Similac Total Comfort formula မှာ ဘာတွေပါသလဲ။
Similac Total Comfort formula မှာ ဘာတွေပါသလဲ။
အာဟာရများ ပြည့်ဝစေရန် ရည်ရွယ်ချက်ဖြင့် အစားအသောက်များစွာ ကျွေးခြင်းသည် တစ်ခါတစ်ရံတွင် ဗိုက်နာခြင်းနှင့် အခြားမသက်မသာ ခြင်းများကို ဖြစ်စေသည်။ အကောင်းဆုံး ကုသမှုမှာ အစာကြေလွယ်သော အစားအစာကို ကျွေးခြင်း၊ အစာအိမ်ကျန်းမာရေးအတွက် ဖော်မြူလာများပံ့ပိုးပေးခြင်းဖြစ်သည်။ သို့သော် ဖော်မြူလာများသည် တူညီစွာဖန်တီးထားပြီး စားအုန်းဆီများ မပါဝင်ခြင်းများ မဟုတ်ပါ။ စားအုန်းဆီများ အမြောက်အများပါဝင်ခြင်းသည် အစာချေဖျက်ခြင်းကို ဟန့်တားစေပြီး ဝမ်းသွားခြင်းကို ခက်ခဲစေကာ အာဟာရစုပ်ယူမှုကို ထိခိုက်စေပါသည်။ ကြေညက်လွယ်သော ပါဝင်ပစ္စည်းများနှင့် အာဟာရဓာတ်များကို ပေါင်းစပ်ပြီး ကိုယ်ခံစွမ်းအားအတွက် အထောက်အပံ့ဖြစ်စေသော Similac Total Comfort သည် ထူးခြားသော TummiCare™ စနစ်နှင့် နူးညံ့သိမ်မွေ့မှုအတွက် သီးသန့် IMMUNIFYⓇ ပေါင်းစပ်မှုဖြင့် ဖော်စပ်ထားသည်။ အစာကြေလွယ်စေရန်အတွက် ဟိုက်ဒရောလစ်ပရိုတင်း၏ ပြိုကွဲမှုနှင့် ကိုယ်ခံစွမ်းအားကို ပံ့ပိုးပေးသည့် ပါဝင် ပစ္စည်း (၁၀) မျိုးအကြောင်းကို လေ့လာရန်အောက်တွင် ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ဘာကြောင့် စားအုန်းဆီ မပါဝင်ရခြင်းသည် အရေးကြီးသော အချက်ဖြစ်သနည်း။
ပါဝင်ပစ္စည်းများတွင် စားအုန်းဆီ ပါဝင်ပစ္စည်းအဖြစ် မကြာခဏဖော်ပြထားသော စားအုန်းဆီသည် ကုန်ကျစရိတ်နည်းသော Fatty acid အစားထိုးစွမ်းအင်အဖြစ် ဖော်စပ်ထားသည်။ ၎င်းသည် အစာကြေဖို့ခက်ပြီး ခန္ဓာကိုယ်၏ ခုခံအားဆဲလ်များ အားကောင်းရန်အတွက် လိုအပ်သော ကျန်းမာရေးနှင့် ညီညွတ်သည့် အဆီဖော်မြူလာများနေရာကို လုယူထားသည်။ ၎င်းသည် ကယ်လ်ဆီယမ်နှင့် အခြားကျန်းမာသော အဆီများ စုပ်ယူမှုကို တားဆီးပြီး ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို အနှောက်အယှက်ပေးသည်။ အကောင်းဆုံး fatty acid ပါဝင်မှုရှိသော ထူးခြားသည့် GMO မဟုတ်သော ဟင်းသီးဟင်းရွက်ဆီများ (ဥပမာ – Safflower Oil, Soy Oil, Coconut Oil) တို့မှ ထုတ်လုပ်ထားသောကြောင့် Similac Total Comfort သည် ဆဲလ်များကို မှန်ကန်သောစွမ်းအင်ကို ပေးစွမ်းနိုင်ပြီး အစာကြေလွယ်သွားစေသည်။
TummicareTM System ဆိုတာဘာလဲ။
၁၅ နှစ်ကြာ သိပ္ပံနည်းကျ သုတေသနပြုထားသော Similac Total Comfort’s TummiCareTM System သည် သင့်ကလေး၏ လွယ်ကူစွာ အစာခြေခြင်းနှင့် ပရိဘိုင်အိုတစ် hydrolyzed ပရိုတင်း၏ တစ်စိတ်တစ်ပိုင်း ဖော်မြူလာဖြစ်ပြီး 2’fucosyllactose (2’FL) သည် သင့်ကလေး၏ ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးသည်။ Whey ပရိုတင်းများ ကြိုတင်ကြေညက်အောင် သို့မဟုတ် သေးငယ်သော ယူနစ်များအဖြစ် ပြိုကွဲသွားသောအခါ ၎င်းသည် သင့်ကလေး၏ ဖွံ့ဖြိုးဆဲ အစာခြေစနစ်အတွက် များစွာနူးညံ့စေပါသည်။ Hypoallergenic နှင့် Lactose ကင်းစေရန်အတွက်လည်း ထုတ်လုပ်ထားသောကြောင့် Similac Total Comfort သည် နို့်နှင့်ဓာတ်မတည့်သောကြောင့် ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း နှင့် လေပွခြင်းခံစားရခြင်းမှ သက်သာစေသည်။
IMMUNIFYR ရောစပ်ခြင်းအကြောင်း
IMMUNIFY® သည် TummiCare™ System တွင် 2’FL အပါအဝင် ဗီတာမင်နှင့် သတ္တုဓာတ် 10 မျိုး ရောစပ်ထားသောကြောင့် ကလေး၏ ဖွံ့ဖြိုးဆဲ ကိုယ်ခံစွမ်းအားကို အကောင်းဆုံး ထောက်ပံ့ပေးသည်။ ရောစပ်ထားသော ဗီတာမင် ၁၀ မျိုးမှာ Vitamin A,B6, B12,C,D၊ Copper, Folic Acid, သံဓာတ်, ဆီလီနီယမ်နှင့် ဇင့်တို့ပါဝင်ပါသည်။ ဤအာဟာရဓာတ်များသည် ခုခံအားဆဲလ်များ သန်မာစေမှု၊ ထုတ်လုပ်ခြင်း၊ တုံ့ပြန်ခြင်း နှင့် ဆဲလ်များ၏ သက်တမ်းကို ကျဆင်းစေသည့် အရင်းမြစ်များကို တိုက်ဖျက်ရန်အတွက် အကောင်းဆုံး ဖြစ်ကြောင်း လူသိများသောကြောင့် Similac Total Comfort သည် သင့်ကလေး၏ ခန္ဓာကိုယ်ကို အကောင်းဆုံး ကာကွယ်မှုဖြင့် ပံ့ပိုးပေးပါသည်။ သင့်ကလေးရဲ့ခန္ဓာကိုယ်က အပြည့်အဝအကာအကွယ်ရနေသောအခါ ခန္ဓာကိုယ်မှ လိုအပ်သော အာဟာရများကို ပိုမိုထိရောက်စွာ စုပ်ယူနိုင်ပြီး ကလေးငယ်၏ နူးညံ့သော အစာခြေစနစ်ကို လွယ်ကူစေပါတယ်။2,4,5
အာဟာရပြည့်ဝစွာရရှိခြင်းသည် သင့်ကလေး၏ အကောင်းဆုံးပုံစံသို့ ကြီးပြင်းလာစေရန် အခြေခံအုတ်မြစ်ဖြစ်သည်။ အစားအသောက်များရဲ့တံဆိပ်ရှိ ပါဝင်ပစ္စည်းများကိုဖတ်ပြီး စားအုန်းဆီကဲ့သို့သော ပါဝင်ပစ္စည်းများ၏ အာနိသင်နှင့် သင့်ကလေး၏ အစာခြေစနစ်အပေါ် အကျိုးသက်ရောက်ပုံကို လေ့လာရန် မမေ့ပါနှင့်။ အစားအစာနှင့်အတူ Similac Total Comfort ဖြင့် အစာခြေခြင်းနှင့် ကိုယ်ခံစွမ်းအားဆိုင်ရာထောက်ပံ့မှု နှစ်ခုလုံးအတွက်အကောင်းဆုံး အာဟာရထောက်ပံ့မှု ကိုရယူလိုက်ပါ။ 1, 6
References:
- https://abbottnutrition.com/similac-total-comfort-20
- https://abbottfamily.com.sg/products/page/similac-total-comfort-3
- https://www.naturesone.com/blog/palm-oil/
- https://abbottfamily.com.sg/2-fl
- https://abbottfamily.com.sg/articles/baby/things-you-need-to-know-about-2-fl
- https://abbottnutrition.com.my/products/similac-total-comfort
Additional Readings:
Related posts:
- အဖျားမရှိဘဲ အော့အန်ခြင်း နှင့် ဝမ်းပျက်ခြင်း (သို့) မိဘများအတွက် ဖြေရှင်းရခက်သော ပြဿနာ
- သင့်ကလေးသည် လက်တို့စ် နို့သကြားနှင့် ဓာတ်မတည့်ခြင်း ပြဿနာ ရှိနေပါသလား?
- ကလေးများ အစားမစားရသည့် အကြောင်းအရင်း (၃) ခု
- ကလေး၏ ဝမ်းဗိုက် လေအောင့်မှုကို တိုက်ထုတ်ခြင်း
- သည်းခံခြင်းဆိုင်ရာ ပြဿနာများ
- အရွယ်စုံ အမျိုးသမီးတိုင်းအတွက် ဖောလစ်အက်ဆစ်၏ အကျိုးကျေးဇူးများ
- အစာချေစနစ်အတွက် အမျှင်ဓာတ်၏ အကျိုးကျေးဇူးများ