ကိုယ်ဝန်ဆောင်မိခင်များ ကြားဖူးနားဝ၊ အထင်အမြင်များနှင့် ၎င်းတို့၏ အမှန်တရားများ
ကိုယ်ဝန်ဆောင်မိခင်များ ကြားဖူးနားဝ၊ အထင်အမြင်များနှင့် ၎င်းတို့၏ အမှန်တရားများ
သင့်သူငယ်ချင်း သို့မဟုတ် မိသားစုဝင်များ တစ်ဦးဦးက သင်မိခင်ဖြစ်သည် (သို့မဟုတ်) နို့တိုက်ကျွေးနေရပြီဆိုတာကို သိတာနဲ့အမျှ အကြံဉာဏ်များကိုလည်း သူတို့အားလုံး လာရောက်ပေးကြမည် ဖြစ်သည်။ အနောက်တိုင်းတွင် ‘အိမ်ရှင်မဟောင်း တစ်ထောင့်တစ်ညနှင့် သက်ကြီးအကြံ’ဟူသော စကားစုမှာ တစ်ခါတစ်ရံ အမျိုးသမီးတစ်ဦး သူ့ကလေးအား လွတ်လပ်စွာ ပျိုးထောင်ရန်အတွက် များစွာ အတားအဆီးဖြစ်စေသည်။ ထိုအရာများသည် ‘ယုံတမ်းသာလျှင်ဖြစ်သလား’ သို့မဟုတ် ‘အမှန်တရားအချို့ကို ဆုပ်ကိုင်ထားသလား’ ဟူသည်ကို သင်သိချင်နေလိမ့်မည်။ မည်သည်ကိုရှောင်ရမည်၊ အာဟာရဖြည့်စွက်စာနှင့် ပတ်သက်၍ ရွေးချယ်ပုံ၊ မျှော်လင့်ထားသည့် အပြုအမူများတို့နှင့်ပတ်သက်၍ အဆိုပါ ကိုယ်ဝန်ဆောင်စဉ် အာဟာရဆိုင်ရာ ယုံတမ်းစကား အချို့ကို လေ့လာကြည့်ကြပါစို့။
ယုံတမ်းစကား ၁: မိခင်သည် အလှအပရေးရာ ပစ္စည်းများ မသုံးရ
အဆိုပါစကားများထဲမှ တစ်ခုမှာ မိခင်များအနေနှင့် ဆံပင်ဆေးဆိုးခြင်း၊ ခေါင်းလျှော်ခြင်းစသည့် အလှအပရေးရာတို့ကို ရှောင်ကြဉ်ရမည် ဆိုသည်ပင်ဖြစ်သည်။ ၎င်းစကားသည် ထိုပစ္စည်းများထဲတွင် ပါဝင်သော ဓာတုပစ္စည်းများက ကလေးအပေါ်သက်ရောက်ပုံကို ကြောက်ရာမှ အရင်းခံလာရသည်။ အဆိုပါအလှအပရေးရာ ပစ္စည်းများအား မိခင်ရော ကလေးပါ စားသောက်ခြင်းမရှိလျှင် အန္တရာယ်မရှိပါ။ ၎င်းတို့သည် မိခင်၏ ယုံကြည်မှုနှင့် လန်းဆန်းမှုကိုပင် တိုးစေသေးသည်။
ယုံတမ်းစကား ၂: သင့်အကြိုက်ဆုံး အစားအစာကလည်း သင့်ကလေးအကြိုက်
သင့်အနေနှင့် သင့်အဖိုးအဖွား (သို့) သင့်မိခင်မှ ကိုယ်ဝန်ဆောင်စဉ်စားသုံးခဲ့၍ သင့်အကြိုက်ဖြစ်နေရသည့် အစားအသောက်တစ်ခုအကြောင်းကို ပြောပြတာ ကြားဖူးမှာပါ။ အရသာခံအဖုများသည် ဘဝအတွေ့အကြုံများအရ အချိန်ကြာသည်နှင့် ဖွံ့ဖြိုးလာသည်။ ထို့ကြောင့် ယခုယုံတမ်းစကားမှာ မမှန်ကန်ပေ။ အစားအသောက် ကိုယ်တိုင်က အရသာခံမှုကို မသက်ရောက်ပေမယ့် အာဟာရဓာတ်ကတော့ သက်ရောက်သည်။ သင့်ရွေးချယ်မှုက အာဟာရကြွယ်ဝပြီး အရည်အသွေးမြင့်ပါက သင့်ကလေးအနေနှင့်လည်း ကောင်းမွန်စွာဖွံ့ဖြိုးဖို့ နိဒါန်းချီမည်ဖြစ်ပြီး သင့်အနေနှင့်လည်း ကျန်းမာမည်။ ဓာတ်မတည့်မှုများအတွက် သင်ကိုယ်တိုင်ဓာတ်မတည့်လျှင် သင့်ကလေးကို သင်စားသည့် အစားအသောက်နှင့် ဓာတ်မတည့်မှုဖြစ်စေမည်ကို စိုးရိမ်စရာမရှိပါဘူး။
ယုံတမ်းစကား ၃: ကိုယ်ဝန်ဆောင်မိခင်များသည် ပြုပြင်ထားသော အစားအစာများကို မစားသင့်
တခါတရံမှာ အစားအသောက်အပေါ် ပူပန်မှုများက မိခင်ထက် ကလေးအတွက် အန္တရာယ်ဖြစ်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ပြုပြင်ထားသော အစားအစာများကို ခွင့်မပြုခြင်းသည် ၎င်းတို့၏ ကြာရှည်ခံပစ္စည်းနှင့်ဖြည့်စွက်ပစ္စည်းများပါဝင်မှုကြောင့် ဖြစ်သည်။ ထိုမှ မြစ်ဖျားခံကာ ချိစ့်၊ ငါးကျပ်တိုက်၊ သကြားလုံးနှင့် စည်သွတ်ဘူးများ စားသုံးမှုကို ကန့်သတ်ခြင်းဖြစ်လာရသည်။ အစားအစာအားလုံးသည်၊ ၎င်းတို့အား ပိုးသတ်ထားသရွေ့ (ဆိုလိုသည်မှာ မသန့်ရှင်းသောအစားအစာမှ ပါသည့် အစာအဆိပ်သင့် ပိုးတစ်မျိုး Listeria)၊ သင့်တင့်သော အပူချိန်တွင် ချက်ပြုတ်ထားမှုတို့ရှိလျှင် စားသောက်ရန် သင့်တော်သည်။ အကယ်၍ သင်သည် ပြုပြင်ထားသောအစားအစာများကို အကြံပြုထားသည့်ပမာဏထက် ပိုမိုမစားလိုပါကလည်း အဆင်ပြေသည်။ အစားရွေးခြင်းက အစားအသောက်ကို ကန့်သတ်ခြင်းဖြစ်သဖြင့် အာဟာရဓာတ်များကို ဆုံးရှုံးစေနိုင်သည်။
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အတွက် ယဉ်ကျေးမှုအလိုက် မတူသော ယုံတမ်းစကားများရှိသည်။ အာဟာရဓာတ်နှင့် ပတ်သက်၍ အမြဲတမ်း လတ်ဆတ်ပြီး အာဟာရကြွယ်ဝသည်များက မိခင်ရော၊ အထူးသဖြင့် ကလေးအတွက် အကောင်းဆုံးဖြစ်သည်။ အကြံအဉာဏ်ပေးရမည်ဆိုလျှင် ယနေ့ခေတ်တွင် အမျိုးသမီးအများအပြားသည် အစားအသောက်နှင့် မလုံလောက်၍ အာဟာရဖြည့်စွက်စာများကိုပါ သုံးစွဲလာကြသည်။ ရွေးချယ်မှုပြုလုပ်သည့်အခါတွင်လည်း သိပ္ပံနည်းကျ စမ်းသပ်ထားပြီး ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် အထူးသီးသန့် ထုတ်လုပ်ထားသည်များကိုသာ ရွေးချယ်ပါ။ ဥပမာ- Similac Mum သည် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် ကိုယ်အလေးချိန်ပိုမတိုးစေဘဲ လိုအပ်သော အာဟာရကိုထောက်ပံ့ပေးရန် သိပ္ပံနည်းကျဖော်စပ်ထားပါသည်။ လူတင်း၊ သဘာ၀ဗီတာမင်အီး (အာအာအာ)၊ DHA ဒီအိတ်ချ်အေ၊ ခိုလင်း၊ ဖောလစ်အက်ဆစ် နှင့် သံဓာတ်တို့ သိပ္ပံနည်းကျပေါင်းစပ်ထားသောကြောင့် ဦးနှောက်နှင့် မျက်လုံးဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုပါသည်။
References:
- https://abbottfamily.com.sg/articles/nutrition/losing-weight-after-pregnancy#
- https://www.crystalkarges.com/blog/how-nutrition-can-help-you-combat-postpartum-depression
- https://abbottfamily.com.sg/products/page/similac-mum
- Huynh DTT et al. J Matern Fetal Neonatal Med. 2017 May 7: 1-9 – https://www.tandfonline.com/doi/full/10.1080/14767058.2017.1320984