ကလေးများရဲ့ သင်ယူမှုကို အားပေးရန် အကြံပြုချက်များ

ကလေးများသည် ၎င်းတို့ဖြစ်ချင်သည့်အရာများကို ပုံပြင်များဖြင့် ပြောပြခြင်းကို သဘောကျကြပြီး မိဘများအနေဖြင့် ၎င်းအချက်ကို အသုံးချ၍ ကလေးများ ဖြစ်ချင်သည့်အရာများကို တိုးတက်ဖြစ်ထွန်းစေရန် ကူညီပေးပါ။ သူတို့၏ အတွေးများသည် အထင်ကြီးလောက်စရာသာမက သူတို့ရဲ့ ဦးနှောက်တွေဟာရေမြှပ်ကဲ့သို့ အာဟာရကိုစုပ်ယူပြီး ဦးနှောက်လုပ်ဆောင်ချက်များကို မြင့်တင်ပေးရာတွင် အထောက်အကူပြုသည်။ ငယ်ရွယ်သည့် အချိန်တွင် အသစ်များသင်ယူခြင်းနှင့် စဉ်းစားတွေးခေါ်ခြင်းများတိုးတက်စေသည့်အကောင်းဆုံးအချိန်ဖြစ်သောကြောင့် အာဟာရများနှင့် ကြီးထွားမှုကို တိုးတက်စေသည့် ဖော်စပ်စာ နို့ ( ဥပမာ Similac Gain IQ) များဖြင့် ပံ့ပိုးပေးသင့်သည်။4,5

 

သရုပ်ဖော်ကစားခြင်းသည် လက်တွေ့ဘဝအတွက် အကျိုးရှိသည်။

ကလေးအား ကစားခွင့်ပေးခြင်းသည် လွတ်လပ်သော တွေးခေါ်မှုနှင့်ရွေးချယ်မှုတို့ကို ကျွမ်းကျင်စေသည်။ အကြိုက်ဆုံးဇာတ်ကောင်များ သို့မဟုတ် ကာတွန်းများကို သရုပ်ဖော်ခြင်းဖြင့် ကလေးများရဲ့ မှတ်ဉာဏ်ထဲမှာ အမည်များ၊ အရောင်များ၊ ပုံသဏ္ဍန်များ နှင့် အသံများကို ချိတ်ဆက်မှတ်သားနိုင်စေပါတယ်။ အရုပ်များကို ပံ့ပိုးပေးပြီး ၎င်းတို့၏ ဇာတ်လမ်းများကို ဖွံ့ဖြိုးတိုးတက်စေရန် အကူအညီဖြစ်စေသည့် မေးခွန်းများကို မေးပြီး အတူကစားပါ။ 

 

ဆန်းသစ်သော အတွေးအခေါ်များနှင့် စနစ်ကျသော စဉ်းစားခြင်းများအတွက်ဘယ်တော့မှ မစောပါ။

ဝေဖန်ပိုင်းခြားပြီး ကျိုးကြောင်းဆီလျော်စွာ တွေးခေါ်နိုင်ခြင်းသည် ကလေး၏ ပတ်ဝန်းကျင်အပေါ် နားလည်နိုင်စွမ်းကို တိုးတက်စေပါသည်။ ထိုအရည်အချင်းများကို နေ့စဉ်ထိတွေ့ဆက်ဆံမှုများနှင့် ချိတ်ဆက်မှုများပြုလုပ်နိုင်ပါတယ် ( ဥပမာ – မိုးရွာပါက ရေမစိုစေဖို့ ထီးဆောင်ရန်)။ ဖြေရှင်းချက်များကို လှုံ့ဆော်ပေးပြီး ဘယ်သူ၊ ဘယ်အရာ၊ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘာကြောင့် နှင့် ဘယ်လိုဆိုသည့် အရာများကို အချိန်နှင့်အလိုက် ၎င်းတို့၏ တုံ့ပြန်မှုများကို နားထောင်ပေးပါ။ အရုပ်များ သို့မဟုတ် အဝတ်အစားများကို အရောင်များ၊ ပုံသဏ္ဍန်များ သို့မဟုတ် အပြင်အဆင်များဖြင့် စုစည်းခြင်းသည် ၎င်းတို့၏ မှတ်ဉာဏ်ကို ပြန်လည်မှတ်မိစေရန်နှင့် နှိုင်းယှဉ်ရန်၊ ခြားနားချက်များသိရှိရန်နှင့် စဉ်းစားတွေးခေါ်မှု စွမ်းရည်ကို မြှင့်တင်ပေးမည် ဖြစ်သည်။ ဤအရာများကို ပြုလုပ်နေသော အချိန်တွင် သင့်ကလေးသည် သင်ယူနေဆဲဖြစ်ပြီး သင်သဘောမတူသော အဖြေများကို ပေးနိုင်သောကြောင့် သင့်ခံစားချက်များကို ထိန်းထားပါ။ သင့်ကလေးရဲ့ စိတ်နေသဘောထားသည် သင့်ရဲ့အပြုအမူပေါ်မူတည်သောကြောင့် ချက်ချင်းဝင်ရောက် စွက်ဖက်ခြင်းကို မပြုလုပ်ဘဲ ၎င်းတို့ကို မေးမြန်းခြင်း သို့မဟုတ် အခြားဖြေရှင်းနိုင်မဲ့ နည်းလမ်းများကို ပြောပြခြင်းများ ပြုလုပ်ပါ။1,2

 

ကောင်းမွန်သောအာဟာရများသည် အရေးကြီးသည်။

အစားသောက်ကောင်းများသည် သင်ယူထားသော အမူအကျင့်များနှင့် တွဲလျက်ရှိသည်။ ဦးနှောက်ကို အထောက်အပံ့ဖြစ်စေသော အာဟာရဓာတ်များ ကောင်းမွန်စွာ ပြည့်ဝနေသော ကလေးသည် အာရုံစူးစိုက်မှုကို ပိုမိုကောင်းစေပြီး တည်ငြိမ်သော စွမ်းအင်ကို ရရှိမည်ဖြစ်သည်။ ဦးနှောက်စွမ်းအင်ကို ထောက်ပံ့ပေးရန်အတွက် အကောင်းဆုံး အာဟာရများမှာ Fatty acid၊ ဇင့်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ Vitamin C နှင့် ပရိုတင်းတို့ ဖြစ်သည်။ သတင်းကောင်းမှာ ထိုအာဟာရများသည် သင့်ကလေး၏ အကြိုက်ဆုံး အစားအစာများ ဖြစ်သည့် အခွံမာသီးနှင့် ပြုုလုပ်ထားသော အစာပြေများ၊ ပင်လယ်စာများ၊ ငှက်ပျောသီး၊ ပါစတာဆော့စ်များ၊ အခွံမာသီး ထောပတ်သုတ်လိမ်းထားသော ပေါင်မုန့်များ၊ နှင့် ချဉ်သော အသီးဖျော်ရည်တို့မှ ရရှိနိုင်ပါသည်။3,4

သို့သော်ကလေးများသည် တချို့သော အစားအစာများကို မကြိုက်ပါက ငြင်းကြပါလိမ့်မည်။ ထိုအခါ မိဘများက ကလေးကို ကောင်းမွန်သော အာဟာရဓါတ်များ ရရှိစေဖို့ ဖော်စပ်စာနို့ကိုတိုက်ကျွေးသင့်ပါတယ် ။ Similac Gain IQ တွင် DHA( Docosahexaenoic Acid ဦးနှောက်၏လုပ်ဆောင်ချက်ကိုကောင်းမွန်စေရန် Fatty acid အများဆုံးထုတ်ပေးပြီး ခုခံအားဆဲလ်များကို သန်မာစေကာ) Lutein နှင့် Vitamin E တို့သည် အမြင်အာရုံနှင့် ဦးနှောက်၏ ဖွံ့ဖြိုးမှုကို တိုးတက်စေရန် ထောက်ပံ့ပေးသည့် အာဟာရများထူးခြားစွာ ပေါင်းစပ် ပါဝင်ပါသည်။5,6 သင့်ကလေးနှင့်အတူ စကားပြောခြင်း၊ သင်ကြားခြင်း၊ သင်ယူခြင်းနှင့် စူးစမ်းလေ့လာခြင်းများ အတူတကွပြုလုပ်ပေးပါ။ လူမှုဆက်ဆံရေးနှင့် သင့်ကလေးကိုသင်ကြားပေးတဲ့အရာများက သင့်ကလေးကို ရှင်သန်ကြီးထွားအောင် ကူညီပေးတဲ့ အာဟာရလို အရေးကြီးပါတယ်။ ကလေးများ၏ နေ့စဉ်အာဟာရဆိုင်ရာ လိုအပ်ချက်များကို ဖြည့်စွက်ရန်အတွက် ကြီးထွားဖွံ့ဖြိုးစေရန် ကူညီပေးသည့် ဖြည့်စွက်နို့များ မကျွေးမီ တက်ကျွမ်းနားလည်သော ဆေးပညာရှင် သို့မဟုတ်အာဟာရပညာရှင်နှင့် တိုင်ပင်သင့်ပါသည်။

 

References:

  1. https://www.zerotothree.org/resources/1290-developing-thinking-skills-from-24-36-months
  2. https://www.brighthorizons.com/family-resources/developing-critical-thinking-skills-in-children
  3. https://www.brainbalancecenters.com/blog/nutrition-adhd-kid-friendly-foods-enhance-focus
  4. https://abbottfamily.com.sg/products/page/similac-2-fl-stage4
  5. Auestad,Halter et al.2001,
  6. Auestad,Scott et al.2003