မိဘများအတွက် ကိုယ့်ကိုယ်ကိုဂရုစိုက်ခြင်း
မိဘများအတွက် ကိုယ့်ကိုယ်ကိုဂရုစိုက်ခြင်း
မိခင်တစ်ဦးအတွက် မိမိကလေး၏ ကျန်းမာရေးသည် သူ့ဘဝတွင်ရှိသော အခြားအရာအားလုံးထက် ဦးစားပေး ရွေးချယ်သော အရာဖြစ်သည်။ သို့သော် စိတ်ဖိစီးမှုများခြင်းသည် သွေးပေါင်ချိန် မြင့်မားစေခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့် ကျန်းမာရေးနှင့် မညီညွတ်သော အလေ့အကျင့်များ ( ဥပမာ – ကော်ဖီ အလွန်အကျွံသောက်သုံးခြင်း၊ အစားအလွန်အကျွံစားခြင်း၊ အန်ခြင်း) ပြုလုပ်မိနိုင်ချေ များစေပါသည်။ အနားယူခြင်း၊ နာကျင်မှုကင်းသော ခါးကိုရရှိအောင် စောင့်ရှောက်ခြင်းနှင့် လိုအပ်သော အချိန်တွင် အစားအစာနှင့် မိခင်များအတွက် နို့( ဥပမာ – Similac MUM)တို့ဖြင့် ကျန်းမာရေးနှင့် ညီညွတ်သော အစားစားသောက်မှုပုံစံကို ထိန်းသိမ်းခြင်းတို့သည် မိခင်ဘဝ၏ ဖိအားများကို သက်သာစေနိုင်ရန် ကူညီပေးနိုင်သည့် ရိုးရှင်းသော လုပ်ဆောင်မှုများ ဖြစ်ပါသည်။1, 6
အနားယူခြင်း၏ အရေးပါပုံ
တချို့သော ဓလေ့များတွင် နားချိန်ယူလိုသော မိခင်တစ်ဦးကို အပြစ်တင်ကြသော်လည်း ၎င်းတို့၏ အနားယူလိုမှုကို အားပေးသင့်သည်။ စိတ်ဖိစီးမှုသည် စိတ်ကျန်းမာရေးကို ထိခိုက်စေသည့်အပြင် သွေးပေါင်ချိန် မြင့်မားခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့် ကျန်းမာရေးနှင့် မညီညွတ်သော အကျင့်ဆိုးများကို ပြုလုပ်မိနိုင်ချေ များစေပါသည်။ ကော်ဖီ အလွန်အကျွံ သောက်သုံးခြင်း သို့မဟုတ် အစားအလွန်အကျွံစားခြင်းတို့ ကဲ့သို့သော အကျင့်ဆိုးများသည် ကိုယ်ဝန်ဆောင်ခြင်းနှင့် မိခင်နို့ရည်၏ အရည်အသွေးကို ထိခိုက်စေနိုင်ပါသည်။ အနားယူခြင်းဟုဆိုရာတွင် အလှပြင်ဆိုင်သွားခြင်း၊ မိန်းကလေးသူငယ်ချင်းများစု၍ ညဘက်အပြင်ထွက်ခြင်း သို့မဟုတ် ခရီးထွက်ခြင်းများ ပြုလုပ်စရာ မလိုအပ်ပါ။ အိမ်တွင် အေးဆေးစွာ အနားယူခြင်း၊ ဆိုဖာပေါ်တွင် လဲလျောင်း၍ နေခြင်း၊ သင်အကြိုက်ဆုံး ရုပ်သံဇာတ်လမ်းတွဲကြည့်ခြင်း သို့မဟုတ် အလုပ်လုပ်နေစဉ် သီချင်း နားထောင်ခြင်းများသည်လည်း အနားယူခြင်း ပုံစံများပင်ဖြစ်ပါသည်။1, 2
ခါးနာခြင်းကို ဂရုစိုက်ပါ။
သင်၏ ခါးတွင် လှုပ်ရှားသွားလာရန်နှင့် ကိုယ်နေဟန်ထားအတွက် တာဝန်ယူရသော ကြွက်သားများ၊ အာရုံကြောများနှင့် အရိုးများ များစွာပါရှိပါသည်။ အချိန်ကြာမြင့်စွာ ခံစားနေရသော နာကျင်မှုကို ဂရုမစိုက်ပဲထားလျှင် မပြောင်းလဲသည့် ထိခိုက်မှုတစ်ခု ဖြစ်လာနိုင်ပါသည်။ အိမ်မှုကိစ္စများ ပြုလုပ်နေသောအခါတွင် သင်၏ ကိုယ်နေဟန်ထားကို အချိန်တိုင်း ဂရုစိုက်ခြင်းသည် အရေးပါပြီး သင့်ခါးနာနေပါက လေးလံသော ပစ္စည်းများမခြင်းကို ရှောင်ရှားသင့်ပါသည်။ မိခင်တစ်ဦးအနေဖြင့် ကိုယ်ဝန်ဆောင်နေစဉ် ကာလတွင် ကိုယ်အလေးချိန် တိုးလာတတ်သဖြင့် ခါးနာခြင်း အဖြစ်များပါသည်။ အကယ်၍ အဆက်မပြတ် နာကျင်နေပါက ကုသမှုနည်းလမ်းများ ရွေးချယ်ရန်အတွက် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူထံသို့ သွားရောက်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။ ပုံမှန်အားဖြင့် ခါးနာခြင်းကို နည်းစနစ်ကျသော အကြောဆန့်ခြင်းများ၊ လေ့ကျင့်ခန်းလုပ်ခြင်းများနှင့် ရေနွေးအိတ် ကပ်ခြင်းများဖြင့် ကုသနိုင်ပါသည်။1
ကောင်းမွန်စွာ စားသောက်ခြင်းသည် အဘယ်ကြောင့် အရေးပါသနည်း။
အစားအစာသည် အသက်ရှင်နေထိုင်မှုအတွက် လောင်စာဖြစ်သောကြောင့် အာဟာရဓာတ် များပြားစွာ ပါဝင်သော အစားအစားများဖြင့် အားဖြည့်လိုက်ပါ။ ပုံမှန်စားနေကျ အစားအစာများနှင့် အဆာပြေစေသော အစားအစာများသည် အစားအလွန်အကျွံစားမိနိုင်ချေကို လျော့နည်းစေနိုင်ပြီး တစ်နေ့တာလုံးအတွက် စွမ်းအင်ကို တစ်သမတ်တည်း ရှိနေစေရန် ထိန်းသိမ်းပေးနိုင်ပါသည်။ သွားရည်စာအဖြစ် အာဟာရဓာတ် နည်းပါးပြီး ကယ်လိုရီ များသော အလွန်အမင်း ပြုပြင်ထားသည့် အစားအစာများကို မစားပဲ တစ်ကိုက်စာ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို စားပေးရပါမည်။1, 3 သွေးနီဥနှင့် သွေးဖြူဥများ ထုတ်လုပ်နိုင်စွမ်းအားကို မြင့်တင်ပေးရန်အတွက် ဖောလစ်အက်စစ် ( အစိမ်းရောင်ရှိသော အရွက်များ၊ ရှောက်ချိုသီး၊ ပဲတောင့်ရှည်)နှင့် အရိုးနှင့်သွား ကျန်းမာရေးအတွက် ကယ်လ်ဆီယမ်ဓာတ်ကို ခန္ဓာကိုယ်မှ စုပ်ယူနိုင်ရန် ကူညီပေးသည့် ဗီတာမင် ဒီ (အာနိသင် ဖြည့်ထားသော အစားအစာများ၊ ဆဲလ်မွန်ငါး၊ နေရောင်ခြည်)တို့ကို အမြောက်အများရရှိနိုင်ရန် သတိပြုရပါမည်။ ထို့အပြင် ဗိုက်ပြည့်ဝစေရန်အတွက် အစေ့အဆန်များနှင့် အဆီနည်းသော ပရိုတိန်း၊ သွေးအတွင်း သကြားဓာတ် လည်ပတ်မှုနှင့် ကိုယ်အလေးချိန် ထိန်းသိမ်းခြင်းတို့အတွက် အထောက်အကူပြုသော ကောင်းမွန်သည့် ကာဗိုဟိုက်ဒရိတ်တို့ကို ကျန်းမာရေးနှင့် ညီညွတ်သော ပမာဏအတိုင်း ထည့်သွင်း စားသုံးပေးရမည် ဖြစ်ပါသည်။3, 4
မိခင်အများစုသည် ၎င်းတို့၏လိုအပ်ချက်များထက် မိသားစုက ပို၍အရေးကြီးသည်ဟု ယုံကြည်ကြသောကြောင့် ၎င်းတို့အတွက် ကိုယ်ပိုင်အချိန်ရယူရမည်ကို အပြစ်ရှိသလို ခံစားရတတ်ကြပါသည်။ အထူးသဖြင့် အာဟာရ ရရှိစေသော အပိုင်းတွင် သင်လုပ်သမျှ လုပ်ရပ်တိုင်းကို လုံလောက်သည်ဟု မခံစားရပါက သိပ္ပံနည်းကျ ဖော်စပ်ထားသော မိခင်များအတွက် အာဟာဖြည့်နို့မှုန့် Similac MUM သည် ကိုယ်အလေးချိန် အလွန်အကျွံ မတက်စေပဲ အားဖြည့်ကူညီပေးနိုင်ပါသည်။ အရေးကြီးသော ဗီတာမင်နှင့် သတ္တုဓာတ် ၂၇ မျိုးဖြင့် ပေါင်းစပ် ထုတ်လုပ်ထားသော Similac MUM တွင် ကိုယ်ခံစွမ်းအားစနစ်နှင့် အရိုးကျန်းမာရေးကို ထောက်ပံ့ပေးနိုင်ရန် ပရီဘိုင်အော့တစ်များ ( ဝမ်းမှန်စေသော scFOS )၊ ဇင့်ဓာတ်၊ ဗီတာမင် စီ၊ ဗီတာမင် ဒီ ( ကယ်လ်ဆီယမ်ဓာတ် စုပ်ယူမှုကို ထောက်ပံ့ပေးသည်)၊ ဗီတာမင် အီး နှင့် ဆီလီနီယမ်တို့ ထူးခြားစွာ ပေါင်းစပ်ပါဝင်ပါသည်။ မိခင်များအတွက် ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်းသည် အရေးပါသောကြောင့် အနားယူပါ၊ ကျန်းမာရေးနှင့် ညီညွတ်အောင် စားသောက်ပါ၊ မည်သည့် ယားနာခြင်းနှင့် နာကျင်ခြင်းကို မဆို ဂရုစိုက်ပေးပါ။ Similac MUM နမူနာ ရယူလိုပါသလား။ ယနေ့ပဲ Similac Myanmar သို့လာရောက် စာရင်းပေးသွင်းလိုက်ပါ။5, 6
References:
- https://www.theguardian.com/lifeandstyle/2020/feb/02/five-ways-to-stay-healthy-when-breastfeeding
- https://kidshealth.org/en/parents/pregnant-mental-health.html
- https://www.verywellfamily.com/nutrition-tips-for-breasfeeding-mothers-4062259
- https://kidshealth.org/en/parents/moms-nutrients.html
- https://abbottfamily.com.sg/products/page/similac-mum
- https://similacmyanmar.com/
Additional References;
- Huynh DTT et al. J Matern Fetal Neonatal Med. 2017 May 7: 1-9
Related posts:
- အလုပ်များသော ကိုယ်ဝန်ဆောင် မိခင်များအတွက် လိုအပ်သော ကိုယ်ခံစွမ်းအားကို ထောက်ပံ့ပေးသော နည်းလမ်းများ
- မိခင်နှင့် ကလေးအတွက် အရေးပါသော အာဟာရဓာတ်များ
- မိဘများအတွက် အရေးပါသည့် အဓိက အာဟာရဓာတ် (၃) မျိုး
- Prebiotic Fiber Highlights for Yours
- ကိုယ်ဝန်ဆောင်အစားအစာနှင့်ပတ်သက်သော မှားယွင်းသည့် ယုံကြည်မှုများ။
- အရွယ်စုံ အမျိုးသမီးတိုင်းအတွက် ဖောလစ်အက်ဆစ်၏ အကျိုးကျေးဇူးများ
- ကိုယ်ဝန်ဆောင်ချိန်၌ မူးဝေအော့အန်ခြင်း (Morning Sickness) နှင့် အစားအသောက်ဆိုင်ရာ
- ကိုယ်ဝန်ဆောင်စဉ်အတွင်း အာဟာရဆိုင်ရာ မှတ်သားဖွယ်ရာများ