သင့်ကလေးငယ်၏ ပုံမှန် အမူအကျင့်ပြောင်းလဲခြင်းဆိုင်ရာ အဓိက အကြောင်းအရာ ၃ ခု

သင့်ကလေးငယ်သည် အစားအစာနှင့် ပတ်သက်လာလျှင် သင်နှင့် အစီးမကပ်ခြင်းက သင့်အတွက် ခေါင်းကိုက်စရာ တစ်ခုပါ။ သူတို့မှာ လေပွလေထခြင်း၊ ဝမ်းချုပ်ခြင်း နှင့် ပရိုတိန်းဓာတ် မတည့်ခြင်းတို့ တစ်ခုခု ဖြစ်နေနိုင်ပြီး (၃) ခုလုံးက သင့်ကို စိတ်ပူပန်စေနိုင်ပါသည်။ သင့်ကလေးကို မသက်မသာဖြစ်စေရသည့် အကြောင်းအရင်းသည် ဆေးကုသမှု ခံယူရန်မလိုပါက အစားအစာနှင့် ကလေးအတွက်ဖော်စပ်စာ (ဥပမာ-Similac Total Comfort Stage 3) တို့မှတဆင့် သက်သာစေနိုင်သော အကောင်းဆုံး နည်းလမ်း (၃) ခုကို ဖော်ပြပေးသွားပါမည်။ 1, 7

 

ကလေးငယ်များ ဝမ်းချုပ်နေခြင်း

ကလေးငယ်များ အထူးသဖြင့် အလွန်ငယ်ရွယ်သော ကလေးငယ်များ ဝမ်းချုပ်သောအခါတွင် သူတို့သည် ဝမ်းချုပ်ခြင်းကို မသိဘဲ ဗိုက်အောင့် ဗိုက်နာကြောင်းသာ ပြောမည်ဖြစ်သည်။ အခြား လက္ခဏာများမှာ အစာစားရန် ငြင်းဆိုခြင်း (သို့မဟုတ်) ဂျီတိုက်နေပြီး ၎င်းတို့၏ ဝမ်းဗိုက်နေရာကို နှိပ်နေခြင်းတို့ဖြစ်နိုင်သည်။ ဝမ်းချုပ်ခြင်းသည် ဝမ်းမသွားဘဲ ထိန်းထားခြင်း၊ ရေသောက်နည်းခြင်းနှင့် အစားအစာများတွင် အမျှင်ဓာတ် ပါဝင်မှုနည်းခြင်းတို့ကြောင့် ဖြစ်နိုင်သည်။ အမျှင်ဓာတ်သည် အူလမ်းကြောင်းအတွင်း အစားအစာများ လွယ်ကူစွာ စီးဆင်းနိုင်ရန် ကူညီပေးနိုင်သည်။ 1, 2  ထို့ကြောင့် သင့်ကလေးငယ်ကို အသီးအနှံများများ ကျွေးခြင်း၊ အသီးဖတ်လေးများပါသော အချိုရည်တိုက်ခြင်း၊ နှံစားသီးနှံများနှင့် အသီးအရွက်များ များများကျွေးခြင်း တို့ပြုလုပ်သင့်သည်။ 4

 

ဝမ်းဖောဝမ်းရောင်ဖြစ်ခြင်း

ကလေးငယ်များ လေလည်ခြင်းနှင့် လေချဉ်တက်ခြင်းသည် ချစ်စရာကောင်းသော်လည်း မကြာခဏဖြစ်နေပါက ဒါမှမဟုတ် နာကျင်ခြင်းနှင့် ဝမ်းဗိုက်တစ်ဝိုက်  မာနေခြင်းတို့နှင့် တွဲဖြစ်နေပါက စိုးရိမ်ရပါသည်။ အလွန်အမင်း ဝမ်းဖောဝမ်းရောင်ဖြစ်ခြင်းသည် လက်တိုစ့်ကဲ့သို့ အစားအစာများကို အစာမချေဖျက်နိုင်ခြင်း၊ ဆိုဒီယမ်များသော အစားအစာများစားခြင်း၊ အဆီများသော အသင့်စား စားစရာများစားခြင်း နှင့် အမျှင်ဓာတ်များ အစားများပြီး ရေသောက်နည်းခြင်းတို့ကြောင့်ဖြစ်နိုင်သည်။ 1, 3  လက္ခဏာများ ပြင်းထန်ခြင်း မရှိပါက နာနတ်သီးနှင့် သင်္ဘောသီးကဲ့သို့သော အသီးများတွင် ချေဖျက်ရခက်သော ပရိုတိန်းများကို ချေဖျက်နိုင်သည့် အင်ဇိုင်းများ ပါတာကြောင့် ထို အသီးများကျွေးခြင်းဖြင့် သက်သာစေနိုင်သည်။ လက်တို့စ် မချေဖျက်နိုင်ခြင်း ပြဿနာဖြစ်ပါက (၉၈)% အထိ လက်တိုစ့်မပါဝင်သော Similac Total comfort stage 3 ကဲ့သို့ ကလေးတို့အတွက်ဖော်စပ်စာ တိုက်ကျွေးခြင်းဖြင့် သက်သာစေနိုင်ပါသည်။ 3, 4

 

ပရိုတိန်း မခံနိုင်ခြင်း (ဓါတ်မတည့်ခြင်း)

ပရိုတိန်း (နို့ ပရိုတိန်း) မခံနိုင်ခြင်းသည် ကိုလစ် (Colic) ဟုခေါ်ပြီး သင့်ကလေးငယ်တွင် ထိုရောဂါရှိပါက နို့နှင့်ဆိုင်သော အစားအစာများ စားပြီးနောက်တွင် အလွန်အမင်းငိုခြင်း၊ ဝမ်းလျှောခြင်း၊ အင်ပြင်များထခြင်းနှင့် အိပ်မပျော်ခြင်းတို့ဖြစ်ပေါ်လာနိုင်ပါသည်။ ထိုလက္ခဏာများသည် ကလေးငယ်များတွင် ပိုအဖြစ်များပြီး ညအချိန်များတွင် ပိုဖြစ်တတ်သည်။ ထိုလက္ခဏာများသည် သင့်ကလေးငယ် ဝမ်းဗိုက်ပြဿနာရှိပါက ဖြစ်တတ်သော လက္ခဏာများနှင့်လည်း ဆင်တူသည်။ 5, 6

Similac Total Comfort Stage (3) တွင် ပရိုတိန်း၊ ပရီဘိုင်အိုတစ် ဗီတာမင်များနှင့် သတ္တုဓာတ်များပါဝင်ပြီး လက်တို့စ် နို့သကြားနှင့် ဓာတ်မတည့်ခြင်းကြောင့် လေပွလေထခြင်း၊ ၀မ်းပျက်၀မ်းလျောခြင်း၊ မအီမသာဖြစ်၍ ငိုယိုခြင်း အစရှိသည့် ၀မ်းဗိုက် ပြဿနာများကို ခံစားနေရသော အသက် ၂နှစ်နှင့် အထက် ကလေးများအတွက် ထုတ်လုပ်ထားသော အစာကြေညက်ပြီး အာဟာရစုပ်ယူမှုလွယ်စေသည့် ဖော်မြူလာဖြစ်သည်။ TummiCareTM Nutritional System တွင် ပရီဘိုင်အိုတစ် (FOS)၊ တစ်ပိုင်းတစ်စဖြိုခွဲထား‌သော ၁၀၀ရာခိုင်နှုန်း နို့ဓမ်းရည်မှ ရသော ပရိုတင်း၊ လက်တိုစ့် အနည်းငယ်သာ ပါဝင်ပြီး အစာချေဖျက်ခြင်းကို အထောက်အကူပြုရန်စားအုံးဆီ မပါ၀င်သော ဟင်းသီးဟင်းရွက်အရောအနှော တို့ပါဝင်ပါသည်။8,9 နှစ်ထပ်ကွမ်းအက်ဖ်အယ်လ် အိတ်ချ်အမ်အို နှင့် နယူကလီရိုတိုက်(ဒ်)တို့သည်  ခုခံအားကို မြှင့်တင်ပေးသည့်အပြင် ဗီတာမင် A၊ B12၊ C၊ D၊ ဖောလစ်အက်စစ်၊ သံဓာတ်၊ ဆီလီနီယမ်နှင့် ဇင့်တို့လည်းပါဝင်ပြီး ကိုယ်ခံအားစနစ် ဖွံ့ဖြိုးစေရန်အတွက် အထောက်အပံ့ဖြစ်စေနိုင်သည်။10  ပိုမိုသိရှိလိုပါက Similac Myanmar တွင်သွားရောက်ကြည့်ရှုနိုင်ပြီး သင့်ကလေးနှင့်တည့်မတည့်စမ်းသပ်ရန် နမူနာများလည်း တောင်းယူနိုင်ပါသည်။ 7,12

 

References:

  1. https://abbottfamily.com.sg/articles/science/tolerance-issues
  2. https://www.webmd.com/children/child-constipated
  3. https://foreverfreckled.com/gas-relief-children/
  4. https://www.familyeducation.com/best-foods-kids-tummy-troubles
  5. https://www.webmd.com/parenting/baby/features/infant-digestive-conditions
  6. https://www.enfamil.com/articles/colic-or-milk-allergy/
  7. https://similacmyanmar.com/available-products/9totalComfort
  8. Borschel et al. (2012) 
  9. Borschel et al. (2014)
  10. Buck R et al. 2004, Schaller et al 2004,
  11. Lasekan et al. (2017)

 

Additional References;

  1. https://similacmyanmar.com/mm/product-trial/