သည်းခံခြင်းဆိုင်ရာ ပြဿနာများ

သင်၏ကလေးသည် အစားစားခြင်းနှင့်ပတ်သတ်၍ သင်ပြောသည့်အတိုင်းလုပ်ဖို့ငြင်းဆန်သောအခါ ထိုအချက်သည် စိန်ခေါ်မှုတစ်ရပ်ဖြစ်နိုင်ပါသည်။ သင့်ကလေးသည် အဘယ်ကြောင့် အစာတစ်ခုခုစားခြင်း ( သို့မဟုတ်) အစားစားများကို မစားရန်ငြင်းဆန်သနည်း။ ၎င်းတို့တွင်လေပွခြင်းဆိုင်ရာ ပြဿနာများ၊ ဝမ်းပျက်ခြင်း၊ ဝမ်းချုပ်ခြင်းနှင့် အော့အန်ခြင်း စသည်တို့သည် အစားမစားသည့် အချိန်တွင် သတိထားရမည့် စိတ်ပူပန်ရမည့်လက္ခဏာများဖြစ်သည်။ အကယ်၍ မသက်မသာဖြစ်ခြင်းသည် ပြင်းထန်သော ဆေးဘက်ဆိုင်ရာ ပြဿနာတစ်ခုမဟုတ်လျှင် သင့်ကလေး၏ သည်းခံနိုင်မှု (သို့မဟုတ်) အစာခြေနိုင်စွမ်း မဖွံ့ဖြိုးသေးသောကြောင့် အဆင်မပြေမှုများဖြစ်နိုင်သည်။

အစားအသောက်ပြဿနာ
ကလေးငယ်တစ်ဦးသည် အစားအသောက်နှင့် ပြဿနာရှိသည့်အခါတွင် အော့အန်ခြင်း၊ ဝမ်းဗိုက်နာကျဉ်ခြင်း၊ ဗိုက်ပွခြင်း၊ ဝမ်းလျောခြင်းနှင့် အရေပြားပေါ်တွင် အဖုအပိန့်များထခြင်း စသည့်လက္ခဏာများဖြစ်တတ်ပါသည်။ ဝမ်းအပျော့အမာနှင့် သွားသည့်အကြိမ်ရေသည် အဓိကသော့ချက်ဖြစ်ပါသည်။

အော့အန်ခြင်း

အစားအသောက်များကို အန်ထုတ်ခြင်းသည် ၎င်းတို့မကြိုက်သည့်အစားများကြောင့် အန်ထုတ်ခြင်းလည်း ဖြစ်နိုင်သည့်အတွက် ၎င်းပြဿနာသည် ယေဘုယျအားဖြင့် အရေးကြီးသည့် ကျန်းမာရေးဆိုင်ရာ ပြဿနာမဟုတ်ပါ။ သို့သော် သူတို့သည် စိတ်ဖိစီးမှုဖြစ်ပြီး အစားအသောက်များစားပြီးနောက်ချက်ချင်း အန်ထုတ်လျှင် ထိုအချက်သည် ပိုမိုလေးနက်သော လက္ခဏာတစ်ခုဖြစ်နိုင်ပြီး ဓာတ်မတည့်မှု လက္ခဏာတစ်ခုလည်းဖြစ်နိုင်သည်။

လေပွခြင်းနှင့် ကြေးများခြင်း

အကယ်၍လူကြီးများတွင် အစားကြေးများသည့်လူလို့ထင်ရင်၊ သင်တို့၏ကလေးတွေကို ၎င်းတို့မကြိုက်သည့် အစားအသောက်ကို ကျွေးမွေးဖူးပါသလား။ ဒါပေမယ့် သူတို့အတွက် သင်ကျွေးသောအစာအစာကို စားပြီး မကြာခဏ ဗိုက်အောင့်ခြင်းဖြစ်စေပါက ထို့အစားအစာနှင့်အတူ ၎င်းတို့မကြိုက်သော အစားအစာများကို မှတ်ထားပြီး ရှောင်ကျွေးခြင်းဖြင့် စိတ်မသက်သာခြင်းကို မဖြစ်စေပါ။ ဥပမာ- ဓာတ်မတည့်မှုဖြစ်ခြင်း (သို့မဟုတ်)သည်းမခံခြင်း

အသားဓာတ် ထိခိုက်လွယ်မှု

သင့်ကလေးသည် ထိခိုက်လွယ်မှု ရှိမရှိကို စစ်ဆေးပါ။ အသားဓာတ် ဓာတ်မတည့်မှု ဖြစ်ပါက ဝမ်းအလွန်လျှောခြင်း၊ အဖုအပိန့်များထွက်ခြင်းနှင့် အိပ်စက်ခြင်းဆိုင်ရာပြဿနာ များဖြစ်စေနိုင်ပါသည်။

ဝမ်းအရောင်နှင့် အပျော့အမာ

လူကြီးများနည်းတူ ဝမ်းသွားသည့်အခါတွင် ပျော့ခြင်းနှင့် ပုံမှန်အတိုင်းသွားခြင်းသည် ရုပ်ပိုင်းဆိုင်ရာနှင့် အာဟာရပေါ်တွင်မူတည်ပါသည်။အများအားဖြင့် ဖြည့်စွက်အစာကို စားသုံးသော ကလေးတစ်ယောက်၏ ဝမ်းသည် ပျစ်သည်။ ဝမ်း၏အရောင်သည် သင့်ကလေး၏စားသုံးလိုက်သည် အစားအစာပေါ်မူတည်၍ ပြောင်းလဲသည်။

ဝမ်းသွားခြင်းအကြိမ်ရေ

ဝမ်းသွားခြင်းအကြိမ်ရေသည် မွေးကင်းစကလေးနှင့် အစားအသောက်ပေါ်မူတည်၍ကွဲပြားသည်။ အမေ့နို့သောက်သော မွေးကင်းစကလေးများသည် တစ်ရက်လျှင် ဝမ်း (၁၀) ကြိမ်အထိသွားတတ်ပြီး အစားတစ်ခုခု စကျွေးလိုက်လျှင် တစ်နေ့လျှင် ဝမ်း (၁) ကြိမ်သာသွားတော့မည်။

ဝမ်းလျှောခြင်း

ဝမ်းလျှောခြင်းတွင် ဝမ်းရည်ကျဲခြင်း၊ အချွဲများပါခြင်းနှင့် အနံသက်ဆိုးခြင်းတို့ဖြစ်စေတတ်သည်။ ၎င်းသည် ဖျားနာခြင်းလက္ခဏာတစ်ခုဖြစ်သောကြောင့် သင်၏ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။ ဝမ်းလျှောခြင်းသည် ခန္ဓာကိုယ်ထဲရှိ ရေဓာတ်များများစွာကုန်ဆုံးတတ်သောကြောင့် ဝမ်းလျှောခြင်းဖြစ်ပါက သင့်ကလေးအားရေဓာတ် ပြည့်ဝစေဖို့ ရေဓာတ်များထောက်ပံ့ပေးသင့်ပါသည်။

ဝမ်းချုပ်ခြင်း

ဝမ်း၏ဖွဲ့စည်းပုံသည် ပျော့ပျောင်းသည်။ ဝမ်း၏အရောင် နှင့် အပျော့အမာသည် သင့်ကလေးနှင့် ၎င်းစားလိုက်သော အစားအစာတို့ပေါ်တွင်မူတည်ပါသည်။ အကယ်၍ သင့်ကလေးသည် ဝမ်းသွားချိန်တွင် ခက်ခဲနေပါက ၎င်းသည် ရေဓာတ်လုံလောက်မှု ရှိမရှိကို စစ်ဆေးသင့်ပါသည်။ သင့်ကလေးအား သင်ကျွေးလိုက်သော အစားအစာမျာကို မှတ်တမ်းစာအုပ် (သို့မဟုတ်)ဇယားနှင့် သိမ်းဆည်းထားပါ။ အစားအစာ တစ်ခုချင်းစီသည် ၎င်း၏ဝမ်းသွားခြင်းကို မည်ကဲ့သို့ အကျိုးသက်ရောက်မှုရှိကြောင်း အကဲဖြတ်ပါ။ အကယ်၍သင့်ကလေးသည် အဘယ်ကြောင့် ဝမ်းချုပ်ရသည်ကို သင်မသိရှိပါက ဆရာဝန်နှင့် ဆက်သွယ်သင့်ပါသည်။

လေထိုးလေ့အောင့်ဖြစ်ခြင်း

သင့်ကလေးသည် ၎င်းတို့လိုအပ်သောအာဟာရများကို ရရှိရန်လိုအပ်သည် အဘယ်ကြောင့်ဆိုသော် ၎င်းသည် သူတို့အတွက် ကြီးထွားဖွံ့ဖြိုးခြင်းအတွက် အရေးကြီးသောကြောင့်ဖြစ်သည်။ အကယ်၍နို့တိုက်ရာတွင် ပြဿနာရှိပါက သူတို့အတွက် လိုအပ်သောအာဟာရကို ကောင်းစွာမစုပ်ယူနိုင်တော့ပါ။ (သို့မဟုတ်) ၎င်းတို့အတွက် သက်တောင့်သက်သာမဖြစ်စေမှုသည်လည်း သူတို့၏ အစား စားခြင်းကို အနှောင့်အယှက်ဖြစ် စေပါသည်။

  • သင့်တော်သော အစာကျွေးမှုပုံစံ – သူတို့ကို ထိုင်စားစေခြင်း (သို့မဟုတ်) ထမင်းစားစားပွဲဖြင့်စားခြင်း တို့ကိုပြုလုပ်ပေးပါ။ စားသည့်အချိန်တွင် လှဲလျောင်း၍စားခြင်း (သို့မဟုတ်) ကွေး၍စားခြင်းတို့ကို မပြုလုပ်ပါစေနှင့်။
  • သူတို့ကို အတင်းအကျပ်မကျွေးပါနှင့် – ကလေးများဗိုက်ပြည့်နေသည်ကို ဝချင်စောနှင့် အတင်းအကျပ်ကျွေးခြင်းသည် ၎င်းတို့ကို အန်ထွက်စေနိုင်ပါသည်။
  • အစားစားပြီးနောက်အားသွန်ခွန်စိုက် မကစားပါနှင့် – အလွန်အကျွံ လှုပ်ရှားခြင်းသည် အစာခြေခြင်းကို ပိုမို ဆိုးရွားစေပါသည်။
  • စည်းစနစ်ကျသောထမင်းစားချိန် – သင့်ကလေး ဗိုက်အရမ်းမဆာခင် အစာကျွေးပါ။ အဘယ်ကြောင့်ဆိုသော် ဗိုက်ဆာနေသည့်အတွက် အစားအစာကို အမြန်မျိုချခြင်း ဖြစ်စေပြီး အစာခြေခြင်း ဆိုင်ရာ ပြဿနာကို ဖြစ်စေနိုင်ပါသည်။
  • ၎င်းကို မထိန်းသိမ်းနိုင်ပါ – သင့်ကလေးသည် ရိုးရှင်းသော အစားအစာများကို ပင်မစားလျှင် ဆရာဝန်နှင့် တိုင်ပင်ခြင်းသည် မှန်ကန်သောနည်းလမ်းဖြစ်ပါသည်။
  • ဝမ်းအခြေအနေကို စောင့်ကြည့်ပါ – အဘယ်ကြောင့်ဆိုသော် ဝမ်းအခြေအနေသည် သင့်ကလေး၏ ကျန်းမာမှုကို ပြောပြခြင်းကြောင့်ဖြစ်ပါသည်။ အကယ်၍သင့်ကလေး၏ဝမ်းအခြေအနေ (အရောင် ၊ အကြိမ်အရေအတွက်၊ အပျော့အမာ)သည် စိုးရိမ်ဖွယ်ဖြစ်ပါက ဆရာဝန်နှင့် ပြသပါ။

ဆရာဝန်အားမေးမြန်းပါ။

သင့်ကလေး၏အစာစားခြင်းဆိုင်ရာပြဿနာများနှင့် အခြားစိုးရိမ်ဖွယ်ရာ အခြေအနေများရှိပါက ၎င်းပြဿနာများကို ဖြေရှင်းနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်ပါ။

 

Reference(s):

  1. https://abbottfamily.com.sg/articles/science/tolerance-issues#