ်ပိုင်းဆိုင်ရာ အဆင်မပြေမှုများအား ကြုံတွေ့ရသည်။ အောက်ပါ အချက်များသည် ကိုယ်ဝန်ဆောင် အမျိုးသမီးများ ကြုံတွေ့ရမည့် အချက်များဖြစ်ပြီး စီမံရမည့် နည်းလမ်းကောင်းများဖြစ်သည်။

ကြွက်တက်ခြင်း
ပြဿနာများ
အထူးသဖြင့် ညအချိန်တွင် ခြေသလုံး နာကျင်စွာ ကြွက်သားကြုံ့ခြင်း
ဘာလုပ်ရမလဲ?
- နာကျင်နေသည့် ကြွက်သားအား နှိပ်ပါ
- သွေးလှည့်ပတ်မှု ရှိစေရန် တစ်မိနစ် နှစ်မိနစ်ခန့် လမ်းလျှောက်ပါ
- ကယ်လ်ဆီယမ် ပါဝင်သည့် နို့နှင့် နို့ထွက် ပစ္စည်းများ စားသုံးပါ
- ဆရာဝန် ညွှန်ကြားချက်အရ ကယ်လ်ဆီယမ် ဖြည့်စွက်စာများ စားသုံးပါ။
တစ်ရှူးများအတွင်း အရည်ကိန်းအောင်းခြင်း
ပြဿနာများ
ခြေထောက်ယောင်ယမ်းခြင်း
ဘာလုပ်ရမလဲ?
- နားနေစဉ်တွင် ခြေထောက်ကို မြှောက်ထားပါ
သွေးကြောထုံးခြင်း
ပြဿနာများ
ခြေထောက်တွင် သွေးကြောများထုံးခြင်း၊ ကြီးခြင်း၊ ပြာခြင်း
ဘာလုပ်ရမလဲ?
- ကြုံ့ ဆန့်နိုင်သော အသားကပ် ဝတ်ပါ။
- မတ်တပ်ရပ်စရာ မရှိလျှင် ထိုင်ပါ။
- နားနေစဉ်တွင် ခြေထောက်ကို မြှောက်ထားပါ
ချွေးထွက်ခြင်း
ပြဿနာများ
အနည်းငယ် လှုပ်ရှားရုံနှင့် ချွေးထွက်ခြင်း (သို့) ညအချိန်တွင် ပူ၍ ချွေးထွက်ပြီး နိုးလာခြင်း
ဘာလုပ်ရမလဲ?
- ချောင်သော ချည်သားအင်္ကျီဝတ်ပါ။
- ရေများများ သောက်ပါ။
ယားခြင်း
ပြဿနာ
အသားထပ်သည့်နေရာများဖြစ်သည့် ရင်သားအောက်တွင် အနီကွက် ယားနာများထခြင်း
ဘာလုပ်ရမလဲ?
- ယားနာဖြစ်သည့်နေရာကို အနံ့မပါသော ဆပ်ပြာနှင့် ဆေးပြီး ချက်ချင်း ခြောက်အောင်သုတ်ပါ။
- ချောင်သော ချည်သားအင်္ကျီဝတ်ပါ။
- အဆိုပါနေရာကို အပူလောင်လျှင် လိမ်းသော ဆေးရည်လိမ်းပါ။