သင့်ကလေး၏ မျက်လုံးကျန်းမာရေးကို အထောက်အကူပြုသော အာဟာရများ

အာဟာရသည် သင့်ကလေး၏ သင်ယူနိုင်မှုနှင့် ဆော့ကစားလိုစိတ်ပေါ်တွင် ကြီးမား သော သက်ရောက်မှုရှိသည်ကို သင်သိပါသလား။ ၎င်းတို့၏ ခုခံအားစနစ် သန်စွမ်းခြင်းသည် မျက်စိအမြင် အာရုံကို ထိခိုက်စေပါသလား။ စာသင်ခန်းထဲတွင် သင့်ကလေး ဘယ်လောက်ကောင်းကောင်းလုပ်နိုင်သလဲ ဆိုသည့် အချက်များစွာရှိပါသည်။ ကောင်းမွန်စွာစာသင်ယူခြင်းနှင့် စည်းကမ်းလိုက်နာခြင်းတို့ကို အားပေးခြင်းအပြင် အာဟာရနှင့် မျက်လုံးကျန်းမာရေးသည်လည်း သင့်ကလေးအတွက် အရေးကြီးပါသည်။ မျက်လုံး၊ ဦးနှောက်နှင့် ကိုယ်ခံစွမ်းအားကို ပံ့ပိုးပေးသည့် အရေးကြီးသော အာဟာရများအကြောင်း၊ ၎င်းတို့ကို အစားအစာများမှ ရရှိနိုင်ခြင်းနှင့် ကြီးထွားဖွံ့ဖြိုးမှုကောင်းစေရန် ရွေးချယ်စရာ ဖော်စပ်စာ နို့ ( ဥပမာ Similac Gain IQ) အကြောင်းများကို လေ့လာပါမည်။

 

မျက်လုံးတွင် သွေးကြောများ အချိန်ကြာမြင့်စွာ ရောင်ရမ်းခြင်းကြောင့် အမြင်အာရုံထိခိုက်ခြင်း

ခြေဆစ် လက်ဆစ် များ ရောင်ယမ်းခြင်းကြောင့် စိတ်ကသိကအောင့်ဖြစ်သကဲ့သို့ပင်

မျက်လုံးနှင့် အမြင်အာရုံဆိုင်ရာ ဆဲလ်များ ရောင်ယမ်းခြင်းများသည် သက်ဆိုင်ရာ ဆဲလ်များကို ဝန်ထုတ်ဝန်ပိုး ဖြစ်စေကာ အမြင်အာရုံ ချို့ယွင်းခြင်းကို ဖြစ်ပေါ်စေသည်။ မျက်လုံးတွင် သွေးကြောများ ဆက်တိုက်ရောင်ရမ်းနေပါက ကလေးသည် စောစီးစွာ အမြင်အာရုံ ချို့ယွင်းလာနိုင်သည်။ မျက်လုံးအနားတစ်ဝိုက် အချိန်ကြာကြာ နီမြန်းခြင်း၊ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊ အဖျားတက်ခြင်း သို့မဟုတ် ပင်ပန်းနွမ်းနယ်ခြင်းများသည် အမြင်အာရုံ အားနည်းခြင်း ရောဂါ၏ ရှေ့ပြေးလက္ခဏာများဖြစ်သည်။ ခုခံအား နှင့် သွေးစီးဆင်းမှုကို တိုးမြှင့်ပေးသည့် Vitamin B6, B12, ဖောလစ်အက်စစ်၊ နှင့် သံဓာတ်တို့မှလည်း အမြင်အာရုံအတွက် လိုအပ်သော အာဟာရဓါတ်များကို ရရှိနိုင်ပါသည်။ ၎င်းတို့ကို အဆီနည်းပြီး နီသော အသား၊ အစေ့အဆန်များ၊ ပဲများနှင့် အားဖြည့်ထားသော အစားအစာများတွင် တွေ့ရှိရပါသည်။1,2

 

အမြင်အာရုံ အတွက် ထောက်ပံ့ပေးသော Lutein ပါဝင်သော အသီးအနှံ့များ

အသီးအနှံ/အပင်များ၏ အရောင်များတွင် ပါဝင်သော Lutein သည် မျက်လုံး၏ macula ကို ထောက်ပံ့ပေးသော သန်မာသည့် antioxidant ဖြစ်သည်။ မျက်စိမှ ဦးနှောက်အတွင်းရှိ အမြင်အာရုံဆိုင်ရာ ဦးနှောက်အပြင်လွှာဆီသို့ သတင်းအချက်အလက် များပေးပို့ရန် အရေးကြီးပြီး ၎င်းသည် သင့်ကလေးရဲ့အမြင်အာရုံကို ကူညီပေးသည်။ ဟု ဆိုလိုပါသည်။ Lutein ကို ဟင်းနုနွယ်ရွက်၊ မုန်ညင်းရွက် သို့မဟုတ် ခရမ်းချဉ်သီး၊ ဥအမျိုးမျိုး၊ ပြောင်းဖူး၊ ကီဝီသီး၊ စပျစ်သီး နှင့် လိမ္မော်သီး ကဲ့သို့သော အစိမ်းအရင့်ရောင်ရှိသည့် ဟင်းသီးဟင်းရွက်များတွင် အများဆုံးတွေ့ရှိရပါသည်။3

 

အမြင်အာရုံနှင့် ဦးနှောက်ဖွံ့ဖြိုးမှု အတွက် ထောက်ပံ့ပေးမယ့် RRR, Vitamin E 

Vitamin E သို့မဟုတ် RRR (alpha–tocopherol) အဖြစ် စာရင်းသွင်းထားသော Vitamin E သည် သိမြင်နိုင်စွမ်း၊ သင်ယူမှုနှင့် အကြားအာရုံများအတွက် ဦးနှောက်အတွင်းရှိ နေရာတစ်ခုမှ အသုံးပြုသည့် အာဟာရတစ်ခုဖြစ်သည်။ ၎င်းသည် ဆဲလ်များ၏ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်စဉ်ကို ကာကွယ်ပေးသည့် အားကောင်းသော antioxidant တစ်မျိုးဖြစ်ပြီး ဓာတ်တိုးမှုကြောင့် ပျက်စီးလွယ်သည့် အာဟာရဓာတ်များ၏ သက်တမ်းကိုကြာရှည်အောင် ပြုလုပ်ပေးသည်။ သင့်ကလေး၏ နူးညံ့သော မျက်လုံးများသည် ဓါတ်တိုးပစ္စည်းများနှင့် နေ့စဉ် ထိတွေ့မှုများ ရှိနေသည့်အတွက် ဟင်းသီးဟင်းရွက်များမျိုးစုံ၊ ပင်လယ်စာများ၊ အဆံများ နှင့် ကျန်းမာရေးနှင့်ညီညွတ်သည့် ဟင်းသီးဟင်းရွက်ဆီများတို့ဖြင့် ဖြည့်တင်းပေးရန် လိုအပ်သည်။ 4,5

 

DHA ဆဲလ်များအတွက် အရေးကြီးသော Fatty acids

Docosahexaenoic acid သည် ကလေး၏ ခန္ဓာကိုယ်တွင်းရှိ ဆဲလ်များအတွက် အရေးကြီးသော Fatty acids ထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် ဦးနှောက် လုပ်ဆောင်ချက်များကို ကောင်းမွန်စေရုံသာမက ခုခံအားဆဲလ်များကို အားကောင်းစေကာ မျက်လုံးအတွင်းရောင်ရမ်းမှုကို လျှော့ချပေးပြီး လုပ်ဆောင်နိုင်စွမ်းကို တိုးတက်စေပါသည်။ Lutein အလားတူ DHA သည် ဓာတ်တိုးဆန့်ကျင်မှုတို့ကို ခံရသောကြောင့် ဗီတာမင် E ကြွယ်ဝသော အစားအစာများဖြင့် စုပ်ယူမှုကို မြှင့်တင်နိုင်ပါသည်။ တူနာငါးနှင့် ဆာမွန်ငါးကဲ့သို့ အဆီများသောငါးများတွင် အများစုတွေ့ရှိရပြီး DHA ကို အားဖြည့်ထားသော အစားအစာများ၊ နို့ သို့မဟုတ် ဖော်စပ်စာနို့ စသည့် အစားထိုးသောက်စရာများ၊ အဆာပြေမုန့်များနှင့် ဥအမျိုးမျိုးတို့မှ ရရှိနိုင်သည်။2,3,5

စာသင်ခန်းထဲတွင် သင့်ကလေးသည် ဘယ်လောက်ကောင်းကောင်း သင်ယူနိုင်မလဲဆိုသည့် အချက်များစွာရှိပါသည်။အခြေအနေများကြောင့် ကြီးထွားဖွံ့ဖြိုးမှုကောင်းစေရန် အစားထိုး အနေဖြင့် ဖော်စပ်စာနို့ တိုက်ခြင်းသည်လည်း သင့်ကလေးအစားအစာ၏ အစိတ်အပိုင်းတစ်ခုဖြစ်လာနိုင်ပါသည်။  DHA ကဲ့သို့ အရေးကြီးသော အာဟာရ အတွက် Similac Gain IQ သည် ကူညီပေးနိုင်သည်။ DHA, Lutein နှင့် သဘာဝ Vitamin E တို့၏ ထူးခြားသော ပေါင်းစပ်မှုများက အမြင်အာရုံနှင့် ဦးနှောက်ဖွံ့ဖြိုးမှုကို ပံ့ပိုးပေးသည်။6,7 ကလေးများ၏နေ့စဉ်အာဟာလိုအပ်ချက်များအတွက် အစားထိုးအနေဖြင့် ဖြည့်စွက်စာများကို ရွေးချယ်မတိုက်ကျွေးမီ တက်ကျွမ်းနားလည်သော ဆေးပညာရှင် သို့မဟုတ် အာဟာရပညာရှင်နှင့် တိုင်ပင်သင့်ပါသည်။

 

References:

  1. https://my.clevelandclinic.org/health/diseases/21089-uveitis-in-children-and-adolescents
  2. https://nutrition.abbott/in/clinical-studies/optigro
  3. https://health.usnews.com/wellness/food/articles/2017-09-08/5-nutrients-to-improve-your-kids-brain-health
  4. https://www.eyesiteonwellness.com/improving-eyesight-with-a-capital-e-the-little-known-benefits-of-a-vitamin/