ဘာသာစကားများသင်ကြားခြင်းနှင့် မှန်ကန်သောပတ်ဝန်းကျင်
ဘာသာစကားများသင်ကြားခြင်းနှင့် မှန်ကန်သောပတ်ဝန်းကျင်
ယနေ့အခါ ကလေးငယ်များအတွက် အင်္ဂလိပ်ဘာသာစကားကို ဘာသာစကားတစ်မျိုးထက်ပို၍ သိရှိရန် လိုအပ်လာခြင်းသည် ပုံမှန်ကိစ္စရပ်တစ်ခုလို ဖြစ်လာနေပြီဖြစ်သည်။ လိုအပ်ချက် သို့မဟုတ် ဘာသာပေါင်းစုံမိသားစုတစ်ခု၏ ပြောင်းလဲမှုများကြောင့် ဘာသာစကား ၂ မျိုးတတ်သော ကလေးငယ်သည် လေ့လာသင်ယူမှု အကျိုးရလဒ်သစ်များ ထပ်မံရရှိနိုင်သည်ကို သင်သိထား သင့်ပါသည်။ဤအချက်သည် ကလေးငယ်တစ်ဦး ပို၍နားလည်မှုရှိလာခြင်း၊ ၎င်းတို့၏ လိုအပ်ချက်များကို ပိုမိုကောင်းမွန်စွာ ဖော်ပြနိုင်လာခြင်း၊ ပတ်ဝန်းကျင်နှင့် အံဝင်ခွင်ကျဖြစ်အောင် နေထိုင်လာနိုင်ခြင်း၊ သူငယ်ချင်းများနှင့် ရင်းရင်းနှီးနှီး ရောနှောဆက်ဆံနိုင်လာခြင်းတို့ကြောင့် မှန်ကန်သောအချက်ဖြစ်ပါသည်။ နှစ်ခုထက်ပိုသော ဘာသာစကားများနှင့် ထိတွေ့ခြင်း၊ အထောက်အကူဖြစ်စေသော ကိရိယာများကို ပေးခြင်းနှင့် ခန္ဓာကိုယ်အတွင်းပိုင်းမှ ဦးနှောက်ကို ထောက်ပံ့ပေးသော ကောင်းမွန်သည့် အစာအဟာရ ( အစားအစာနှင့် ကလေးများအတွက် ဖော်စပ်စာ၊ ဥပမာ Similac Gain IQ)များဖြင့် စတင်ရပါမည်။1, 7
ဘာသာစကားတစ်ခုထက်ပို၍ အသုံးပြုခြင်းသည် ဖွံ့ဖြိုးမှုကို မည်သို့ ထောက်ပံ့ပေးနိုင်သနည်း
ဘာသာစကား ၂မျိုး တတ်မြောက်သော ကလေးငယ်များသည် အာရုံစူးစိုက်မှု စွမ်းရည်များ ပိုမိုရှိနိုင်လာပြီး မေးခွန်းများ သို့မဟုတ် အခြေအနေများကို ပိုမိုကောင်းမွန်သော တုံ့ပြန်မှုပေးနိုင်သည့် စွမ်းရည်ကို တိုးတက်လာစေပါသည်။ အကြောင်းမှာ များစွာသော ဘာသာစကားများကိုနားလည်ခြင်းသည် သိမြင်နိုင်သော မှတ်ဉာဏ်စွမ်းရည်များကို ထိန်းသိမ်းသော ဦးနှောက်၏ အစိတ်အပိုင်းများကို လှုံ့ဆော်ရာတွင် အကူအညီပေးသောကြောင့် ဖြစ်သည်။ လိုက်လျောညီထွေမှုရှိခြင်းကို တိုးတက်စေခြင်းဖြင့် ကလေးများသည် ပိုမိုထိရောက်သော ပြဿနာဖြေရှင်းခြင်းဆိုင်ရာ ကျွမ်းကျင်မှုများကိုရရှိလာနိုင်ပြီး ဘောင်အပြင်မှ ပို၍တွေးခေါ်တတ်လာစေပါသည်။3
သင်၏ကလေး အခြားဘာသာစကားများကို လေ့လာသင်ယူနိုင်စေရန် အကောင်းဆုံးသော နည်းလမ်းတစ်ခုမှာ သင်ကိုယ်တိုင် လိုက်လံလေ့လာခြင်းဖြစ်သည်။ အိမ်တွင် သင်ရွေးချယ်ထားသော အခြားဘာသာစကားတစ်ခုဖြင့် အပြန်အလှန်ပြောဆိုခြင်းအလေ့အထကို ပြုလုပ်ပေးရပါမည်။ အကျိုးရလဒ်အနေဖြင့် အခြားသောဘာသာစကားကို လေ့လာသင်ယူခြင်းသည် မတူညီ၍ကွဲပြားသော ခံစားချက်များကို သိနားလည်နိုင်သောကြောင့် ၎င်းတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု သို့မဟုတ် အခြားသူတို့၏ ယဉ်ကျေးမှုများ အရေးပါပုံကို သိစေနိုင်ခြင်း၊ ပေါင်းသင်းဆက်ဆံမှု ကျွမ်းကျင်လာခြင်း နှင့် ၎င်းတို့၏ မိမိကိုယ်ကိုယ် ယုံကြည်မှုများကိုလည်း တိုးတက်စေသည်။1, 2
ပျော်ရွှင်ဖွယ် သင်ကြားရေးနယ်ပယ် ဖြစ်ခြင်း၏ အကျိုးရလဒ်များ
ကလေးတစ်ယောက် သင်ယူလေ့လာမှုမှာ ပျော်ရွှင်ပြီး တက်ကြွလာတဲ့အခါ ထိုသင်ယူမှုအပေါ် ပိုမို နှစ်သက်လာနိုင်ပါသည်။ အရွယ်ရောက်ပြီးသူများမှာလည်း ထိုနည်းတူ သင်ကြားပို့ချနေသည့်အရာအပေါ် စိတ်ပါဝင်စားမှု အပြည့်ဖြင့် သင်ယူလေ့လာတဲ့အခါ မိမိ သင်ယူလေ့လာနေသော အရာပေါ်မှာ ပိုမို လေ့လာနိုင်မှာ ဖြစ်ပါသည်။ လူသားများ အထူးသဖြင့် ကလေးများသည် စိတ်ခံစားလွယ်သောသူများဖြစ်ပြီး ၎င်းတို့ လေ့လာသင်ယူထားသော အရာအများစုအတွက် ၎င်းတို့အလေးထားသော ရှုထာင့်အပေါ် အခြေခံသည့် စိတ်ခံစားမှုများ အမြဲရှိနေကြသည်။ 1, 4
ရုပ်ပိုင်းဆိုင်ရာအားဖြင့် သင်ယူချိန်အတွင်း ပျော်ရွှင်မှုရှိနေခြင်းသည် အောက်ဆီတိုဇင်(ပျော်ရွှင်မှုအတွက်)၊ ဒို့ဖ်မင်း(တက်ကြွမှုအတွက်)၊ နိုရယ်ပနက်ဖရန်(အာရုံစူးစိုက်မှုပေးခြင်းအတွက်) ဟုခေါ်သော အာရုံကြောလေးများကို အသုံးပြုရသော ဦးနှောက်၏လုပ်ဆောင်ချက်များကို တိုးလာစေသည်။ ထိုကဲ့သို့သော သင်ယူလေ့လာမှုကို တွန်းအားပေးနိုင်သည့် အာရုံကြောပို့လွှတ်မှုများ တိုးလာစေရန် အကောင်းဆုံးနည်းလမ်းမှာ မည်သည့် နည်းလမ်းဖြစ်သနည်း။ အံ့အားသင့်စရာများ၊ ဟာသများ၊ ဇာတ်လမ်းများ ပြုလုပ်သင်ကြားခြင်း၊ အထောက်အပံ့ပစ္စည်းများ ထည့်သွင်းခြင်း သို့မဟုတ် အချိန်နှင့်တစ်ပြေးညီ သင်ကြားရေး နေရာများကို ပြောင်းလဲပေးခြင်းတို့ကို အသုံးပြုနိုင်ပါသည်။1, 4
အာဟာရဓာတ်များဖြင့် ထောက်ပံ့ပေးခြင်း
ကိုယ်ရောစိတ်ပါ ကျန်းမာသန်စွမ်းမှုကို ထိန်းသိမ်းနိုင်ရန် မျှတသော အာဟာရဓာတ် ရရှိမှုသည် ကလေးများအတွက် အဓိက သော့ချက်ဖြစ်သည်။ ဦးနှောက်နှင့် မျက်စိဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပေးသော ဗီတာမင် D၊ B6၊ C၊ Omega-3၊ ဖိုလိတ်၊ ကိုလင်း၊ ဇင့်၊ မက်ဂနီဆီယမ်၊ သံဓာတ်နှင့် အသားဓာတ်ကဲ့သို့သော အာဟာရဓာတ်များ၏ ဂုဏ်သတ္တိများသည် အဓိက အကြောင်းအရာများဖြစ်သည်။ ထိုအာဟာရများကို ပေါင်းစပ်ထားခြင်းသည် အာရုံစူးစိုက်မှု နယ်ပယ်ကို တိုးတက်စေနိုင်ရန် အကူအညီပေးနိုင်သကဲ့သို့ မှတ်ဉာဏ်စွဲမြဲရေးကိုလည်း အကူအညီပေးသည်။ ပုံမှန်အားဖြင့် တစ်ရက်လျှင် ကလေးတစ်ဦးသည် လူကြီးများကဲ့သို့ပင် အသီးများ ( ပန်းကန်၏ လေးပုံတစ်ပုံ)၊ ဟင်းသီးဟင်းရွက်များ ( ပန်းကန်၏ လေးပုံတစ်ပုံ)၊ ပရိုတိန်းဓာတ် ( ပန်းကန်၏ လေးပုံတစ်ပုံ) နှင့် ကာဗိုဟိုက်ဒရိတ်( ပန်းကန်၏ လေးပုံတစ်ပုံ)တို့ကို တူညီသော အချိုးအစားဖြင့် စားသင့်ပါသည်။ ကလေးတစ်ဦးစီ၏ ကျားမ ကွဲပြားခြင်း၊ အသက်အရွယ်နှင့် ခန္ဓာကိုယ် အရွယ်အစားအပေါ်မှုတည်၍ တစ်ခုတည်းသော မတူညီမှုမှာ အစားအစာ စားသုံးမှု ပမာဏသာဖြစ်သည်။6 သင့်ကလေးသည် ဟင်းသီးဟင်းရွက်များနှင့် သစ်သီးများ၊ တစ်ခါတစ်ရံ အခွံမာသီးများကို များများစားလေလေ ၎င်းအစားအစာများမှပေးသော အရည်အသွေးမြင့်မားသည့် ဗီတာမင် C၊ D၊ သဘာဝ ဗီတာမင် E၊ နှင့် DHA (ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါသော ဖက်တီအက်စစ် ဒိုကိုဇာ ဟက်ဇနောရစ်)များကြောင့် ပို၍အစားကောင်းကောင်း စားလေဖြစ်သည်။5
သင့်ကလေးကို အာဟာရဓာတ် ကောင်းကောင်းရစေရန်နှင့် ဒုတိယဘာသာစကားကို မိခင်ဘာသာစကားအဖြစ်သင်ယူရာတွင် အများနှင့် ယှဉ်ပြိုင်လိုစိတ် ပြင်းထန်စေရန် ကူညီပေးသော အချိန်တွင် ကလေးငယ် တစ်ဦးချင်းစီ၏ အာဟာရလိုအပ်ချက်များကို သိရှိရန် အရေးကြီးပါသည်။ သင့်ကလေး၏ ဦးနှောက်ဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးနိုင်ရန် ဦးနှောက်ကို အထောက်အကူဖြစ်စေသော အာဟာရဓာတ်များ ပေးစွမ်းခြင်းသည် ကောင်းမွန်သော အထောက်အပံ့ပေးနိုင်သည့် ပတ်ဝန်းကျင်တန်ဖိုးနှင့် တူညီရပါမည်။ ထိုထောက်ပံ့မှုကိုပေးနိုင်သော ကြီးထွားဖွံံ့ဖြိုးမှု အထောက်အပံ့နို့မှုန့် အမြောက်အများရှိပါသည်။ Similac Gain IQ မှ အကူအညီပေးနိုင်ပါသည်။7 အမြင်အာရုံနှင့် ဦးနှောက်ဖွံ့ဖြိုးမှု8ကို အထောက်အပံ့ပေးသော DHA (ဒိုကိုဇာ ဟက်ဇနောရစ် အက်စစ်)၊ လူတင်းနှင့် သဘာဝ ဗီတာမင် E တို့အပြင် ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးသော နှစ်ထပ်ကွမ်းအက်ဖ်အယ်လ် အိတ်ချ်အမ်အို နှင့် နယူကလီရိုတိုက်(ဒ်) (2’-FL HMO & Nucleotide) တို့ဖြင့် ကောင်းမွန်စွာ ပေါင်းစပ်ထားသောကြောင့် သင့်ကလေးငယ်သည် ကျန်းမာစွာလေ့လာသင်ယူနိုင်ပြီး ကလေးဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းစေနိုင်မှာပါ။ ယနေ့ပဲ Similac Myanmar သို့လာရောက် စာရင်းပေးသွင်းပြီး နမူနာရယူလိုက်ပါ။9
References:
- https://unuhi.com/10-benefits-of-being-bilingual/
- https://www.washington.edu/news/2016/04/04/bilingual-baby-brains-show-increased-activity-in-executive-function-regions/
- https://www.canr.msu.edu/news/advantages_of_a_bilingual_brain
- https://cognitiontoday.com/why-fun-improves-learning-mood-senses-neurons-arousal-cognition/
- https://www.bda.uk.com/resource/diet-behaviour-and-learning-children.html
- https://www.hsph.harvard.edu/nutritionsource/s-healthy-eating-plate/
- https://similacmyanmar.com/available-products/#gainIQ
- Auestad,Halter et al.2001,
- Auestad,Scott et al.2003
- Buck R et al. 2004, Schaller et al 2004,
Related posts:
- ကလေးရဲ့ သင်ကြားရေးနှင့် ဖွံ့ဖြိုးမှုအပေါ် အတွေ့အကြုံက သက်ရောက်မှုရှိပုံ
- သင့်ကလေး၏ မျက်လုံးကျန်းမာရေးကို အထောက်အကူပြုသော အာဟာရများ
- ကလေးများကိုယ့်ကိုယ်ကို ယုံကြည်မှုကောင်းအောင် ဘယ်လိုသင်ယူကြမလဲ။
- သင့်ကလေး၏ စူးစမ်းသိလိုစိတ်ကို ပြုစုပျိုးထောင်ရန် မည်သို့ကူညီရမည်နည်း
- ဦးနှောက်ကို ကျန်းမာစေသောအာဟာရဓာတ် ၅ မျိုးနှင့် ၎င်းတို့ကို မည်သည့်နေရာတွင် ရှာတွေ့နိုင်သနည်း။
- သင့်ကလေး၏မှတ်ဉာဏ်ကို မည်သို့မြှင့်တင်မည်နည်း။
- ကလေးငယ်များကျန်းမာဖွံ့ဖြိုးစေရန် အမြင်အာရုံအရေးပါပုံ