ကိုယ်ဝန်ဆောင်စဉ် မိမိကိုယ်ကို ဂရုစိုက်ရန် အခြေခံအချက်များ
ကိုယ်ဝန်ဆောင်စဉ် ပြင်ဆင်ခြင်း
ကိုယ်ဝန်ဆောင်စဉ် မိမိကိုယ်ကို ဂရုစိုက်ရန် အခြေခံအချက်များ
ရင်သွေးယူရန် ကြိုးပမ်းကြသော စုံတွဲတို့တွင် အများစုမှာ ချက်ချင်းအောင်မြင်ကြသလို အချို့မှာ အဆင်မပြေကြပေ။ အတိအကျ ဆိုရလျှင် စင်္ကာပူမှ လင်မယား ၅ တွဲလျှင် တစ်တွဲမှာ ရင်သွေးယူရန် ခက်ခဲနေရသည်။
သန္ဓေမအောင်ခြင်း၏ ယေဘူယျ လက္ခဏာများ
ဆေးပညာသဘောအရ
အမျိုးသမီးများအတွက် ထိုသို့ဖြစ်ရခြင်းမှာ သားဥတည်ခြင်းဆိုင်ရာ ပြဿနာများကြောင့် ဖြစ်သည်။ အချို့မှာ သန္ဓေမတည်နိုင်ခြင်း၊ ရာသီမမှန်ခြင်းတို့ကြောင့် ခန့်မှန်းရခက်ခြင်းတို့ ဖြစ်နေရသည်။ နောက်ထပ် အဖြစ်များသော အချက်မှာ ရာသီသွေး တင်ပဆုံအတွင်း ပြောင်းပြန်စီးဆင်းသည့် Endometriosis ကြောင့် ဖြစ်သည်။ ၎င်းသည် သားအိမ်နှင့် ပြွန်ကို ဒဏ်ရာဖြစ်စေပြီး မြုံသွားစေနိုင်သည်။ အမျိုးသားများတွင် အတွေ့များသော အချက်မှာ သုက်ကောင်အရည်အတွက် နည်းပါးခြင်းကြောင့် ဖြစ်သည်။ သုက်ထုတ်လွှတ်မှု မရှိခြင်း သို့မဟုတ် ပြွန်ဝတွင် ပိတ်နေခြင်းတို့ကြောင့် ရင်သွေးယူရန် ခက်ခဲနိုင်သည်။
အသက်
မျိုးအောင်ခြင်းသည် အသက်ကိုလိုက်၍ လျော့ပါးလာသည်။ ရင်သွေးယူရန် အဆင်ပြေဆုံးအချိန်မှာ အသက် ၂၂ မှ ၂၆ နှစ်အတွင်းဖြစ်သည်။ အသက် ၃၀ နောက်ပိုင်းတွင် ရင်သွေးယူရန် အခွင့်အရေး ကျဆင်းလာသည်။ အသက် ၃၅ နှစ်တွင် ထိုအခွင့်အရေးထက် ထက်ဝက်ကျဆင်းပြီး ၅ နှစ်လျှင် တစ်ကြိမ် ထက်ဝက် ထပ်မံကျဆင်းသည်။ သုက်ကောင် အရည်အသွေးနှင့် အရည်အတွက် နည်းပါးလာခြင်းတို့ကြောင့် အမျိုးသားများအတွက် မျိုးအောင်နှုန်းသည် အသက် ၄၀ တွင် လျော့ပါးလာရသည်။ အသက် ၃၅ နှစ်အရွယ် စုံတွဲများသည် ၆ လနှင့်အထက် အကာအကွယ်မပါ အတူနေပြီး ရင်သွေးမရလျှင် ဆရာဝန်နှင့် ပြသရန်လိုအပ်သည်။
အလေးချိန်
အမျိုးသမီးများအတွက် အဝလွန်ခြင်းနှင့်ပိန်လွန်းလျှင် သားဥတင်ခြင်းကို ထိခိုက်နိုင်သည်။ အဝလွန်သည့် အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်စဉ်ကာလနှင့် မီးဖွားချိန်အတွင်း ခက်ခဲနိုင်သည်။ ဥပမာ ဆီးချိုနှင့် သွေးတိုးတို့ကြောင့် ဖြစ်သည်။ ပိန်သောအမျိုးသမီးများသည် ပေါင်မပြည့်သော ကလေးများအား မီးဖွားနိုင်သည်။
အချိန်
သုက်ကောင်နှင့် မျိုးဥတွေ့ရှိရန် အချိန်ကိုက်ဖို့ကလည်း အရေးကြီးသည်။ ရင်သွေးယူရန် အမျိုးသမီး ရာသီလာပြီး ၁၂ ရက်မှ ၁၆ ရက်အတွင်း သားဥတင်ခြင်းဖြစ်ပွားသည့် အချိန်သည် အကောင်းဆုံး ဖြစ်သည်။
နေထိုင်မှုပုံစံ
ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးဝါးများသည် သန္ဓေအောင်ခြင်းကို ထိခိုက်စေနိုင်သည်။ အဆိုပါ အဆိပ်ဖြစ်စေသည့် ပစ္စည်းများသည် ရာသီလှည့်ပတ်ခြင်းကို မမှန်စေဘဲ သုက်ကောင်၏ အရည်အသွေးနှင့် အရေအတွက်ကိုပင် ထိခိုက်နိုင်သည်။ ကလေးပျက်ကျခြင်းနှင့် မူမမှန်သော ကလေးသူငယ်မွေးဖွားနှုန်းလည်း မြင့်မားလာရသည်။
စိတ်ဖိစီးမှု
စိတ်ဖိစီးမှုသည်လည်း သန္ဓေအောင်ခြင်းကို ထိခိုက်နိုင်သည်။ အမျိုးသမီးများတွင် ရာသီမလာခြင်း၊ မမှန်ခြင်းမျိုးဖြစ်တတ်သည်။ အမျိုးသားများတွင်မူ ပန်းသေခြင်း၊ သုက်ပိုးနည်းပါးခြင်းတို့ဖြစ်ရသည်။ စိတ်ဖိစီးမှုနှင့်အတူ လိင်စိတ်နည်းပါးခြင်း၊ လိင်ဆက်ဆံသည့် အကြိမ်ရေ နည်းပါးခြင်းတို့လည်း ဖြစ်တတ်သည်။
အစားအသောက်ပုံစံ
အစားအသောက်နှင့် မျိုးအောင်မှုသည် ဆက်စပ်နေသည်။ ခွန်အား၊ ပရိုတင်း၊ ဗီတာမင်နှင့် သတ္တုဓာတ်များပါဝင်သည့် မျှတသော အစားအသောက်ပုံစံသည် စုံတွဲတစ်တွဲ၏ သားဥတင်ခြင်းနှင့် ကျန်းမာသည့် ကလေးရရှိရန် အထောက်အကူပြုသည်။
သင့်မျိုးအောင်နှုန်းကို မြှင့်တင်ပါ
စိတ်ဖိစီးမှု နည်းပါစေ၊ ကလေးယူစဉ်တွင် ပြည့်ပြည့်ဝဝ အနားယူပါ။ စီးကရက်၊ အရက်နှင့် မူးယစ်ဆေးဝါးများကို ဖြတ်ပါ။ ကျန်းမာသော ကိုယ်အလေးချိန်နှင့် ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီး မျှတသော အစားအသောက်စားပါ။