အဖျားမရှိဘဲ အော့အန်ခြင်း နှင့် ဝမ်းပျက်ခြင်း (သို့) မိဘများအတွက် ဖြေရှင်းရခက်သော ပြဿနာ
အဖျားမရှိဘဲ အော့အန်ခြင်း နှင့် ဝမ်းပျက်ခြင်း (သို့) မိဘများအတွက် ဖြေရှင်းရခက်သော ပြဿနာ
ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ခြင်းနှင့် အော့အန်ခြင်းတို့သည် မည်သူ့အတွက်မဆို ပျော်စရာကောင်းသော အရာမဖြစ်နိုင်ပါ။ အထူးသဖြင့် ငယ်ရွယ်သော ကလေးငယ်များတွင် ပိုပြီးပြင်းထန်နိုင်ပါသည်။ ထိုပြဿနာများသည် မည်သည့် အကြောင်းအရာကြောင့်မှန်းမသိ ကလေးများတွင် ဖြစ်ပေါ်လာပါက မိဘများအတွက်လည်း စိတ်ပူစရာဖြစ်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် အော့အန်ခြင်းနှင့် ဝမ်းပျက်ခြင်းတို့သည် အဖျားကြောင့် အစဉ်အမြဲမဖြစ်နိုင်ဘဲ အဖျားပျောက်ဆေးများဖြင့် အလွယ်တကူမပျောက်ကင်းနိုင်သောကြောင့် ဖြစ်သည်။ ကလေးဆရာဝန်များသို့သွားရောက်ပြီး ပိုမိုတိကျသော ကုသမှုများခံယူနိုင်သည့်အပြင် အော့အန်ခြင်းနှင့် ဝမ်းပျက်ခြင်းတို့ကို အိမ်တွင်လည်း အစားအသောက်များနှင့် ကလေးများအတွက်ဖော်စပ်စာ (ဥပမာ-Similac Total Comfort Stage3) တို့တွင် ပါဝင်သော ပရီဘိုင်အိုတစ်တို့ဖြင့်လည်း ပုံမှန်မဟုတ်သော တုံ့ပြန်မှုများကို သက်သာစေနိုင်သည်။ 2, 5
ဘယ်အချိန်တွင် ဝမ်းပျက်ဝမ်းလျှောဖြစ်သည်ဟု သတ်မှတ်နိုင်သလဲ။
ခန္ဓာကိုယ်တွင်းမှာရှိသည့် အညစ်အကြေးတွေကို စွန့်ထုတ်ဖို့အတွက် ဝမ်းသွားခြင်းကို လိုအပ်ပါသည်။ သင့်ကလေးငယ် တစ်နေ့ကို ဝမ်း ၂ ခါသွားသည်မှာ ပုံမှန်ဖြစ်သကဲ့သို့ သင့်ကလေး၏ အစားအသောက်ပုံစံကြောင့် ဝမ်းမှာ ပုံမှန်ထက် ပိုပျော့နေရင်လည်း ပုံမှန်ပင်ဖြစ်သည်။ ဥပမာအားဖြင့် သင့်ကလေးငယ်သည် ပျော့သောအစားအစာများကို အစားများပါက ဝမ်းသည် ပုံမှန်ထက်ပျော့ပြီး အရောင်ဖျော့နေနိုင်သည်။ ဝမ်းပျက်ခြင်းဆိုသည်မှာ သင့်ကလေးသည် ဝမ်း ၃ ကြိမ်မှ ၅ ကြိမ်အထိသွားနေပြီး ဝမ်းကလည်း အရည် သို့မဟုတ် အနှစ်ပျော့ပျော့ဖြစ်နေပြီး ဝမ်းဗိုက်ပါနာနေတတ်သည်။ ထိုဖြစ်ရပ်နှင့် ဆန့်ကျင်ဘက်မှာ ဝမ်းသည် အလွန်မာနေပြီး ဝမ်းသွားရန် အလွန်ခက်ခဲနေပါက ဝမ်းချုပ်ခြင်းဖြစ်သည်။ 1
အစာအိမ်ယောင် ရောဂါ ဖြစ်နေနိုင်ခြင်း
အစာအိမ်ယောင်ရောဂါသည် များသောအားဖြင့် ဘက်တီးရီယားနှင့် ဗိုင်းယက်စ်များကြောင့် ဖြစ်တတ်သည်။ ထိုဗိုင်းယက်စ်များသည် ခန္ဓာကိုယ်အတွင်းသို့ မသန့်ရှင်းသောအစားအစာများ (ဥပမာ – အီကိုလိုင် သို့ ဆယ်မိုနယ်လာဗိုင်းယက်စ်များ) နှင့် မသန့်ရှင်းသောလက်ဖြင့် စားသောက်ခြင်းတို့မှ ကူးစက်တတ်သည်။ ထိုလက္ခဏာများသည် အတော်မသက်မသာဖြစ်စေနိုင်ပြီး တစ်နေ့တာအတွက် မပျော်မရွှင်ဖြစ်စေနိုင်သော်လည်း ရက်အနည်းငယ်အတွင်း အစားအသောက်များ ပြောင်းလဲစားသောက်လိုက်ခြင်း (စွပ်ပြုတ်အရည်ကြည်နှင့် ဆန်ပြုတ်) နှင့် အရည်များများသောက်ခြင်း (တစ်ကြိမ်တွင် အနည်းငယ်စီသောက်ခြင်း) တို့ဖြင့်သက်သာစေနိုင်သည်။ သင့်အနေနှင့် စိတ်မချပါက (သို့) အဖျားနှင့် တွဲဖြစ်နေပါက ကလေးဆရာဝန်နှင့် အထူးကုများကို ဆက်သွယ်နိုင်သင့်ပါသည်။.3, 4
အစားအသောက်နှင့် ဓါတ်မတည့်ခြင်း ဆိုတာ ဘာလဲ။
အစားအသောက်နှင့် ဓါတ်မတည့်မှု သည် ကိုယ်ခံအားစနစ်မှ တုံ့ပြန်ခြင်း မဟုတ်ဘဲ အစာလမ်းကြောင်းမှ တုံ့ပြန်ခြင်းဖြစ်သည်။ သင့်ကလေး၏ အစာလမ်းကြောင်းသည် စားထားသော အစားအသောက်မှ တစ်ခုခုကို ကောင်းစွာ မချေဖျက်နိုင်ခြင်း (သို့) မဖြိုခွဲနိုင်သောအခါတွင် ဖြစ်တတ်သည်။ လက်တို့စ်မခံနိုင်ခြင်းသည် နို့နှင့် နို့ထွက်ပစ္စည်းများတွင် အများဆုံးတွေ့ရတတ်သော လက်တို့စ် နို့သကြား နှင့်ဓါတ်မတည့် ခြင်းဖြစ်သည်။ အစားအသောက်နှင့် ဓါတ်မတည့်ခြင်း လက္ခဏာများမှာ ခေါင်းမူးခြင်း၊ ဗိုက်နာခြင်း၊ လေအောင့်ခြင်း၊ ကြွက်တက်ခြင်း၊ လေပွခြင်း၊ အော့အန်ခြင်း၊ ရင်ပူခြင်း၊ ဝမ်းပျက်ခြင်းနှင့် မအီမသာဖြစ်ခြင်း (သို့) နေမထိထိုင်မသာဖြစ်ခြင်းတို့ဖြစ်သည်။ *
ကုသနည်း
အများအားဖြင့် အော့အန်ခြင်းနှင့် ဝမ်းသွားခြင်းတို့ကို အိမ်တွင် အန္တရာယ်မရှိဘဲ ကုသပေးနိုင်သည်။ သင့်ကလေးငယ်ကို ရေဓာတ်ပြည့်ဝစေမည့် ဓာတ်ဆားရည်များ (သကြား၊ ဆား၊ ဗီတာမင်များနှင့် သတ္တုဓာတ်များ ပါဝင်သော) တိုက်ကျွေးနိုင်သည်။ ဘယ်ဓာတ်ဆားရည်ကိုရွေးချယ်ရမလဲ ဆိုသည်မှာကတော့ အော့အန်ခြင်းနှင့် ဝမ်းသွားခြင်းတို့ ဘယ်လောက်ပြင်းထန်လဲဆိုသည့် အပေါ်မူတည်သည်။ 3 သင့်ကလေးသည် ရေဓာတ်အလွန်လျော့နေသည့်ပုံ မပေါ်ဘဲ အစာစားချင်စိတ်မပျောက်သေးပါက အစာအမာများဆက်စားနိုင်ပြီး ပမာဏအနည်းငယ်စီ ပြင်ဆင်ပြီးကျွေးနိုင်ပါသည်။ 4 သင့်ကလေးငယ်အစာစားချင်စိတ်မရှိဖြစ်ပါက ပိုဂရုစိုက်သင့်ပါသည်။ သင့်ကလေးကို စွပ်ပြုတ်၊ ဆန်ပြုတ်တို့ကဲ့သို့ အစာအပျော့များကျွေးခြင်း (သို့) ဝမ်းဗိုက်ပြဿနာများကို သက်သာစေနိုင်သော ပရီဘိုင်အိုတစ်ပါဝင်သည့် ကလေးငယ်များအတွက် ဖော်စပ်စာ နို့ ကိုတိုက်ကျွေးနိုင်သည်။ ဥပမာအားဖြင့် Similac Total Comfort Stage 3 သည် ဝမ်းဗိုက်ပြဿနာများ ခံစားနေရသော ကလေးငယ်များအတွက် ထုတ်လုပ်ထားသော အစာကြေညက်ပြီး အာဟာရစုပ်ယူမှု လွယ်စေသည့် ကလေးများအတွက်ဖော်စပ်စာ နို့ ဖြစ်သည်။ TummiCareTM Nutritional System တွင် ပရီဘိုင်အိုတစ် (အက်ဖ်အိုအက်စ်)၊ တစ်ပိုင်းတစ်စဖြိုခွဲထားသော ၁၀၀ရာခိုင်နှုန်း နို့ဓမ်းရည်မှ ရသော ပရိုတင်း၊ လက်တို့စ် (ပါ၀င်မှု အလွန်နည်းပါးသော)၊ စားအုံးဆီ မပါ၀င်သော ဟင်းသီးဟင်းရွက်အရောအနှောတို့ ပါ၀င်သည်။ Similac Total Comfort Stage 3 တွင်ပါဝင်သော နှစ်ထပ်ကွမ်းအက်ဖ်အယ်လ် အိတ်ချ်အမ်အို နှင့် နယူကလီရိုတိုက်(ဒ်)တို့သည် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးသည့်အပြင် 8,9 ကလေး၏ ဖွံ့ဖြိုးဆဲဖြစ်သော ကိုယ်ခံအားစနစ်အား ကူညီထောက်ပံ့ရန် ဗီတာမင် A၊ B12၊C၊D၊ ဖောလစ်အက်စစ်၊ သံဓာတ်၊ ဆီလီနီယမ်နှင့် ဇင့်တို့လည်းပါဝင်သည်။ ပိုမိုသိရှိလိုပါက Similac Myanmar တွင်သွားရောက်ကြည့်ရှုနိုင်ပြီး Similac Total Comfort Stage 3 နမူနာများလည်း တောင်းယူနိုင်ပါသည်။10
References:
- https://www.kidspot.com.au/health/family-health/real-life/what-your-childs-poo-should-look-like/news-story/8f220b73ca02cadc9691e27096c1e387
- https://www.webmd.com/children/guide/child-throw-up-no-fever
- https://www.nhsinform.scot/illnesses-and-conditions/stomach-liver-and-gastrointestinal-tract/vomiting-in-children-and-babies#:~:text=The%20most%20common%20cause%20of,better%20after%20a%20few%20days.
- https://www.seattlechildrens.org/conditions/a-z/vomiting-with-diarrhea/
- https://similacmyanmar.com/available-products/#totalComfort
- Lasekan et al. (2017),
- de Souza et al. (2017)
- Buck R et al. 2004,
- Schaller et al 2004,
Additional References;
*https://my.clevelandclinic.org/health/diseases/10009-food-problems-is-it-an-allergy-or-intolerance
Related posts:
- သင့်ကလေးငယ်၏ ပုံမှန် အမူအကျင့်ပြောင်းလဲခြင်းဆိုင်ရာ အဓိက အကြောင်းအရာ ၃ ခု
- သင့်ကလေးသည် လက်တို့စ် နို့သကြားနှင့် ဓာတ်မတည့်ခြင်း ပြဿနာ ရှိနေပါသလား?
- ကလေးများ အစားမစားရသည့် အကြောင်းအရင်း (၃) ခု
- ကလေး၏ ဝမ်းဗိုက် လေအောင့်မှုကို တိုက်ထုတ်ခြင်း
- သည်းခံခြင်းဆိုင်ရာ ပြဿနာများ
- အရွယ်စုံ အမျိုးသမီးတိုင်းအတွက် ဖောလစ်အက်ဆစ်၏ အကျိုးကျေးဇူးများ
- အစာချေစနစ်အတွက် အမျှင်ဓာတ်၏ အကျိုးကျေးဇူးများ