ကိုယ်ဝန်ဆောင်စဉ်အတွင်း အာဟာရဆိုင်ရာ မှတ်သားဖွယ်ရာများ
ကိုယ်ဝန်ဆောင်စဉ်အတွင်း အာဟာရဆိုင်ရာ မှတ်သားဖွယ်ရာများ
ပထမအပိုင်းအခြား
အဆိုပါ အဆင့်တွင် သန္ဓေသားသည် အလေးချိန်နှင့် အရွယ်အစား မဖွံ့ဖြိုးသေးသောကြောင့် သင့်စွမ်းအင်လိုအပ်များ မများသေးပါ။ ဗီတာမင်၊ သတ္တုဓာတ်နှင့် ပရိုတင်းလိုအပ်ချက်များသည် သန္ဓေသား၏ဆဲလ်နှင့် အင်္ဂါမြန်ဆန်စွာဖွံ့ဖြိုးလာခြင်းတို့ကြောင့် များလာရသည်။ ထို့ကြောင့် သင့်အနေနှင့် ယခုအဆင့်တွင် အစာများများ စားရန်မလိုသေးဘဲ အာဟာရမျှတသော အစားအသောက်နှင့် မိခင်နို့အတွက် အထောက်အကူပေးသော ပရိုတင်း၊ဗီတာမင်နှင့် သတ္တုဓာတ်ကဲ့သို့သော အာဟာရဓာတ်များကို စားသုံးရန် လိုအပ်သည်။

ဒုတိယနှင့ တတိယကာလအပိုင်းအခြား
သင့်ကယ်လိုရီ လိုအပ်ချက်များသည် ဒုတိယနှင့် တတိယကာလအပိုင်းအခြားများတွင် မြင့်တက်လာရသည်။ အဘယ်ကြောင့်ဆိုသော် သန္ဓေသား အလေးချိန် လျှင်မြန်စွာ မြင့်မားလာခြင်းကြောင့်ဖြစ်သည်။ ကိုယ်ဝန်ဆောင် ကာလ နောက်ဆုံး ၃ လသည် သန္ဓေသားကိုယ်အလေးချိန် ၃ ဆ မြင့်မားလာပြီး အာဟာရဓာတ်များကိုလည်း ပိုမိုလိုအပ်လာသည်။ ဥပမာ- မျက်စိ၊ ဦးနှောက်နှင့် နာ့ဗ်ကျောတွင် DNA စုဆောင်းပြီး ပထမ ၆လအတွင်း နို့တိုက်ခြင်းအတွက် သံဓာတ်ကို စုဆောင်းကာ ကယ်လ်ဆီယမ်ကို အရိုးခိုင်မာဖို့အတွက် အသုံးပြုသည်။ ထပ်လောင်းပြောရလျှင် သင့်ခန္ဓာကိုယ်သည် ကိုယ်ဝန်ဆောင်ခြင်းအတွက် ပြောင်းလဲထောက်ပံ့ခြင်းဖြစ်သည်။ သင်၏ ကယ်လိုရီလိုအပ်ချက်များသည် ဒုတိယကာလတွင် ၃၇၀ ကီလိုကယ်လိုရီမှ တတိယကာလအပိုင်းတွင် တစ်ရက်လျှင် ၄၈၀ ကီလိုကယ်လိုရီအထိ တိုးလာသည်။ မျှတစွာ စားရန် ကြိုးစားပါ၊ နည်းမသွား ပိုမသွားဘဲ အာဟာရမျှတသော အစားအစာများကို စားပါ။
တန်ဖိုးထည့်ပေါင်းခြင်း
မျှတသော အာဟာရကို စားသုံးပါ
အာဟာရစုံလင်သော အစားအသောက်များဖြစ်သည့် ဂျုံပေါင်မုန့်၊ ဆန်လုံးညို၊ အသီး၊အရွက်၊ အစေ့အဆံ၊ အဆီနည်းသည့်အသား၊ ငါး၊ ကြက်ငှက်၊ ဥ၊ ပဲနှင့် အဆီနည်း နို့ထွက်ပစ္စည်းများဖြစ်သည့် နို့၊ ဒိန်ချဉ်နှင့် ချိစ့်တို့အား သင်၏ နေ့စဉ် အစားအသောက်တွင် ပါဝင်အောင်စားပါ။
အဆီနည်းသည့် အစားအသောက်ကို ရွေးချယ်ပါ။
အဆီသည် လိုအပ်သည့် အာဟာရဖြစ်သောက်လည်း အဆီနည်းသည့် အစားအသောက်ကို ရွေးချယ်စားသောက်ခြင်းသည် မျှတသော အလေးချိန်ကို ရရှိစေပြီး အလေးချိန်လျှော့ရန် မလိုတော့ပါ။
DHA ပါဝင်ပါစေ
DHA သည် သင့်ကလေး၏ ဦးနှောက်နှင့် မျက်လုံးကို တတိယအပိုင်းအခြားတွင် အထောက်အကူပေးပြီး မီးဖွားပြီး ၂ နှစ်အထိ အရေးပါသည်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း တစ်ရက်လျှင် DHA ၂၀၀ မီလီဂရမ် စားသုံးရန် တိုက်တွန်းထားသည်။ ငါးသလဲထိုး၊ ဆော်လမွန်၊ ဆာဒင်း၊ တူနာ၊ ငါးကွမ်းလျှပ် နှင့် မိခင်နို့ကို အထောက်အကူပေးသော အစားအသောက်များသည် အဆိုပါ ဓာတ်ရရှိရေးအတွက် ထိရောက်သော အစားအသောက်များဖြစ်သည်။
ဖောလစ်အက်ဆစ် လိုအပ်ချက်ကို ပြည့်ဝပါစေ
ဖောလစ်အက်ဆစ်သည် ဆဲလ်တိုးခြင်းကို ကူညီပေးသည်။ အဆိုပါအချက်သည် ကျန်းမာရေးကောင်းမွန်သော ကလေးငယ် ဖြစ်ထွန်းရေးအတွက် အရေးပါသည်။ တစ်ရက်လျှင် 600 mcg စားသုံးဖို့ ကြိုးစားပါ။ ဖောလစ်အက်ဆစ်ကို အစိမ်းရောင်အသီးအရွက်များဖြစ်သည့် ဟင်းနုနွယ်၊ ဖရဲ၊ လိမ္မော်နှင့် အခြား အာဟာရဓာတ် ကြွယ်ဝသော သီးနှံများဖြစ်သည်။ သင့်ဆရာဝန်သည် သင့်အား လိုအပ်သည့် ဖောလစ်အက်ဆစ် ဓာတ်အလိုက် အာဟာရဓာတ်ကို တိုးစားသုံးရန် ညွှန်ကြားနိုင်သည်။
Choline ပါဝင်ပါ
နောက်ထပ် ဗီတာမင်B Choline သည် အာရုံကြောပြွန် ချွတ်ယွင်းမှုများအား ကူညီကာကွယ်ပေးသည်။ သန္ဓေသားဖွံ့ဖြိုးလာသည်နှင့်အမျှ ဦးနှောက်မှတ်ဉာဏ်၏ အခြေခံဖြစ်သည့် Hippocampus အတွက် Choline လည်းပါဝင်လာသည်။ တစ်ရက်လျှင် ၄၅၀ mg စားသင့်သည်။ Choline ကို ဥများ၊ အမဲသား၊ ကြက်သား၊ ကြက်ဆင်သား၊ ဆော်လမွန်ငါးနှင့် ဖုတ်ထားသော အစေ့တို့တွင် တွေ့နိုင်သည်။
B-complex ဗီတာမင် များများစားပါ
ရေတွင်ပျော်ဝင်နိုင်သည့် အာဟာရဓာတ်များသည် ဇီဝရုပ်ဖြစ်စဉ်နှင့် ဆဲလ်ဖွံ့ဖြိုးမှုနှင့် နေရာချမှုကို မြှင့်တင်ပေးပြီး ကျန်းမာသော အသားအရေ၊ ကြွက်သားနှင့် ခံနိုင်ရည်၊ အာရုံကြောစနစ်တို့ကို မြှင့်တင်ပေးသည်။ ဂျုံပေါင်မုန့်၊ အသီး၊ အရွက်၊ အသား၊ ငှက်၊ ငါး၊ နို့နှင့် အစေ့အမျိုးမျိုးတို့သည် ဗီတာမင်B ကြွယ်ဝသော အစားအသောက်များဖြစ်ကြသည်။
Vital Nutrients During Pregnancy

Related posts:
- အလုပ်များသော ကိုယ်ဝန်ဆောင် မိခင်များအတွက် လိုအပ်သော ကိုယ်ခံစွမ်းအားကို ထောက်ပံ့ပေးသော နည်းလမ်းများ
- မိခင်နှင့် ကလေးအတွက် အရေးပါသော အာဟာရဓာတ်များ
- မိဘများအတွက် ကိုယ့်ကိုယ်ကိုဂရုစိုက်ခြင်း
- မိဘများအတွက် အရေးပါသည့် အဓိက အာဟာရဓာတ် (၃) မျိုး
- Prebiotic Fiber Highlights for Yours
- ကိုယ်ဝန်ဆောင်အစားအစာနှင့်ပတ်သက်သော မှားယွင်းသည့် ယုံကြည်မှုများ။
- အရွယ်စုံ အမျိုးသမီးတိုင်းအတွက် ဖောလစ်အက်ဆစ်၏ အကျိုးကျေးဇူးများ
- ကိုယ်ဝန်ဆောင်ချိန်၌ မူးဝေအော့အန်ခြင်း (Morning Sickness) နှင့် အစားအသောက်ဆိုင်ရာ