HMO ဆိုတာကဘာလဲ?

HMO သည်အလွန်ထူးခြားသည့် Prebiotic အမျိုးအစားတစ်မျိုးဖြစ်ပါသည်။ သို့သော် မကြာသေးခင်အချိန်ထိ ၄င်းသည် ကလေးများအတွက်မည်မျှအရေးကြီးကြောင်းကိုနှင့် ကလေးများစားသည့် အစားအစာများတွင် ပါရန် အဘယ်ကြောင့်အရေးကြီးကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် မလေ့လာနိုင်သေးပါ2

Abbott Nutrition ၏လေ့လာမှုများကြောင့် ယခုအခါတွင် HMO,2’FL HMO သည်ခန္ဓာကိုယ်၏ ကိုယ်ခံစွမ်းအား ထောက်ပံ့သူအဖြစ်ဆောင်ရွက်ပြီး ကလေးငယ်များအားကျန်းမာရေး အကျိုးကျေးဇူးများစွာ ပေးစွမ်းကြောင်းကျွန်ုပ်တို့သိရှိခဲ့ရပါသည်3

ကလေးများ၏ နို့တွင် ဤအရေးကြီးသောအာဟာရကို ထည့်သွင်းနိုင်ခြင်းသည် ကလေးများ၏ အာဟာရအတွက် အကြီးမားဆုံးတိုးတက်မှုတစ်ခုဖြစ်သည်။

ဤကဲ့သို့အာဟာရပြည့်ဝစေသော ကြိုတင်လေ့လာသုံးသပ်ချက်များနှင့် သင့်ကလေးအား၄င်းအာဟာရများ ရရှိစေရန် မည့်ကဲ့သို့လုပ်ဆောင်ရမည်ကို ပိုမိုသိရှိစေရန် အောက်တွင်လေ့လာပါ။

HMO သည်ဘာ့ကြောင့်သင့်ကလေးအတွက်အလွန်အရေးကြီးသနည်း?

မူကြိုအရွယ်ကလေးများသည် မကြာခဏနေမကောင်းဖြစ်ရလေ့ရှိပါသည်။ စင်စစ်အားဖြင့် အသက် (၆) နှစ်အောက်ကလေးများသည် တစ်နှစ်လျှင်ပျမ်းမျှ (၆) ကြိမ်မှ (၈) ကြိမ်အထိအအေးမိနိုင်ပါသည်သာမက နားရောဂါများ၊ ဝမ်းပျက်ဝမ်းလျောရောဂါများနှင့် အခြားရောဂါများနှင့်လည်းရင်ဆိုင်ရနိုင်ပါသည်။ ထို့အပြင် ဓာတ်မတည့်ခြင်း၊ ပန်းနာရင်ကြပ်ရောဂါများလည်းဖြစ်ပွားနိုင်ပါသည်4

ရောဂါပိုးမွှားများကြောင့်သင့်ကလေး၏ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်ခြင်းမှ ကာကွယ်နိုင်ရန် သင်လုပ်ဆောင်နိုင်သည့်အရာများစွာရှိသော်လည်း ရောဂါများကာကွယ်ရန်နှင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ရန် အကောင်းဆုံးနည်းလမ်းတစ်ခုမှာ အူလမ်းကြောင်းအတွင်း၌တွေ့ရှိနိုင်သည်ကို သင်သိပါသလား?

 

HMO သည်သင့်ကလေးကို ကျန်းမာသောကိုယ်ခံအားစနစ် တည်ဆောက်ရန်ကူညီပေးနိုင်သည်

HMO နှင့် Nucleotides (ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်သော building block) များသည် သင့်ကလေး၏အစာချေစနစ်ကို ကူညီထောက်ပံ့ပေးပါသည်။ ကိုယ်ခံစွမ်းအားစနစ်၏ ၇၀% သည်အူလမ်းကြောင်းမှာရှိသောကြောင့် သင့်ကလေး၏အစာချေစနစ်ကို ကျန်းမာအောင်ထားခြင်းသည် ၄င်း၏ကိုယ်ခံစွမ်းအားစနစ်ကို မြှင့်တင်ပေးခြင်းဖြစ်ပါသည်။

HMO မည်သို့ အလုပ်လုပ်သနည်း၊

HMO သည် သင့်ကလေး၏ ကိုယ်ခံအားစနစ်ကို သန်မာစေသည့် နည်းလမ်း ၃ မျိုးရှိသည်6

Without HMO

With HMO

ပထမနည်းလမ်းမှာ၊ HMO သည် အူထဲရှိ အကျိုးပြုဘက်တီးရီးယားအတွက် အစာအဖြစ် လုပ်ဆောင်ပေးသည်။ အကျိုးပြုဘက်တီးရီးယားသည် အာဟာရပြည့်ဝသည့်အခါ ကြီးထွား၊ ပေါက်ဖွားပြီး ဆိုးကျိုးပေးသည့် ဘက်တီးရီးယားအား တိုက်ထုတ်သည်။ အကျိုးပြုဘက်တီးရီးယားသည် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေသည့် short chain fatty acid ကို ထုတ်လုပ်ပေးသေးသည်။

Without HMO

With HMO

ဒုတိယအနေနှင့် HMO သည် သင့်ကလေး၏ ကိုယ်ခံအားစနစ်အတွင်းသို့ ဝင်ရောက်မည့် ဆိုးကျိုးပေးသည့် ဘက်တီးရီးယားများ အူနံရံတွင် ကပ်မနေအောင် တာဝန်ယူ ကာကွယ်သည်။

Without HMO

With HMO

တတိယအနေနှင့် HMO အချို့သည် သွေးလှည့်ပတ်မှုစနစ်အတွင်းတွင် စုပ်ယူခံရပြီး ကိုယ်ခံအားဆဲလ်များမှ သင့်ကလေး၏ ဓာတ်မတဲ့မှု၊ ပိုးဝင်မှုတို့ကို အကာအကွယ်ပေးသည့် အရာများ ထုတ်လွှတ်ပေးရန် လှုံ့ဆော်ပေးသည်။ ထို့ကြောင့် HMO သည် ကိုယ်ခံအားကို အူလမ်းကြောင်းသာမက ပို၍မြှင့်တင်ပေးနိုင်သည်။

HMO ကြောင့် သင့်ကလေး နာမကျန်းဖြစ်မည်ကို စိတ်ပူစရာမလိုဘဲ၊ လေ့လာသင်ယူမှုမြန်ဆန်တဲ့ ကလေးလေးတစ်ယောက်ဖြစ်‌ရေးကိုသာ ပိုမိုအာရုံစိုက်လာနိုင်ပါမည်။

HMO မှ အကျိုးကျေးဇူးများကို သင့်ကလေး မည်သို့ ရနိုင်မည်နည်း။

သင့်ကလေးအား ရောဂါပိုးတွေကိုတိုက်ထုတ်ဖို့ ကိုယ်ခံအား ကိုမြှင့်တင်ပေးပြီး  ဉာဏ်ရည်ထက်မြက်စေအောင် ဦးနှောက်အတွက် အာဟာရဓာတ် ၁၀ မျိုးပေါင်းစပ်ပါဝင်တဲ့ HMO ပါဝင်သော ကမ္ဘာ့နံပါတ် ၁ ဖော်မြူလာ ဖြစ်သော Similac Gain IQ ကိုတိုက်ကျွေးပါ။